Friday, August 9, 2013

(၁၀) မာဃ နက္ခတ်

မာဃ နက္ခတ် စန်းယှဉ်အဟောနှင့် အတွေးအကြံ



(၁၀) မာဃနက္ခတ် ( a leonis Regulus)

မာဃနက္ခတ်သည် (၃)လုံးဇာတ်တွင်  ဆင်းရဲသားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည် နက္ခတ်ဖြစ်သည်။ အရပ်အားဖြင့် တောင်အရပ်ကိုပိုင်စား၍  ကိတ်ဂြိုဟ်အုပ်စိုးသည်။ မာဃနက္ခတ်သည် ထို့ကြောင့် ကိတ်ဂြိုဟ်၏ စရိုက်သဘာဝနှင့်  သိဟ်ရာသီတွင် ပါဒ်ပြည့်ရပ်တည်သောကြောင့် သိဟ်ရာသီအိမ်ရှင်ဂြိုဟ် တနင်္ဂနွေဂြိုဟ်တို့၏ သဘောဘာဝများ ပါဝင်ပါသည်။ မာဃနက္ခတ်၏

Wednesday, July 24, 2013

တနင်္ဂနွေနေ့ အခါ ၇- ခါ ဂြိုဟ်နေကိုပြခြင်း

အောက်ပါ ဂြိုဟ်နေများသည် တနင်္ဂနွေနေ့ တွင် အခါ ၇- ခါ ပြထားခြင်းဖြစ်ပါသည်။ ကျန်တဲ့ တနင်္လာနေ့ မှ စနေနေ့ထိ တစ်နေ့လျှင် ၇-ခါ ချရပါမည်။ ဒီလိုဆိုရင် တနင်္ဂနွေနေ့ မှ စနေ့နေ့ထိ (၇)နေ့အတွက် အခါ (၇) ကြိမ်ဆိုလျှင် ဂြိုဟ်နေတိုင် (၄၉) တိုင် ရမည် ဖြစ်ပါသည်။
ယခုကျွန်တော်တနင်္ဂနွေနေ့အတွက်ပြထားပြီဖြစ်တဲ့အတွက်သေချာစွာလေ့လာ

Tuesday, July 23, 2013

ရာသီခွင်၊ ရာသီအိမ်ရှင်ဂြိုဟ်နှင့် ရာသီသင်္ချာ



မိဿရာသီမှ စ၍ မိန်ရာသီ ထိ ၁၂-ရာသီ အမည်များနှင့် ရာသီပိုင် ဂြိုဟ်များကို တွဲ ပြထားပါတယ်။ ဒီနည်းကို လေ့လာလိုက်စားလိုတဲ့ ၀ါသနာရှင်လူငယ်များ သိသာစေရန်တင်ပြထားခြင်းဖြစ်ပါတယ်။   အင်္ဂ၀ိဇ္ဇာ မဟာကာလ ချတဲ့နည်းပါ။ ရာသီပိုင်ဂြိုဟ်နဲ့ ရာသီတွေကိုတော့ သေသေချာချာလေး မှတ်ထားရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အရေးကြီးတဲ့အပိုင်းပါ။ 


မိဿရာသီတွင် -၃ ဂဏန်းကို မြင်သဖြင့် အင်္ဂါ(လက်ျာ)ဂြိုဟ်ပိုင် အိမ်ဟုမှတ်ပါ။

Monday, July 22, 2013

၁၂ ရာသီ၏ ပရိယာယ်

၁၂ ရာသီခွင်ဇာတာခွင်ကို စီစစ်ဟောပြောသောအခါ ၄င်းရာသီတို့၏ အလေ့အကျင့်၊ သဘောတရား၊ ပရိယာယ်ကိုနားလည်ပါမှ ဟောရေး ပြောရေးတို့တွင်ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ပြောချင်ပါတယ်။
ဟောရေး၊ ပြောရေး နှင့် ဗေဒင် ၀ါသနာပါသူတို့အတွက် ပိုမိုအဆင်ပြေအောင်လို့ပါ။

မိဿ
မိဿရာသီသည် ဆိတ်သဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ ပြောင်းလဲရွေ့လျှားနေတတ်သော သဘောရှိသောကြောင့် စရ ရာသီ ဟုမှတ်ပါ။ ကာလပုရိသလက္ခဏာ သဘောတွင် မိဿရာသီကား

Friday, July 19, 2013

နက္ခတ် အုပ်စုအရ ချစ်ခြင်း နှင့် မိတ်သင်္ဂဟ

 

ချစ်ခြင်း နှင့်  မိတ်သင်္ဂဟ

အိမ်ထောင်ရေး၊ မိတ်ဆွေ ၊ အပေါင်းအသင်း နှင့် လူ့အဖွဲ့အစည်း တို့အတွက် တစ်ဦးအပေါ် တစ်ဦး ပိုမို၍ချစ်ခင်သည်၊ လေးစားသည်၊ သံယောဇဉ်ဖြစ်သည်၊ အောင့်မေ့တမ်းတ သည်၊အချင်းချင်း နားလည်ပေးနိုင်ကြသည် ဆိုတဲ့ အချက်တွေထဲမှာ ဇာတာရှင်တို့၏ စင်နက္ခတ်တို့ တစ်အုပ်စုထဲတွင် ရှိနေခြင်းသည် ဤသို့ ခင်မင်ချစ်ခင်ရန် မဖြစ်မနေပါဝင်သော(အချစ်စစ်၊ မိတ်ဆွေစစ်)အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ နက္ခတ်တို့ကို အုပ်စုအားဖြင့် (၃) စု ခွဲခြားထားပါသည်။ (အစအုပ်စု)၊(အလယ်အုပ်စု)၊ (အဆုံးအုပ်စု) ဟုဖြစ်ပါတယ်။ 
ဥပမာအားဖြင့်---- ဇာတာရှင်တို၏ စန်းယှဉ်နက္ခတ်(စင်နက္ခတ်) တို့သည်  ၁ လုံးမြောက်ဖြစ် သော အဿဝနီနက္ခတ်နှင့် ၃လုံးမြောက် ကြတ္တိကာ နက္ခတ် ဆိုပါစို့ ။
လူ ၊ လူ နက္ခတ် တို့ကြောင်းလည်းကောင်း၊ နက္ခတ်အုပ်စု တူညီခြင်းတို့ကြောင့်လည်းကောင်း၊ (အခြားသောအကြောင်းရင်းများရှိပါသေးသည်) ထို ဇာတာရှင်နှစ်ဦးတို့သည် 
ချစ်သူများဖြစ်က
အချစ်စစ်သဘောဖြစ်သည် တစ်ဦးအပေါ်တစ်ဦးနားလည်နိုင်စွမ်းလွန်စွာရှိခြင်း၊ မေတ္တာမပျက်ခြင်း၊ သစ္စာတည်မြဲခြင်း၊ တစ်ဦးအပေါ်တစ်ဦးဖြည့်ဆည်းခြင်း၊ သံသယကင်းခြင်း၊ သ၀န်တိုမှု၊ သ၀န်ကြောင်မှု နည်းပါးခြင်း၊ ခွင့်လွတ်နိုင်ကြခြင်း၊ စိတ်နေသဘောထားခြင်း တိုက်ဆိုင်မှုပိုမိုရရှိခြင်း ဟူသော ကောင်းကျိုးများကိုပိုမို ဖြစ်ပေါ်စေပါသည်။ ဤသည်အခါ ၄င်းတို့၏ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေး တို့သည် အေးချမ်းတည်ငြိမ်ဖို့ အကြောင်းရှိနေပြီးဖြစ်ပါသည်။
မိတ်ဆွေများဖြစ်ပါက
တစ်ဦးအပေါ်တစ်ဦး ကောင်းသောအကျိုးဆောင်ခြင်၊ သံသယကင်းခြင်း၊ လူယုံထားရှိနိုင်ခြင်း၊ နားလည်နိုင်စွမ်းရှိခြင်း၊ တစ်ဦးအရေး တစ်ဦးက ဖေးမကူညီခြင်း၊ နှစ်ဦးကြား သွေးထိုးစကားများ မတိုးပေါက်ခြင်း၊ အစဉ်မိတ်မပျက်ခြင်း၊ ရိုးသားနိုင်ခြင်း၊ အမြဲမိတ်ဆွေကောင်းဖြစ်ခြင်း ဟူသော ကောင်းကျိုးများကို ပိုမိုဖြစ်ပေါ်စေပါသည်။
ဤသို့သော ကောင်းကျိုးအများကို ထပ်တိုးလျှက် ဆင်ခြင်ဝေဖန်ပါလေ။


                                                                                                                         လူငယ်ဗေဒင်

လပြည့်/လကွယ် သန်းခေါင်နက္ခတ်




ဝုတ္တောဒယဆန်း အကျဉ်း

နာမည်မှည့်နည်းနှင့် နာမည်ပေးကင်ပွန်းတပ် ဟူသောအကြောင်းအရာပေါ် ထောက်လျှက်   ၀ုတ္တောဒယ ဆန်းအရ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
 --------------------------------------------------------------------------------------------------------------

ဆန်းကျမ်းတို့သည် အလွန်နက်နဲပါသည်။ ယခုပြသောဆန်းအကျဉ်းမှာ ၀ုတ္တောဒယ ဆန်းကျမ်း အပိုင်းဖြစ်သောကြောင့် (ဆန်း၊ သဒ္ဒါ)  လောကုတ္တရာဟူသောပရိယတ္တိ နယ်ပယ်အပိုင်း ကို ရောက်ရှိသွားပြီဖြစ်ရာ  လူငယ်ဗေဒင် အနေဖြင့် ဤဆန်းကျမ်းအပိုင်းကိုလိုက်၍ မီသောဥာဏ်စဉ်၊

Wednesday, July 17, 2013

နာမည်သည် အစဉ်သဖြင့် သမုတ်ခံနေရသော ပညတ် ဖြစ်ပါကြောင်း

လူတစ်ဦး တစ်ယောက်သည် အခြားတစ်ဦးတစ်ယောက် သို့မဟုတ် လူ့အသိုက်အ၀န်းတို့နှင့် ကူးလူးဆက်ဆံရန် နာမည်သည် အရေးကြီးသည် မဟုတ်လား။  အရေးကြီးသည်နှင့်အမျှ ပညတ်သွားရာ ဓါတ်သက်ပါလာသည်။ အမည်နာမသည် ပညတ်ဖြစ်သည်။ ပညတ်သည် သမုတ်ခြင်းဖြစ်သောကြောင့်တည်း။

(ဥပမာ- ခြင်္သေ့မင်း၏ ကေသရာဇာဟူသော မြတ်သောဂုဏ်ထူးဘွဲ့နာမည်ကို ပေးခံထားရသော

ဆန်းကျမ်းအရ အမည်မှည့်နည်း



ပေးလိုသော အမည်နာမကို (၇) ရက်သားသမီးတို့၏ နေ့နံအလိုက်  ဆန်းဂိုဏ်း (၈) ဂိုဏ်း၏နက္ခတ် (စဉ်းယှဉ်နက္ခတ် မဟုတ်ပါ) နှင့်ရောလျှက် အမည်မှည့်သောနည်းဖြစ်ပါသည်။
နေ့နံနှင့်ရောစပ်ရမည့် နက္ခတ်လုံးရေ ကိုအထက်ဇယားကွက်ဖြင့် ဖော်ပြထားပါသည်။

ဇယားအဓိပ္ပါယ်ကား နက္ခတ် ၂ လုံးမှစ၍ ၂၀ အထိ တနင်္ဂနွေသား၊သမီးအတွက်

မဟာဘုတ်အရ နာမည်ပေးနည်း









(ဇယားတွင် အနီရောင် ဂဏန်းများသည် အညံဂြိုဟ်များဖြစ်၍ အစိမ်းရောင်ဂဏန်းတို့သည် နေ့အလိုက် ကောင်းသောဂြိုဟ်ဟုမှတ်ရန်)

ကလေးငယ် သို့မဟုတ် မိမိ၏ ကောဇာသက္ကရာဇ်ကိုတည်ပါ။ ၇ ခုစား အကြွင်းကို ဘင်္ဂအိမ်မှ ၇

Thursday, July 11, 2013

အိမ်ထောင်ရေးတွက်နည်းတို (၂)

တနည်းအားဖြင့် အကြင်သတို့သားလောင်းနှင့် သတို့သမီးလောင်း ချစ်ခင်သူနှစ်ဦးတို့၏ ထိမ်းမြားလက်ထပ်ခြင်းစပ်လျှက် ကောင်းကျိုး ဆိုးကျိုးတို့ကို တွက်စစ်ပုံတစ်နည်းဖြစ်ပါသည်။

အကြင်ချစ်ခင်သူ နှစ်ဦးတို့၏ နေ့နံနှစ်ပါးအား (၅)နှင့်မြောက်ပါ။ ၄င်းကို (၇) ခုစားလျှက် အကြွင်းတို့ကို ယူလျှက် ဟောစာတမ်းတွက်ချက်ပါသည်။
ဥပမာအားဖြင့် တွက်နည်းမှာ

လူ၊ နတ်၊ ဘီလူး နက္ခတ်တို့၏ အချစ်နှင့်အိမ်ထောင်ရေးဟောစာတမ်း

ဇာတာရှင်၏ စန်းယှဉ်(စင်)နက္ခတ်ကို ၃ခုနှင့် ဖြိုခွင်းသဖြင့် ကြွင်းသော ဂဏန်းသည်
(၁) ဂဏန်းကြွင်းက နတ်နက္ခတ် ဟုလည်းကောင်း
(၂) ဂဏန်းကြွင်းက လူက္ခတ် ဟုလည်းကောင်း၊
(၀) သုဉ်းကြွင်းက ဘီလူးနက္ခတ် ဟုလည်းကောင်း သိအပ်ပါသည်။

အကြင်သတို့သား နှင့် သတို့သမီးတို့ ၏ စင်နက္ခတ်သည် လူနက္ခတ် အချင်းချင်း ပေါင်းသင်းပါက
တစ်ဦးအပေါ် တစ်ဦး ကြင်ကြင်နာနာချစ်ခင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သော

ယောက်ျားတို့ ရှောင်ကြဉ်အပ်သော ပဗ္ဗငါးပါး

ပဗ္ဗငါးပါး ရှောင်ကြဉ်အပ်သော အချင်းအရာတို့ကို ဒေသနာတော်အရ စေတနာနှင့် ပြောဆိုလိုပါသည်။

အနက်အားဖြင့်....။ ရာဇေန္ဒ၊ လူတို့ကို အစိုးရသော မင်းမြတ်။ စတုဒ္ဒသီ၊
လဆန်း၊လဆုတ် (၁၄) ရက်မြောက်သော စာတုဒ္ဒသီနေ့ရက်လည်းတစ်ပါး။
အဋ္ဌမီစေ၀၊ လဆန်း၊လဆုတ် (၈) ရက်မြောက်သော အဋ္ဌမီနေ့ရက်လည်းတစ်ပါး။
အထ၊ ထိုမှတပါး။ အမ္မ၀ါသီစ၊ လကွယ်နေ့ရက်လည်းတစ်ပါး။

သားယောက်ျား၊ သမီးမိန်းမ ရရန် အမှတ်နိမိတ်

(အနက်တို့ကို မပြဆိုတော့ပါ၊ အဓိပ္ပါယ်အားဖြင့်သာဖော်ပြပါမည်)

သားယောက်ျားကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း အလုံးကလေးလိုလိုတွေ့ခြင်း၊
လက်ျာဘက်မျက်စိကြီးခြင်း၊
လက်ျာသားမြတ်ဖျား၌ နို့ရည်ထွက်ခြင်း၊
လက်ျာပေါင် ကြီးထွားလာခြင်း၊

ကိုယ်ဝန်တည်သော မိခင်လောင်းတို့ မပြုကျင့်အပ်သည်များကို ပြခြင်း

(၁) ၀မ်းတွင်း၌ သားရှိသော အမိသည် အပင်ပန်းခံခြင်းအားလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊

ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ကြဉ်အပ်သော အကြောင်းတရား (၁၄)ပါး


အကြင်မိခင်လောင်းတို့သည် မိမိ၌ ပဋိသဒ္ဓေကိုယ်ဝန်ရှိပြီဟု မှတ်ထင်သိအပ်သောကာလ
ရှောင်ကြဉ်သင့်သောအရာများကို ဘာဝပ္ပကာသ ဆေးကျမ်းအလိုအရ ဖော်ပြအပ်ပါသည်။

(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကိုလည်းကောင်း၊
(၂) လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းကိုလည်းကောင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းလျှက် နှိပ်နယ်ခြင်းကိုလည်းကောင်း၊

Saturday, July 6, 2013

(၉) အသလိဿ နက္ခတ်

အသလိဿ နက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

(၉) အသလိဿနကတ်( a 1 &2 Caveri)

အသလိဿနက္ခတ်သည် (၃)လုံးဇာတ်၌  ရဟန်းနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
စဏ္ဍာလ နက္ခတ်ဖြစ်ပါသည်။ အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စား၍  တနင်္လာ

(၈) ဖုသျှနက္ခတ်

ဖုသျှနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

(၈) ဖုသျှနက္ခတ်(Gameri)

ဖုသျှနက္ခတ်သည် (၃)လုံးဇာတ်တွင် ဗြဟ္မဏ ပုဏ္ဏားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
ခတ္တိယဇာတ်ဖြစ်ပါသည်။ အရပ်အားဖြင့်အရှေ့အရပ်ကိုပိုင်စားလျှက် တနင်္လာဂြိုဟ်ပိုင်စားပါသည်။
ဖုသျှနက္ခတ်သည် ကြံ့ခိုင်သန်မာခြင်း၊ အသိပညာ ဖွံ့ဖြိုးတိုးပွားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။
ဥပဇ္ဈာယ်ဆရာ၊ သြ၀ါဒပေးရာနာယက၊ လေးစားအပ်သောဆရာသမား ပုရောဟိတ်တို့ကို ကိုယ်စား

(၇) ပုဏ္ဏဖုသျှုနက္ခတ်

(၇) ပုဏ္ဏဖုသျှုနက္ခတ် (B Geminaserum)
ပုဏ္ဏဖုသျှုနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

ပုဏ္ဏဖုသျှုနက္ခတ်သည် (၃)လုံးဇာတ်တွင် အမတ်နက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည်နက္ခတ်ဖြစ်သည်။
အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စားလျှက် ရာဟုဂြိုဟ်ပိုင်အုပ်စိုးသည်။  ပုဏ္ဏဖုသျှု၏အဓိပ္ပါယ်မှာ
အထပ်ထပ်အခါပြုလုပ်ခြင်း၊ အဖန်တလဲလဲ ပြုလုပ်ရခြင်းဖြစ်သည်။ ၄င်းနက္ခတ်သည် နေရာထိုင်ခင်း၊
ဘုံဗိမာန်၊ နေအိမ်၊ ခေတ္တနေထိုင်တည်းခိုခြင်း၊ ထပ်ကာထပ်ကာ အဖန်တလဲလဲပြန်ပေါ်ခြင်း၊

Saturday, June 29, 2013

၁၂ ရာသီအတွက် နက္ခတ် ၂၇- လုံးကို ဝေပုံကျ ဝေငှလျှင်

၁၂ ရာသီတွင် တစ်ရာသီအတွက် နက္ခတ်  ၂-လုံး ၊ ၁ ပါဒ် ဖြင့် ဝေငှလျှင် .....

Saturday, June 15, 2013

အရွယ်ရောက်စဖြစ်သော မိန်းမတို့၏ကြင်အင်လက္ခဏာ

အကြင် ၁၂၊ ၁၃ နှစ် အရွယ်ရောက်စဖြစ်သော ကုမာရီ ခေါ် မိန်းမငယ်တို့၏ ဟန်ပန်လက္ခဏာကို
အုပ်ထိန်း၊ စောင့်ရှောက်သူတို့သည် သိအပ်ကုန်၏။
အရွယ်ရောက်စ အကြင်သတို့သမီးငယ်သည် ရှေးကပြုလာခဲ့သော ငယ်မှုငယ်ရာများကိုစွန့်လျှက်
အပျိုတို့၏အမူအရာဖြစ်သော မိမိကိုယ်ကိုယ်ဝတ်ဆင်ဖြီးလိမ်း၍ အ၀တ်တန်ဆာ ဆင်မြန်းပြီးလျှင်
အနေအထိုင်အသွားအလာ ပြုပြင်သည်များခြင်း၊ မိန်းမတို့၏ ရှက်ကြောက်ခြင်းနှင့်စပ်သော
ဣနြေ္ဒ ကိုယ်အမူအရာများကို ပြုလုပ်ခြင်း၊ မိန်းမတို့၏ ရုပ်ရည်ရူပကာယ အဆင်းသည်

ပဒုမိနီ

ဣတ္ထိယ ဟူသော မိန်းမတို့တွင်-
(၁) ပဒုမိနီ
(၂) စိတြနီ (စိတ္တရနီ)
(၃) သင်္ခရနီ
(၄) ဟတ္ထိနီ ဟူ၍ အမျိုးလေးပါးရှိလေသည်။


ပဒုမိနီ မိန်းမမျိုး

ပဒုမိနီ မိန်းမမျိုးသည် မိန်းမတို့၏အမျိုး(၄) ပါး၌ အမြတ်ဆုံးဖြစ်၏။
အကြင်မိန်းမတို့သည် လစဉ်မပြတ် ရတုဟူသော ပန်းသည် ပေါ်ပေါက်လာရာသည် ဟု ဆိုသော်လည်း

တရုတ်မှော်ဂဏန်းဇယားတိုင်


ဇယားတိုင်ပုံတွင် ဂဏန်း(၃) မျိုးခွဲခြားထားပါသည်။
၃-၁-၉ ဂဏန်းတို့သည် နံ ဂဏန်းများဖြစ်ကြသည်။
၆-၇-၅ ဂဏန်းတို့သည် စိတ် ဂဏန်းများဖြစ်ကြပါသည်။
၂-၈-၄ ဂဏန်းတို့သည် ရုပ် ဂဏန်းများဖြစ်ကြပါသည်။ ထိုဂဏန်းများသည် ဇာတာခွင်စစ်ယူမည့်သူ၏ ကံတရား၊ အတွေးအကြံနှင့် ဥာဏ်ပညာ၊ အတိတ်၊ အနာဂတ် ရေးရာတို့ကို ဖော်ပြပေးပါသည်။ ဇာတာကို စီစစ်ရန်တွက် ဇယားပုံပါ ဂဏန်းများ၏ အထားအသိုများကို မှတ်သားထားပါရန်.။
ဇာတာကို တွက်စစ်တိုင်းတာမည့်သူသည်  မိမိ မွေးဖွားသည့် ခရာဇ် သက္ကရာဇ် တို့ဖြင့် တိုင်းတာတွက်စစ်ရမည်။
ထို ခရာဇ်မွေးသက္ကရာဇ်တွင် ရက်ဂဏန်း၊ လ ဂဏန်း၊ နှစ်ဂဏန်းတွင် ထောင်နှင့်ရာ ကိုပယ်၊ ဆယ်နှင့်ခု

(၆) အဒြနက္ခတ်

(၆) အဒြနက္ခတ်( a Orionis)

အဒြနက္ခတ် စန်းယှဉ်အဟောနှင့် အတွေးအကြံ

အဒြနက္ခတ်သည် အရှေ့အရပ်ကို ကိုယ်စားပြုပါသည်။ (၄) လုံးဇာတ်တွင် လူစွမ်းကောင်းနက္ခတ်ဖြစ်၍
(၃)လုံးဇာတ်တွင် ဘီလူးနက္ခတ်ဖြစ်ပါသည်။ အဒြနက္ခတ်သည် ရာဟု ဂြိုဟ်ပိုင် နက္ခတ်ဖြစ်ပါသည်။
အဒြရသည် စွတ်စိုခြင်းဟုအဓိပ္ပါယ်ရသည်။ နတ်ဒေ၀တာမှာ ရုဒြနတ်မင်းဖြစ်သည်။ ကြယ်တစ်လုံးမျှသာဖြစ်၍ ပတ္တမြားနှင့်တူပါသည်။  ၄င်းနက္ခတ်သည်

Friday, June 14, 2013

စန်းယှဉ်နက္ခတ် ကို နတ်၊ လူ ၊ ဘီလူး ခွဲနည်း - အိမ်ထောင်ရေးတွက်နည်းတို (၁)

ကိုယ့် နက္ခတ်ဟာ.. အဿဝနီ အစ ၊ ရေ၀တီ အဆုံး (၂၇) လုံးထဲမှာမှ ဘာနက္ခတ် အမျိုးအစားတွေဖြစ်နေသေးလဲ ဆိုတာ ထပ်ပြီး
စီစစ်ကြည့်ရအောင်နော်..။
စန်းယှဉ်နက္ခတ်ယူနည်း ဆိုပြီးတော့ တွက်နည်းလေးကို link ထုတ်ပေးထားပါတယ်..။
နက္ခတ်အဟောတွေမှာ
(၁) လဂ်စီးနက္ခတ်
(၂) စန်းစီးနက္ခတ်
(၃) တနင်္ဂနွေဂြိုဟ်စီးနက္ခတ်
(၄) အခြားသောဂြိုဟ်တို့ စီးသောနက္ခတ်  ဟူ၍ နက္ခတ်စီး(၄) မျိုးရှိပါသည်။

ယခု ပြဆိုမည့်တွက်နည်းတိုလေးက နက္ခတ်အမျိုးအစားမှာ စန်းယှဉ်နက္ခတ်(စန်းစီးနက္ခတ်)ကို

ဟောစာတမ်းလမ်းညွှန်

(၅) မိဂသီနက္ခတ်

(၅) မိဂသီနက္ခတ်( Orionis)

မိဂသီ နက္ခတ်၏ အတွေးအကြံ နှင့် စန်းယှဉ်/ဖွား အဟော

(၃) ကြတ္တိကာနက္ခတ်

(၃) ကြတ္တိကာနက္ခတ်(Pleiode)

ကြတ္တိကာ နက္ခတ် ၏ အတွေးအကြံ နှင့် အဖွား/ စန်းယှဉ်အဟော

ကြတ္တိကာ နက္ခတ်သည် အရှေ့အရပ်ကို စားလေသည်။ မီးနတ်(ဖျောက်ဆိပ်ကြယ်၊ ကြတိုက်ကြယ်) ဟု ခေါ်ပါသည်။ဇာတ်အားဖြင့် စောရနက္ခမျိုးဖြစ်သည်။(သူခိုးကြီးငတက်ပြား အရေးတွင် မကောင်းသောနက္ခတ်ဆိုးများ ၃ လုံးယှဉ်က စောရနက္ခတ်ဖြစ်သည် ဟုဆိုသည်။)  ကြယ်စုအားဖြင့် ကြတ္တိကာသည် ၆ လုံး၊ တစ်ချို့ကျမ်းတို့တွင် ၇ လုံးကိုပြသည်။
ကြတ္တိကာသည် တနင်္ဂနွေ ဂြိုဟ်မင်းသူရိယ ပိုင်စားသော နက္ခတ်ဖြစ်သည်။ အင်္ဂဂြိုဟ်ပိုင်သော မိဿရာသီတွင်

Thursday, June 13, 2013

လူတို့၏ အသက်အရွယ်နှင့် သက်တမ်းအပိုင်း ကို ပြဆိုခြင်း

                                                                                                              

ပဏာမ ပုရိသ၊ ဣတ္ထိယမည်သော လူတို့၏အရွယ်ကိုပြဆိုရာ၌ ကျမ်းဂန်တို့အလိုကိုဆိုပါမည်။ ၀ိသုဒ္ဓိမဂ် အစရှိသော သာသနာတော်ကျမ်းဂန်တို့၌ မွေးဖွားသည်မှ ၃၃-နှစ်သည် ပထမအရွယ်ဟုလည်းကောင်း၊ ၃၃-နှစ်မှ ၆၇-နှစ်တိုင် အောင် ဒုတိယအရွယ်ဟုလည်းကောင်း၊ ၆၇-နှစ်မှ နှစ် ၁၀၀-တိုင်အောင် တတိယအရွယ်ဟုလည်းကောင်း ဆိုပါ သည်။ ဆေးကျမ်းတို့အလိုအားဖြင့် ဗာလ၊ မဇ္ဈိမ၊ ၀ုဒ္ဓဟု အရွယ်သုံးပါးကို ပြဆိုပါသည်။ ၄င်း၌ကား မွေးဖွားသည်မှ ၁၆-နှစ်အတွင်း ဗာလ မည်၏။ (ဤဗာလ

Wednesday, June 12, 2013

ဂဏန်းသင်္ချာ ဗေဒင်

ဂဏန်းသင်္ချာဗေဒင်သည် အနောက်တိုင်းနည်းကို အခြေခံထားသဖြင့် မြန်မာ ရက် ၊လ၊ နှစ် မွေးရက်များကို မယူပဲ ခရစ် ရက် လ နှစ်ကို တည်လျှက် ဟောကိန်းထုတ်ယူရပါသည်။
ဂဏန်းအားဖြင့် ၁ မှ ၉ အထိ ဂဏန်းတစ်လုံးချင်း၏ရာထူးဂုဏ် ၊ ၀ိသေသနနှင့် အမူအကျင့် များသည် မတူညီကြပါ။ ကိန်းဂဏန်းတို့သည် ဂြိုဟ်တို့ကို ကိုယ်စားပြုကြသည် ဖြစ်သည်။

၁ ဂဏန်း

ဂဏန်းအားလုံးတို့တွင် နေမင်းကို ကိုယ်စားပြုသော တနင်္ဂနွေ (၁) ဂဏန်းသည်

Tuesday, June 11, 2013

သျှတ္တရကျမ်းဦးငယ်အမှာ

ဤ သျှတ္တရဟုဆိုရာ၌ နှစ်မျိုးနှစ်စားသော ပုရိသ၊ ဣတ္ထိယ ဟုဆိုအပ်သော လူသားတို့၏ အသက်အရွယ်အပိုင်းအခြား၊ခွဲခြားထားပုံ၊ ပညတ်သတ်မှတ်ပုံ၊ သတ္တလောကတွင် အနန္တသတ္တ၀ါဟု ဆိုရာ၌ လူအမျိုးမျိုးသော စိတ်အထွေထွေဟုဆိုသော်ငြားလည်း မူလဇာတိစိတ်နှင့်စေတသိက် တို့သာအခြေခံထားသော ပုတုဇဉ်တို့၏ လောဘမူ၊ ဒေါသမူ၊ မောဟမူ တည်းဟူသော သဘာဝနှင့်အတွေးအကြံ၊ဇာတိအစဉ် နှင့်ပတ်သက်သော အရွယ်ရောက်ပုံ အရွယ်လွန်ပုံ၊ အယုတ် အလတ် အမြတ်တို့၏ လက္ခဏာအင်္ဂါ၊အမူအကျင့်၊ပါရမီနှင့်ကံတရားတို့ကို ထောက်ရှုခြင်း

ဝ - ကြွင်း မဟာဘုတ်

ဝ - ကြွင်းသမား အားလုံးတို့သည် မရဏအိမ်ဌာနတွင်  ၃ ဂဏန်း  စိတ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက် နှင့်ဆိုင်သော အင်္ဂါဂြိုဟ် တည်ရှိနေမှုကြောင့်
စိတ်အပြောင်းအလဲ မြန်ဆန်ခြင်း။
သနားလွယ်သလောက် ရက်စက်မှု ပြုလွယ်ခြင်း။
စိတ်ဆောင်ရာသို့ လျှင်မြန်စွာ ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း။

Monday, June 10, 2013

၆ - ခုကြွင်း မဟာဘုတ်

၆ - ခုကြွင်း မဟာဘုတ် အားလုံးတို့သည် မရဏ အိမ်ခွင်တွင် ၂ ဂဏန်း ငွေကြေး၊ အမော်အကြွား၊ ဟန်အမူအရာ တို့နှင့်သက်ဆိုင်သောတနင်္လာဂြိုဟ် တည်ရှိနေမှုကြောင့်
ငယ်ရွယ်စဉ်ကလေးဘ၀မှစ၍ ဟန်အမူအရာကောင်းခြင်း၊ သွက်လက်ချက်ချာခြင်း၊ စကားကောင်းသူများဖြစ်ခြင်း။
ဘ၀အစပိုင်း ခက်ခဲကြမ်းတမ်း၍ ဘ၀ကိုအခက်အခဲများစွာဖြင့် ရင်ဆိုင်လာရသူများ၊ မိဘသားချင်းများနှင့် စောစွာခွဲခွာရသူများ၊အချို့ဆိုလျှင် အမိ၊ အဖ ကိုပင် မမှတ်မိလိုက်ရသည်အထိ ဘ၀ကို ရင်နင့်စွာ ဖြတ်သန်းလာသူများဖြစ်တတ်ခြင်း။

၅ - ခု ကြွင်း မဟာဘုတ်

၅ - ခုကြွင်းမဟာဘုတ်အိမ်တွင် သေခြင်းတရားတည်းဟူသော မရဏ ခွင်တွင် ၁- ဂဏန်း - အိုးအိမ်၊ အုပ်စု အိမ်းတွင်းကိစ္စ၊ အိမ်ထောင် နှင့်ဆိုင်သော
တနင်္ဂနွေဂြိုဟ် တည်ရှိနေမှုကြောင့် ၅ - ခုကြွင်း အားလုံးတို့သည်
သွားလေရာ၌ အိမ်ထောင်ရေး ပြဿနာတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ ရလွယ်ခြင်း။
အိမ်ထောင်ဘက်အုပ်စု အသိုင်းအ၀ိုင်းတို့နှင့် မကြာခဏ ဆန့်ကျင်မှုများ ကြုံတွေ့နေရခြင်း။
မိသားစုနှင့်ခွဲခွာ၍ ရပ်ဝေးထွက်ပြီး စီးပွားရှာဖွေလုပ်ကိုင်နေရတတ်ခြင်း။
မင်း၊ အစိုးရ၊ အရာရှိများဖြစ်လွယ်၊ မင်းဒဏ် စိုးဒဏ်များ ကျလွယ်တတ်ခြင်း။
အစိုးရအမှုထမ်းဘ၀တွင် ရေရှည်တည်မြဲမှု မရှိခြင်း။
ရပ်ဝေးမြေခြားအလုပ်၊ ပွဲစားအလုပ်၊ အတတ်ပညာတစ်ခုခုဖြင့် စီးပွားရှာရသောအလုပ်များနှင့်
တိုက်ဆိုင်ကြုံတွေ့ လုပ်ကိုင်နေရတတ်ခြင်း။
အမှုထမ်း၊ အရာထမ်းများ ဘ၀တွင် တည်မြဲနေသူများ ရာထူး၊ဂုဏ်ထူးများရရှိနိုင်သော်လည်း အမြဲတမ်း ရန်ပြုသူ၊ အတိုက်အခံပြုသူများနှင့်
အမြဲရင်ဆိုင်ကြုံတွေ့ နေရခြင်း။
ဘ၀တွင် အိမ်ထောင်ရေး၊ သားသမီးအရေးတို့တွင် ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်လွဲမှားမှုများကြုံတွေ့ ရခြင်း။
အိမ်ထောင်ရေးပြဿနာတို့သည် ဘ၀တွင်အဓိကကျသော၊ သော့ချက်ကျသောနေရာတို့တွင် ပါဝင်ကြုံတွေ့ရတတ်ခြင်း။
သားသမီးရရှိရန် ခက်ခဲခြင်း၊ ရလျှင်လည်း နည်းပါးခြင်း၊ ခဲရာခဲဆစ်သာဖြစ်ခြင်း၊ သားသမီးအရေးတို့ကြောင့် စိတ်သောကရောက်ရခြင်း။
၅- ခုကြွင်းအားလုံးတို့၏ အိမ်ထောင်ဘက်သည် စီးပွားဥစ္စာ ၊ ဂုဏ်အဆင့်အတန်းရှိသူများ၊ လူမျိုးခြား၊ ဘာသာခြား(သို့) ကပြားရုပ်သဏ္ဍာန်ရှိသူများနှင့်သာ
အိမ်ထောင်ဖက်ရခြင်း၊ ကျန်းမာရေးညံ့ဖျင်းသူများဖြစ်နေတတ်ခြင်း။
၅- ခုကြွင်းများသည် များသောအားဖြင့် ဥပဓိရုပ်ကောင်းသူများ၊ ပုံပန်းသဏ္ဍာန်ခန့်ညားထည်ဝါသူများဖြစ်နေတတ်ခြင်း။
ပညာရေးတွင် ခက်ခဲမှုကြုံတွေ့နိုင်သော်လည်း ပညာတတ်များဖြစ်လွယ်ခြင်း။
အတွေးအခေါ်မျိုးစုံကို နက်နက်နဲနဲတတ်ကျွမ်းနိုင်သူများဖြစ်ပြီး ဖြတ်ထိုးဥာဏ်၊ ဇ၀န ဥာဏ်ကောင်းသူများဖြစ်ခြင်း။
ငွေကြေးစီးပွားဥစ္စာကို မရ ရအောင် ရှာဖွေနိုင်သူများဖြစ်ခြင်း။
အိမ်တွင်း၊ အိမ်ထောင် မိသားစုများအပေါ် မကျေနပ်နိုင်သောခံစားချက်များကို ဖြေဖျောက်နိုင်ပါက ကောင်းကျိုးများကြုံတွေ့နိုင်ခြင်း။
မိသားစုအပေါ် စိတ်တိုင်းမကျသော ခံစားချက်များကြောင့် အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေးနေသူများဖြစ်တတ်ခြင်း။
ကြာသပတေး၊ သောကြာ၊ စနေ သားများသည် အိမ်ထောင်ရေးကိစ္စ၌ ဖြစ်စေ၊ အပျော်အပါးကိစ္စတို့၌ဖြစ်စေ
ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်သေးစရာများ တိုက်ဆိုင်ကြုံတွေ့ စေတတ်ခြင်း။
ဘ၀တွင် ပတ္တမြားနှင့် အနီရောင်များကို အသုံးပြုခြင်းဖြင့် ကံတရားညှိုးမှိန်စေတတ်ခြင်း။
ဘ၀တွင် ရွှေနှင့် အ၀ါရောင်များကို အသုံးပြုခြင်းဖြင့် ကံဇာတာများပွင့်လင်းတိုးတက်လာခြင်း။
အမျိုးသားများ ဆီးရောဂါ၊ မျက်စိရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ဦးနှောက်ပိုင်းတွင်ဖြစ်ပွားတတ်သောရောဂါများဖြစ်ပေါ်စေတတ်ခြင်း။
အမျိုးသမီးများ သားအိမ်ရောဂါ၊ မီးယပ် နှင့် သွေးသားကြောင့်ဖြစ်ပေါ်သော နာတာရှည်ရောဂါများ ကြုံတွေ့ ဖြစ်ပေါ်စေတတ်ခြင်း။

၅ - ခုကြွင်းအားလုံးတို့သည် မိသားစု၊ အိမ်ထောင်ဘက် နှင့် အသိုင်းအ၀ိုင်းတို့အပေါ် အလိုမကျသော၊ စိတ်တိုင်းမကျနိုင်သော ခံစားချက်တို့ကို
ဖြေဖျောက်နိုင်ပါက ဘ၀တွင် အောင်မြင်တိုးတက်မှုများ ခံစားရမည်မှာ မုချပင်ဖြစ်သည်။

၎-ခုကြွင်း မဟာဘုတ်

၎- ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ)တည်းဟူသော ဌာနတွင် ၀- ဂဏန်း ထင်ပေါ်မှု၊ လောဘတရား၊ အထုပ်အထည်၊ အတိုက်အခံနှင့်ဆိုင်သော စနေဂြိုဟ် တည်ရှိနေမှုကြောင့်
၎- ခုကြွင်းအားလုံးတို့သည်လောဘတရား၊ မာနများဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့ရခြင်း။
လုပ်ငန်းအမျိုးမျိုးပြောင်းလဲလုပ်ကိုင်ပါက အောင်မြင်မှုမရနိုင်သည့်အပြင် ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့စေခြင်း။
မည်သည့်အလုပ်ကိုမဆို အားလုံးတတ်သိနားလည်နိုင်သည့် သဘောဘာဝများ များစွာပါရှိနေသူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမှ အားရကျေနပ်မှုမရှိဘဲ စိတ်အပြောင်းအလဲမြန်စွာဖြင့် အမျိုးမျိုးပြောင်းလဲလုပ်ကိုင်နေတတ်ခြင်း။ဘ၀တစ်လျှောက်၌ အသက်အန္တရယ်နီးသော ဘေးရန်ဥပါဒ်များကြုံတွေ့စေတတ်ခြင်း။
အနေအထိုင်ပိရိသေသပ်၍ ယဉ်ကျေးသိမ်မွေ့စွာဝတ်ဆင်နေထိုင်တတ်သူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမဆို အပြိုင်အဆိုင်၊ အတားအဆီး၊ အခက်အခဲတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ပြီးမှသာ အောင်မြင်စေတတ်ခြင်း။
ဖြတ်လမ်းစီးပွားရှာခြင်းမျိုးမပြုလုပ်ဘဲ ပိုမိုကျွမ်းကျင်ရာ ၊ ၀ါသနာပါရာလုပ်ငန်းတစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ပါကပိုမိုအောင်မြင်တိုးတက်စေတတ်ခြင်း။
သွားလာလှုပ်ရှားမှုတို့၌ အဖော်အပေါင်းတစ်ဦးတစ်ယောက်ပါမှသော်လည်းကောင်း၊ အားကိုးလောက်စရာ ပစ္စည်းတစ်ခုခုပါမှသော်လည်းကောင်းသွားလာလှုပ်ရှားနေထိုင်တတ်သူဖြစ်ခြင်း။
လက်ဝါးပြင်၌ အသက်လမ်းကြောင်း(အာယုလမ်း)များတိုခြင်း၊ ပြတ်ခြင်းများရှိနေတတ်ခြင်း။
(ကားတိုက်၊ ရေနစ်၊) သကဲ့သို့သော လတ်တလောအသက်ကိုဆုံးရှုံးစေတတ်သော အဖြစ်အပျက်များ ကြုံတွေ့ရတတ်ခြင်း။
ဘ၀တွင် နီလာနှင့် အနက်ရောင်ပစ္စည်းများကို အသုံးပြုပါက ကံတရား ညှိုးမှိုင်စေတတ်ခြင်း။
ဘ၀တွင် သန္တာကျောက်နှင့် အစိမ်းရောင်များကို အသုံးပြုပါကကံဇာတာများပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတါင် အမျိုးသားများ စိတ်ရောဂါ၊ နှလုံးရောဂါ၊ အကြောရောဂါ၊ လေနာရောဂါ၊ နားနှင့်ခြေထောက်၌ဖြစ်ပွားသောရောဂါ၊ဆံပင်ကျွတ်လွယ်သောရောဂါများဖြစ်ပွားစေတတ်ခြင်း။
အမျိုးသမီးများ စိတ်ရောဂါ၊ သိုက်စွဲ၊နတ်စွဲ စသည့် ပယောဂဝေဒနာများ၊ သွေးလေအလုံးများ၊ နားရောဂါနှင့် လေနာရောဂါများဖြစ်ပွားစေတတ်ခြင်း။
အစစအရာရာ မသိသည်၊ မတတ်သည်မရှိဘဲ စပ်စပ်စုစု နားလည်တတ်သိနိုင်သည့် သဘောသဘာဝများရှိနေတတ်သူဖြစ်ကကံဆိုးသောအသက်ပိုင်းများတွင် အိမ်ထောင်ရေးပြိုကွဲခြင်း၊ ဘ၀အထိနာခြင်း စသည့်ဆိုးကျိုးများဖြင့်ကြုံတွေ့ရခြင်း။

၎- ခုကြွင်းအားလုံးတို့သည် လောဘ၊ မာန၊ မခံချင်စိတ်နှင့် ယှဉ်ပြိုင်စိတ်ဓါတ်များမထားဘဲ သည်းခံမှုတရား လက်ကိုင်ထားပြီး မိမိဝါသနာပါရာ
လုပ်ငန်းတစ်ခုတည်းကိုသာ တည်တည်တံ့တံ့လုပ်ကိုင်ပါမှ စိတ်အေးချမ်းသာယာပြီး အောင်မြင်ကျော်ကြားမှုများ ရရှိမည်မှာ မုချဖြစ်ပါသည်။

၃ - ခုကြွင်း မဟာဘုတ်

၃-ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ)တည်းဟူသောအိမ်ဌာန၌  ၆ ဂဏန်း စကား၊ ခရီးသွား နှင့် လှုပ်ရှားပြောင်းလဲခြင်းတို့နှင့်သက်ဆိုင်သော သောကြာဂြိုဟ်တည်ရှိနေမှုကြောင့် ၃ ခုကြွင်းအားလုံးတို့သည်
ငယ်ရွယ်စဉ်မှစ၍ အပြောင်းအရွေ့အပြောင်းအလဲများစွာကြုံတွေ့ရခြင်း။အပြိုင်အဆိုင်၊ အပြေးအလွှားဖြင့် ရုန်းကန်လှုပ်ရှားနေထိုင်ရခြင်း။စကားများစွာပြောဆို၍ အတိုက်အခံပေါ်ပေါက်ပြီး ငြင်းခုံရတတ်ခြင်း၊ စကားပြောဆိုး၍၊ ခွတိခွကျ စကားပြောရိုင်းသည်ဟုအထင်ခံရခြင်း။မွေးသည့်နေရာတစ်နေရာ၊ ကြီးပြင်းရပ်တည်ရသည်မှာတစ်နေရာ၊ ကျော်ကြားအောင်မြင်သည်မှာ တစ်နေရာ ဖြစ်တတ်ခြင်း။
မြို့ရွာအနှံ့ သွားရောက်နေထိုင်ရတတ်ခြင်း၊ နိုင်ငံရပ်ခြား ခရီးဝေးများရောက်လွယ်ခြင်း။
မွေးမိဘ၊ ကျွေးမိဘများ တိုက်ဆိုင်ကြုံတွေ့စေတတ်ခြင်း။ရုတ်တရက်အိမ်ထောင်ကျပြီး ရုတ်တရက်ကွဲလွယ်စေတတ်ခြင်း။ငွေကြေးရုတ်တရက်ရလွယ်ပြီး ကြီးပွားချမ်းသာစေတတ်ခြင်း။
ဘ၀တစ်လျှောက် ပြေးလွှားလှုပ်ရှား နေရသောအလုပ်များနှင့်သာ တိုက်ဆိုင်ကြုံတွေ့ လုပ်ကိုင်ရခြင်း။
အမျိုးသားများ ရုပ်ရည်လှပ အရည်အချင်းရှိသော စီးပွားဥစ္စာဂုဏ်တစ်ခုပါတတ်သော အမျိုးသမီးများနှင့် အိမ်ထောင်ကျတတ်ခြင်း။အမျိုးသမီးများ နိုင်ငံရပ်ခြားသွား၍ အလုပ်လုပ်ကိုင်သူ (သို့) ဘ၀တစ်လျှောက် အငြိမ်မနေရဘဲ ပြေးလွှားလှုပ်ရှားလုပ်ကိုင်နေရသူများနှင့် အိမ်ထောင်ကျတတ်ခြင်း။
အင်္ဂါ၊ သောကြာ၊ စနေသားများ စိတ်ထင်ရာ တဇွတ်ထိုးလုပ်ကိုင်ဆောင်ရွက်ပြီး စီးပွားဖြစ်နေသည်ဟု အထင်ခံရစေခြင်း။အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သမီးများ စိတ်ထင်ရာလုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် မိဘမောင်ဘွား ဆွေမျိုးသားချင်းများ၏ ပြစ်တင်ရှုတ်ချမှုကို ခံရစေတတ်ခြင်း။ ဒုတိယအရွယ်လွန်မှသာ ပိုမိုအေးဆေးတည်ငြိမ်ပြီး အောင်မြင်တိုးတက်မှုကို ရရှိစေတတ်ခြင်း။ဘ၀တွင် စိန်နှင့်ရောယှက်နေသောရောင်စုံများကို ၀တ်စားဆင်ယင်အသုံးပြုခြင်းကြောင့် ကံတရားမှေးမှိန်စေတတ်ခြင်း။ဘ၀တွင် ပုလဲနှင့် အဖြူရောင်များကို ၀တ်ဆင်ခြင်းဖြင့် ကံဇာတာများတိုးတက်ပွင့်လင်းခြင်း။ကျန်းမာရေးတွင် ဆီးရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါနှင့် အာခံတွင်း၌ဖြစ်တတ်သောရောဂါများ ကြုံတွေ့ဖြစ်ပွားလွယ်ခြင်း။

၃ ခုကြွင်းအားလုံးတို့သည် ဘ၀တစ်လျှောက်တွင် တည်ငြိမ်အေးဆေးစွာလုပ်ကိုင်ဆောင်ရွက်ခြင်း၊ နှုတ်ချိုသာစွာ ပြောဆိုဆက်ဆံခြင်းများ
ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်တိုးတက်မှုများ ပိုမိုကြုံတွေ့ ခံစားလာမည်မှာ မုချ ဖြစ်ပါသည်။

၂-ခုကြွင်းမဟာဘုတ်

၂ ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ) တည်းဟူသောအိမ်ဌာန၌  (၅) ဂဏန်းဖြစ်သည့်
ပညာ၊ အတွေးအခေါ်၊ အပျော်အပါးနှင့်ဆိုင်သော ကြာသပတေးဂြိုဟ်တည်ရှိနေမှုကြောင့်
လူမှုဆက်ဆံရေးနယ်ပယ်တွင် ခေါင်းမာသူ၊ တစ်ယူသန်တစ်ဇွတ်ထိုး ပြုလုပ်တတ်သူ ဟုအထင်ခံရခြင်း။
မိဘမောင်ဘွား အုပ်ထိန်းသူတို့၏ လမ်းညွှန် ဆိုဆုံးမမှုကို မနာယူဘဲ မိမိစိတ်ဆန္ဒအလျှောက် လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်ခြင်း။
ပတ်ဝန်းကျင်ကို ဂရုမထားဘဲ ကောင်းကောင်း၊ဆိုးဆိုး လွန်ကဲစွာ တစ်ယူသန်၊တစ်ဖက်သတ် ပြုမူပြောဆိုနေထိုင်တတ်ခြင်း။
လုပ်ရပ်တစ်ခုကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လွန်လွန်ကဲကဲဆောင်ရွက်တတ်ပြီး မိသားစုအိမ်တွင်းရေးကိစ္စများကို ပြန်လှည့်မကြည့်ခြင်း။
မှားယွင်းစွာပြုလုပ်မိသောအလုပ်တစ်ခုခုကို မှားမှန်းသိလျှက်နှင့် လုံးဝပြန်မပြင်နိုင်ခြင်း။
ပညာသင်ကြားချိန်တွင် အရေးကြီးသော အချိန်တိုင်း၌ ကျန်းမာရေးအညံ့ကြုံခြင်း၊ ပူပင်သောက တစ်ခုခု လာရောက်တိုက်ဆိုင်နေတတ်ခြင်း။
ပညာတတ်များ ပိုမိုခေါင်းမာနေတတ်ခြင်း၊ တစ်ယူသန်ခြင်း။
အတွေးအခေါ်၊ အယူအဆ ပြတ်သားရဲရင့်စွာတွေးခေါ်တတ်မှုကြောင့် အများသူငါနှင့် အမြဲလိုလို ဆန့်ကျင်ဘက်ဖြစ်နေတတ်ခြင်း။
ကြာသပတေး၊ သောကြာ သားသမီးများ စိတ်ညစ်စရာတွေ့ ကြုံလာပါက အဆိပ်သောက်လွယ်တတ်ခြင်း။
ဘ၀တွင် ဖြူမှိုင်းသောအရောင်နှင့် အပြာရောင်များကို ၀တ်ဆင်၊ အသုံးပြုပါက ကံတရားညှိုးမှိုင်စေတတ်ခြင်း။
ဘ၀တွင် ပတ္တမြား၊ ပန်းရောင်နှင့်ကြက်သွေးရောင်၊ အနီရောင်များကို ၀တ်ဆင်၊ အသုံးပြုပါက ကံဇာတာ ပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတွင် ဦးနှောက်၊ အာရုံကြောနှင့် နှလုံးရောဂါ၊ အစာအိမ်ရောဂါများ ဖြစ်ပွားစေတတ်ခြင်း။
ဘ၀တစ်သက်တာ၌ မိမိစိတ်ဆန္ဒဆုံးဖြတ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက အမှားများစွာကြုံတွေ့ နိုင်ခြင်း။

၂-ခုကြွင်းအားလုံးတို့သည် ဘ၀တွင် တိုးတက်အောင်မြင်ရေးအတွက် တစ်ယူသန်၊ တစ်ဖက်သတ်ပြုမူပြောဆို လုပ်ကိုင်တတ်သော
ဥာဉ် စရိုက်များကို ပယ်ဖျောက်၍ မိဘဆရာ အုပ်ထိန်းသူတို့၏လမ်းညွှန်မှုကို ခံယူပြီး လုပ်ကိုင်ဆောင်ရွက်ပါက
မုချ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။

၁ - ခုကြွင်းမဟာဘုတ်

လူအားလုံး ရှောင်လွဲ၍မရသော မရဏ တည်းဟူသော သေခြင်းတရားအိမ်၌ ၄ ဂဏန်း
လူထု၊ လူစုလူဝေး ၊ လူမှုဆက်ဆံပေါင်းသင်းရေး နှင့်သက်ဆိုင်သော ဗုဒ္ဓဟူးဂြိုဟ်တည်ရှိမှုကြောင့်
လူအများနှင့် စုပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများတွင် အကျိုးခံစားခွင့် မရှိခြင်း၊
နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့အစည်းများနှင့်သက်ဆိုင်ပါက အကျိုးပြုခြင်းမရှိခြင်း၊
မိဘမောင်ဘွား၊ သားသမီး အိမ်ထောင်ဘက်တို့၏ ချစ်ခင်မှု၊ ယုယမှု၊ ကျေးဇူးပြုမှုကို မရရှိခြင်း။
လူများစုအတွက် မိမိက နေရတကာအနစ်နာခံ၊ ကိုယ်ကျိုးစွန့်၍လုပ်ကိုင်ပေးရတတ်ခြင်း၊
လူယုံမွေး၍မရခြင်း၊ ဆရာတပည့်ထား၍ မသင့်ခြင်း၊
မိတ်ဆွေအပေါင်းအသင်းများသူတို့ မိတ်ဆွေကြောင့်ဂုဏ်ပျက်ခြင်း၊ သိက္ခာကျခြင်း။
မိဘမောင်ဖွား၊ ညီအစ်ကို မောင်နှမများနှင့် စောစီးစွာခွဲ၍နေထိုင်ရတတ်ခြင်း။
ခံ့ညားထည်ဝါစွာနေထိုင်သူများ၊ မိတ်ဆွေအပေါင်းအသင်းများစွာဖြင့်လှုပ်ရှားလုပ်ကိုင်နေသူများ
ပို၍သိက္ခာကျပြီး မရိုးသားသောလုပ်ငန်းများဖြင့် စီးပွားရှာဖွေ လုပ်ကိုင်နေရတတ်ခြင်း။
ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်ပြီး လက်မှုအတတ်ပညာတစ်ခုခု ထူးချွန်တတ်မြောက်လွယ်ခြင်း၊ ၀ါသနာရှိခြင်း။
ဘ၀တွင် ငွေရပေါက်၊ ပွပေါက်တိုးသော သူများနှင့်တိုက်ဆိုင်ကြုံတွေ့ပြီး စီးပွားဖြစ်ထွန်းစေတတ်ခြင်း။
မည်မျှ စိတ်ရင်းစေတနာထား၍  လုပ်ကိုင်ပေးစေကာမူ လူအများအတွက် မနာလိုခံရခြင်း၊
ပြစ်တင်ရှုံ့ချမှု၊ သိက္ခာချခံရမှုများ တိုက်ဆိုင်ကြုံတွေ့စေတတ်ခြင်း။
ဘ၀တွင် ရွှေ နှင့် အ၀ါရောင်ပစ္စည်းပစ္စယ များကြောင့် ကံတရားညှိုးမှိုင်တတ်ခြင်း။
ဘ၀တွင် နီလာ၊ကျောက်နှင့် အနက်ရောင်များကြောင့် ကံဇာတာ ပွင့်လင်းတိုးတက်စေတတ်ခြင်း
ကျန်းမာရေးတွင် လိပ်ခေါင်းရောဂါ၊ လေရောဂါ၊ အစာအိမ်ရောဂါ၊ ရင်ခေါင်းနှင့်
ဝမ်းဗိုက်တို့တွင်ဖြစ်ပွားသောရောဂါရခြင်းများ ကြုံတွေ့ စေတတ်ခြင်း။
ဘ၀တစ်လျှောက်လုံးတွင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်လုပ်ကိုင်မှ ဘ၀ရပ်တည်နိုင်ခြင်း။

၁ ခုကြွင်းအားလုံးတို့သည် ဘ၀တွင် တိုးတက်အောင်မြင်ရေးအတွက်
လူမှုပေါင်းသင်းဆက်ဆံရေးတို့တွင် မျှတစွာပေါင်းသင်းဆက်ဆံခြင်း၊
မိဘ၊ဆရာ၊ သက်ကြီးရွယ်အို နှင့် ကျေးဇူးမကင်းသူများကို တတ်အားသရွေ့  ပူဇော်ကန်တော့ခြင်းများပြုလုပ်ပါက
မုချ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။

မူလမဟာဘုတ် (၇) ဌာန

အဘိဓမ္မာတွင် မဟာဘူတရုပ်(၄)ပါးကို မဟာဘုတ်ဟုခေါ်ပါသည်။ ဗေဒင်ပညာအလိုအားဖြင့် မဟာဘုတ်သည် သိသာမြင်သာဘူတာကျသော၊ ဓမ္မဒိဋ္ဌာန်ကျသော၊ ရုပ်ဝတ္ထုဆန်သော သဘောဖြစ်သည်။
မဟာဘုတ်ဗေဒင်ပညာသည် လွန်စွာကျယ်ပြန့်ပါသည်။ သာမာန်အားဖြင့်မဟာဘုတ်ဗေဒင်ချ နည်း လောက်ကို လူတိုင်း တီးမိ ခေါက်မိရှိသောအခါ အပေါ့စားဗေဒင်ဟုလည်း တစ်ချို့က ထင်မြင်ကြသည်။  မဟာဘုတ်ဗေဒင်မျှလောက်နှင့် လူတစ်ဦးတစ်ယောက်၏ ဘ၀တစ်ခြမ်းကို ထက်ပိုင်းချိုး
ဟောပစ်နိုင်သည်ဟု ဆိုသော် လူတော်တော်များများလက်ခံနိုင်လောက်မည်မဟုတ်ပါ။ ဤမျှလောက်ရှိနေသော အတိုင်းအတာသည် လွယ်ကူမည်လော။
မဟာဘုတ်ဗေဒင်မျှလောက်ကို လက်တည့်စမ်းဖူးကြမည်ဖြစ်ပါသည်။
ထို့ကြောင့် မဟာဘုတ် (၇) ဌာ x ဂြိုဟ် (၇) လုံး = (၄၉ )ကွက် သောအကျယ်ကို ဟောစတမ်းမထုတ်တော့ပါ။
အဓိက အချက်အချာကျသည့် (၇) မျိုး အကျဉ်းမျှလောက်သာရှင်းလင်းချက်နှင့် ဟောစာတမ်းဖွင့် ပါတော့မည်။

ဗေဒင်ပညာတွင်
 ဘင်္ဂအိမ်သည် လူသားတစ်ဦး၏ ကနဦးစတင်ရာဌာနဖြစ်ပါသည်။ ထို့အတူ ထိုလူ၏ ဘ၀ဖြစ်စဉ်တို့ကိုစတင်ဖန်တီးပေးမည့် ကံအကြောင်းကိုပြုပြင်ဖန်တီးသည့် အဓိကနေရာလည်းဖြစ်သည်။ ဒုက္ခတရားတို့၏ စတင်ရာနေရာဌာနလည်းဖြစ်သည်။ နာခြင်းတရား၊ မသိနားမလည်ခြင်း၊ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး ကံအ၀၀ တို့ကို စတင်ရာဌာနဟု သတ်မှတ်ရပေသည်။ထို့ကြောင့် ဘင်္ဂအိမ် သည်  ဖြစ်ခြင်း၊ ပျက်ခြင်းတရား၏အစ ၊ ပြောင်းလဲမြန်ဆန်မှုကို ဖော်ပြသောအကြောင်းတရား၊ မတည်မြဲခြင်း၊ မငြိမ်မသက် စက်ရဟတ်ကဲ့သို လည်ပတ်ရာဌာနဟု ဖော်ညွှန်းရပေသည်။

ဗေဒင်ပညာတွင် 
ပုတိအိမ် ကား အကြီးမြတ်ဆုံးသောသူသည် အမြင့်မြတ်ဆုံးသော နေရာဌာ သို့ ကူးပြောင်းရန် ဥာဏ်(၃)ပါးထဲမှ အာသွက္ခယဥာဏ်ဖြစ်သော ကိလေသာ၊ရာဂနှင့်အာသဝေါတရားများ ကုန်ခမ်းပြီးစီးမှသာ အဓိပတိ တည်းဟူသောတစ်လောကလုံး၏အကြီးအကဲနေရာဌာနကို ဖြတ်ကျော် တက်လှမ်းရမည့်အိမ် သို့မဟုတ် ကိလေသာ၊ တဏှာ၊ ရာဂ အာသဝေါတရားများစွန့်ပစ်ရာအိမ်သည် ပုတိအိမ်ဖြစ်ပါသည်။ ဤသည်အားဖြင့် ပုတိအိမ်သည် လျှို့ ၀ှက်ဖုံးကွယ်မှု၊ ညစ်ညမ်းမှု၊ ငြိုငြင်ခံရမှု
စသည့်အကြောင်းတရားများနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် 
သိုက်အိမ်ဌာနသည် ဘာသာရေး၊ ကောင်းမြတ်ခြင်း၊ ရှေးဟောင်း၊ ဘ၀ဟောင်း တို့၏ စုဝေးရာ၊ပိုင်ဆိုင်ရာတို့နှင့် သက်ဆိုင်သော ဌာနဖြစ်ပါသည်။ လူသားတစ်ဦးတစ်ယောက်အတွက် သီးသန့်တည်ရှိနေရသော၊သီးခြားဖြစ်သော ဌာနလည်းဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းအကြပ်ကြုံခြင်း၊ အနာဂတ်၏အမှောင်ဖုံးနေမည့်ဘ၀၊မောဟများပိတ်ဖုံးခံနေရမည့်ဘ၀၊ ကြိုတင်ပူပန်နေရသောဘ၀၊ လွတ်မြောက်ရန်လမ်းစရှာဖွေနေရသောဘ၀ ဌာဖြစ်သည်။ထို့ကြောင့် လူသားတစ်ဦး၏ မောဟ နယ်ပယ်ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အထွန်းအိမ်သည် လူသားတစ်ဦးတစ်ယောက်၏ ရုပ်ပုံလွှာကို ဖော်ဆောင်ရာ၌ အဓိကသော့ချက်ကျသော
ခေါင်းဆောင်အိမ်ဖြစ်ပါသည်။ ထည်ဝါခန့်ညားနေခြင်း၊ ထင်ပေါ်နေခြင်း၊ အစစ အရရာသိမြင်နားလည် လွယ်နိုင်သောအကြောင်းတရားများနှင့် သက်ဆိုင်နေပါသည်။ အင်အားနှင့် ခန့်ညားထည်ဝါခြင်း ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
ရာဇအိမ်သည် အသုံးအဖြုန်းကြီးခြင်း၊ ရှုပ်ထွေးပွေလီခြင်း၊ ပရိယာယ်၊ မာယာ အမျိုးမျိုးတို့နှင့် ရောပွန်းတီး
ကြွယ်နေခြင်းတို့နှင့် ဆက်ဆံနေထိုင်ရသော ဘ၀ကို ဖော်ညွှန်းပါသည်။ အာဏာ၊ သြဇာ၊ တစ်ဇွတ်ထိုး အကျင့်၊စရိုက်၊ အမိန့်၊ လူ့ဘ၀ဇာတ်ခုံ အဖုံဖုံသော လှုပ်ရှားမှုတို့နှင့် နေထိုင်ရသော ဌာနဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အဓိပတိအိမ်သည် အကြီးအကဲဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ အကြီးအကဲဖြစ်ခြင်း၊ ဆရာဖြစ်ခြင်း၊
ဘ၀င်မာနထားရှိခြင်း၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထင်ရှားကျော်ဇောခြင်းနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် ငယ်စဉ်ကတည်းကပင် မဟာဘုတ်ဗေဒင်ပညာ သင်ယူခဲ့သမျှတို့၌ မရဏအိမ်ခွင်ဌာနသည် ကျွန်တော် စိတ်အ၀င်စားဆုံးဌာနဖြစ်ပါသည်။
မရဏအိမ်ခွင်ဌာနသည် လူမျိုးမရွေး၊ အယုတ် အလတ် အမြတ်မရွေး၊ ဧကန်ကြုံတွေ့ရမည့်တရားဖြစ်သည်။ လူသားတစ်ယောက်၏ မဟာဘုတ်အိမ်တွင် မရဏအိမ်၌ရှိနေသာ ဂြိုဟ်တစ်လုံး၏ စွမ်းအား သည် ဗေဒင်ပညာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အလွဲမသွေ ကြုံတွေ့ရမည့်အကြောင်း တရား ဖြစ်သည်။ ယင်းဌာန မရဏဌာနသည် ပျက်စီးခြင်း၊ ၏အကြောင်း၊ သေခြင်းတရားတို့၏ အကျိုးတို့ကိုနှင့် လုံးဝသက်ဆိုင်နေပါသည်။








မဟာဘုတ် (၇) ဌာန၏ အကြွင်း (၇) ခု လိုရင်းအချက်အလက်များကိုသာ ဟောစာတမ်းဖွင့်သွားပါမည်။




                                                                                                         ဆက်လက်ကြိုးစားပါဦးမည်။
                                                                                                                   lu sent

မူလမဟာဘုတ် အတိုတွက်နည်း

မြန်မာသက္ကရာဇ် ၁၃၀၀ မှ ၁၃၉၉ ခုနှစ်အတွင်း သက္ကရာဇ်တွင် ထောင်ဂဏန်း၊ ရာဂဏန်းကိုပယ်။
(၅) ဂဏန်းနှင့် ပေါင်းပြီး (၇) စားပါ။  အကြွင်းကို ငယ်စဉ်ကြီးလိုက် ဌာနခွင်အတိုင်းလှည့်ရာတွင်
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်ဖြင့် ချယူသွားပါ။

ဥပမာ။ ကောဇာသက္ကရာဇ်  ၁၃၄၅ ခု၊ ကြာသပတေးသား

ထောင်၊ ရာ ဂဏန်းတို့ကို ပယ်ကာ

၄၅ + ၅ = ၅၀ ၊ ၇ --ံ့ ၅၀  = ၁ ကြွင်းမည်ဖြစ်သည်။

ဤ သို့ဆိုလျှင်( ၁) အကြွင်းကို ပုတိမှစ၍လှည့်ပါမည်။ (အောင် လံ ထူ စစ် သူ ကြီး ဘွဲ့ ) ဘာ ညာတွေ ရွတ်မနေတော့ပါ။
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်အတိုင်းသာ အကြွင်းဂဏန်းကို ငယ်စဉ်ကြီးလိုက် ရေတွက်၍ချသွားပါမည်။
၁- ဘင်္ဂ၊ ၂ - ပုတိ၊ ၃ - သိုက်၊ ၄ - မရဏ၊ ၅ - အဓိပတိ၊ ၆- ရာဇ၊ ၇ (သို့) ၀ - အထွန်း။
၂ ခုကြွင်းခဲ့သော် .....
၂ ဘင်္ဂ၊ ၃- ပုတိ၊ ၄ သိုက်၊ ၅ မရဏ၊ ၆-အဓိပတိ၊ ၀- ရာဇ၊ ၁ အထွန်း။
၃ ခုကြွင်းသော် ........
၃ ဘင်္ဂ၊ ၄- ပုတိ၊ ၅ သိုက်၊ ၆- မရဏ၊ ၀- အဓိပတိ၊ ၁- ရာဇ၊ ၂ အထွန်း။
ဤမျှလောက်ဆို သဘောပေါက်ပြီးသားဖြစ်သည်ဟု မှတ်ယူပါမည်။

ထပ်ဆင့်ခေတ်ကာလ၏ သဘောအရ ခရာဇ်နှစ်ဖြင့် မဟာဘုတ်ချနည်းကိုပါ ဖော်ပြပေးပါမည်။

ခရာဇ်နှစ် ၁၉၀၀ မှ ၁၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာကို ပယ်လျှက် ဆယ်နှင့်ခု မှာ (၉) ထည့်ပေါင်း
(၇) နှင့်စားရပါမည်။ အကြွင်းကို အထက်က နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။

ခရာဇ်နှစ် ၂၀၀၀ မှ ၂၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာ ကိုပယ်လျှက် ဆယ်နှင့်ခုမှာ (၁၁) ပေါင်းပြီး
(၇) ဖြင့်စားရပါမည်။ အကြွင်းကို အထက်မှ နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။

(မှတ်ချက်။ မိမိ မွေးလသည် ဇန်န၀ါရီ (၁) ရက်မှ ဧပြီ (၁၇) ရက်အတွင်းမွေးဖွားပါက (၁) ခုထပ်ပေါင်းထည့်ရပါမည်။)

ဥပမာ- ခရာဇ်နှစ် ၁၉၈၃ - ခု ကြာသပတေး

၈၃ + ၉ = ၉၂ ။ ၇ --ံ့ ၉၂ = ၁ ကြွင်းမည်ဖြစ်သည်။


Wednesday, June 5, 2013

စန်းယှဉ်နက္ခတ်ယူနည်း

မိမိ ဘာနက္ခတ်နဲ့  စန်းယှဉ်မွေးဖွားသလဲဆိုတာလေးကို သိနိုင်တဲ့ နည်းလေးပါ..။ စန်းယှဉ် နက္ခတ်ရှာနည်းက ဗေဒင်ပညာကို လေ့လာလိုက်စားသူကလွဲရင် လူတော်တော်များများနဲ့ စိမ်းနေတယ်ဗျ..။ ဒါကလည်း မသိလို့မဖြစ်ပြန်ဘူး..။ ဒါမှ ဇာတာစစ်တာလေးမှာ တော်တော်လေးအရေးပါတာကိုး.။
နက္ခတ်တွက်ယူနည်းက မြန်မာရက်၊လ တွေနဲ့ပဲအကျုံးဝင်တော့  မြန်မာ မွေးလ၊ မွေးရက်လေးကို
 သေချာအောင်စိစစ်လိုက်ပေါ့နော်..။ ကဲ.. တွက်နည်းလေးက ဒီလိုပါဘဲ..။

ကဆုန်လကစ မွေးလကိုချန်ပြီး ပြီး၊ (၂)နဲ့မြောက်၊ရလဒ်ကို တီထိရက်နဲ့ပေါင်း၊ အဲ့ဒီရလာဒ်ကို နက္ခတ်က (၂၇)လုံးရှိတော့ (၂၇)နဲ့ ချေ(စား) အကြွင်း

( မိဿ၊ ပြိဿ၊ မေထုန် ) ရာသီတို့မှာ (၁) နုတ်.။

(တူ၊ ဗြိစ္ဆာ၊ ဓနု) ရာသီတို့မှာ (၁) ပေါင်းထည့်။

(မကာရ၊ ကုံ၊ မိန်) ရာသီတို့မှာ (၂) ပေါင်းထည့်ပါ။
(ကရကဋ်၊ သိဟ်၊ ကံ) ရာတို့မှာ နှောစရာ၊ နုတ်စရာမလိုပဲ ယင်းအတိုင်းပါဘဲ။

ဥပမာ (၁) ဆိုပါစို့.. ၀ါဝါဆိုလပြည့်နေ့ဟာ ဘယ်နက္ခတ်နဲ့ စန်းယှဉ်သလဲ တွက်ကြည့်မယ်ဆိုရင်
ကဆုန်လကို ချန်ပြီးတော့ ရေသွားလိုက်ပေါ့နော်.။  ကဆုန်၊ နယုန်၊  ဆိုတော့ (၂လ) ၂ ဂဏန်း ရတယ်။ (၂)နဲ့မြောက်တော့ (၄) ရတာပေါ့။ အဲ့ဒီ (၄)ကို တီထိရက် လပြည့်ရက်(လဆန်း ၁၅-ရက်) ၁၅ နဲ့ပေါင်းတော့ (၁၉) ရတယ်မဟုတ်လား။ နက္ခတ်လုံးရေ (၂၇)နဲ့ ချေတော့ (စားခြင်း) ၁၉ ပဲရလေနော်။ အဲ့ဒီ (၁၉) ဂဏန်းဟာ နက္ခတ်လုံးရေပေါ.။ ၁၉ လုံးမြောက်နက္ခတ်ဟာ မူလ နက္ခတ်။ ဒါဆို ၀ါခေါင်လပြည့်နေ့မှာ မူလ နက္ခတ် စန်းယှဉ်တယ်လို့မှတ်ပေါ့..။

ဒါဆိုရင် (၁၉) လုံးမြောက် မူလ နက္ခတ်နဲ့  စန်းယှဉ်ပြီဆိုတော့ စန်းယှဉ်နက္ခတ် အဟောကို ၀င်ပြီး ဇာတာစစ်ကြည့်လိုက်ဦးပေါ့..။ 

၁- မှ ၂၇ အထိ အစဉ်အတိုင်း နက္ခတ်(၂၇) လုံး

(၁) အဿဝနီ
(၂) ဘရဏီ 
(၃) ကြတ္တိကာ 
(၄) ရောဟဏီ
(၅) မိဂသီ
(၆) အဒြရ
(၇) ပုဏ္ဏဖုသျှု
(၈) ဖုသျှ
(၉) အသလိဿ
(၁၀) မာဃ
(၁၁) ပြုပ္ပါဘရဂုဏ္ဏီ
(၁၂) ဥတ္တရာဘရဂုဏ္ဏီ
(၁၃) ဟသဒ
(၁၄) စိတြ
(၁၅) သွာဒိ
(၁၆) ၀ိသာခါ
(၁၇) အနုရာဓ
(၁၈) ဇေဋ္ဌ
(၁၉) မူလ
(၂၀) ပြုပ္ပါသဠ်
(၂၁) ဥတ္တရာသဠ်
(၂၂) သရ၀ဏ်
(၂၃) ဓနသိဒ္ဓ
(၂၄) သတ္တဘိသျှ
(၂၅) ပြုပ္ပဘရပိုက်
(၂၆) ဥတ္တဘရပိုက်
(၂၇) ရေ၀တီ

ဤနက္ခတ်တို့သည် အဿဝနီ အစ ရေ၀တီ အဆုံး (၂၇) လုံးရှိကြပါသည်။

နက္ခတ် (၂၇) လုံး၏ ပရိယာယ်နှင့် အတွေးအကြံများ၊ အဆိုးအကောင်းများ၊ ၁၂ ရာသီ တို့တွင် ကာရက ပြုပုံနှင့် အဟော များကို ထပ်ဆင့် ရေးသားပါအုံးမည်။



Sunday, June 2, 2013

စနေဂြိုဟ်၏ ကာရက ပြုပုံ နှင့် ပရိယာယ်

(၇) စနေဂြိုဟ် သည် မွန်းလတ်မှ စားပါသည်။ ဇွဲလုံ့လ၊ ၀ီရိယ၊ ကြိုးပမ်းခြင်း၊ အဆင်းရဲခံခြင်း၊ အပင်ပန်းခံခြင်း၊ ခြိုးခြံချွေတာခြင်း၊ နှမြောတွန့်တိုခြင်း၊

အငတ်ခံခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ချွေးထွက်သံယိုလုပ်ကိုင်ခြင်း၊ ဓူတင်ထိန်းသိမ်းကျင့်ကြံခြင်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်း၊ လူထုလုပ်ငန်း၊

ပရဟိတလုပ်ငန်း၊ မျိုးချစ်စိတ်၊ အနစ်နာခံလိုစိတ်၊ တောထွက်ခြင်း၊ နိက္ခမပါရမီ အန္တိမဘာဝ စသည်တို့ကို ဖန်တီးခြင်း ပြုပြင်ခြင်းတို့၌ စွမ်းဆောင်ပါသည်။


စနေဂြိုဟ်သည်

မိဘသားချင်းတို့တွင် - အစေအပါး
တိုင်းပြည်ရေးတွင် - မင်းစေလုလင်
လူမျိုးတို့တွင် - ကုလား
ကိုယ်အင်္ဂါတွင် - အကြော
စိတ်နှလုံးတွင် - ပူပန်ခြင်း
အရောင်အဆင်းတွင် - အမည်း(အမဲ)
အရသာတို့တွင် - အဖန်
သတ္တုတွင် - သံ
အ၀တ်အထည်တွင် - စုတ်သောပုဆိုး
အစိုးရခြင်းတွင်  - အနောက်
ဂြိုဟ်အရပ်မျက်နှာ - အနောက်တောင်ထောင့်အရပ်
အက္ခရာတွင် - (တ ထ ဒ ဓ န- ဋ ဌ ဍ ဎ ဏ ) ၁၀-လုံး
သင်္ချာတွင် - (၇ တနည်း - ၀) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ သောရီ (စေတန်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၀)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မီးဓါတ်
တိရိစ္ဆာနတို့တွင် - နဂါး၊ (မြွေ)
အစိုးရသောနတ် - ဗြဟ္မာ
ဂြိုဟ်တို့၏အဓိပတိ - ဆင်းရဲသား(စနေ နှင့် ရာဟု တူသည်)
ဂုဏ်အင်္ဂါ - တမဂုဏ် ၊
ဂြိုဟ်အင်္ဂါ - ပါပ(မကောင်း)၊ ကျွန်ဂြိုဟ်၊ မိန်းမဂြိုဟ်၊နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်
ယူဇနာအကျယ် - ၁၃ ယူဇနာ

သောကြာဂြိုဟ်၏ ကာရကပြုပုံနှင့် ပရိယာယ်

(၆) သောကြာဂြိုဟ် သည် ကျီးမနိုးခင်စားပါသည်။ သောကြာဂြိုဟ်၏ စွမ်းဆောင်မှုသည် မာယာ၊ ကခုန်သီဆိုမှု၊ အလင်္ကာ၊ ကဗျာ သီကုံးဖွဲ့နွဲ့မှု၊ အဖိုးထိုက်အ၀တ်အစား၊ ရတနာ၊ ဇိမ်ခံပစ္စည်း၊ အသံ၊ စည်းစိမ်ဘဏ္ဍာ၊ စီးပွားကူးသန်းရောင်းဝယ်ဖောက်ကား၊ ၀င်ငွေ၊ အမြတ်ခွန်၊ သုက်သွေး၊ ကာမဆန္ဒ

အာရုံခံစားမှု၊ လောကီပညာ၊ သမိုင်း၊ အယ်ဒီတာ၊ မန်နေဂျာ၊ အုပ်ချုပ်မှု၊ ဘောဂဗေဒ၊ မွေးမြူရေးသိပွံ စသည်တို့ကို ဖန်တီးခြင်း ပြုပြင်ခြင်းတို့၌ စွမ်းဆောင်ပါသည်။

သောကြာဂြိုဟ်သည်

မိဘသားချင်းတို့တွင် - ဇနီး၊မယား
တိုင်းပြည်ရေးတွင် - ပုဏ္ဏား
လူမျိုးတို့တွင် - သက်
ကိုယ်အင်္ဂါတွင် - သုက်သွေး
စိတ်နှလုံးတွင် - ရမက်
အရောင်အဆင်းတွင် - အဖြူ
အရသာတို့တွင် - အချဉ်
သတ္တုတွင် - ပုလဲ
အ၀တ်အထည်တွင် - ခိုင်ခန့်သောပုဆိုး
အစိုးရခြင်းတွင်  - အရှေ့တောင်ထောင့်အရပ်
ဂြိုဟ်အရပ်မျက်နှာ - မြောက်အရပ်
အက္ခရာတွင် - (သ ဟ ) ၂ -လုံး
သင်္ချာတွင် - (၆) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဂုရု (ဗီးနပ်စ်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၂၁)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - ရေဓါတ်
တိရိစ္ဆာနတို့တွင် - ပူး
အစိုးရသောနတ် - သူဇာနတ်
ဂြိုဟ်တို့၏အဓိပတိ - ပုဏ္ဏား(ကြာသပတေး နှင့် သောကြာ တူသည်)
ဂုဏ်အင်္ဂါ - ရာဇဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၉ ယူဇနာ

ကြာသပတေးဂြိုဟ်၏ ကာရကပြုပုံ နှင့်ပရိယာယ်

(၅) ကြာသပတေးဂြိုဟ် သည် နေ၀န်းမြင့်မှစားသည်။ စည်းကမ်းဥပဒေ၊ လူကျင့်ဝတ်၊ ၀ိနည်းသိက္ခာ၊ ကိုယ်ကျင့်တရား၊ သမထ ၀ိပဿနာ၊ အကြားအမြင်၊ နတ်များစောင်မမှု၊ ရဟန်းသံဃာ၊ ဆရာလုပ်ငန်း၊ သမားလုပ်ငန်း၊ ပညာရေး၊ မှော် ဂါထာ၊ ပိဋိကတ်၊ သမ္မာကျမ်းစာ၊ တရားစီရင်ရေး၊

သမာဓိ၊ စီရင်ထုံး၊ ရုပ်လက္ခဏာ၊ ဦးနှောက်၊ နှလုံးသား စသည်တို့ကို ဖန်တီးပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

ကြာသပတေးဂြိုဟ်သည်

မိဘသားချင်းတို့တွင် - အဆွေခင်ပွန်း(မိတ်ဆွေ)
တိုင်းပြည်ရေးတွင် - အမတ်
လူမျိုးတို့တွင် - မြန်မာ
ကိုယ်အင်္ဂါတွင် - အဆီ
စိတ်နှလုံးတွင် - ပညာ
အရောင်အဆင်းတွင် - အ၀ါ
အရသာတို့တွင် - အချို
သတ္တုတွင် - ငွေ
အ၀တ်အထည်တွင် - အနံတိုသောပုဆိုး
အစိုးရခြင်းတွင်  - အရှေ့မြောက်ထောင့်
ဂြိုဟ်အရပ်မျက်နှာ - အနောက်
အက္ခရာတွင် - (ပ ဖ ဗ ဘ မ) ၅ -လုံး
သင်္ချာတွင် - (၅) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဂုရု (ဂျူပီတာဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၉)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မြေဓါတ်
တိရိစ္ဆာနတို့တွင် - ကြွက်
အစိုးရသောနတ် - သိကြားနတ်
ဂြိုဟ်တို့၏အဓိပတိ - ပုဏ္ဏား(ကြာသပတေး နှင့် သောကြာ တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၇ ယူဇနာ

ဗုဒ္ဓဟူးဂြိုဟ်၏ ကာရကပြုပုံ နှင့် ပရိယာယ်

(၄) ဗုဒ္ဓဟူးဂြိုဟ် သည် မွန်းလတ် ၉ နာရီ ၁၀ နာရီမှ စားပါသည်။ အပလီအခရာ၊ ပရိယာယ် စာပေ၊ အညု၊ သာယာမှု၊ အချောအလှ၊ စကား၊သင်္ချာစဉ်းစားဥာဏ်၊ တီထွင်ဥာဏ်၊ တင်္ဂနပတ္တိဥာဏ်၊ အချော့အမြူ၊ အကင်းပါးခြင်း၊ ဖျတ်လတ်ခြင်း၊ အသေးအဖွဲ့ကိစ္စမွန်းမံမှု၊ ရေးသားမှု၊အရောင်တင်အပြင်အဆင်၊ ဆင်ယင်ထုံးဖွဲ့မှု၊ ရှေးဟောင်းပညာ၊ ခေတ်ဆန်မှု၊ ယဉ်ကျေးမှု၊ ကြော်ငြာ၊ ရုပ်ရှင်၊ ပြဇာတ်၊ ဟန်ပန်အမူအရာ၊စသည်တို့ကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

ဗုဒ္ဓဟူးဂြိုဟ်သည်

မိဘသားချင်းတို့တွင် - သားသမီး
တိုင်းပြည်ရေးတွင် - အိမ်ရှေ့မင်းသား
လူမျိုးတို့တွင် - ကဒူး
ကိုယ်အင်္ဂါတွင် - အရေပြား
စိတ်နှလုံးတွင် - အသံ
အရောင်အဆင်းတွင် - အစိမ်း
အရသာတို့တွင် - ချဉ်ခါး
သတ္တုတွင် - စုံစီခြယ်ကျောက်
အ၀တ်အထည်တွင် - လျှော်ဖွတ်ပြီးသောပုဆိုး
အစိုးရခြင်းတွင်  - မြောက်
ဂြိုဟ်အရပ်မျက်နှာ - တောင်
အက္ခရာတွင် - (ယ လ ၀) ၃ -လုံး
သင်္ချာတွင် - (၄) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဗုဓ (မာကျူရီဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၇)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - ရေဓါတ်
တိရိစ္ဆာနတို့တွင် - ဆင်(စွယ်စုံ)
အစိုးရသောနတ် - ဗိဿနိုးနတ်
ဂြိုဟ်တို့၏အဓိပတိ - ကုန်သည်(ဗုဒ္ဓဟူးနှင့် တနင်္လာ တူသည်)
ဂုဏ်အင်္ဂါ - ရာဇဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၂ ယူဇနာ

အင်္ဂါဂြိုဟ်၏ ကာရက ပြုပုံ နှင့် ပရိယာယ်

(၃) အင်္ဂါဂြိုဟ် သည် ကျီးမနိုးခင်စား၏။ အင်္ဂါဂြိုဟ်သည် စစ်သည်ရဲမက်ကဲ့သို့ရှိ၏။ သတ္တိ(လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ)။ ဗျတ္တိ (ခံရဲ၊ ဖော်ထုတ်ရဲ၊ ရှက်ကြောက်ကင်းမဲ့မှု၊) ဥတုဇသွေး၊ ထိုးခုတ်မှု၊ ခွဲစိတ်မှု၊ဓာတုဗေဒ၊ သိပွံပညာရပ်၊ ဆေးပညာ၊  ပယောဂအောက်လမ်း၊ အတိုက်အခံ၊ စစ်ပွဲ၊

ကားစင်၊ သံခြေကျင်း၊  သွေးထွက်သံယို၊ လက်နက်ကရိယာ၊ ဖိခြင်း၊ အနိုင်အထက်ပြုလုပ်ခြင်း၊ စက်မှုလက်မှု၊ မီး၊ ပန်းဘဲ၊ မကောင်းမှုဒုစရိုက် စသည်တို့ကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

အင်္ဂါဂြိုဟ်သည်

မိဘသားချင်းတို့တွင် - ကျေးကျွန်
တိုင်းပြည်ရေးတွင် - စစ်သူကြီး
လူမျိုးတို့တွင် - တလိုင်း
ကိုယ်အင်္ဂါတွင် - ရိုးတွင်းခြင်ဆီ
စိတ်နှလုံးတွင် - ခွန်အား
အရောင်အဆင်းတွင် - အနီ
အရသာတို့တွင် - အခါး
သတ္တုတွင် - ရွှေ
အ၀တ်အထည်တွင် - မီးသင့်သောပုဆိုး
အစိုးရခြင်းတွင်  - တောင်အရပ်
ဂြိုဟ်အရပ်မျက်နှာ - အရှေ့တောင်
အက္ခရာတွင် - (စ ဆ ဇ ဈ ည) ၅ -လုံး
သင်္ချာတွင် - (၃) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ -  ဘောမ(မားစ်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၈)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - လေဓါတ်
တိရိစ္ဆာနတို့တွင် - ခြင်္သေ့
အစိုးရသောနတ် - ကတ္တိကေယျနတ်
ဂြိုဟ်တို့၏အဓိပတိ - မင်း(အင်္ဂါ နှင့် တနင်္ဂနွေ တူသည်)
ဂုဏ်အင်္ဂါ - တမဂုဏ် ၊
ဂြိုဟ်အင်္ဂါ - ပါပ(မကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်

ယူဇနာအကျယ် - ၁၅ ယူဇနာ

တနင်္လာဂြိုဟ်၏ ကာရက ပြုပုံ နှင့် ဂြိုဟ်ပရိယာယ်

(၂) တနင်္လာဂြိုဟ် သည် စန်းဂြိုဟ်ခေါ် လမင်းဖြစ်ပါသည်။ တနင်္လာဂြိုဟ်သည် ရောင်နီလာမှစား၏။

စိတ်ဓာတ်၊ ဆန္ဒ၊ ချစ်ခင်ခြင်း၊ စွဲလန်းခြင်း၊ သာယာခြင်း၊ ချိုသာခြင်း၊ အေးမြကြည်လင်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ စိတ်ဖေါက်ပြန်ခြင်း၊ ရူးသွပ်ခရေဇီဖြစ်ခြင်း၊ ဆွဲဆောင်မှု၊ အသားအရေစိုပြေမှု၊ အရောင်အဆင်း၊ ဥပဓိရုပ်၊ သွေးသား၊ အမွေးအမျှင်၊ လှပတင့်တယ်ခြင်း၊ ကြက်သရေဂုဏ်

သိက္ခာ၊ စီးပွားဥစ္စာ စသည်တို့ကို ပြုပြင်ဖန်တီးရာ၌ စွမ်းဆောင်ပါသည်။

တနင်္လာဂြိုဟ်၏ ပရိယာယ်

တနင်္လာဂြိုဟ်သည် မိဘသားချင်းတို့တွင် - အမိဂြိုဟ်
တိုင်းပြည်ရေးတွင် - မိဖုရား
လူမျိုးတို့တွင် - ရှမ်း
ကိုယ်အင်္ဂါတွင် - သွေး၊
စိတ်နှလုံးတွင် - လှုပ်ရှားရွေ့လျားခြင်း၊
အရောင်အဆင်းတွင် - အဖြူ
အရသာတို့တွင် - အငန်
သတ္တုတွင် - ပတ္တမြား
အ၀တ်အထည်တွင် - ပုဆိုးအသစ်
အစိုးရခြင်းတွင်  - အနောက်မြောက်ထောင့်အရပ်
ဂြိုဟ်အရပ်မျက်နှာ - အရှေ့အရပ်
အက္ခရာတွင် - (က ခ ဂ ဃ င) ၅ -လုံး
သင်္ချာတွင် - (၂) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ  - စန္ဒရော(စန်း ခေါ် လဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၅)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မြေဓါတ်၊

တိရိစ္ဆာနတို့တွင် - ကျား
အစိုးရသောနတ် - ရေနတ်
ဂြိုဟ်တို့၏အဓိပတိ - ကုန်သည်(တနင်္လာ နှင့် ဗုဒ္ဓဟူး တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်

ယူဇနာအစောက် - ၄၉ ယူဇနာ

တနင်္ဂနွေဂြိုဟ်၏ ကာရကပြုပုံ နှင့်ပရိယာယ်

(၁) တနင်္ဂနွေဂြိုလ် သည် ဖန်းတီးသူ နေမင်းသူရိယ်ဂြိုလ်ဖြစ်ပါသည်။ ၁ နွေဂြိုဟ်သည် ကျီးမနိုးခင် စားသည်။ ခန္ဓာကိုယ် ကျန်းမာရေး၊ ခေတ်ကာလအခြေအနေ၊
မင်းစိုးရာဇာ၊ တိုင်းပြည်၊ မြို့ပြကျေးရွာ၊ ဓါတ်သတ္တုရတနာ၊ မြေပေါ်မြေအောက်ထွက်ပစ္စည်း၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ကြည်မှု၊ မဖေါက်ပြန်မှု၊
မှန်ကန်မှု၊ ရဲ့ရင့်ပြတ်သားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဆေး၊ တန်ခိုး၊ ပါဝါအာဏာသြဇာ၊ အသက်ရှည်မှု အရိုးမာကြောမှု၊ အလင်းရောင်၊
မျက်စိ၊ မီး၊ အပူဓာတ်၊ အစာကြေညက်မှုတို့ကို ဖန်တီးခြင်း ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

တနင်္ဂနွေသည်

သည် မိဘသားချင်းတို့တွင် - အဘဂြိုဟ်၊
တိုင်းပြည်ရေးတွင် -  ပြည့်ရှင်မင်း၊
လူမျိုးတို့တွင် - ဂျွမ်း(ယိုးဒယား)
ကိုယ်အင်္ဂါတွင် - အရိုး၊
စိတ်နှလုံးတွင် - စိတ် ၊
အရောင်အဆင်းတွင် - အနီရောင်၊ 
အရသာတို့တွင် - အစပ် ၊
သတ္တုတွင် -  ကြေးနီ၊
အ၀တ်အထည်တွင်  - အပေါ်ရုံပုဆိုး၊
အစိုးရခြင်းတွင် - အရှေ့အရပ်၊
ဂြိုဟ်အရပ်မျက်နှာ - အရှေ့မြောက်ထောင့်အရပ်
အက္ခရာတွင် - (အ အာ ဣ ဤ ဥ ဦ ဧ အဲ သြ သြော် အံ အား) ၁၂ -လုံး
သင်္ချာတွင် - (၁) ဂဏန်း
ဂြိုဟ်အခေါ်  - သူရဇ္ဇ( သူရိယ ခေါ် နေမင်း)
ဂြိုဟ်သက်တွင် - (၆)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မီးဓါတ်၊
တိရိစ္ဆာနတို့တွင် - ဂဠုန်
အစိုးရသောနတ် - မီးနတ်
ဂြိုဟ်တို့၏အဓိပတိ - မင်း(တနင်္ဂနွေ နှင့် အင်္ဂါ တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ  - ပါပ(မကောင်း)၊ ကျွန်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်










(၄) ရောဟဏီနက္ခတ်

(၄) ရောဟဏီနက္ခတ်(Aldebaran)

ရောဟဏီ နက္ခတ် အတွေးအကြံ နှင့်စန်းယှဉ်/ဖွားအဟော

ရောဟဏီနက္ခတ်သည် အရှေ့အရပ်ကို ပိုင်စားလေသည်။ (၄)လုံးနက္ခတ်ဇာတ်တွင် လယ်သမားဖြစ်၍
(၃)လုံးနက္ခတ်ဇာတ်တွင် မင်းနက္ခတ်ဖြစ်ပါသည်။ ရောဟဏီသည် တနင်္လာဂြိုဟ်ပိုင်နက္ခတ်ဖြစ်၍ ၄င်းဂြိုဟ်၏စရိုက်သဘာဝများနှင့်  ပြိဿရာသီတွင် ပါဒ်ပြည့် (၄) ပါဒ်ဖြင့်ရပ်တည်သောကြောင့် ၄င်းရာသီပိုင် သောကြာဂြိုဟ်မင်းတို့၏စရိုက်သဘာဝများ မလွဲမသွေ ပါဝင်နေသော နက္ခတ်ဖြစ်သည်။  ရောဟဏီနက္ခတ်၏ အရှင်သခင်မှာ ပရဇပတိ ဖြစ်သည်။ရောဟဏီနက္ခတ် အရောင်ညှိုးသော်  သီဟိုဠ် ပြည်သည် မငြိမ်မသက်ဖြစ်သည်။လူသားတို့၏ လိုလားတပ်မက်ကြသော အာသာဆန္ဒ၊ မေထုနဆန္ဒမှ ပေါက်ဖွားပါသည်။ ၄င်းနက္ခတ်သည် လူသားတို့ခံစားကြသည့် လောကီစည်းစိမ်၊ ရတနာရွှေငွေ၊ ရုပ်ဝတ္ထုတို့၏ကပ်ငြိမှုကို ပြဆိုပါသည်။ ရောဟဏီသည် ၂ လာ(စန်းဂြိုဟ်)၏ သဘောအကျဆုံးသော နက္ခတ်ဖြစ်သည်။ ယင်းကိုအကြောင်းပြုလျှက် စိတ်မာနကိုဖော်ပြသော ၂-လာဂြိုဟ်အားမှီလျှက် စိတ်အားတက်ကြွခြင်း၊ စိတ်ပျက်ခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။

အတွေးအကြံအားဖြင့်
မြင့်တက်ခြင်း၊ အပေါ်သို့ရောက်ခြင်း၊ ဆွဲတင်ခံရခြင်း၊ အရပ်အမောင်း၊ ရာထူးတက်ခြင်း၊ ကြီးပြင်းခြင်း၊
ရှင်သန်ဖွံ့ဖြိုးခြင်း၊ မွေးဖွားထုတ်လုပ်ခြင်း၊ မူလဇစ်မြစ်၊ အစို့အညှောက်ထွက်ခြင်း၊ မီးတောက်လောင်ခြင်း၊
ကုံကုမံ၊ သွေး၊ အနီရောင်၊ ရေမွှေး၊ အမွေးအကြိုင်၊ သင်းပျံ့မှု၊ နှစ်လိုခြင်း၊ စိတ်နှလုံးသာယာခြင်း၊ စသည်တို့
ဖြစ်သည်။ လည်ချောင်းရောဂါ၊ သွေးလျှံတက်ခြင်း စသည်ရောဂါတို့ကို ဖြစ်ပေါ်စေခြင်းနှင့်
ကိုယ်ခန္ဒွာအစိတ်အပိုင်းတွင် ညှိုသကျည်း(ဒူးမှ ခြေမျက်စိထိ ခြေထောက်ပိုင်း) တို့ကို ကိုယ်စားပြုပါသည်။

၎င်းနှင့်စန်းယှဉ်မွေးဖွားလာသူသည် သစ္စာရှိသည်။ ရိုးသားဖြောင့်မတ်သည်။
သန့်ရှင်းသည်။ ဖြောင့်ဖျပြောဆိုနိုင်စွမ်းရှိသည်။ ဖြေးဖြေးမှန်မှန်စိတ်ထားနှင့် နှလုံးသားရှိသည်။ ရုပ်ဆင်းရူပကာအလွန်တရာ ကြည့်ကောင်းသည်။

မွန်းတည့်နက္ခတ် သဘော၌
 ရောဟဏီ နက္ခတ်၌ ဖွားသောသူသည် ဓနရှင်ဖြစ်၏။
ကျေးဇူးသိ၏။ ဥာဏ်လျှင်၏၊ မင်းမြတ်နိုးခြင်းခံရ၏။
ချစ်ဖွယ်စကားကို ဆိုတတ်၏။ မှန်ရာကို ဆိုတတ်၏။ ရုပ်ကောင်း၏။

ရောဟဏီနက္ခတ်၌ ပြုလုပ်အပ်သော ကိစ္စရပ်များမှာ-
ဆံပင်ခွဲခြင်း၊ လက်ထပ်ခြင်း၊ အ၀တ်တန်ဆာဆင်ယင်ခြင်း၊ စွဲမြဲတည်ငြိမ်စွာလုပ်ရသောအလုပ်၊
အိမ်မြေနေရာ၊ ပန္နရိုက်ခြင်း၊ မြေတူးခြင်း၊ အုတ်မြစ်ချခြင်း၊ ဘိသိက်သွန်းခြင်း တို့ကို ပြုလုပ်အပ်ပါသည်။

မိန်ရာသီဖွား

မိန်ရာသီ- (Pisces) 
တပေါင်းလ (Feb-21~ Mar- 21)
ဒုတိယ ကြာသပတေး ၀ဲဂြိုဟ်အိမ်

-------------------------------------------
ပြုပ္ပဘရပိုဒ်   နက္ခတ်                            (၁)ပါဒ်
ဥတ္တရဘရပိုဒ် နက္ခတ်                ၁-လုံး     (၄)ပါဒ်
ရေ၀တီ  နက္ခတ်                       ၁-လုံး    (၄)ပါဒ်
နက္ခတ်လုံးရေ(၂၇)လုံးပါဒ်ပြည့် )    ပေါင်း     ၉- ပါဒ်
----------------------------------------------


၎င်းတို့သည် ဥာဏ်နှင့်ယှဉ်သည့်ပညာ၊ စာပေတို့ကိုလိုက်စားတတ်၏။ ပညာလိုက်စားရာ ၌ စိတ်သက်သန်၏။ ဘာသာစုံ လေ့လာ တတ်မြောက်
တတ်၏။ ရာဇ၀င်၊ ရှေးဟောင်းစာပေ၊ ပထ၀ီနှင့် တိုင်းပြည်တို့၏အကြောင်းကို ပိုမိုလေ့လာလျှက် ထူးချွန်စွာတတ်မြောက်တတ်သည်။ ပညာစုံ
တတ်မြောက်သော်လည်း စိတ်ထိခိုက်လွယ်ခြင်း၊ မိမိကိုယ်ကို စိတ်မချတတ်ခြင်းကြောင့် ၄င်းတို့အကြံအစည်ကို တစ်ဖက်သားလိုက်နာ
လုပ်ကိုင်ရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့် တိုးတက်ကြံစည်ခြင်းမှာ ကြောက်ရွံ့ခြင်းကြောင့် သူတပါးတို့ဆက်လက်လုပ်ကိုင်လျှက် အောင်မြင်စွာ
ရှိနေခြင်းကို ဘေးမှရပ်ကြည့်နေရသည့်အဖြစ်မျိုး ကျရောက်တတ်သည်။ စာပေနှင့် ဗိသုကာ ဆရာကြီးတို့သည်ဤ ရာသီဖွားများဖြစ်ကြသည်။
သူတပါးအတွက်အကျိုးဆောင်လိုခြင်း စိတ်ပြင်း၍ စိတ်ပင်ပန်းခြင်း၊ အအေးမိခြင်း၊ သည်းခြေရောဂါနှင့် သွေးသားမသန့်စင်သောကြောင့်
အကိုက်အခဲ ဖြစ်တတ်ကြသည်။

ကုမ်ရာသီဖွား

ကုမ်ရာသီ- (Aquarius) 
တပို့တွဲ (Jan-21~Feb-21)
ပထမစနေ ယာ ဂြိုဟ်အိမ်

-------------------------------------------
ဓနသိဒွ့ နက္ခတ်                                  (၂)ပါဒ်
သတ္တဘိသျှ နက္ခတ်                 ၁-လုံး     (၄)ပါဒ်
ပြုပ္ပဘရပိုဒ် နက္ခတ်                              (၃)ပါဒ်
နက္ခတ်လုံးရေ(၂၄)လုံး ၃-ပါဒ် )    ပေါင်း     ၉- ပါဒ်

----------------------------------------------
စိတ်အလွန်ထိခိုက်လွယ်သဖြင့် ၄င်းတို့အား အနည်းငယ်ပြောဆိုမိလျှင် အလွန်အကျူးထိခိုက်တတ်ပေသည်။ စိတ်နာတတ် ၍လိမ်လည်
လှည့်ဖျားခြင်းကို အလွန်မုန်းတီးရွံရှာတတ်၏။ မိတ်ဆွေအပေါင်းအသင်းတို့အတွက် ဒုက္ခဆင်းရဲ၊ အခက်အခဲတို့နှင့် ရင်ဆိုင်လျှက် ပြီးစီးအောင်
ဆောင်ရွက်ပေးတတ်၏။ ကတိတည်ကြည်သူတို့ဖြစ်သည့်အတိုင်း မိမိအား မလိမ့်တစ်ပတ်လှည့်ဖျားလိမ်လည်ခြင်းပြုခဲ့သော် ကလဲ့စားမချေ
ရသမျှ မကျေမနပ်ဖြစ်နေတတ်ပေသည်။ ၄င်းတို့သည် လူထုအစည်းအဝေးနှင့် လူစည်ကားသည့်အရပ်တို့တွင် သွားရောက်လေ့လာ
လုပ်ကိုင်လိုသော စိတ်ရှိသူမျိုးဖြစ်သည်။
ထူးဆန်းသည့်အချက်မှာ စိတ်ဖောက်ပြန်ရူးသွပ်သူတို့ကို ချုပ်ကိုင်လွမ်းမိုးနိုင်စွမ်းရှိလေသည်။ စိတ်ဖောက်ပြန်သူတို့နှင့် အကြိမ်ကြိမ် တွေ့ရတတ်ပေသည်။
ကျန်းမာရေးတွင် အစာအိမ်၊ အာရုံကြောနှင့်ပတ်သက် ရွေ့ ဝေဒနာ အထူးခံစားရတတ်၏။ ခြေလက်အေးခြင်း၊ သွားမခိုင်ခြင်း၊ ခြေထောက်
ဒူးဆစ်တို့တွင် ဒဏ်ရာရတတ်ခြင်းနှင့် ကျန်းမာသည်ဟူ ၍ မရှိသကဲ့သို့ဖြစ်၏။ သို့သော် အရေးကြုံသည်၌ သူတပါးတို့အံ့သြလောက်အောင် ခွန်အားရှိကြလေသည်။

မကာရရာသီဖွား

မကာရရာသီ- (Capricorn) 
ပြာသို (Dec-21~ Jan-20)
ပထမစနေ ယာ ဂြိုဟ်အိမ်

-------------------------------------------
ဥတ္တရသဠ်   နက္ခတ်                            (၃)ပါဒ်
သရ၀ဏ် နက္ခတ်                   ၁-လုံး     (၄)ပါဒ်
ဓနသိဒွ့  နက္ခတ်                                 (၂)ပါဒ်
နက္ခတ်လုံးရေ(၂၂)လုံး ၂-ပါဒ် )    ပေါင်း     ၉- ပါဒ်

----------------------------------------------

တစ်ကိုယ်တည်း နေလိုတတ်၏။ စိတ်ဓါတ်ပြင်း၍ မြင့်မားစွာကြံစည် တွေးတောတတ်သည်။ သူတစ်ပါးလက်အောက်တွင် မနေလို၊ မိမိစိတ်တိုင်းကျ ပြုလုပ်ကြံစည်လိုစိတ် ပြင်းထန်၏။ တစ်ဖက်သားအပေါ်တွင်ကား ညှာတာထောက်ထားတတ်၏။ သို့သော် မိမိ
လုပ်ငန်းနှင့်ပတ်သက်ခဲ့သော် လူအများတို့အား ပျက်စီးစေကြောင်းကို ပြုတတ်၏။ လောကကြီးထဲတွင် တစ်ကိုယ်ရည်၊ တစ်ကာယဟု စိတ်ထင်မှတ်သူဖြစ်ခြင်းကြောင့် သူတပါးတို့၏ ချစ်ခင်မေတ္တာကို လေးနက်စွာယုံကြည်ခြင်းမရှိတတ်။ သူတပါးအတွက်
စိတ်ကောင်းရှိသလောက် စိတ်မျက်ဖွယ်ကိစ္စနှင့်ကြုံခဲ့သော် စိတ်ပျက်စိတ်ညစ်လွယ်၏။ ထို့ကြောင့် တစ်ကိုယ်တည်း နေလို၏။ဘာသာရေးတွင်စိတ်ဝင်စားလျှက် နက်နဲသောလောကီပညာတို့တွင် စိတ်ဝင်စားခြင်းလွန်ကဲတတ်၏။ဥာဏ်ပညာကြီးရင့်သူ လောကီပညာရှင်တို့အား အလွန်ကိုင်းရှိုင်းရိုသေတတ်ကြ၏။ မိမိအယူအဆ၌ ၀င်ရောက်ပြသပြောဆိုခြင်းကို
အလိုမရှိကြ။ လုပ်ငန်းကြီးတို့တွင် အုပ်ချုပ်စီမံတာဝန်ယူ လုပ်ကိုင်ရတတ်သည်။ ခိုင်မာသောအကျင့်စွဲရှိ ၍ အများကိုကြောက်ရွံ့ခြင်း၊ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း အထူးတွေ့ရတတ်သည်။
ဒူးဆစ်၊ ကျောက်ရောဂါ၊ သွား တို့တွင် ရောဂါဝေဒနာများဖြစ်တတ်သည်။

ဓနုရာသီဖွား

ဓနုရာသီ- (Sagittarius) 
နတ်တော် (Nov-21~ Dec-20)
ပထမကြာသပတေး ယာ ဂြိုဟ်အိမ်

-------------------------------------------
မူလ  နက္ခတ်                        ၁-လုံး     (၄)ပါဒ်
ပြုပ္ပါသဠ်   နက္ခတ်                  ၁-လုံး     (၄)ပါဒ်
ဥတ္တရသဠ်  နက္ခတ်                              (၁)ပါဒ်
နက္ခတ်လုံးရေ(၂၀)လုံး ၁-ပါဒ် )    ပေါင်း     ၉- ပါဒ်

----------------------------------------------

၎င်းတို့သည် လုံ့လ၀ရီယရှိခြင်း၊ စိတ်အလွန်တက်ကြွတတ်ခြင်း၊ ရာထူးအာဏာတို့ကို အလိုရှိလျှက် ကြောက်ရွံ့စိတ်ကင်းသူဖြစ်သည်။
မိမိအလုပ်အကိုင်၊ အကြံအစည်တို့ ၌ စွဲမြဲယုံကြည်တတ်၏။ စိတ်တက်ကြွသည့်အတိုင်း အပြင်အပ သိအောင်လှုပ်ရှားခြင်း၊ ဟန်ရေးပြတတ်ခြင်းကြောင့် ပတ်ဝန်းကျင်တို့ မျက်မုန်းကျိုးခံရတတ်သည်။ မိမိကြံစည်လုပ်ကိုင်ရာတို့ ၌ စိတ်ပါဝင်စားတတ် ရွေ့ ဖြောင့်မတ်တည်ကြည်သူဖြစ်လေသည်။ လူလိမ် လူညာအား အလွန်မုန်းတီးသူဖြစ်လေသည်။ စိတ်ထက်သန်စွာလုပ်ကိုင်တတ်ခြင်းကြောင့် ခေါင်း
ဆောင်နေရာတို့တွင် ရရှိကြပေသည်။ နိုင်ငံရေးလုပ်ငန်းမျိုးနှင့် ဖီလာဆန့်ကျင်သူများဖြစ်ကြသည်။ မိမိဝါသနာပါ နှစ်သက်သည့် အလုပ်အကိုင်ကိုသာ လုပ်ကိုင်လိုကြသည်။ ရိုးရာကို ဖီလာ၏။ ထို့ကြောင့် လူကြီးမိဘတို့အဖို့ စိတ်အနှောင့်အယှက်ဖြစ်တတ်ကြသည်။ တွေးခေါ်ကြံစည်ခြင်းတိုက်ဆိုင်ခဲ့သော် ထူးကဲစွာအကျိုးခံစားခွင့်ကို ရရှိတတ်သဖြင့်ဤလူမျိုးအား အုပ်ထိန်းသူတို့သည် ၄င်းတို့၏စိတ်တိုင်း
ကျဖြစ်စေရန် ကူညီအားပေးထိုက်ပေသည်။ ၄င်းတို့၏အမှားမှာ အလွန်အကျူးဖြစ်တတ်ခြင်းကြောင့် စိတ်ပန်း လူပန်းဖြစ်ခဲ့သော်နည်းသစ်ရှာကြံပြောင်းလဲတတ်သည်။
ကျန်းမာရေးတွင် ကိုယ်အဆစ်အမြစ်ကိုက်ကဲခြင်း၊လည်ချောင်းအပူနှင့် ယှဉ်၍ ဝေဒနာရောက်တတ်သည်။ အသားအရေတို့တွင်ယားယံသော အနာများပေါက်တတ်ပေသည်။

ဗြိစ္ဆာရာသီဖွား

ဗြိစ္ဆာရာသီ- (Scorpio) 
တန်ဆောင်မုန်းလ ( Oct -21~Nov-20)
ဒုတိယအင်္ဂါ ၀ဲ ဂြိုဟ်အိမ်

-------------------------------------------
ဝိသာခါ နက္ခတ်                           (၁)ပါဒ်
အနုရာဓ နက္ခတ်              ၁-လုံး     (၄)ပါဒ်
ဇေဋ္ဌ   နက္ခတ်                 ၁-လုံး     (၄)ပါဒ်
နက္ခတ်လုံးရေ(၁၈)လုံးပါဒ်ပြည့်)    ပေါင်း     ၉- ပါဒ်
----------------------------------------------

၎င်းတို့သည် မိဿရာသီနှင့်လုံးဝဆန့်ကျင်ကြသည်။ မည်သည့်ကိစ္စမဆို စိတ်ကို ချုပ်တည်းထိန်းသိမ်းလျှက် ပြုလုပ်ကြသည်။ ရန်ဖြစ်စရာရှိသည့်တိုင် စိတ်အားဖြင့်သာ ဖြစ်တတ်ကြလေသည်။ စကားအခြေအတင်ပြောဆိုခဲ့သော် အနိုင်အရှုံးကို ပြီးပြတ်
အောင်ပြောနိုင်ကြသည်။ ၄င်းတို့သည် စာပေရေးသားခြင်းအားဖြင့် တစ်ဖက်သားတို့အား ထိရောက်အောင် ရေးနိုင်စွမ်းရှိကြလေသည်။ တည်ကြည်ခိုင်ခန့်သော၊ တည်ကြည်ဖြောင့်မတ်သော ကြင်နာစိတ်များရှိကြ၏။ သို့သော် အမူအရာမပြပဲ စိတ်ထဲ၌ သိုဝှက်ထားတတ်ပေသည်။ အချိန်ရောက်မှ စိတ်တွင်ရှိသော သဘောထားတို့ကို ဖွင့်ထုတ်ပြောဆိုလုပ်ကိုင်တတ်ပေသည်။
တစ်ဖက်ရန်သူတို့အာ ၄င်း၏ကြံစည်စိတ်ကူးချက်အားဖြင့် ရှုပ်ထွေးအောင်ဖြစ်တတ်၏၊ ရန်သူအား လက်နက်ထက် အဆိပ်ကိုသာသုံးတတ်၏။၎င်းတို့သည် ထူးခြားသည့်ဆွဲငင်နိုင်သော သံလိုက်ဓါတ်များရှိကြသူများဖြစ်သည်။ မှော်၊ စိတ်ပညာတို့တွင် စွမ်းဆောင်နိုင်၏။
လျှို့ဝှက်သော အသင်းအပင်းတို့၌ စိတ်ဝင်စားတတ်ကြ၏။ ၄င်းတို့သည် ငယ်ရွယ်စဉ်က သင်ယူတတ်မြောက်ခဲ့သော ပညာနှင့် အသက်မွေးဝမ်းကြောင်းမပြုနိုင်ပေ။ မည်သည့်လူမျိုးနှင့်မဆို သင့်မြတ်စွာပေါင်းသင်းနိုင်၍ လူဆိုးနှင့်တွေ့လျှင် လူဆိုးခေါင်းဆောင်သော်လည်းကောင်း၊ လူကောင်းနှင့်တွေ့လျှင် လူကောင်းကြီးအဖြစ်သော်လည်းကောင် ဖြစ်နေတတ်၏။ ၄င်းတို့
အဖို့ အပေါင်းအသင်းကို အထူး ဂရုပြုသင့်ပေသည်။ငယ်ရွယ်စဉ်တွင် ချူချာတတ် ၍ ဒုတိယအရွယ်လွန်သော် ၀ဖြိုးတတ်၏။ ငယ်ရွယ်စဉ် လိင်အင်္ဂါနှင့်ပတ်သက်သော ဝေဒနာ
ဖြစ်တတ်ပြီး ရင့်သော် အစာအိမ် ၌ ဥပါဒ်ဖြစ်တတ်သည်။

တူရာသီဖွား

တူရာသီ- (Libra) 
သီတင်းကျွတ် (Sep-21~ Oct -20)
ဒုတိယသောကြာ ၀ဲ ဂြိုဟ်အိမ်

-------------------------------------------
စိတြ   နက္ခတ်                                   (၂)ပါဒ်
သွာတိ   နက္ခတ်                    ၁-လုံး     (၄)ပါဒ်
ဝိသာခါ    နက္ခတ်                               (၃)ပါဒ်
နက္ခတ်လုံးရေ(၁၅)လုံး ၃ ပါဒ်)    ပေါင်း     ၉- ပါဒ်
----------------------------------------------


၎င်းတို့သည် အမြော်အမြင် ထူးချွန်သူများဖြစ်ပေသည်။ စိတ်ပညာအမြင်၊ အတတ်မှော် တို့တွင် ပေါက်မြောက်တတ်၏။သို့သော် ၄င်းတို့သည် နက်နက်နဲနဲ စဉ်းစားလွန်ခြင်းကြောင့် အသုံးမကျဖြစ်သွားတတ်၏။ အိမ်ထောင်ရေးနှင့် အချစ်ရေးတို့တွင် ကံဆိုးသူများဖြစ်သည်။ ပျော်ရွှင်ခြင်း ရခဲလှသည်။ အချစ်ရေး ၌လည်း တင်ကြိုတွေးတောတတ် စဉ်းစား ဝေဖန်မှု
များခြင်းတို့ကြောင့် ဖင့်နှေး၍ အခွင့်ကောင်းများ ဆုံးရှုံးတတ်သူများဖြစ်သည်။ ၄င်းတို့အဖို့ ပထမ စိတ်ကူးဥာဏ်သည်အကောင်းဆုံးဖြစ်လေသည်။ ၄င်းတို့သည် အစဉ်သဖြင့် သူတပါးအတွက် တွေးတောပူပန်တတ်၏။ ဥပဒေရေးတွင် ၀ါသနာပါ
၍ လေ့လာလိုက်စားတတ်၏။အင်အားနည်းခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်း၊ အလုပ်လွန်တတ်ခြင်း၊ စိတ်အားငယ်တတ်ခြင်း၊အားလျှော့တတ်ခြင်း၊ ခေါင်းကိုက်ဝေဒနာ ပြင်းစွာခံစားရခြင်း၊ ကျောက်ကပ်နှင့်
ပတ်သက်လျှက် ခါးတွင်ဝေဒနာပေးတတ်ခြင်းမျိုးဖြစ်တတ်သည်။
မိန်းမများအဖို့ မီးယပ်နှင့်ယှဉ် ရွေ့ ခွဲစိတ်ကုသရသည့်တိုင် ခံရတတ်သည်။

ကန်ရာသီဖွား

ကန်ရာသီ- (Virgo)  (၄-ဟူး)
တော်သလင်းလ (Augs-21-~ Sep -20)
ဒုတိယ ဗုဒွ့ဟူး ၀ဲ ဂြိုဟ်အိမ်

-------------------------------------------
ဥတ္တရဘရဂုဏီ  နက္ခတ်                       (၃)ပါဒ်
ဟဿဒ  နက္ခတ်                  ၁-လုံး     (၄)ပါဒ်
စိတြ  နက္ခတ်                                   (၂)ပါဒ်
နက္ခတ်လုံးရေ(၁၃)လုံး ၂ ပါဒ်)    ပေါင်း     ၉- ပါဒ်
----------------------------------------------

၎င်းတို့သည် တည်တံ့စွဲမြဲသောစိတ်ရှိ၏။ အပြောင်းအလဲ ထူပြောခြင်းလည်းမရှိ၊ အကြံအစည်တို့ကို ခွဲခြမ်းလေ့လာနိုင်စွမ်းရှိ၏။မိမိတို့စိတ်က မှန်ပြီဟု ယူဆထားသောအချက် အကြံအစည်တို့သည် လေးနက်သော အယူအဆများဖြစ်ကြသည်။၎င်းတို့သည် မိမိတို့အဖို့ ရှေးဦးစွာစဉ်းစားလေ့ရှိ၏။ သား/မယား တို့ကို စွန့်ပစ်ထိုက်သည်ဟု ယူဆမိလျှင် စွန့်ပစ်တတ်၏။
ဘာသာရေးသို့ပင် ကူးပြောင်းသွားတတ်ကြ၏။ ဘာသာရေး၊ အယူအဆ တစ်ဖက်ဖက်သို့ စိတ်ဝင်စားမိပြန်လည်းတစ်သမတ်တည်း ယုံကြည်လိုက်စားတတ်၏။
၎င်းတို့၏ ထူးဆန်းသောအချက်မှာ စိတ်၏လှည့်ဖျားခြင်းအားဖြင့် ဖျားနာတတ်၏။ မိမိတို့ကိုယ် နိုက် ဝေဒနာ တစ်ခုခုရှိသည်ဟုတွေးတောနေတတ် ရွေ့ ဆေးကြော်ငြာလျှင် ၀ယ်ယူသူတို့ဖြစ်သည်။ အသေးအဖွဲ့ကိစရပ်များကိုပင် တစ်ခါ လေးလေးနက်နက်စဉ်းစားလျှက် အချိန်ကုန်နေတတ်သူတို့ဖြစ်ပြန်၏ အိမ်ထောင်ဘက် ပတ်ဝန်းကျင်တို့နှင့် စိတ်မညီညွတ်ခြင်းအားဖြင့်
ရောဂါစွဲတတ်သည်။ တိတ်ဆိတ် ရွေ့ လေကောင်းလေသန့်ရသော နေရာတို့တွင် နေထိုင်ရန်သင့်တော်၏။

သိဟ်ရာသီဖွား

သိဟ်ရာသီ- (Leo)  (၁-နွေ)
ဝါခေါင်လ (July-21-~ Aug -20)
ပထမတနင်္ဂနွေ ယာ ဂြိုဟ်အိမ်

-------------------------------------------
မာဃ နက္ခတ်                      ၁-လုံး      (၄)ပါဒ်
ပြုပ္ပဘရဂုဏီ  နက္ခတ်            ၁-လုံး      (၄)ပါဒ်
ဥတ္တရဘရဂုဏီ  နက္ခတ်                       (၁)ပါဒ်
နက္ခတ်လုံးရေ(၁၁)လုံး ၁ ပါဒ်)    ပေါင်း     ၉- ပါဒ်
----------------------------------------------


၎င်းတို့သည် တစ်ဘက်သားတို့အား လွန်စွာကြင်နာသနားတတ်၍ ပေးကမ်းစွန့်ကြဲတတ်ကြလေသည်။ နည်းစနစ်လမ်းမှန်တို့ကိုနှစ်သက်ကြသည်။ မဟုတ်မမှန်သောလမ်းကို လိုက်သူတို့အား မုန်းတီးလျှက် ညှာတာခြင်းမရှိတတ်ပေ။ မိမိ သားသမီးများကိုပင် မမှန်ကန်သည့်အခြေသို့ရောက်လျှင် စွန့်ပစ်တတ်ပေသည်။ တစ်ဦးတစ်ယောက်အား ခင်မိသော် အသက်ပေး၍ ကာကွယ်တတ်သည်။ စွဲစွဲမြဲမြဲ ချစ်ခင်တတ်သည်။ မုန်းခဲ့သော် သေသည့်တိုင်အောင် မုန်းလေတော့သည်။ ၄င်းတို့အဖို့ ရိုးသားဖြောင့်မတ်သောစိတ်ရှိသည့်အတိုင်း မကြာခဏ လူလိမ်များနှင့်တွေ့ရတတ်သည်။
အဆိုးဆုံးမှာ သူတပါးတို့ အကြိမ်ကြိမ်အလိမ်အညာခံရခြင်းပင်ဖြစ်သည်။ သူတို့အဖို့ ကံဆိုးခြင်းမှာ သူတပါးတို့အား အလိုပြည့်ပျော်ရွှင်အောင်ဖန်တီးနိုင်သောသူသည် မိမိ၏ပျော်ရွှင်မှုကိုမရနိုင်ခြင်းကြောင့် အဆုံးတစ်နေ့ မိမိကိုယ် မိမိ အဆုံးစီရင်တတ်ကြသည်။
စိတ်ထက်မြက်လျှက် အောက်ကျို့ခံရခြင်းထက် သေသည်က မြတ်သည်ဟု ယူဆတတ်သူများဖြစ်သည်။ ၄င်းတို့၏ ထူးခြားချက်မှာ
လူမှုဆက်ဆံရေးနယ်ပယ် ၌ အဘယ်ငါးကို အဘယ်အစာနှင့်မျှားရမည်ကို သိခြင်းပင်ဖြစ်သည်။ လူအများတို့အတွက် အကျိုးသယ်ဆောင်တတ်သော်လည်း လူအများတို့၏ ပုတ်ခတ်ပြောဆိုခြင်းအတွင်းဖွားသူ “တနင်္ဂနွေ ဂြိုဟ်ခုံ အားကောင်းခဲ့သော် နှလုံးရောဂါ
အထူးဖြစ်တတ်သည်။
ဦးခေါင်း၊ နား မျက်စိနှင့် ကျောက်ကပ်တို့တွင် ရောဂါဝေဒနာ ရလွယ်သည်။ ခြေထောက်အောက်ပိုင်းတို့တွင် ဥပါဒ်ကြီးတတ်သည်။

ကရကဋ်ရာသီဖွား

ကရကဋ်ရာသီ- (Cancer)  (၂-လာ)
ဝါဆိုလ (Jun-21-~ July -21)
ပထမတနင်္လာ ယာ ဂြိုဟ်အိမ်
-------------------------------------------

ပုဏ္ဏဖုသျှု နက္ခတ်                               (၁)ပါဒ်
ဖုသျှ နက္ခတ်                         ၁-လုံး     (၄)ပါဒ်
အသလိဿ နက္ခတ်                 ၁-လုံး    (၄)ပါဒ်
နက္ခတ်လုံးရေ(၉)လုံး ပါဒ်ပြည့်)    ပေါင်း     ၉- ပါဒ်
----------------------------------------------


စိတ်ကူးတွေးတောရာ ၌ ကြီကျယ်စွာတွေးခေါ်တတ်၍ နည်းသစ်လုပ်ငန်း၊ အရာဝတ္ထုသစ်တို့ ၌ တီထွင်ကြံစည်တတ်သူများဖြစ်သည်။ နည်းသစ်ထွင် ရွေ့ စီးပွားရေး ၌်လည်း ၄င်းအချက်တို့ကို မှီ၍ အောင်မြင်တိုးတက်ပေသည်။ အသစ်အဆန်းကိုကြိုက်နှစ်သက်သည့်အလျှောက် အနယ်နယ် အရပ်ရပ်ကို လှည့်ပတ်ရတတ်၏။ ၄င်းတို့၏ ကံဇာတာ အတက်အကျသည် သွားလာ
လှည့်ပတ်ခြင်းအပေါ် တွင် တည်ရှိပေသည်။ မည်သည့်ကိစ္စ ရပ်ကိုမဆို စိတ်ဓါတ်ကျခြင်းမရှိတတ်၊ နက်နဲသည့် လောကီပညာ၊ စိတ်ပညာအတတ်တို့တွင် ပေါက်ရောက်တတ်ပြီး အနုပညာဘက်တွင် အောင်မြင်သူများဖြစ်တတ်သည်။ လပြည့်ရက်ပိုင်းတို့သည်
၎င်းတို့၏စိတ်ကို ကြည်လင်စေ ၍ ဦးနှောက်အားကောင်းပေသည်။
ရောဂါတို့မှာ အပူနှင့်ယှဉ်ခြင်း၊ အပူထခြင်း၊ ၀မ်းကိုက်ခြင်း၊ ဦးနှောက်ကို ရေ၀င်တတ်ခြင်း အရွယ်ရင့်လျှင် အဆုတ်ရောဂါရတတ်၏။

မေထုန်ရာသီဖွား

မေထုန်ရာသီ- (Gemini)  (၈-ဟု)
နယုန်လ (May-21-~ Jun -20)
ပထမဗုဒွ့ဟူးယာ ဂြိုဟ်အိမ်

-------------------------------------------
မိဃသီ နက္ခတ်                               (၂)ပါဒ်
အဒြ  နက္ခတ်                     ၁-လုံး     (၄)ပါဒ်
ပုဏ္ဏဖုသျှု နက္ခတ်                            (၃)ပါဒ်
နက္ခတ်လုံးရေ(၆)လုံး ၃-ပါဒ်)    ပေါင်း     ၉- ပါဒ်
----------------------------------------------


၎င်းတို့သည် အတွေးအခေါ်ဥာဏ်ကောင်းသလောက် စွဲမြဲခြင်းမရှိကြချေ။ အကြံအစည်၊ အလုပ်အကိုင် တို့တွင် အကြိမ်ကြိမ်ပြောင်းလဲတတ်၏။ အိမ်ထောင်ပြုရာတွင်ပင် စိတ်ပျော်ရွှင်မှုမရှိခဲ့သော် အိမ်ထောင်ဘက်နှင့် တည်မြဲခြင်းမရှိတတ်ပေ။ ၄င်းတို့အား လူကဲခတ်ရန် အလွန်ခက်၏။ ယခု စိတ်တို ဒေါသထွက်သော်လည်း မကြာမီ စိတ်ကောင်းရယ်မောနေတတ်၏။
အချစ်ရေး၌ ဂနာမငြိမ်တတ်ပေ။ သူတပါးတို့အပေါ် သေးငယ်သော အမှားမှစရွေ့ ဂရုစိုက်မှတ်တေးတတ်သူဖြစ်သည်။ ၄င်းတို့စကားပြောရာတွင်လည်း သာသာနှင့် ခံရခက်အောင်ပြောနိုင်သူများဖြစ်သည်။ ထက်မြက်ကောင်းမွန်သည့် ဥာဏ်၊
အတွေးအခေါ်ကို ၄င်းတို့စိတ်ဝင်စားသည့် လုပ်ငန်းတို့တွင် အသုံးချနိုင်လျှင် သူတပါးထက် ထူးချွန်နိုင်သူဖြစ်၏။ စကားအပြောအဆိုနိုက်လည်း လိမ္မာ ပြေပြစ်စွာ ပြောဆိုနိုင်သူများဖြစ်သည်။
ကိုယ့်ကိုယ် အလွန်ရိုးသားဖြောင့်မတ်သူဟု ယူဆထားသူများဖြစ်သည်။ သို့သော် ၄င်းတို့သည် မိမိတို့စကားကို တည်ကြည်စွာ ထိန်းသိမ်းနိုင်ခဲ၏။ ဤ ရာသီခွင် နေ့ရက်တို့တွင် ဤအဓိပ္ပါယ်ကိုပြောခဲ့လျှင် မဟုတ်နိုင်ဟု ငြင်းကွယ်လိမ့်မည်ဖြစ်သည်။ သို့သော် သူတို့အမူအရာ၊ သူတို့အပြောအဆိုတို့ကို စောင့်လျှက် လေ့လာခဲ့လျှင် မှန်ကန်ကြောင်းတွေ့ပေလိမ့်မည်။ ၄င်းတို့အဖို့
ဥာဏ်ကစားပြောင်းလဲရသည့်အလုပ်မျိုးနှင့် သင့်တော်၏။ ၄င်းအလုပ်မျိုးနှင့် ကျော်ဇောတတ်၏။ တစ်စုံတစ်ခုသောလုပ်ငန်း၌ စွဲမြဲစွာလုပ်ကိုင်နိုင်လျှင် ကြီးပွားနိုင်သူများပင်ဖြစ်သည်။ သို့သော် စိတ်မြဲလိုသော စိတ်နေစိတ်ထားက ပြုလုပ်နိုင်ခဲ၏။
ကျန်းမာရေးအတွက်
အာရုံကြောနှင့်ပတ်သက်သော ဝေဒနာခံစာရတတ်သည်။ စိတ်ပျက်လွယ်ခြင်း၊ စိတ်ညစ်တတ်ခြင်း ကြောင့် အစာမကြေရောဂါ ဖြစ်လွယ်၏။ အကြောသေခြင်း၊ စကားထစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ဂယောင်ချောက်ခြားအိပ်မက်များ မြင်မက်ခြင်း များဖြစ်တတ်သည်။

ပြိဿရာသီဖွား

ပြိဿရာသီ- (Ta
urus) 
ကဆုန်လ (Api-20-~ May -20))
ပထမသောကြာ လကျာ် ဂြိုဟ်အိမ်

-------------------------------------------
ကြတ္တိကာ နက္ခတ်                               (၃)ပါဒ်
ရောဟဏီ  
နက္ခတ်              ၁-လုံး     (၄)ပါဒ်
မိဃသီ
နက္ခတ်                                    (၂)ပါဒ်
နက္ခတ်လုံးရေ(၄)လုံး ၂-ပါဒ်)    ပေါင်း     ၉- ပါဒ်
----------------------------------------------


အမှုကိစ္စ အကြံအစည်တို့ကို မိမိအယူအဆအပေါ်တွင်စွဲလန်းယုံကြည် စိတ်ချလျှက်  ပြောင်းလဲခြင်းမရှိတတ်ပေ။ ခေါင်းမာတတ်သည်။ချစ်ခင်နှစ်သက်သူတို့အတွက် ဘာမဆို လုပ်ကိုင်ပေးတတ်သည်။ ၄င်း တို့အကြောကို နားလည်သော မိန်းမ/ယောက်ျား တို့နှင့်တွေ့လျှင်
ခိုင်းသမျှလုပ်လျှက် ထိုစစ်ကွင်းမျိုးမှ လွတ်နိုင်ခဲသည်။ မိတ်ဆွေအပေါင်းအသင်းတို့အပေါ် ဧည့်ဝတ်ကျေပွန်စွာ ဆောင်ရွက်ပေးတတ်သည်။ ပေးကမ်းစွန့်ကြဲသော စိတ်ရှိ၏။ မိတ်ဆွေများနှင့် ပျော်ပါးစားသောက်ခြင်းကို ၀ါသနာပါ၏။ အ၀တ်အစားကို သေသပ် အချိုးကျန
စွာ ၀တ်ဆင်တတ်၏။ စိတ်မြန်လျှက် ဒေါသစိတ်ထွက်လျှင် နှုတ်ကို ထိန်းသိမ်းချုပ်တည်းနိုင်မှုမရှိ။ အရမ်းမဲ့ပြောတတ်သည်။ သို့သော် စိတ်ပြေလွယ်လျှက် နောင်တရလွယ်၏။
အစောပိုင်းကာလတို့တွင် အိမ်ထောင်ကျသော် အမှားအယွင်းများပေမည်။ လက်ချောင်းတို့တွင် လက်သည်းခွံတို့သည် ၀ိုင်းလျှက်တိုနေတတ်၏။ လက်ချောင်း၊ နှာခေါင်း တို့တွင် ဝေဒနာ အထူး၊ လည်ပင်း စလုတ် တို့တွင် အဖုအပိန့် ကပ်တတ်လေသည်။ နား နှင့်အူတို့သည်အထင် မှတ်ပဲ  တွေ့ရသော ရောဂါများဖြစ်သည်။

ပြိဿရာသီတွင် အုပ်စိုးသောဂြိုဟ်အားဖြင့် ကာရကပြုပုံအရ အဟော

ပြိဿရာသီသည် သောကြာဂြိုဟ်(ပထမ လက်ျာဂြိုဟ်အိမ်) ပိုင်ရာသီဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဂြိုဟ်၏ စိတ်နေသဘောထားနှင့်အပြုအမူအကျင့်စရိုက်တို့သည် ပြိဿရာသီဖွားတို့တွင် ပါဝင်လာပါသည်။ အပြုအမူ၊ အကျင့်စရိုက် ဆိုရာတို့၌ ဂြိုဟ်အားကောင်းလျှင် ကောင်းသလိုအကျိုးပြုများ၍ ဂြိုဟ်အားနည်းလျှင် နည်းသလို အကျိုးပြုမှု အားနည်းစေပါသည်။ ဆိုလိုရင်းမှာ ပြိဿရာသီခွင်ကို ၀င်ရောက်သော အစ(၇)ရက် (April- 20 ရက်နေ့မှ 26 ရက်နေ့ထိ) သည်လည်းကောင်း၊ ပြိဿရာသီခွင်မှထွက်ခွာသော
အဆုံး (၇)ရက် (May-14 ရက်မှ20 ရက်ထိ) သည်လည်းကောင်း သောကြာဂြိုဟ် အားပျော့ပါသည်။ ထို့ကြောင့် အကျိုးပြုမှု အားလျော့သည်ဟု ဆိုလိုပါသည်။ ထိုမှကြွင်းသော အလယ်ရက်တို့တွင် (May 4 ရက်) နေ့ထိ တဖြည်းဖြည်းအားကောင်းလာကာ ထို (May 4 ရက်)မှလွန်လျှင် တဖြည်းဖြည်း အားလျော့လာသော သဘောဖြစ်ပါသည်။ ( /\ ) ပုံသဏ္ဍာန်လျောဇောက်သကဲ့သို့ဖြစ်ပါသည်။ ရှေ့  (၇) ရက်သော သောကြာဂြိုဟ်အားပျော့ကာလသည် မိဿရာသီ  ပထမအင်္ဂါလကျာ် ဂြိုဟ် အိမ်မှ ကူးပြောင်း ၀င်ရောက်လာသည်ဖြစ်၍ ၄င်းဂြိုဟ်၏အကျင့်စရိုက်အနည်းငယ် ကူးစက်ဝင်ရောက်ထားသဖြင့် ထိုကာလတို့သည် သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ် တို့၏ အကျင့်စရိုက်များရောပွန်းနေပါသည်။ ၄င်းအချိန်တွင် မွေးဖွားသော ဇာတာရှင်၏ စရိုက်လက္ခဏာတို့သည် ထိုဂြိုဟ်နှစ်လုံးတို့၏ စရိုက်လက္ခာကို မလွဲမသွေရရှိလေတော့သည်။ အဆုံး(၇) ရက်ကိုလည်း ဤကဲ့သို့ မှတ်မယူလေ။

(ဤကားစကားချပ်တည်း)

ပြိဿရာသီတွင် အုပ်စိုးသော သောကြာဂြိုဟ် ကာရက ပြုပုံအရ အဟော

 ပြိဿရာသီဖွားတို့သည် တွင်းစိတ်မာနကြီးသည်။ နှစ်လိုဖွယ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အပြောအဆို လိမ္မာကျွမ်းကျင်သည်။ ချိုသာသည်။ ဆံပင်နက်နက်ရှိသည်။ ကြောက်တတ်၊လန့်တတ်သည်။ ပုံကြီးချဲ့ ပြောတတ်ဆိုတတ်သည်။  မာယာ၊ ပရိယာယ်ကောင်းသည်။  ကခုန်သီဆိုမှု၊ အလင်္ကာ၊ ကဗျာ သီကုံးဖွဲ့နွဲ့မှု တို့ကို လိုက်စားသည်။  အဖိုးထိုက်အ၀တ်အစား၊ ရတနာ၊ ဇိမ်ခံပစ္စည်း ခုံမင် မက်မောသည်။  စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားမှု ကျွမ်းကျင်သည်။ စိတ်ကူးယဉ်မှု၊
အာရုံခံစားမှုလွန်ကဲတတ်သည်။  လောကီပညာ၊ သမိုင်း ပညာ၊ကျမ်းဂန်တို့ကို လေ့လာလိုက်စားတတ်သည်။ အလိုရမ္မက်ကြီးသည်။ 

ပြိဿရာသီတွင် အုပ်စိုးသော နက္ခတ်တို့  ကာရကပြုပုံအရ အဟော

ပြိဿရာသီတွင် နက္ခတ်အားဖြင့် (၃) လုံး (၉)ပါဒ် ဖြင့် ရပ်တည်ကြပါသည်။ နက္ခတ်တစ်လုံးသည် (၄)ပါဒ်ရှိပါသည်။ တစ်ရာသီတွင် ပျမ်းမျှ ရက်ပေါင်း (၃၀)ရှိရာ (၉)ပါဒ်နှင့် စားလျှင် နက္ခတ်တစ်ပါဒ်သည် (၃.၃) ရက်ရှိပါသည်။ ထို့ကြောင့် နက္ခတ်တစ်လုံးသည် ပျမ်းမျှ(၁၃.၃) ရက်ခန့်ရှိပါသည်။
ပြိဿရာသီတွင် မိဿရာသီမှာ ရာသီခွ နက္ခတ် ကြတ္တိကာနက္ခတ်သည် (၃-ပါဒ်) ဖြင့် (၉.၉) ရက်ခန့်ဆက်လက်ရပ်တည်နေပါသည်။၎င်းမှလွန်သော် ဘရဏီနက္ခတ်တစ်ဖန် (၄-ပါဒ်) ပါဒ်ပြည့်ဖြင့် (၁၃.၃)ခန့်ဖြင့်ဆက်လက်ရပ်တည်ပြန်ပါသည်။ ၄င်းမှလွန်သော် မိဂသီနက္ခတ်သည်(၂)ပါဒ်(၆.၆)ရက်ခန့်ဖြင့် ရပ်တည်ပါသည်။ 





                                                                                                      ဆက်လက်ကြိုးစားပါဦးမည်။









မိဿရာသီဖွား


မိဿရာသီ- (Aries)  (၃ - င်္ဂါ)
တန်ခူးလ (Mar-21~Api-19)
ပထမ အင်္ဂါ ယာ ဂြိုဟ်အိမ်

-------------------------------------------
အဿဝနီ နက္ခတ်                  ၁- လုံး     (၄)ပါဒ်
ဘရဏီ   နက္ခတ်                    ၁-လုံး      (၄)ပါဒ်  ကြတ္တိကာ  နက္ခတ်                               (၁)ပါဒ်
                                            နက္ခတ်လုံးရေ(၂)လုံး ၁-ပါဒ်        ပေါင်း     ၉- ပါဒ်

----------------------------------------------
မည်သည့်လုပ်ငန်းမဆို အတိုက်အခံ ရန်ဘက်ပြုသူတို့နှင့် လုပ်ကိုင်ရတတ်သည်၊ လက်နက်ကိုင်ဌာန၊ စစ်ဘက်ဌာနတို့တွင် အကျိုးထူး၏။ ငယ်ရွယ်စဉ်အချိန်မှစလျှက် ရန်နှင့်ယှဉ်သော ဘ၀တက်လမ်းရှာကြံလုပ်ကိုင်ရမည့်သူဖြစ်သည်။ ရန်ထောင်လိုစိတ်ပါသူဖြစ်သဖြင့် မည်သည့်
အလုပ်မျိုးမဆို သည်းခံစိတ်မရှိတတ်၊ ခေါင်းဆောင် ဗိုလ်လုပ်လိုသည့် စိတ်ပါရှိသူဖြစ်သည်။ အတွေးအခေါ် ဥာဏ်စွမ်း ဥာဏ်စ နည်းပါးသော်လည်း ထိုလူမျိုးသည် လူအများစု၊ အသင်းအပင်းလုပ်ငန်းတို့တွင် လက်တွေ့ခေါင်းဆောင်နေရာတို့ တွင်လုပ်ကိုင်ရမည့်သူများဖြစ်သည်။ စိတ်တည်လျှက် တစ်စုံတစ်ခုသော အမှုကိစ္စ တို့တွင် ယတိပြတ်ဆုံးဖြတ်နိုင်လျှက် ခေါင်းမာသူများဖြစ်ကြသည်။ မိမိကြံစည်လုပ်ကိုင်
ခြင်းကို အမှန်ဟုယုံကြည်စွဲလန်းတတ်လွန်းသဖြင့် သူတပါးအကြံကို လက်ခံတောင်းယူနိုင်ရန် ခဲယဉ်းသူများဖြစ်သည်။ သူတို့အကြံများတွင် မိတ်ဆွေကောင်းများပင်လျှင် အကြံဥာဏ်ပေးခြင်း၊ ၀င်ရောက်စွပ်ဖက်ခြင်း၊ နှောင့်ယှက်ခြင်းကို အလွန်အမင်းမုန်းတီးတတ်ကြသည်။
ထို့ကြောင့် ၄င်းတို့အား သည်းခံပေါင်းသင်းနိုင်သူတို့နှင့်သာ အဆင်ပြေနိုင်ပေ၏။ စကားပြောဆိုရာတွင် မာရေကျောရေဆန်သလိုရှိသည်၊စိတ်တိုကာ ဒေါသပြေလွယ်သည်။ ပြောမိဆိုမိ  ခြင်းကို ပြန်လည် နောင်တ ရလွယ်၏။ စိတ်သဘောထား ကောင်းသူများဖြစ်ကြသော်လည်းစိတ်ဆတ် စိတ်မြန်ခြင်းကြောင့် အကြိမ်ကြိမ်မှားယွင်းတတ်ကြ၏။ အချစ်ရေး၊ အိမ်ထောင်ရေး တို့တွင်အဆင်ပြေခဲလှသည်။ ပျော်ရွှင်ခြင်း ကင်းလျှက်  တွဲဖက်ကောင်းကိုလည်း ရခဲလှသည်။
အိမ်ထောင်ဘက်(သို့) မိသားစု၊ သားသမီးတို့နှင့် ဆန့်ကျင်ခြင်းများသည်၊ သို့သော် ၄င်းတို့နှင့် အဆင်ပြေအောင်ဆက်ဆံနိုင်သူတို့အားအသက်ပေး ခုခံကာကွယ်ပေးတတ်သူများဖြစ်သည်။ ၄င်းတို့အဖို့ စိတ်ကို ချုပ်တည်းနိုင်ခဲ့သော် ဘယ်အရာမဆို အောင်မြင်ကြီးပွားနိုင်ပေသည်။
ငယ်ရွယ်ချိန်မှစလျှက် သွေးနှင့်ယှဉ်သော ဝေဒနာများ၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်နှာ၊ ဦးခေါင်း ဥပါဒ် ရတတ်၏၊ သေရည်သေရက်ကို နှစ်သက်ကြသဖြင့် ရှောင်ကြဉ်စေအပ်၏။



မိဿရာသီတွင် အုပ်စိုးသော ဂြိုဟ်အားဖြင့် ကာရကပြုပုံအရ အဟော

မိဿရာသီသည် အင်္ဂါဂြိုဟ်(ပထမ လက်ျာဂြိုဟ်အိမ်) ပိုင်ရာသီဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဂြိုဟ်၏ စိတ်နေသဘောထားနှင့်အပြုအမူအကျင့်စရိုက်တို့သည် မိဿရာသီဖွားတို့တွင် ပါဝင်လာပါသည်။ အပြုအမူ၊ အကျင့်စရိုက် ဆိုရာတို့၌ ဂြိုဟ်အားကောင်းလျှင် ကောင်းသလိုအကျိုးပြုများ၍ ဂြိုဟ်အားနည်းလျှင် နည်းသလို အကျိုးပြုမှု အားနည်းစေပါသည်။ ဆိုလိုရင်းမှာ မိဿရာသီခွင်ကို ၀င်ရောက်သော အစ(၇)ရက် (Mar- 21 ရက်နေ့မှ 27 ရက်နေ့ထိ) သည်လည်းကောင်း၊ မိဿရာသီခွင်မှထွက်ခွာသော
အဆုံး (၇)ရက် (April-13 ရက်မှ 19 ရက်ထိ) သည်လည်းကောင်း အင်္ဂါဂြိုဟ် အားပျော့ပါသည်။ ထို့ကြောင့် အကျိုးပြုမှု အားလျော့သည်ဟု ဆိုလိုပါသည်။ ထိုမှကြွင်းသော အလယ်ရက်တို့တွင် (April 4 ရက်) နေ့ထိ တဖြည်းဖြည်းအားကောင်းလာကာ ထို (April 4 ရက်)မှလွန်လျှင် တဖြည်းဖြည်း အားလျော့လာသော သဘောဖြစ်ပါသည်။ ( /\ ) ပုံသဏ္ဍာန်လျောဇောက်သကဲ့သို့ဖြစ်ပါသည်။ ရှေ့  (၇) ရက်သော အင်္ဂါဂြိုဟ်အားပျော့ကာလသည် မိန်ရာသီ ဒုတိယ ကြာသပတေး ၀ဲ ဂြိုဟ်မှ အိမ်မှ ကူးပြောင်း ၀င်ရောက်လာသည်ဖြစ်၍ ၄င်းဂြိုဟ်၏အကျင့်စရိုက်အနည်းငယ် ကူးစက်ဝင်ရောက်ထားသဖြင့် ထိုကာလတို့သည် အင်္ဂါဂြိုဟ်နှင့်ကြာသပတေးဂြိုဟ်တို့၏ အကျင့်စရိုက်များရောပွန်းနေပါသည်။ ၄င်းအချိန်တွင် မွေးဖွားသော ဇာတာရှင်၏ စရိုက်လက္ခဏာတို့သည် ထိုဂြိုဟ်နှစ်လုံးတို့၏ စရိုက်လက္ခာကို မလွဲမသွေရရှိလေတော့သည်။ အဆုံး(၇) ရက်ကိုလည်း ( ဤကဲ့သို့ မှတ်ယူလေ) ဤကား စကားချပ်တည်း။)

မိဿရာသီတွင် အုပ်စိုးသော အင်္ဂါဂြိုဟ် ကာရကပြုပုံအရ အဟော

မိဿရာသီဖွားတို့သည် လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ၊ ခံရဲ၊ ဖော်ထုတ်ရဲသော စိတ်ဓါတ်ရှိသည်။  ရဲရင့်သည်။ မိုက်ရူးရဲဆန်တတ်သည်။ တစ်ဇွတ်ထိုးလုပ်ကိုင်တတ်သည်။ အားကိုးခံလိုသောစိတ်ရှိသည်။ ယုံကြည်မှုပြင်းထန်သည်။သွေး၊ အဆိပ် တို့နှင့် ယှဉ်သော် စိတ်ဓါတ်သည် ပိုမိုကြီးထွားတတ်သည်။ အာဏာဆန်လိုခြင်း၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်းတို့အား ကာကွယ်လိုခြင်း၊ပြတ်သားသော စိတ်ဓါတ်ရှိသည်။ အမူအကျင့်သည် အရိုင်းဆန်သည်။ သဘောထားကောင်းမွန်သည်။ အရာရာတိုင်းကို လက်တွေ့ ဆန်လိုသည်။ လက်တွေ့ဆန်မရသော ကိစ္စရပ်တို့တွင် သဘောထားကွဲလွဲသူဖြစ်သည်။ စက်ပစ္စည်း၊ ခွဲစိတ်ကုသမှု၊ အတိုက်အခံ၊ စစ်ပွဲ ၊ သိပ္ပံပညာနှင့် ဆေးပညာတို့ကိုစိတ်ဝင်စားသည်။ ၀ါသနာထုံသည်။ ဂြိုဟ်ဆိုးသောကာလတို့တွင် အနိုင်အထက်ပြုလိုခြင်း၊ မကောင်းဒုစရိုက်မှုတို့ကို ပြုမူတတ်သောစိတ်ရှိသည်။
ဂြိုဟ်ကောင်းသောကာလတို့သည် အများကိုကာကွယ်ပေးခြင်း၊ ဒုက္ခတို့မှကယ် တင်နိုင်ခြင်း၊  ခေါင်းဆောင်ကောင်းပီသသော စိတ်ဓါတ်များကို ဖြစ်ပေါ်သည်။


မိဿရာသီတွင် အုပ်စိုးသော နက္ခတ်တို့ ကာရကပြုပုံအရ အဟော

မိဿရာသီတွင် နက္ခတ်အားဖြင့် (၃)လုံး ပါဒ်(၉)ပါဒ်အားဖြင့် ရပ်တည်ကြပါသည်။ နက္ခတ်တစ်လုံးသည် (၄)ပါဒ်ရှိပါသည်။ တစ်ရာသီတွင် ပျမ်းမျှ ရက်ပေါင်း (၃၀)ရှိရာ (၉)ပါဒ်နှင့် စားလျှင် နက္ခတ်တစ်ပါဒ်သည် (၃.၃) ရက်ရှိပါသည်။ ထို့ကြောင့် နက္ခတ်တစ်လုံးသည် ပျမ်းမျှ(၁၃.၃) ရက်ခန့်ရှိပါသည်။ မိဿရာသီတွင် အစ နက္ခတ်ဖြစ်သော အဿဝနီနက္ခတ်သည် (၄-ပါဒ်) ပါဒ်ပြည့်ရပ်တည်သောကြောင့် (၁၃ ရက်နှင့် ၈ နာရီ) ခန့် ရပ်တည်နေပါသည်။၎င်းမှလွန်သော် ဘရဏီနက္ခတ်တစ်ဖန် ပါဒ်ပြည့်ရပ်တည်ပြန်ပါသည်။ ၄င်းမှလွန်သော် ကြတ္တိကာနက္ခတ်သည် (၁) ပါဒ်ရပ်တည်သောကြောင့် (၃ ရက်နှင့် ၈ နာရီခန့်) ရပ်တည်ပြီး
ပြိဿရာသီသို့ ကူးပြောင်းကာ (၁၀) ရက်ခန့် ဆက်လက် ရပ်တည်ပါသည်။ ဤအကျိုးတရားသည် ပြိဿရာသီ အစ (၁၀)ရက် ၀န်းကျင်အထိမွေးဖွားသော ဇာတာရှင်များသည်
ကြတ္တိကာနက္ခတ်၏ စိတ်နှင့် အပြုအမူလက္ခဏာများကို ကာရက ရရှိပါသည်။ ထို့ကြောင့် ကြတ္တိကာ နက္ခတ်၏ အဟောနှင့် ထိုဇာတာရှင်သက်ဆိုင်လာပါတော့သည်။

ထို့ကြောင့် နက္ခတ်များကို ရာသီခွင်တွင် ဝေပုံကျခွဲဝေသော်-
(၁)
Mar-21 ရက်နေ့  နံနက်(၀၁း၀၀) နာရီ မှ April-3 ရက်နေ့ နံနက် (၈း၀၀)နာရီ အတွင်းမွေးဖွားသော ဇာတာရှင်သည် အဿဝနီ နက္ခတ်၏
အုပ်စိုးမှုအောက်တွင် ရောက်ရှိနေသောကြောင့် အဿဝနီနက္ခတ်ဟောစာတမ်း (နက္ခတ်အဟော )တွင် ၀င်ရောက်ပြီး ဇာတာကို စစ်ကြည့်ပါလေ။
(၂) 
April 3 ရက် နံနက်(၈း၀၀)နာရီလွန်သည်မှ April 16 ရက် ညနေ (၄း၀၀) အတွင်း မွေးဖွားသော ဇာတာရှင် သည် ဘရဏီ နက္ခတ်၏ အုပ်စိုးမှုအောက်တွင် ရောက်ရှိနေသောကြောင့် ဘရဏီနက္ခတ်ဟောစာတမ်း (နက္ခတ်အဟော) တွင် ၀င်ရောက်ပြီး ဇာတာကို စစ်ကြည့်ပါလေ။
(၃)
April 16 ရက် ညနေ(၄း၀၀)နာရီ လွန်သည်မှ April 19 ရက် သန်းခေါင် (၁၂း၀၀)နာရီထိ မိဿရာသီအတွင်းမွေးဖွားသောဇာတာရှင်သည် ကြတ္တိကာနက္ခတ် (၁-ပါဒ်) ၏ အုပ်စိုးမှုအောက်တွင် ရောက်ရှိသောကြောင့် ကြတ္တိကာနက္ခတ်ဟောစာတမ်း (နက္ခတ်အဟော) တွင် ၀င်ရောက်ပြီး ဇာတာကို စစ်ကြည့်ပါလေ။



                                                                                                      ဆက်လက်ကြိုးစားပါဦးမည်။ 


Saturday, June 1, 2013

(၂) ဘရဏီ နက္ခတ်

(၂) ဘရဏီ (Musea)


ဘရဏီနက္ခတ်  အတွေးအကြံ နှင့် စန်းယှဉ်အဟော

ဘရဏီ နက္ခတ်သည် မြောက်အရပ်ကို ပိုင်စားပါသည်။ (၄) လုံးတစ်ဇာတ်အားဖြင့် စဏ္ဍာလ နက္ခတ်ဖြစ်၍
(၃)လုံးတစ်ဇာတ်အားဖြင့် သူဋ္ဌေးဇတ်ဖြစ်ပါသည်။ ဘရဏီ သည် သောကြာဂြိုဟ်ပိုင်နက္ခတ်ဖြစ်၍ သောကြာဂြိုဟ်၏စရိုက်သဘာဝနှင့် မိဿရာသီတွင် ပါဒ်ပြည့်(၄)ပါဒ်ဖြင့်ရပ်တည်သောကြောင့် မိဿရာသီနှင့် ၄င်းပိုင် အင်္ဂါဂြိုဟ်တို့၏ သဘာဝများကို မလွဲမသွေပါဝင်စေပါသည်။ ဘရဏီနက္ခတ်၏ အရှင်သခင်မှာ ယမမင်းဖြစ်သည်။ဘရဏီနက္ခတ် အရောင်ညှိုးသော် ကပ္ပိလ၀တ်ပြည်သည် မငြိမ်မသက်ဖြစ်သည်။ ဘရဏီနက္ခတ်မှာ အဂ္ဂနိရာသီနှင့် တမဂုဏ်တို့ကို ကိုယ်စားပြုသည်။ အာရုံ
၏အပြောင်းအလဲကို ဖြစ်ပွားစေသည်။ ဖိနှိပ်ခံခြင်း၊ ဟန့်တားခံရခြင်း၊ ဘ၀ကိုရုန်းကန်ရာမှာအကြိတ်အနယ်
အားထုတ်ရခြင်း၊ အန္တုပြိုင်ဘက်ခြင်း တို့အပြင် ၃င်္ဂါဂြိုဟ်မှ ဖော်ပြသော အခြားအကြောင်းအရာများပါဝင်ပါသည်။စည်းကမ်းနှင့်နေတတ်ခြင်း၊ ကိုယ့်ကိုယ်ချုပ်တည်းနိုင်ခြင်း၊ ခုခံနိုင်ခြင်း၊ လောကဓံကို ခံနိုင်ရည်ရှိခြင်းတို့သည်ဘရဏီ၏ စရိုက်လက္ခဏာတစ်ချို့ဖြစ်ပါသည်။ သစ္စာတရား၊ ကျင့်စဉ်ဝတ္တရား နှင့်လောကပါလ တရား စသည်တို့ကို ကျင့်သုံးသည်။ ယင်းအကျိုးဆက်တို့ကြောင့် တစ်ဦးတစ်ယောက်အား သူတော်စင်၊ သူတော်မြတ် အဖြစ်သို့
တွန်းပို့စေသည်။ ဘရဏီနက္ခတ်၏ ပရိယာယ်သည် ၈-ဟု အတွေးအကြံတို့နှင့် ဆင်တူပါသည်။
သားအိမ်၏လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရသဖြင့် အမှောင်၌ ကွယ်ဝှက်ခြင်း၊ ငပုတ်ဖမ်းခြင်း၊ အလင်းထဲသို့ ကျွတ်လွတ်ခွင့် ပြန်ရခြင်း၊တို့ကို ဖြစ်ပေါ်စေပါသည်။ ပင်ပန်းကြံ့ခိုင်ခြင်း၊ ဆီးတားခံရခြင်း ဆိုရာတို့၌ သူ၏လုပ်ငန်းဆောင်တာတို့တွင် ကိုယ်ဝန်ဆောင်ရခြင်း၊ သယ်ပိုးရခြင်း၊ ၀န်ထုတ်ဝန်ပိုး၊ စားကောင်းသောက်ဖွယ်၊ ချုပ်တည်းခြင်း၊ စောင့်ထိန်းခြင်းတို့ကို ထည့်သွင်းစဉ်းစားရပါသည်။

အတွေးအကြံများအားဖြင့်
စစ်တုရင်ထိုးသည့်အတတ်၊ မျိုသိပ်ချုပ်တည်းမှု သတ်မှတ်မှုစည်းကမ်း၊ ကိုယ်တိုင်ထိန်းသိမ်းမှု၊ ဇွဲသတ္တိ၊
နီတိကျင့်ဝတ်၊ စွဲကိုင်ထားရန်၊ ကျိုးနွံစေရန် ၊ အုပ်ချုပ်မှု ပြစ်ဒဏ်ပေးမှု၊ သစ္စာရှိမှု၊ ကြံ့ခိုင်မြဲမြံရန်၊
ခံနိုင်ရည် ၊ ဝေဒနာခံစားမှု၊ ထောက်ပံ့ခြင်း၊ ကျွေးမွေးသုတ်သင်ခြင်း၊ ပြုစုယုယခြင်း၊ မှီခိုရခြင်း၊ အထောက်
အပံ့ရခြင်း၊ အသံ၊ အော်ဟစ်ခြင်း၊ အမြတ်၊ ဆု၊ ပစ္စည်းအမွေ စသည်တို့ကိုတွေးကြံပါသည်။


စန်းယှဉ်မွေးဖွားလာသူသည် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည်။ သစ္စာရှိသည်။
အမှန်ဆိုတတ်၏။ သည်းခံနိုင်စွမ်းရှိ၏။ စိတ်လိုက်မာန်ပါပြုကျင့်တတ်၏။ စောင့်ရှောက်မှု ခံရ၏
အတားအဆီး အခက်အခဲများ၏။ လောကဓံကို ရင်ဆိုင်ရဲ၏။ နောင်တရလွယ်။ မိတ်ဆွေကောင်းနည်းတတ်၏။
လုံ့လရှိ။ ကျန်းမာသည်။ ပူပန်ကြောင့်ကြမှုကင်းလျှက် ပျော်ရွှင်တတ်သည်။ လက်ရာမြောက်
ကျွမ်းကျင်သည်။
မွန်းတည့်နက္ခတ် ဖွားသဘော၌

ငယ်ရွယ်စဉ်ကပင် ဘုန်းကြီးရာ၏။ ခပ်သိမ်းသော
ရန်သူတို့ မကောင်းမကြံနိုင်။ နတ်တို့ မ စ စောင့်ရှောက်
မှု ခံရ၏။ မိန်းမမူ ငယ်စဉ်ကပင် ရောဂါဥပါဒ်များမည်။
ရန်သူကို နှိမ်နှင်းနိုင်သော ရဲစွမ်းသတိရှိသူဖြစ်သည်။
အစားအသောက်ကြူးအံ့။ ဒေါသကြီးအံ့။ သူတပါးတို့အား
ကြင်နာတတ်အံ့။ ကောင်းမှုကို ပြုလေ့ရှိ၏။ လက်နက်မှ
ဘေးဖြစ်တတ်အံ့။

(၁) အဿဝနီ နက္ခတ်

(၁)အဿဝတီ နက္ခတ်(Arietis)

အသ၀တီ နက္ခတ် အတွေးအကြံ နှင့်စန်းယှဉ်အဟော

အဿဝတီ နက္ခတ်သည် မြောက်အရပ်ကိုစားရပါသည်။ (၄) လုံးတစ်ဇာတ်ခွဲခြားပြသော် ဇာတ်အားဖြင့်
ကုန်သည်နက္ခတ်ဖြစ်သည်။ (၃) လုံးတစ်ဇာတ်ခွဲခြားပြသော် သူဆင်းရဲနက္ခတ်ဖြစ်ပါသည်။
အဿဝတီ နက္ခတ်သည် အရောင်ညှိုးသော် ပုဂံပြည်သည် မငြိမ်မသက်ဖြစ်သည်။
အဿဝတီသည် ကိတ်ဂြိုဟ်ပိုင်နက္ခတ်ဖြစ် ၍  အင်္ဂါဂြိုဟ်ပိုင်သော မိဿရာသီတွင် ပါဒ်ပြည့်(၄)ပါဒ် ဖြင့်ရပ်တည်လေသည်။
ထို့ကြောင့် ကိတ်ဂြိုဟ်၏စရိုက်သဘာဝ၊ မိဿရာသီနှင့် အင်္ဂါဂြိုဟ်တို့၏ သဘာဝများမှာ မလွဲမသွေ ပါဝင်ပါသည်။
 ကြယ်စုအားဖြင့် အဿဝနီသည်  ၆(တစ်ချို့ကျမ်းတို့၌ ၃လုံး) လုံးမြင့်ခေါင်းသဏ္ဍာန်ရှိသည်။ အဿဝနီသည် ၁၂ ရာသီစက်ဝန်း၏အစ
မိဿရာသီ ၀ံ အံသာ၌စတင်လေသည်။ အဿဝနီသည် တနည်းအားဖြင့် ခရီးသွားကြယ်ဖြစ်သည်။
သူရိယနေမင်းလှည့်ပတ်မည့် တစ်နှစ်တာခရီးသည် ဤနေရာမှ စတင်ထွက်ခွာပါသည်။ “အဿ”၏ အသင်္ကေတသည်
တစ်နေရာမှ တစ်နေရာသို့ ခရီးထွက်တော့မည့်လက္ခဏာကို ညွှန်းဆိုသောကြောင့် ရွေ့ပြောင်းရွေ့လျား
ခြင်းကိုလှုံ့ဆော်သည့် စွမ်းပကား၊အင်အား ကိုပြသည်။ ထို့ကြောင့် စတင်ဝင်ရောက်ခြင်း၊ စတင်ထွက်ခွာ
ခြင်း၊ အသက်ရူခြင်း၊ သန္ဒွေယူခြင်း၊ အသက်ဝင်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည်။ အဿဝနီ သည်
အမွှာညီနောင်ဖြစ်ခြင်းကြောင့် နှစ်ခွသောအတွေးအကြံများ၊ ပရိယာယ်အားဖြင့် နံနက်တစ်ကြိမ်၊ ညနေ
တစ်ကြိမ် ဇန၀ိဇ္စာ ပညာရှိခြင်း၊ အဇနအ၀ိဇ္စာ ပညာမရှိခြင်း၊ မွေးဖွာခြင်း၊ သေဆုံးခြင်း နှင့် မမြင်ရသော
လောက အာကသ၀န်းကျင် စသည့်တို့ကို ကိုယ်စားပြုပါသည်။ အဿဝနီနက္ခတ်သည် တမဂုဏ် လွှမ်း
မိုးသောကြောင့် အဆိုးဒုစရိုက် တို့အား သုခပေးမည့် အကောင်းသုစရိုက် သို့ ဦးလှည့်အောင်သွေးဆောင်
ရာ၌ အရာရောက်သည်။ ထို့ကြောင့် ကယ်တင်ခြင်း၊ လှပနုပျိုခြင်း၊ သွက်လက်ခြင်း စသည်တို့ကို ဖန်တီး
ပြုပြင်ပေးသည်။
အတွေးအကြံများအားဖြင့်
နှာခါင်းလမ်းကြောင်း၊ အနံ့အသက်၊ အသက်ရူခြင်း၊ ၀င်လေထွက်လေ၊
မပီမပသ၊ စကားထစ်ခြင်း၊ မြင်းစီးသူရဲ၊ သယ်ယူပို့ဆောင်မှု၊ သွက်သက်မြန်ဆန်မှု၊ ပြီးမြောက်အောင်
မြင်ခြင်း၊ ကူညီထောက်ပံ့ခြင်း၊ သမားတော်၊ ကံဆိုးဒုစရိုက်ကိုရှောင်ရှားခြင်း စသည်တို့ကို စွမ်းဆောင်
ပါသည်။
ကိုယ်ခန္ဒွာအစိတ်အပိုင်းတို့တွင် ဒူး၊ ဒူးခေါင်း၊ ဒူးဆစ်၊ ပဆစ်များဖြစ်သည်။

ပရိယာယ်နှင့်အတွေးအကြံများကို ပေါင်းစပ်သော်-
အဿဝနီ နက္ခနှင့် မွေးဖွား/ စန်းယှဉ် လာသူသည် ရုပ်ကောင်း၏၊ အရှိန်အ၀ါကြီး၏၊ကျွမ်းကျင်လိမ္မာ၏၊
ဓနရှင်ဖြစ်၏။ လူချစ်လူခင်ပေါများ၏။အနုပညာ၊ ပြဇာတ်၊ ကဇာတ်၊ ရုပ်ရှင်များကိုချစ်မြတ်နိုးလိမ့်မည်။
ဆန်းကျယ်လှပသော အ၀တ်အစား၊ လက်ဝတ်ရတနာများကို နှစ်သက်မြတ်နိုးလိမ့်မည်။ ဆွဲဆောင်မှုရှိသည့်
လှပချောမောလျှက်ချစ်စရာကောင်းသည်။ ဥာဏ်ကောင်းလျှက် ကျွမ်းကျင်လိမ္မာသည်။

မွန်းတည့်နက္ခတ်နှင့် မွေးဖွားလာသူတို့ သဘော၌

အတတ်ပညာသင်သော် တတ်လွယ်၏။ ရန်ခပ်
သိမ်းငြိမ်း၏။ သေစိမ့်သောငှာကြံစည်သော်လည်း
မသေရာ။ မြတ်သောအဆွေခင်ပွန်းကောင်းရရာ၏။
ကူးသန်းရောင်းဝယ်ရေးကိစ နှိုက် လိမာ၏။
မကောင်းသောအမှုပြုလွယ်တတ်၏။ မင်းသြဇာ
အာဏာရှိသူဖြစ်၏။

အဿဝနီ နက္ခတ်၌ ပြုလုပ်အပ်သော ကိစ္စရပ်များမှာ-
အ၀တ်အထည်၊ စလွယ်ကြိုး၊ ဆံပင်ရိတ်ခြင်း၊ ညှပ်ခြင်း၊ ၀တ်စားတန်ဆာ၊
ရုပ်ထု၊ဆင်းထု၊ ဘုရားကျောင်းတည်ခြင်း၊ အတတ်ပညာသင်ယူခြင်းတို့ကို ပြုလုပ်အပ်ပါသည်။