မိမိ ဘာနက္ခတ်နဲ့ စန်းယှဉ်မွေးဖွားသလဲဆိုတာလေးကို သိနိုင်တဲ့ နည်းလေးပါ..။ စန်းယှဉ် နက္ခတ်ရှာနည်းက ဗေဒင်ပညာကို လေ့လာလိုက်စားသူကလွဲရင် လူတော်တော်များများနဲ့ စိမ်းနေတယ်ဗျ..။ ဒါကလည်း မသိလို့မဖြစ်ပြန်ဘူး..။ ဒါမှ ဇာတာစစ်တာလေးမှာ တော်တော်လေးအရေးပါတာကိုး.။
နက္ခတ်တွက်ယူနည်းက မြန်မာရက်၊လ တွေနဲ့ပဲအကျုံးဝင်တော့ မြန်မာ မွေးလ၊ မွေးရက်လေးကို
သေချာအောင်စိစစ်လိုက်ပေါ့နော်..။ ကဲ.. တွက်နည်းလေးက ဒီလိုပါဘဲ..။
ကဆုန်လကစ မွေးလကိုချန်ပြီး ပြီး၊ (၂)နဲ့မြောက်၊ရလဒ်ကို တီထိရက်နဲ့ပေါင်း၊ အဲ့ဒီရလာဒ်ကို နက္ခတ်က (၂၇)လုံးရှိတော့ (၂၇)နဲ့ ချေ(စား) အကြွင်း
( မိဿ၊ ပြိဿ၊ မေထုန် ) ရာသီတို့မှာ (၁) နုတ်.။
(တူ၊ ဗြိစ္ဆာ၊ ဓနု) ရာသီတို့မှာ (၁) ပေါင်းထည့်။
(မကာရ၊ ကုံ၊ မိန်) ရာသီတို့မှာ (၂) ပေါင်းထည့်ပါ။
(ကရကဋ်၊ သိဟ်၊ ကံ) ရာတို့မှာ နှောစရာ၊ နုတ်စရာမလိုပဲ ယင်းအတိုင်းပါဘဲ။ ဥပမာ (၁) ဆိုပါစို့..။ ၀ါဝါဆိုလပြည့်နေ့ဟာ ဘယ်နက္ခတ်နဲ့ စန်းယှဉ်သလဲ တွက်ကြည့်မယ်ဆိုရင်
ကဆုန်လကို ချန်ပြီးတော့ ရေသွားလိုက်ပေါ့နော်.။ ကဆုန်၊ နယုန်၊ ဆိုတော့ (၂လ) ၂ ဂဏန်း ရတယ်။ (၂)နဲ့မြောက်တော့ (၄) ရတာပေါ့။ အဲ့ဒီ (၄)ကို တီထိရက် လပြည့်ရက်(လဆန်း ၁၅-ရက်) ၁၅ နဲ့ပေါင်းတော့ (၁၉) ရတယ်မဟုတ်လား။ နက္ခတ်လုံးရေ (၂၇)နဲ့ ချေတော့ (စားခြင်း) ၁၉ ပဲရလေနော်။ အဲ့ဒီ (၁၉) ဂဏန်းဟာ နက္ခတ်လုံးရေပေါ.။ ၁၉ လုံးမြောက်နက္ခတ်ဟာ မူလ နက္ခတ်။ ဒါဆို ၀ါခေါင်လပြည့်နေ့မှာ မူလ နက္ခတ် စန်းယှဉ်တယ်လို့မှတ်ပေါ့..။
ဒါဆိုရင် (၁၉) လုံးမြောက် မူလ နက္ခတ်နဲ့ စန်းယှဉ်ပြီဆိုတော့ စန်းယှဉ်နက္ခတ် အဟောကို ၀င်ပြီး ဇာတာစစ်ကြည့်လိုက်ဦးပေါ့..။
၁- မှ ၂၇ အထိ အစဉ်အတိုင်း နက္ခတ်(၂၇) လုံး
(၁) အဿဝနီ
(၂) ဘရဏီ
(၃) ကြတ္တိကာ
(၄) ရောဟဏီ
(၅) မိဂသီ
(၆) အဒြရ
(၇) ပုဏ္ဏဖုသျှု
(၈) ဖုသျှ
(၉) အသလိဿ
(၁၀) မာဃ
(၁၁) ပြုပ္ပါဘရဂုဏ္ဏီ
(၁၂) ဥတ္တရာဘရဂုဏ္ဏီ
(၁၃) ဟသဒ
(၁၄) စိတြ
(၁၅) သွာဒိ
(၁၆) ၀ိသာခါ
(၁၇) အနုရာဓ
(၁၈) ဇေဋ္ဌ
(၁၉) မူလ
(၂၀) ပြုပ္ပါသဠ်
(၂၁) ဥတ္တရာသဠ်
(၂၂) သရ၀ဏ်
(၂၃) ဓနသိဒ္ဓ
(၂၄) သတ္တဘိသျှ
(၂၅) ပြုပ္ပဘရပိုက်
(၂၆) ဥတ္တဘရပိုက်
(၂၇) ရေ၀တီ
ဤနက္ခတ်တို့သည် အဿဝနီ အစ ရေ၀တီ အဆုံး (၂၇) လုံးရှိကြပါသည်။
နက္ခတ် (၂၇) လုံး၏ ပရိယာယ်နှင့် အတွေးအကြံများ၊ အဆိုးအကောင်းများ၊ ၁၂ ရာသီ တို့တွင် ကာရက ပြုပုံနှင့် အဟော များကို ထပ်ဆင့် ရေးသားပါအုံးမည်။