Tuesday, June 11, 2013

ဝ - ကြွင်း မဟာဘုတ်

ဝ - ကြွင်းသမား အားလုံးတို့သည် မရဏအိမ်ဌာနတွင်  ၃ ဂဏန်း  စိတ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက် နှင့်ဆိုင်သော အင်္ဂါဂြိုဟ် တည်ရှိနေမှုကြောင့်
စိတ်အပြောင်းအလဲ မြန်ဆန်ခြင်း။
သနားလွယ်သလောက် ရက်စက်မှု ပြုလွယ်ခြင်း။
စိတ်ဆောင်ရာသို့ လျှင်မြန်စွာ ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း။

ရုံးပြင်ကနား အမှုအခင်းတစ်ခုခု တိုက်ဆိုင်တွေ့လွယ်ခြင်း။
အမျိုးသမီးများ ရည်းစားဦး ပြိုကွဲခြင်း၊ အိမ်ထောင် တစ်ဆက်နှင့် မမြဲခြင်း၊ မလွတ်လပ်သူများ၊ သက်ကြီးရွယ်အိုများနှင့် အိမ်ထောင်ကျလွယ်ခြင်း။
မင်းအစိုးရ၊ အထက်လူကြီးများ၊ လူကုံထံများ၏ အကူအညီ ရလွယ်ခြင်း၊ ၄င်းတို့ထံမှ အကျိုးခံစားရလွယ်တတ်ခြင်း။
အခက်အခဲတစ်ခုကို ကြိုတင်သိမြင်နိုင်သော စိတ်စွမ်းအင်များရရှိစေတတ်ခြင်း။
နှုတ်ထွက်စကားများ အံ့ဖွယ်ရာ သွားရောက်တိုက်ဆိုင်ကြုံတွေ့လွယ်မှုတို့ဖြစ်ခြင်း။
အကြားအမြင်၊ ဗေဒင်ဆရာများ၊ ဘာသာရေးသမားများဖြစ်လွယ်ခြင်း။
စီးပွားရေး ချွတ်ယွင်းကြပ်တည်းချိန်၌ တည်ငြိမ်မှုမရှိခြင်း။
အပြောင်းအလဲများခြင်း၊ အပြောတစ်မျိုးအလုပ်တစ်မျိုး လုပ်နေသူများဟု အထင်အမြင်ခံရတတ်ခြင်း။
ဘ၀တွင် သန္တာကျောက်နှင့် အစိမ်းရောင်များကို အသုံးပြုပါက ကံတရားညှိုးမှိုင်တခြင်း။
ဘ၀တွင် စိန်နှင့်ရောနှောသော ရောင်စုံများ၊ အဖြူရောင်များကို အသုံးပြုသဖြင့် ကံဇာတာပိုမိုတောက်ပြောင် အောင်မြင်လာခြင်း။
ကျန်းမာရေးတွင်
နှလုံးရောဂါ၊ ဆီးရောဂါ၊ မျက်စိရောဂါ၊ ဇက်ကြောတက်သောရောဂါများ၊ စိတ္တဇဆန်သောရောဂါများ ဖြစ်ပေါ်စေတတ်ခြင်း။
ဝ - ကြွင်းဖွား သူအားလုံးတို့သည်မိမိတို့၏စိတ်ကို တည်ငြိမ်အေးဆေးစွာထားပြီး လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုပိုမိုရလွယ်လာခြင်း။
                                             ---------------------------------
                                              မဟာဘုတ် (၇) ဌာန အကျဉ်း ပြီး
                                                 ---------------------------------

ယခုဟောပြောချက်များသည် လူသားအားလုံးအတွက် သဝေမတိမ်း ဧကန်မှန်မည်ဟု ပုံသေမဟုတ်ပါ။
ဗေဒင်ပညာလက်ကိုင်သူသည်ဇာတာစစ်သူတို့အပေါ်တွင် လောကဓမ္မနှင့်ယှဉ်လျှက် ရှောင်သင့်သည်
ကိုရှောင်လျှက်  ဆောင်သင့်သည်ကိုဆောင်ရန် အသိပေးသောသူမျှသောက် သာ သဘောထားပါ။ သို့အတွက်ကား မိတ်ဆွေများ သံသယမရှိပါလင့်။ မည်မျှ မှန်၏ မမှန်၏ ကိုကား ဖတ်ရသူအနေနှင့် ဆုံးဖြတ်
ဝေဖန်ပြီးဖြစ်ပါသည်။
                                                    ---------------------------


 အခြား အဟောစာတမ်းများကိုလည်း အားလပ်ချိန်တိုင်း ရေးသားတင်ပြပေးသွားပါ့မည်။

(လူငယ်ဗေဒင်)