နာမည်မှည့်နည်းနှင့် နာမည်ပေးကင်ပွန်းတပ် ဟူသောအကြောင်းအရာပေါ် ထောက်လျှက် ၀ုတ္တောဒယ ဆန်းအရ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
--------------------------------------------------------------------------------------------------------------
ဆန်းကျမ်းတို့သည် အလွန်နက်နဲပါသည်။ ယခုပြသောဆန်းအကျဉ်းမှာ ၀ုတ္တောဒယ ဆန်းကျမ်း အပိုင်းဖြစ်သောကြောင့် (ဆန်း၊ သဒ္ဒါ) လောကုတ္တရာဟူသောပရိယတ္တိ နယ်ပယ်အပိုင်း ကို ရောက်ရှိသွားပြီဖြစ်ရာ လူငယ်ဗေဒင် အနေဖြင့် ဤဆန်းကျမ်းအပိုင်းကိုလိုက်၍ မီသောဥာဏ်စဉ်၊
ဥာဏ်ပညာ အထုံပါရမီ မရှိသေးပါသဖြင့် သိအပ်သောအတိုင်းအတာ တစ်ခုမျှလောက်သာ တင်ပြရခြင်းဖြစ် ပါသည်။ ဆန်းကျမ်းအကျဉ်းဟု ဆိုထားရခြင်းမှာ တခြားကြောင့်မဟုတ်။ ကျွမ်းကျင်သည်ထိ မသိနိုင်သေး၊ မတတ်နိုင်သေး သောကြောင့်ကျွန်တော် ဥာဏ်ဖြင့် လိုက်မှီသလောက် ကိုသာ ရေးသားနိုင်ခြင်းအပေါ် အားရကျေနပ်ခြင်းမရှိလောက်သော်လည်း တတ်သိကျွမ်းကျင်ထားပြီးသော ပါရမီအရင့်ခံ ပုဂ္ဂိုဟ်တို့ အနေဖြင့် နားလည်ခွင့်လွတ်ပေးနိုင်ပါရန် ပထမဦးစွာ ဂါရ၀ထားလျှက်တောင်းပန်အပ်ပါသည် ခင်ဗျာ..။
လူငယ်ဗေဒင်
ဆန်းကျမ်း ဟူသည်မှာ
အက္ခရ ပရိမာနေသု သမ္မောဟံ ဆိန္ဒတိ အနေနာတိဆန္ဒော
ဟုဖွင့်ဆိုထားသဖြင့် အဓိပ္ပါယ်မှာ - အက္ခရာ အတိုင်းအရှည် မတြာ အတိုင်းအရှည်တို့၌ ယုံမှားတွေဝေခြင်းကို ဖြတ်တောက်တတ်၊ဖြတ်တောက်ကြောင်းဖြစ်သောကြောင့် ဆန္ဒ ဆန်းမည်ပါသည်။
ဆန်း၏ သဘောတရားမှာ သက္ကဋ၊ မာဂဓ ဂါထာစီကုံးနည်း၊ ဂါထာစည်းကမ်း၊ ဂါထာအမည်နှင့် ဂါထာ လက္ခဏာတို့ကို ပြခြင်းဖြစ်ပါသည်။ ဂါထာ ဟုဆိုရာ၌ ရွတ်ဆိုအပ် သီဆိုအပ်၊ ရွတ်ဆိုထိုက် သီဆိုထိုက်၊ ရွတ်ဆို၍ကောင်း သီဆို၍ကောင်းသောကြောင့် ဂါထာမည်ပါသည်။
ဆန်းကျမ်း တို့တွင် ပိင်္ဂလဆန်းကျမ်း၊ ၀ုတ္တရတနာကရ ဆန်းကျမ်း၊ ဆန္ဒေမဉ္စူရီ ဆန်းကျမ်း၊ သုတဗောဓ ဆန်းကျမ်း၊၀ုတ္တောဒယဆန်းကျမ်း စသည်ဖြင့် သက္ကဋ ၊ ပါကဋ မာဂဓ ဆန်းကျမ်းတို့ ရှိကြပါသည်။
လောကီဆန်းကျမ်းအားဖြင့် ဝေဒိကဆန်း၊ မတ္တာဆန်း၊ ၀ဏ္ဏဆန်း၊ ဂဏ ဆန်း ဟူ၍ ရှိကြပါသည်။
နာမည်မှည့်နည်းနှင့် နာမည်ပေးကင်ပွန်းတပ် ဟူသော အကြောင်းအရာပေါ် ရေးသားသည်မှာ ၀ုတ္တောဒယ ဆန်းအရ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
လူငယ်ဗေဒင်
ဆန်း (၈) ဂိုဏ်း အသီးသီးအမည်ရပုံ အကြောင်းအရင်း
၁။ ရှည်လျှား လေးပင်သောအသံဖြင့် ရွတ်ဖတ် သီဆိုအပ်သောကြောင့် (၀ါ)
ရှည်လျှားလေးပင်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် (၀ါ)
စိတ်ကိုဆွဲဆောင်တတ်သောကြောင့် မ ဂိုဏ်းမည်ပါသည်။
၂။ တိုတောင်းပေါ့ပါးသော အသံဖြင့် ရွတ်ဖတ်သီဆိုအပ်သောကြောင့် (၀ါ)
တိုတောင်းပေါ့ပါးသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် န ဂိုဏ်းမည်၏။
၃။ အစ၌ တိုတောင်းပေါ့လျော့သောအသံကို ဖြတ်တောက်ဖျက်ဆီးတတ်သောကြောင့် ဘ ဂိုဏ်းမည်၏။
၎။ အစ၌ တိုတောင်းပေါ့လျော့သောအသံသို့ ရောက်တတ် ဖြစ်တတ်သောကြောင့် ယ ဂိုဏ်းမည်၏။
၅။ အလယ်၌ ရှည်လျှားလေးပင်သောအသံဖြင့် ဖြစ်တတ်သောကြောင့် ဇ ဂိုဏ်းမည်၏။
၆။ အဆုံး၌ ရှည်လျှားလေးပင်သော အသံဖြင့် ဖြစ်တတ်သောကြောင့် ယ ဂိုဏ်းမည်၏။
၇။ အလယ်၌ ပေါ့လျော့သောအသံဖြင့် ဖြစ်တတ်သောကြောင့် (၀ါ)
အလယ်၌ ပေါ့လျော့သောအသံဖြင့် ဖြစ်တတ်သောကြောင့် (၀ါ)
အလယ်၌ ပေါ့လျော့သော အသံဖြင့်ရွတ်ဆိုအပ်သောကြောင့် ရ ဂိုဏ်းမည်၏။
၈။ အဆုံး၌ ပေါ့လျော့သောအသံဖြင် ဖြစ်တတ်သောကြောင့် (၀ါ)
အဆုံး၌ ပေါ့လျော့သော အသံဖြင့် ရွတ်ဆိုအပ်သောကြောင့် တ ဂိုဏ်းမည်၏။
ကျွန်တော်လည်း အနည်းအကျဉ်းနားလည်သလောက်ပဲ ဆန်းဂိုဏ်းဖွဲ့နည်းလေးကို ရှင်းပြမယ်ဗျာ..။
အဓိကအားဖြင့် အသံမြင့် အသံနိမ့် အသံလတ် ( လေး ပေါ့ လယ်) ၃ မျိုးရှိပါတယ်။ အဲဒီ အသံ (၃) မျိုးကို မူပြီး
အက္ခရာ (၃) လုံးနဲ့ ဆန်းဂိုဏ်းဖွဲ့ဖို့ပါ။
မာဂဓ ဘာသာ အနေနဲ့ အက္ခရာ (၃) လုံးရှိရင် တစ်ဂိုဏ်းဖွဲ့။ အက္ခရာ တစ်လုံးတည်းဖြစ်တယ်ဆိုရင် ထိုအလုံးအတိုင်းနောက်ထပ်နှစ်လုံးတိုးပြီး (၃) လုံး တစ်ဂိုဏ်းဖွဲ့ပါတယ်။ အက္ခရာ နှစ်လုံးဖြစ်ရင်တော့ အဆုံးအက္ခရာအတိုင်း နောက်ထပ် တစ်လုံးတိုးပြီး တစ်ဂိုဏ်းဖွဲ့ဖို့ပါ။ အက္ခရာ (၄) လုံးဖြစ်ပြီနေတယ် ဆိုပါစို့။ အဆုံးအက္ခရာကို ပယ်ပြီး ရှေ့(၃)လုံးကို တစ်ဂိုဏ်းဖွဲ့ပါတယ်။ အက္ခရာ (၅) လုံးဖြစ်ရင် အစနဲ့အဆုံးအလုံးကိုပယ်ပြီး အလယ်သုံးလုံးကို တစ်ဂိုဏ်းဖွဲဖို့ပါ။
(၆)လုံးဖြစ်လျှင် (၃)လုံးစီခွဲပြီး နှစ်ဂိုဏ်းဖွဲ့ပါတယ်။ (၇) လုံးဆိုရင် အဆုံးအက္ခရာကိုပယ်ပြီး ကျန်(၆)လုံးကို
(၃) လုံးစီ နှစ်ဂိုဏ်းဖွဲ့ပါတယ်။ (၈) လုံးဆိုရင် အစ အဆုံး နှစ်လုံးကို ပယ်ပြီး (၆) လုံးကို နှစ်ဂိုဏ်းဖွဲ့ပါတယ်။
(၉)လုံးဆိုရင် (၃)လုံးစီခွဲပြီး (၃) ဂိုဏ်းဖွဲ့ပါတယ်။
ဥပမာအနေနဲ့ ဖွဲ့ကြည်ရအောင်နော်...
ဘုရားဂုဏ်တော်ကိုးပါး ဆိုပါတော့ဗျာ ။ အဲ့ဒီမှာ...
ဂေါ ဆိုရင် ဂေါ ဂေါ လို့ နောက်ထပ်နှစ်လုံး ထပ်တိုးယူတယ်။ အဲ့ဒီတော့ ဂေါ ဂေါ ဂေါ ကို တစ်ဂိုဏ်းဖွဲ့တယ်။
ဗုဒ္ဓေါ ဆိုရင် ဗုဒ္ဓေါ ဒ္ဓေါ လို့ နောက်ထပ်တစ်လုံးတိုးယူတယ်။ အဲ့ဒီတော့ ဗုဒ္ဓေါ ဒ္ဓေါ ကို တစ်ဂိုဏ်းဖွဲ့တယ်။
ဘဂ၀ါ ဆိုတော့ တစ်ဂိုဏ်းဖွဲ့တယ်။
ဣတိပိသော (ဣတိပိသော ဆိုသည်မှာ ဂုဏ်ပုဒ်မဟုတ် ၊ ညွှန်းဆိုမှုပါ ) ဆိုရင် အဆုံးအလုံးကိုပယ်ပြီး
ရှေ့သုံးလုံးကိုယူပါတယ်။ အဲ့ဒီတော့ ဣတိပိ ကို တစ်ဂိုဏ်းဖွဲ့တယ်။
သမ္မာသမ္ဗုဒ္ဓေါ (၅)လုံး၊ အစ နဲ့ အဆုံးကို ဖြုတ်တော့ မာသမ်ဗုဒ် အဲ့ဒီ (၃) လုံးကို တစ်ဂိုဏ်းဖွဲ့တယ်။
သုဂတောလောက၀ိဒူ (၇) လုံး ဆိုရင် သုဂတော လောက၀ိ နှစ်ဂိုဏ်းဖွဲ့တယ်။
ဝိဇ္ဇာစရဏသမ္ပန္နော (၈) လုံးဆိုရင် ဇ္ဇာစရဏသမ်ပန် နှစ်ဂိုဏ်းဖွဲ့တယ်။
ဒီဖွဲ့နည်းကို ကျွန်တော့်အနေနဲ့ ဗဟုသုတ အနေနဲ့လောက်ပဲ မှတ်နိုင်ပါတယ်။ ဂါထာကို ဆန်းဂိုဏ်းဖွဲ့ရတာ နက်နက်လွန်းပါတယ်။ ဒီနည်းကို ဆရာတော်တွေ၊ ဘုန်းတော်ကြီးတွေပဲ ကျွမ်းတာဗျ..။ ဆန်း နှင့် သဒ္ဒါကို ကျွမ်းချင်ရင်တော့ ရွာဦးကျောင်းက ဆရာတော်ဆီကိုသာပြေးကပ်တော့.။ ကျွန်တော်လည်း ဆရာတော်ဆီကို နည်းနည်းလေး ပြေးကပ်ဖူးလို့ မုံညှင်းစေ့ ပမာဏလောက်ဖြစ်တာ။ ဂါထာမှာက ကဗျာရယ်၊ စကားပြေ ရယ်လို့ နှစ်ပိုင်းရှိပါတယ်။အခု ဒီဖွဲ့နည်းတွေက ၀ဏ္ဏ၀ုတ္တိ လို့ခေါ်ပါတယ်။
ထပ်ဆင့်ကြိုးစားလျှက် ဆက်လက်ဖော်ပြပေးပါဦးမည်။
လူငယ်ဗေဒင်