Showing posts with label ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ. Show all posts
Showing posts with label ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ. Show all posts

Thursday, July 11, 2013

သားယောက်ျား၊ သမီးမိန်းမ ရရန် အမှတ်နိမိတ်

(အနက်တို့ကို မပြဆိုတော့ပါ၊ အဓိပ္ပါယ်အားဖြင့်သာဖော်ပြပါမည်)

သားယောက်ျားကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း အလုံးကလေးလိုလိုတွေ့ခြင်း၊
လက်ျာဘက်မျက်စိကြီးခြင်း၊
လက်ျာသားမြတ်ဖျား၌ နို့ရည်ထွက်ခြင်း၊
လက်ျာပေါင် ကြီးထွားလာခြင်း၊

ကိုယ်ဝန်တည်သော မိခင်လောင်းတို့ မပြုကျင့်အပ်သည်များကို ပြခြင်း

(၁) ၀မ်းတွင်း၌ သားရှိသော အမိသည် အပင်ပန်းခံခြင်းအားလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊

ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ကြဉ်အပ်သော အကြောင်းတရား (၁၄)ပါး


အကြင်မိခင်လောင်းတို့သည် မိမိ၌ ပဋိသဒ္ဓေကိုယ်ဝန်ရှိပြီဟု မှတ်ထင်သိအပ်သောကာလ
ရှောင်ကြဉ်သင့်သောအရာများကို ဘာဝပ္ပကာသ ဆေးကျမ်းအလိုအရ ဖော်ပြအပ်ပါသည်။

(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကိုလည်းကောင်း၊
(၂) လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းကိုလည်းကောင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းလျှက် နှိပ်နယ်ခြင်းကိုလည်းကောင်း၊