Saturday, June 15, 2013

ပဒုမိနီ

ဣတ္ထိယ ဟူသော မိန်းမတို့တွင်-
(၁) ပဒုမိနီ
(၂) စိတြနီ (စိတ္တရနီ)
(၃) သင်္ခရနီ
(၄) ဟတ္ထိနီ ဟူ၍ အမျိုးလေးပါးရှိလေသည်။


ပဒုမိနီ မိန်းမမျိုး

ပဒုမိနီ မိန်းမမျိုးသည် မိန်းမတို့၏အမျိုး(၄) ပါး၌ အမြတ်ဆုံးဖြစ်၏။
အကြင်မိန်းမတို့သည် လစဉ်မပြတ် ရတုဟူသော ပန်းသည် ပေါ်ပေါက်လာရာသည် ဟု ဆိုသော်လည်း

ထိုမိန်းမျိုးတို့သည် အမျိုး(၄)ပါးကိုလိုက်လျှက် မိမိတို့၏ ပွင့်သောရက်ရောက်လျှင် ပန်းဟူသည်ပွင့်ရခြင်း၊
ရပ်စဲသောရက်ကိုရောက်လျှင် ရပ်စဲရခြင်း၊ ဤကဲ့သို့သော လစဉ်လတိုင်းဖြစ်ပေါ်ရသည်ကို
“ မာတုဂါမော ဥတုနိ ဟောတိ ” ပါဌ်နှင့်အညီ မိန်းမတို့ သီးသီးသာဖြစ်သော သဘာဝအလျှောက်ဖြစ်ပေါ်ရပါသည်။
ထိုသို့ပွင့်လန်းသောပန်းတို့တွင် ပဒုမိနီ ဟူသော မိန်းမမျိုးတို့သည် “ ပဒုမိနီ အန္ဓမလံ သိယံ ” ဟုဆိုသောကြောင့် လပြည့်ကျော် (၈) ရက်နေ့ကို အစပြုလျှက် လကွယ်နေ့ တိုင်အောင်အတွင်း၌ တစ်နေ့နေ့သောရက်တွင် ဥတုပန်းသည် ပွင့်လေသည်။ “ ပဒုမိနီ မဓုဿပါန ”  အဆိုအရ သုက္ကံ ဟူသော သုက်ရည် တို့သည်ကား ပျားရည်အဆင်းရှိကုန်၏။  အနံကား ကြာညိုပန်း အနံ့ ကဲ့သို့ ရှိ၏။  အရသာသည် ချို၏။ အသားအရည်အားဖြင့် ဖြူ၏ ၊ ၀င်းပ စိုပြေ၏။ သွားလာခြင်းတို့သည် စက္က၀က်ငှက် တို့၏သွားလာခြင်းမျိုး (သို့မဟုတ်) ခြင်္သေ့မင်း၏ သွားလာခြင်းမျိုးတည်း။ ပဒုမိနီ မိန်းမျိုးတို့သည် ကြည့်ခြင်း၌ ဆင်ကဲ့သို့ကြည့်ရှုတတ်၏ ။ (ဝေ့၀ိုက်ကြည့်ခြင်းမျိုးကို ဆိုလိုပါသည်)။
ကောင်းစွာမြဲသော၊ ပြည့်တင်းသော ပါးပြင်ရှိ၏၊ ထိုပါးပြင်သည်လည်း လဆန်း(၁၀)ရက်နေ့တွင်ပွင့်
သောကြာကဲ့သို့လည်းကောင်းတင့်တယ်၏၊။မိန်းမတို့ ကြင်အင်လက္ခဏာနှင့် တင့်တယ်၏၊ 
ရွှေဖျင်းအိုးပမာ မတိုမရှည် ပြည့်ဖြိုးမောက်တက်သော သားမြတ်အစုံလည်းရှိ၏၊
ထိုသားမြတ်အစုံသည် ပြေလည်းပြေပြစ်၏၊ နှစ်သက်ဖွယ် တင်းမာသော သားမြတ်အစုံလည်းဖြစ်၏။
အင်္ဂါဇာတ်ကား ကြာရွက်သဏ္ဍာန်ရှိ၏။ ဆင်ဦးကင်းကဲ့သို့ ရှိမူကား ဥတ္တမ(အမြတ်) သာတည်း။ ပဒုမိနီမိန်းမျိုးတို့၏ အင်္ဂါဇာတ်အစောက်ကား လက် (၆) သစ် ရှိ၏။ အ၀န်းကား တစ်ဆယ့်နှစ်သစ်ရှိကုန်၏။
တစ်ညည့်လျှင် ငါးကြိမ်သာ အလိုရှိကုန်၏။ ပဒုမိနီမိန်းမမျိုး၏လည်၌ ခရုသင်းကဲ့သို့ အရေးရှိ၍ ပြေပြစ်သောအဆင်းရှိ၏။ ကရ၀ိတ်ငှက်ကဲ့သို့ အသံသာယာ၏။ ပြေပြစ်ချောမောသော စကားကိုသာ ဆိုတတ်၏။ အဆန်းတကြယ်စီစဉ်တတ်၏။ လင်၏ ကျင့်ဝတ်၊ အသရေကို ဆောင်ပေးတတ်၏။ စည်းစိမ်ချမ်းသာ၊ ကျေးဇူးတို့ကို တိုးပွားစေတတ်ပါသည်။


ဆက်လက်ဖော်ပြပါဦးမည်။