Saturday, June 15, 2013

အရွယ်ရောက်စဖြစ်သော မိန်းမတို့၏ကြင်အင်လက္ခဏာ

အကြင် ၁၂၊ ၁၃ နှစ် အရွယ်ရောက်စဖြစ်သော ကုမာရီ ခေါ် မိန်းမငယ်တို့၏ ဟန်ပန်လက္ခဏာကို
အုပ်ထိန်း၊ စောင့်ရှောက်သူတို့သည် သိအပ်ကုန်၏။
အရွယ်ရောက်စ အကြင်သတို့သမီးငယ်သည် ရှေးကပြုလာခဲ့သော ငယ်မှုငယ်ရာများကိုစွန့်လျှက်
အပျိုတို့၏အမူအရာဖြစ်သော မိမိကိုယ်ကိုယ်ဝတ်ဆင်ဖြီးလိမ်း၍ အ၀တ်တန်ဆာ ဆင်မြန်းပြီးလျှင်
အနေအထိုင်အသွားအလာ ပြုပြင်သည်များခြင်း၊ မိန်းမတို့၏ ရှက်ကြောက်ခြင်းနှင့်စပ်သော
ဣနြေ္ဒ ကိုယ်အမူအရာများကို ပြုလုပ်ခြင်း၊ မိန်းမတို့၏ ရုပ်ရည်ရူပကာယ အဆင်းသည်
လှပတင့်တယ်လာခြင်း၊ ကိလေသာနှင့်စပ်သော စကား၊ တေးချင်းများကို သီဆိုလေ့ရှိခြင်း၊ ကြီးသင့်နေရာဌာန သားမြတ်အစုံ၊ တင်ပါး၊ပေါင်သားတို့သည် တစ်နေ့တခြား တဖြေးဖြေး ပြည့်တင်းလာခြင်း၊ မိန်းမတို့၏ ကိုယ်အင်္ဂါသည်ကျယ်ဝန်း၍လာခြင်း၊ တိမ်သောနေရာများသည်လည်း ပြည့်ဖြိုးလာခြင်းဖြစ်၍ နက်သောနေရောများသည်လည်းနက်၍လာခြင်း၊ သားအိမ်ထွားကြိုင်းဖွံ့ ဖြိုးလာခြင်း၊ ဤ သို့သောလက္ခဏာများပေါ်ပေါက်လာသည်ရှိသော်မိဘဖြစ်သော အုပ်ထိန်းသူတို့သည် ငါတို့၏ သမီးသည်ကား ငယ်မှုပျောက်၍ လှပတင့်တယ်လာသကဲ့သို့ငယ်ရွယ်သောအဖြစ်မှ ကုမာရီအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်လာပြီတကား ဟု နှလုံးထားလျှက် သင့်လျှော်
လျောက်ပတ်သောစကားတို့ကိုသာပြောဆိုခြင်း၊ မသင့်လျှော် မလျှောက်ပတ်သော စကားတို့ကို
မပြောဆိုအပ်ခြင်း၊ ဆက်ဆံသင့်သောသူနှင့်သာ ပေါင်းသင်းဆက်ဆံသွားလာစေခြင်း၊ သားသမီးဟု ဆိုပင်ငြားလည်းငယ်ရွယ်စဉ်ကကဲ့သို့ ရှက်ကြောက်ဖွယ်နှင့်စပ်သော၊ အလွန်စိတ်ဆိုးဖွယ်နှင့်စပ်သော စကားများကိုမပြောဆိုအပ်ပဲရှောင်ကြဉ်သင့်ပါသည်။ အကြင်အားဖြင့် မိမိကိုယ်ကိုယ်ကြံစည်တတ်ခြင်း၊ ဒေါမနဿဖြစ်သောကြောင့် နှလုံးမသာ
မယာဖြစ်၍ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ ကိုယ်၌ရောဂါစွဲကပ်ခြင်း၊ စသည့်ဆိုးကျိုးတို့ဖြစ်ပေါ်စေ တတ်သောကြောင့်ဖြစ်ပါသည်။