မာဃ နက္ခတ် စန်းယှဉ်အဟောနှင့် အတွေးအကြံ
(၁၀) မာဃနက္ခတ် ( a leonis Regulus)
မာဃနက္ခတ်သည် (၃)လုံးဇာတ်တွင် ဆင်းရဲသားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည် နက္ခတ်ဖြစ်သည်။ အရပ်အားဖြင့် တောင်အရပ်ကိုပိုင်စား၍ ကိတ်ဂြိုဟ်အုပ်စိုးသည်။ မာဃနက္ခတ်သည် ထို့ကြောင့် ကိတ်ဂြိုဟ်၏ စရိုက်သဘာဝနှင့် သိဟ်ရာသီတွင် ပါဒ်ပြည့်ရပ်တည်သောကြောင့် သိဟ်ရာသီအိမ်ရှင်ဂြိုဟ် တနင်္ဂနွေဂြိုဟ်တို့၏ သဘောဘာဝများ ပါဝင်ပါသည်။ မာဃနက္ခတ်၏
အရှင်ဒေ၀တာမှာ အိန္ဒြ ဖြစ်သည်။ အဓိပ္ပါယ်အားဖြင့် သကြားနတ်ဖြစ်ပါသည်။ မာဃ၏ အဓိပ္ပါယ်မှာ ခွန်အားကြီးခြင်းဟု အဓိပ္ပါယ်ရသည်။ မာဃနက္ခတ်သည် ကိုယ်ကျိုးမဖက်၊ အများသူငှာအတွက် ကောင်းကျိုးများကိုထမ်းရွက်တတ်သည့်၏သုဘကမ္မအဖြစ်ရပ်တည်လျှက် ကျက်သရေနှင့်တင့်တယ်သည်။ တေဇောဓါတ် သို့မဟုတ် အပူမီး၏စွမ်းအားသည်
သတ္တ၀ါတို့၏ ဆန္ဒနှင့်လောဘတို့ကို ကိုယ်စားပြုသည်။ စိတ်တွင်ဖြစ်ပွားသည့် အမှုကိစ္စတို့ကို အရင်းအမြစ်တည်စေပါသည်။အထုံပါရမီ၊ တနည်းအားဖြင့် ၀ါသနာ ဘာဂီ တို့ကိုမှီသည်။ မာဃနက္ခတ်သည် တနင်္ဂနွေပိုင်သော ရာသီခွင်တွင် တည်နေသောကြောင့်ကျက်သရေနှင့်တင့်တယ်၏။ ၄င်းနက္ခတ်နှင့်ယှဉ်ပြီးမွေးဖွားလာသူတို့၌ ၄င်းတို့၏ ဘိုးဘွားဘီဘင်များ၌ရှိသော အရည်အသွေးများကို
တစ်ပါတည်းသယ်ဆောင်လာတတ်ကြသည်။
အတွေးအကြံအားဖြင့်
အလင်းရောင်တောက်ပခြင်း၊ ပြိုးပြိုးပျက်ပျက်ရှိသော ခမ်းနားသိုက်မြိုက်ခြင်း၊ မြင့်မားခြင်း၊ အရေးကြီးခြင်း၊
အထိကရဖြစ်ခြင်း၊ ပုဂ္ဂိုလ်ထူးမြတ်ခြင်း၊ အကြီးအကဲ၊ ဘုရင်မင်းမြတ်၊ စိုးပိုင်ခွင့်အာဏာ၊ အရေးကြီးကိစ္စ၊
ကြီးကျယ်သောလုပ်ရပ်၊ အားအင်ကောင်းခြင်း၊ တန်ခိုးထွားခြင်း၊ ဖောသီသော၊ ဘ၀င်မြင့်သော၊ နှစ်ထောင်းအားရဖြစ်စေခြင်း၊ချီးမြှောက်ခြင်း၊ လှုံ့ဆော်သည့်စိတ်ဓါတ်၊ ကြည်ညိုရန်၊ ဂုဏ်ကျက်သရေဆောင်ရန်၊ ပေးကမ်းစွန့်ကြဲခြင်း၊သဘောတူခွင့်ပြုခြင်း၊သိုလှောင်စု ဆောင်းရန်၊
ပေးသနားရန်၊ လက်ဆောင်၊ ဆု၊ လှူဒါန်းခြင်း၊ သဒ္ဒါ စေတနာ ကြည်ဖြူမှု၊ ဘိုးဘွားဘီဘင် ၊
ကောင်းကျိုးဆောင်ရွက်သော မျိုးရိုးစဉ်ဆက် စသည်တို့ကို ဖြစ်ပေါ်စေပါသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းတွင် နှာခေါင်းဖြစ်ပါသည်။
မာဃနက္ခတ်နှင့်စန်းယှဉ်မွေးဖွားလာသူတို့သည်
အလွန်တရာ စိတ်အားထက်သန်မည်။
နတ်ဒေ၀ါများနှင့် အသက်ကြီးသူများကို ရိုသေလေးစားမည်။ ကာမဂုဏ်
စည်းစိမ်ကို အသေအချာ ကျကျနန ပြည့်ဝစွာခံစားလိမ့်မည်။
အခြွေအရံများလျှက် ၀ိုင်းဝိုင်းလည်နေမည်။ စည်းစိမ်ဥစာအမြောက်
အများပိုင်ဆိုင်မည်။
မွန်းတည့်နကတ် ဖွားသူအဟော
မာဃနက္ခတ်၌ ဖွားမြင်သောသူသည် လက်အောက်
ငယ်သားများ၏။ ဓနရှင်တစ်ဦးဖြစ်၏။ အသုံးအဆောင်ပြည့်စုံ
၏။ မိဘနှစ်ပါးကို လုပ်ကျွေးတတ်ခြင်း၊ လုံးလစွမ်းပကားကြီး၏။
မင်းထံခစား မင်းပါးထွက်ဝင် မင်းချစ်ခင်၏။
မာဃနက္ခတ်၌ ပြုလုပ်အပ်သောကိစ္စရပ်များမှာ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်း၊ လူသုံးကုန်ပစ္စည်းများကို သိုလှောင်ခြင်း၊ လက်ထပ်ခြင်း၊ အနုပညာနှင့်စပ်သောအရာများကို ပြုလုပ်ခြင်းတို့နှင့်သင့်လျှော်ပါသည်။