မြန်မာသက္ကရာဇ် ၁၃၀၀ မှ ၁၃၉၉ ခုနှစ်အတွင်း သက္ကရာဇ်တွင် ထောင်ဂဏန်း၊ ရာဂဏန်းကိုပယ်။
(၅) ဂဏန်းနှင့် ပေါင်းပြီး (၇) စားပါ။ အကြွင်းကို ငယ်စဉ်ကြီးလိုက် ဌာနခွင်အတိုင်းလှည့်ရာတွင်
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်ဖြင့် ချယူသွားပါ။
ဥပမာ။ ကောဇာသက္ကရာဇ် ၁၃၄၅ ခု၊ ကြာသပတေးသား
ထောင်၊ ရာ ဂဏန်းတို့ကို ပယ်ကာ
၄၅ + ၅ = ၅၀ ၊ ၇ --ံ့ ၅၀ = ၁ ကြွင်းမည်ဖြစ်သည်။
ဤ သို့ဆိုလျှင်( ၁) အကြွင်းကို ပုတိမှစ၍လှည့်ပါမည်။ (အောင် လံ ထူ စစ် သူ ကြီး ဘွဲ့ ) ဘာ ညာတွေ ရွတ်မနေတော့ပါ။
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်အတိုင်းသာ အကြွင်းဂဏန်းကို ငယ်စဉ်ကြီးလိုက် ရေတွက်၍ချသွားပါမည်။
၁- ဘင်္ဂ၊ ၂ - ပုတိ၊ ၃ - သိုက်၊ ၄ - မရဏ၊ ၅ - အဓိပတိ၊ ၆- ရာဇ၊ ၇ (သို့) ၀ - အထွန်း။
၂ ခုကြွင်းခဲ့သော် .....
၂ ဘင်္ဂ၊ ၃- ပုတိ၊ ၄ သိုက်၊ ၅ မရဏ၊ ၆-အဓိပတိ၊ ၀- ရာဇ၊ ၁ အထွန်း။
၃ ခုကြွင်းသော် ........
၃ ဘင်္ဂ၊ ၄- ပုတိ၊ ၅ သိုက်၊ ၆- မရဏ၊ ၀- အဓိပတိ၊ ၁- ရာဇ၊ ၂ အထွန်း။
ဤမျှလောက်ဆို သဘောပေါက်ပြီးသားဖြစ်သည်ဟု မှတ်ယူပါမည်။
ထပ်ဆင့်ခေတ်ကာလ၏ သဘောအရ ခရာဇ်နှစ်ဖြင့် မဟာဘုတ်ချနည်းကိုပါ ဖော်ပြပေးပါမည်။
ခရာဇ်နှစ် ၁၉၀၀ မှ ၁၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာကို ပယ်လျှက် ဆယ်နှင့်ခု မှာ (၉) ထည့်ပေါင်း
(၇) နှင့်စားရပါမည်။ အကြွင်းကို အထက်က နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။
ခရာဇ်နှစ် ၂၀၀၀ မှ ၂၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာ ကိုပယ်လျှက် ဆယ်နှင့်ခုမှာ (၁၁) ပေါင်းပြီး
(၇) ဖြင့်စားရပါမည်။ အကြွင်းကို အထက်မှ နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။
(မှတ်ချက်။ မိမိ မွေးလသည် ဇန်န၀ါရီ (၁) ရက်မှ ဧပြီ (၁၇) ရက်အတွင်းမွေးဖွားပါက (၁) ခုထပ်ပေါင်းထည့်ရပါမည်။)
ဥပမာ- ခရာဇ်နှစ် ၁၉၈၃ - ခု ကြာသပတေး
၈၃ + ၉ = ၉၂ ။ ၇ --ံ့ ၉၂ = ၁ ကြွင်းမည်ဖြစ်သည်။