Labels
- ၁၂ရာသီဖွားအဟော
- ၇ ရက်သားသမီး တစ်သက်တာဟောစာတမ်း
- ကလေးနာမည်ပေးကင်ပွန်းတပ်
- ဂဏန်းဗေဒင်
- ဆန်းကျမ်းအကျဉ်း
- တွက်နည်းတိုများ
- ထုတ်ပြန်ကြေငြာချက်
- နက္ခတ် အဟော
- ပုရိသဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်
- ဂြိုဟ်များအကြောင်း
- မဟာကာလချနည်းများ
- မူလမဟာဘုတ်
- လူငယ်နှင့်ဗေဒင်
- သျှတ္တရ
- အချစ်နှင့်အိမ်ထောင်ရေး
- အချစ်နှင့်အိမ်ထောင်ရေး
- ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဣတ္ထိယသျှတ္တရ
- ဟောစာတမ်းများ
Wednesday, July 17, 2013
မဟာဘုတ်အရ နာမည်ပေးနည်း
(ဇယားတွင် အနီရောင် ဂဏန်းများသည် အညံဂြိုဟ်များဖြစ်၍ အစိမ်းရောင်ဂဏန်းတို့သည် နေ့အလိုက် ကောင်းသောဂြိုဟ်ဟုမှတ်ရန်)
ကလေးငယ် သို့မဟုတ် မိမိ၏ ကောဇာသက္ကရာဇ်ကိုတည်ပါ။ ၇ ခုစား အကြွင်းကို ဘင်္ဂအိမ်မှ ၇
ဌာနစ၍လှည့်သဖြင့်မူလမဟာဘုတ်ဇာတာတိုင်ကို ထူရပါမည်။
(မဟာဘုတ်တိုင်ထူနည်းအား တွက်နည်းတိုနှင့်တကွ ပြထားပြီးဖြစ်ပါသည်။) ရလာသောမဟာဘုတ်တိုင်သည် မူလမဟာဘုတ်ဟုမှတ်ပါ။ မူလမဟာဘုတ်တိုင်ကိုရပြီဆိုလျှင် ထိုမဟာဘုတ်တိုင်၏ဂြိုဟ်နေဂြိုဟ်ထားတို့နှင့် မိတ် ရန် ဥဒါသိန် တို့ကို စီစစ်လျှက် နာမည်ပေးနည်းဖြစ်ပါသည်။ ဤနည်းသည် နာမည်ပေးနည်းအများထဲတွင် အခြေခံအကျဆုံး နည်းဖြစ်ပါသည်။ဒီလိုဆိုရင် ကျွန်တော်တို့ ဇာတာတစ်ခုကို အကောင်းဆုံး နာမည်ပေး ကင်ပွန်းတပ်ကြည့်ရအောင်လား။
ကောဇာသက္ကရာဇ် ၁၃၅၂ ခုဖွား တနင်္ဂနွေသား တစ်ယောက်ဆိုပါစို့။
၇ ခုစားသဖြင့် ၁ ခုကြွင်းသောကြောင့် ဘင်္ဂဖွား တနင်္ဂနွေသားဖြစ်ပါသည်။
ဤဇာတာရှင်ကို အကောင်းဆုံးနာမည်ပေးဖို့ရာ အောက်ပါအတိုင်း ဂြိုဟ်တို့ကို စီစစ်ပါသည်။ ကျန် နေ့သားများကိုလည်း ဤသဘောအတိုင်း စီစစ်၍ မှည့်တွင်ပါလေ။
အောက်တွင်ပြထားသော ဇယားခွင်အရ အဆိုးနှင့် အကောင်းတို့ကို ညီမျှခြင်းချ balance ချိန်ညှိကာအချိုးချယူပါမည်။
(ဖျက်ချေထားသော ဂြိုဟ်ဂဏန်းများသည် အညံ့များဖြစ်ပါသည်)
အကျိုးမပြုနိုင် ဂြိုဟ်ညံ့များ
၃-င်္ဂါ ဂြိုဟ်သည် အပြန်ရန်တစ်ချက် ဂြိုဟ်မိတ်တစ်ချက်ကြုံနေသည်။
၎- ဟူးဂြိုဟ်သည် (တွင်းရန်၊ ဓါတ်ရန်၊ ဥဒါသိန်)ဟူ ဆိုးချက် ၃ ချက် ကြုံနေသည်။(အဆိုးဆုံး)
၇ နေသည် ဂြိုဟ်ရန်တစ်ချက်
၆-ကြာဂြိုဟ်သည် ဂြိုဟ်ရန်တစ်ချက် တွင်းမိတ်တစ်ချက်ကြုံနေသည်။
အကျိုးပြုသောဂြိုဟ်ကောင်းများ
၅-တေးဂြိုဟ်သည် (ပြင်မိတ်၊ ဂြိုဟ်မိတ်)ဟူသော ကောင်းချက် ၂ ချက်ကြုံသဖြင့်( အကောင်းဆုံး)
၂-လာသည် ဂြိုဟ်မိတ်တစ်ချက် အကောင်းအဆိုးတို့ကို ချေလိုက်သောအခါ
၅-တေးနှင့် ၂-လာ ဟူသော အပြစ်စင်သော ဂြိုဟ်နှစ်လုံးသာကျန်တော့သည်။
ဤသို့ဆိုလျှင် တနင်္ဂနွေသား၏ နာမည်ကိုအကောင်းဆုံးပေးနိုင်ဖို့ရာ ၅ ကြာသပတေး နံနှင့် ၂ တနင်္လာနံ တို့နှင့်ရောစွပ်လျှက်ပေးလျှင်သာအကောင်းဆုံးနာမည်ဖြစ်မည်ဟု အဖြေထွက်နေပြီဖြစ်သည်။
အမည်နာမ မှည့်လိုသော တနင်္ဂနွေသား၏ ဇာတာကို စီစစ်ပါမည်။
မူလမဟာဘုတ်ဇာတာတွင် တန်းထက်၊ တန်းအောက် စီစစ်သောအခါ ၅ ကြာသပတေးသည် အဓိပတိ၊ ၂ တနင်္လာသည် ပုတိ ဖြစ်သည်။အဆိုးဆုံးသော ဗုဒ္ဓဟူးသည် မရဏခွင်တွင် တစ်ကြိမ်ငြိနေပြန်ပါသည်။
(ဗုဒ္ဓဟူးနံပါသော အမည်နာမသည် ဘင်္ဂဖွား တနင်္ဂနွေသားအား ဒုက္ခတွင်းထဲ ဆွဲသွင်းမည့် ဂြိုဟ်ဟု မှတ်ပါလေ)။
(ဥပမာ - အောင်ဝင်း ၊ မောင်ဝန်းရံ ၊ အေးအေးဝါ ၊ မအိမ့်ယုလှိုင် ဟူသည် နာမည်သည် လုံးဝ မမှည့်သင့်)
ဇာတာသည် ဘင်္ဂ အညံ့ဆုံးအိမ် ဖြစ်သည်။ အမြင့်ဆုံးဖြစ်သော အဓိပတိ အိမ်သို့ အမည်နာမကို တိုက်ရိုက်မမှည့်သင့်။ အဓိပတိအိမ်သို့တက်လှမ်းရန် ပုတိအိမ်သည် အကောင်းဆုံးသော ဌာနဖြစ်သည်။
တနင်္ဂနွေသား၏ နေ့နံကိုအရင်းခံလျှက် မှည့်လိုသောကြောင့်
၁ - ၂ - ၅ နံကို ထည့်က အကောင်းဆုံးဖြစ်ပါသည်။
(အောင်ခန့်မော်၊ အာကာဖြိုး ၊ အိငယ်ဖြိုး၊ အိမ့်ချမ်းမိုး) စသည်ဖြင့် နံသင့်ကို စီလျှက် ကြိုက်နှစ်သက်ရာ နာမည်ကိုရွေးခြယ်နိုင်ပါသည်။
နာမည်၏သဘောအရ ဤဇာတာရှင်၏ ကံကြမ္မာအကျဉ်းကို စီစစ်ကြည့်လျှင်
ဇာတာရှင်သည် အဘယ်ကိစ္စတွင်မဆို ခက်ခဲစွာ လက်မတင်လုပ်ကိုင်ရမည်ဖြစ်သည်။ ထို့နောက် အနွံတာခံ ပင်ပန်းခြင်းခံလျှက်အကျိုးကျေးဇူးခံစားရမည်။ ခရီးဝေးသွားလာရခြင်း၊ လူချစ်လူခင်ပေါလာခြင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း မျက်စိကျခြင်း၊အမိနှင့်တူတို့ စောင့်ရှောက်ကယ် တင်ခြင်း၊ အောင်မြင်မှုလမ်းကြောင်းဖွင့်ပေးခြင်း၊ စကားပြောဆိုတတ်ခြင်း၊ မိန်းမပျိုများက ကူညီထောက်ပံခြင်း၊၀င်ငွေထွက်ငွေမမှန်သေးခြင်း ၊ လူလိမ်လူများစွာ တွေ့လာရခြင်း ဟူသော အကောင်းအဆိုးတို့ မျှတလျှက် အဆုံးတစ်နေ့၌အောင်မြင်ခြင်းဟူသော ကိစ္စသို့ ရောက်ရန်ထောက်ကူပေးထားသော အမည်နာမဖြစ်ပါသည်။
ကြာသပတေး အဓိပတိ အောင်မြင်ခြင်းသို့ရောက်ရန် ပုတိဟူသော တနင်္လာ ၂ သည် သွင်မတူသော
များစွာကူညီပံ့ပိုးမှုပြုလတံ့သော အကြောင်းရင်းဖြစ်သည်။ ဤနာမည်သည် အသင့်တော်ဆုံးနှင့် ဓမ္မဓိဋ္ဌာန်ကျကျဖြစ်သည်။
သို့မဟုတ်ဘဲ အောင်မိုး ဟုအမည် ပေးမည်ဆိုပါစို့။
အောက်ခြေမှ အထက်သို့ တမဟုတ်ခြင်းထိုးတက်သဖြင့် အကျနာသည်။ ဆုံးရှုံးမှုများသည်။ အကြောင်းအရာတိုင်း၌ ကိစ္စမပြီးပြတ်၊ အမျှင်တန်းလန်းဖြစ်သည်။ မတန်မရာကိုလှမ်းသည်။ အောက်ခြေလွတ်သည်၊ စိတ်ကူးယဉ်လွန်းသည်
ဟူသော သဘာဝဘာဝကိုဖြစ်ပေါ်စေသဖြင့် အကျိုးတရား ကောင်းမွန်စွာမရနိုင်။
တနင်္ဂနွေသားသည်ဘင်္ဂအိမ် အောက်တန်းအညံ့ဖွားဖြစ်နေသည်။ မြင့်မြတ်လွန်းသောနာမည်ကို
ပေးမည်ဆိုပါက ဇာတာသည်လိုက်၍မမှီနိုင်သဖြင့် ပေးသောနာမည်အကျိုးမပေးသည့်အပြင်
နာမည်ခိုက်သဖြင့် ဆိုးကျိုးတို့ကိုပင်ဖြစ်ပေါ်စေတတ်ပါသည်။