၁၂ ရာသီခွင်ဇာတာခွင်ကို စီစစ်ဟောပြောသောအခါ ၄င်းရာသီတို့၏ အလေ့အကျင့်၊ သဘောတရား၊ ပရိယာယ်ကိုနားလည်ပါမှ ဟောရေး ပြောရေးတို့တွင်ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ပြောချင်ပါတယ်။
ဟောရေး၊ ပြောရေး နှင့် ဗေဒင် ၀ါသနာပါသူတို့အတွက် ပိုမိုအဆင်ပြေအောင်လို့ပါ။
မိဿ
မိဿရာသီသည် ဆိတ်သဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ ပြောင်းလဲရွေ့လျှားနေတတ်သော သဘောရှိသောကြောင့် စရ ရာသီ ဟုမှတ်ပါ။ ကာလပုရိသလက္ခဏာ သဘောတွင် မိဿရာသီကား
ဦးခေါင်းဖြစ်ပါသည်။ အရပ်သဘာမှာ အရှေ့အရပ်ဖြစ်ပါသည်။ နီသောအဆင်းရှိသည်။
ပြိဿ
ပြိဿရာသီသည် နွားရုပ်သဏ္ဍာန်ရှိသဖြင့် တည်ကြည်မြဲမြံသောသဘော တိရ ရာသီ ဟုမှတ်ပါ။
ပြိဿရာသီကား မျက်နှာ ဖြစ်ပါသည်။ အရပ်သဘောမှာ တောင်အရပ်ဖြစ်ပါသည်။
ဖြူသောအဆင်းရှိသည်။
မေထုန်
မေထုန်ရာသီသည် ယောက်ျား၊ မိန်းမ သဏ္ဍာန်ရှိသောကြောင့် ပျော်ရွှင်မှု၊ မေထုန်မှုပြုရာ၍ ဌာန နှင့်
နှစ်မျိုးသော သဏ္ဍာန်ရှိခြင်းကြောင့် ဒွေဒဟ ရာသီ ဟုမှတ်ပါ။ မေထုန်ရာသီကား လက် ၂ ဖက်ဖြစ်ပါသည်။
လဂ်နေသဘောအရ အနာရောဂါ ပရိယာယ်အဟောတို့မှာ မိဿသည် ဦးခေါင်းပင်ဖြစ်သည်။
အရပ်သဘောမှာ အနောက်အရပ်ဖြစ်ပါသည်။ ကျေးတောင်ကဲ့သို့ စိမ်းသောအဆင်းရှိသည်။
ကရကဋ်
ကရကဋ် ရာသီသည် လယ်ပုဇွန်လုံး(ဂဏန်းကောင်) သဏ္ဍာန်ရုပ်ရှိသောကြောင့်လှည့်လည်သွား လာနေခြင်းနှင့် တွင်းအောင်းလျှက်လုံခြုံစွာနေတတ်သောသဘောရှိခြင်းကြောင့် လယ်ယာနှင့် စပ်သောဌာန၊ ချောင်းမြောင်းမြစ်ယံဌာနတို့၌ပျော်ရွှင်စွာနေလေ့ရှိခြင်းကြောင့် စရ ရာသီ ဟု မှတ်ပါ။ ကရကဋ်ရာသီကား အသည်းနှလုံးဖြစ်ပါသည်။လဂ်နေသဘောအရ အနာရောဂါ ပရိယာယ်အဟော တို့မှာ ပြိဿသည် မျက်နှာပင်ဖြစ်သည်။အရပ်သဘောမှာ မြောက်အရပ်ဖြစ်ပါသည်။ နီ၊ ကြောင်၊ ပြာ သောအဆင်းရှိသည်။
သိဟ်
သိဟ်ရာသီသည် ခြင်္သေ့သဏ္ဍာန်ရှိသောကြောင့်တည်ကြည်ငြိမ်သက်သောသတ္တိနှင့်အေးဆေး
သောနေရာဌာတို့တွင်နေလေ့ရှိသည့်သဘောကြောင့် တိရ ရာသီ ဟု မှတ်ပါ။ သိဟ်ရာသီကား ၀မ်းဗိုက် ဖြစ်ပါသည်။ လဂ်နေသဘောအရ အနာရောဂါ ပရိယာယ်အဟောတို့မှာ မေထုန်သည် ပခုံး ဖြစ်ပါသည်။ အရပ်သဘောမှာ အရှေ့တောင်အရပ်ဖြစ်ပါသည်။
ကန်
ကန်ရာသီသည် လှေစီးကညာပျိုရုပ်သဏ္ဍာန်ရှိသောကြောင့်လှည့်လည်သွားလာတတ်ခြင်း၊
ရေပျော်သဘောရှိခြင်း၊ နှစ်မျိုးသောရုပ်သဏ္ဍာန်များရှိခြင်းကြောင့် ဒွေဒဟ ရာသီ ဟု မှတ်ပါ။
ကန်ရာသီကား ခါးဆစ်ပိုင်းဖြစ်ပါသည်။အရပ်သဘောမှာ အနောက်တောင်အရပ်ဖြစ်ပါသည်။
တူ
တူရာသီသည် ချိန်ခွင်လျှာသဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ လှုပ်ရှားမှုများခြင်း သဘော
ရှိခြင်းကြောင့် စရ ရာသီ ဟု မှတ်ပါ။ တူရာသီကား ဆီးအိမ်ဖြစ်ပါသည်။အရပ်သဘောမှာ အနောက်မြောက် အရပ်ဖြစ်ပါသည်။
ဗြိစ္ဆာ
ဗြိစ္ဆာရာသီသည် ကင်းမြီးကောက်သဏ္ဍာန်ရှိခြင်းကြောင့် တည်မြဲသောသဘော၊တွင်းချိုင့် ၀ှမ်း၊ ချောင်အမှောင်တို့တွင်ရှိနေတတ်သောကြောင့် တိရ ရာသီ ဟုမှတ်ပါ။ ၿဗိစ ၦရာသီကား
အင်္ဂါဇာတ် (သို့) စအို ဖြစ်ပါသည်။ အရပ်သဘောမှာ အရှေ့မြောက်အရပ်ဖြစ်ပါသည်။မည်းနက်သောအဆင်းရှိသည်။
ဓနု
ဓနုရာသီသည် သမင်တစ်ပိုင်း ၊ လူတစ်ပိုင်း လေးဆွဲဟန် ရှိသောသဏ္ဍာန်ကြောင့် ဒွေဒေဟ
ရာသီ ဟု မှတ်ပါ။ ဓနုရာသီကား ပေါင် ၂ ဖက်ဖြစ်ပါသည်။ အရပ်သဘောမှာ သိဟ်နှင့်တူသဖြင့် အရှေ့တောင်အရပ်ပင်ဖြစ်ပါသည်။ ရွှေနှင့်တူသောအဆင်းရှိသည်။
မကာရ
မကာရ ရာသီသည် ရေနှင့်ကုန်းသို့သွားလာနိုင်သော မကာရ်း ငါးရုပ်သဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ ရွေ့လျားခြင်းသဘောကြောင့် စရ ရာသီ ဟု မှတ်ယူပါ။ မကာရ ရာသီကား ဒူး၂ ဖက်ဖြစ်ပါသည်။ အရပ်သဘောမှာ ကန်ရာသီနှင့်တူသဖြင့် အနောက်တောင် အရပ်ပင်ဖြစ်ပါသည်။
ကုမ်
ကုမ်ရာသီသည် မှောက်ထားသော အိုးသဏ္ဍာန်ရှိခြင်းကြောင့် တိရ ရာသီ ဟု မှတ်ပါ။ ကုမ်ရာသီကား ခြေသလုံး (မြင်းခေါင်း) ၂ ဖက်ဖြစ်ပါသည်။အရပ်သဘောမှာ တူရာသီနှင့်
တူသဖြင့် အနောက်မြောက်အရပ်ပင်ဖြစ်ပါသည်။ ကျားသောအဆင်းရှိသည်။
မိန်
မိန်ရာသီသည် နှစ်ကောင်သော ငါးရုပ်သဏ္ဍာန်ရှိခြင်းကြောင့် ဒွေဒဟ ရာသီ ဟု မှတ်ပါ။ မိန်ရာသီကား ခြေဖ၀ါး ၂ ဖက်ဖြစ်ပါသည်။အရပ်သဘောမှာ ဗြိစ္ဆာရာသီနှင့်တူသဖြင့် အရှေ့မြောက်အရပ်ပင်ဖြစ်ပါသည်။ မွဲကြေသောအဆင်းရှိသည်။
မိဿ၊ ပြိဿ၊ ကရကဋ်၊ ဓနု၊ မကာရ ဤ (၆) ရာသီတို့သည် ညည့်၌ အားရှိသောကြောင့် နိသာဗလ ရာသီဖြစ်ပါသည်။
သိဟ်၊ ကန်၊ တူ ၊ ဗြိစ္ဆာ၊ ကုမ် ၊ မိန် ဤ (၆)ရာသီတို့သည် နေ့၌ အားရှိသောကြောင့် ဒီနဗလရာသီဖြစ်ပါသည်။
မိဿမှ စရေလျှင် မ ဂဏန်းကျသော ရာသီတို့သည် ပါပ ရာသီမည်ပါသည်။
ပြိဿမှ စရေလျှင် စုံ ဂဏန်းကျသော ရာသီတို့သည် သောမ ရာသီမည်ပါသည်။
မိဿ၊ မေထုန်၊ သိဟ်၊ တူ၊ ဓနု၊ ကုမ် ရာသီတို့သည် (၆ ) ရာသီတို့သည် ယောက်ျားရာသီဖြစ်ကြသည်။
ပြိဿ၊ ကရကဋ်၊ ကန်၊ ဗြိစ္ဆာ၊ မကာရ၊ မိန် ရာသီ (၆) ရာသီတို့သည် မိန်းမရာသီတို့ဖြစ်ကြသည်။
မေထုန်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ ကုမ် ဤ(၆) ရာသီတို့သည် မြို့ ရာသီများဖြစ်ကြသည်။
သိဟ်၊ မကာရ ရာသီ၏ ရှေ့ ထက်ဝက် ၁၅ အံသာ တို့သည် တောရာသီများဖြစ်ကြသည်။
မိဿနှင့် ပြိဿ ရာသီတို့သည် နေ့၌ တောရာသီ ဖြစ်ပြီး ညည့်၌ မြို့ရာသီများဖြစ်ကြသည်။
ကရကဋ်၊ မိန်၊ မကာရ၏ နောက် ထက်ဝက် ၁၅ အံသာ၊ ကုမ်ရာသီ၏ ရှေ့ထက်ဝက် ၁၅ အံသာ ဤ (၃)ရာသီတို့သည်
(သီဝ ဆရာ၏ အလိုအားဖြင့် ရေ၌ ကျက်စားတတ်သောကြောင့် ဇလ ရာသီဖြစ်ကြသည်။)
မိဿ၊ ပြိဿ၊ ကုမ်၊ မိန် ဤလေးရာသီတို့သည် တိုသော ရဿ ရာသီ၊
မေထုန်၊ ကရကဋ်၊ ဓနု၊ မကာရ လေးရာသီတို့သည် မတိုမရှည်မလတ်ဖြစ်သော သမရာသီ၊
သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ ဤလေးရာသီတို့သည် ရှည်သော ဋီက ရာသီ တို့ဖြစ်ကြပါသည်။