Thursday, July 11, 2013

ကိုယ်ဝန်တည်သော မိခင်လောင်းတို့ မပြုကျင့်အပ်သည်များကို ပြခြင်း

(၁) ၀မ်းတွင်း၌ သားရှိသော အမိသည် အပင်ပန်းခံခြင်းအားလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊

(၆) စိုးရိမ်သောကများခြင်းကိုလည်းကောင်း၊
(၇) ဆင်၊မြင်း၊လှည်းယာဉ်၊ ခရီးကြမ်းနှင်ခြင်းကိုလည်းကောင်း၊
(၈) သွေးထုတ်ခြင်းကိုလည်းကောင်း၊
(၉) လေ၏အဟုန်၊ ကျင်ကြီး-ကျင်ငယ် အဟုန်များကို တားမြစ်အောင့်ချုပ်ထားခြင်းကိုလည်းကောင်း၊
(၁၀) အလွန်စားခြင်း၊ အလွန်နေခြင်း၊ အလွန်သွားခြင်း၊ အလွန်ရပ်ခြင်း၊ အလွန်အိပ်ခြင်းကိုလည်းကောင်း၊
(၁၁) မဆင်မခြင် အထိုင်၊ အထ ပြုခြင်းကိုလည်းကောင်း၊
(၁၂) အလွန်ချဉ်သော၊စပ်သော၊ခါးသော၊ ငန်သော အရသာလွန်ကဲစွာ စားခြင်းကိုလည်းကောင်း၊
(၁၃) အပူ၊ အအေး တို့ကို မဆင်မခြင် သောက်မြိုခြင်းကိုလည်းကောင်း၊
(၁၄) မဆင်မခြင် အအိပ်၊ အထ ပြုခြင်းကိုလည်းကောင်း

ပြုကျင့်သော မိခင်သည် နုနယ်လွန်းသော မလှုပ်မရုန်းနိုင်သောသားငယ်အား အမျိုးမျိုးအဖုံဖုံ နှိပ်စက်ကလူ ပြုသည်မည်၏၊ ထိုမိခင်သည် သေလွန်သော် ငရဲသို့လားရ၏ ဟု ဆေးနှင့်ကျမ်းဂန်များက ဆိုပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်သောမိခင်လောင်းတို့သည် ဤမပြုကျင့်အပ်သောအကြောင်းအရာများကို ဆင်ခြင်အပ်ပါသည်။