Labels
- ၁၂ရာသီဖွားအဟော
- ၇ ရက်သားသမီး တစ်သက်တာဟောစာတမ်း
- ကလေးနာမည်ပေးကင်ပွန်းတပ်
- ဂဏန်းဗေဒင်
- ဆန်းကျမ်းအကျဉ်း
- တွက်နည်းတိုများ
- ထုတ်ပြန်ကြေငြာချက်
- နက္ခတ် အဟော
- ပုရိသဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်
- ဂြိုဟ်များအကြောင်း
- မဟာကာလချနည်းများ
- မူလမဟာဘုတ်
- လူငယ်နှင့်ဗေဒင်
- သျှတ္တရ
- အချစ်နှင့်အိမ်ထောင်ရေး
- အချစ်နှင့်အိမ်ထောင်ရေး
- ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဣတ္ထိယသျှတ္တရ
- ဟောစာတမ်းများ
Wednesday, July 17, 2013
ဆန်းကျမ်းအရ အမည်မှည့်နည်း
ပေးလိုသော အမည်နာမကို (၇) ရက်သားသမီးတို့၏ နေ့နံအလိုက် ဆန်းဂိုဏ်း (၈) ဂိုဏ်း၏နက္ခတ် (စဉ်းယှဉ်နက္ခတ် မဟုတ်ပါ) နှင့်ရောလျှက် အမည်မှည့်သောနည်းဖြစ်ပါသည်။
နေ့နံနှင့်ရောစပ်ရမည့် နက္ခတ်လုံးရေ ကိုအထက်ဇယားကွက်ဖြင့် ဖော်ပြထားပါသည်။
ဇယားအဓိပ္ပါယ်ကား နက္ခတ် ၂ လုံးမှစ၍ ၂၀ အထိ တနင်္ဂနွေသား၊သမီးအတွက်
သီ ဟူသည့် ၆ ဂဏန်းကိုရောရပါမည်။
နက္ခတ်လုံးရေ ၂၀ ထက်ကျော်က တနင်္ဂနွေသားသမီးအတွက် နောင် ဟူသည့် ၇ ဂဏန်းဖြင့် ရောရမည်ဖြစ်ပါသည်။
ဆန်းနည်းအရ ဤသို့ အမည်မှည့်ရာတွင် မိမိ၏ အမည်နာမသည် ဥပါဒ်ရှိသည် စုတ်ရှိသည် ကို စီစစ်ပြပါမည်။
နေ့ဂဏန်းနှင့် နက္ခတ်ကိုရော ။ ၇ ခုစား ။ အကြွင်းသည်
၁ ခုကြွင်း - ဥပါဒ = ဘေးရန်
၂ ခုကြွင်း - မစ္စု = သေခြင်း
၃ ခုကြွင်း- ကာဏ = ကန်းခြင်း
၎ ခုကြွင်း - အမြိတ္တ(အမတ) = အသက်ရှည်ခြင်း
၅ ခုကြွင်း- လာဘ = လာဘ်ပေါခြင်း
၆ ခုကြွင်း - သိဒ္ဓိ = ပြီးစီးခြင်း
ဝ သုဉ်း - ၀ရ = မြတ်ခြင်း(အမြတ်) ဟုမှတ်ထားပါ။
ဥပမာ တွက်ပုံမှာ
အင်္ဂီသ ဟူသော ဘွဲ့နာမည်၌ အင်္သီသ သည် ဘ ဂိုဏ်း ၊ နက္ခတ် ငါးလုံး (မိဂသီနက္ခတ်) တနင်္ဂနွေသားဖြစ်၍ သီ ဟူသော ၆ ဂဏန်းနှင့်ရောပါ
၁၁ ဖြစ်သည်။ ၄င်း ၁၁ ကို ၇ ခုနှင့်စား ၄ ကြွင်းသောကြောင့် အမြိတ္တ(အမတ) ဖြစ်၍ ကောင်းသည် ဟုဆိုလိုပါသည်။
ဆိုပါစို့။
ဥဇ္ဇောတ ဟူသော ဘွဲ့နာမည်၌ ဥဇ္ဇောတ သည် တ ဂိုဏ်း၊ နက္ခတ် ၂၂ လုံး (သရ၀ဏ် နက္ခတ်)ြ
၂၉ ဖြစ်သည်။ ၄င်း ၂၉ ကို ၇ ခုစားသော် ၁ ကြွင်းသောကြောင့် ဥပါဒ် ဖြစ်သည်။ မကောင်းဟု ဆိုလိုပါသည်။
ဂိုဏ်း (၈) ဂိုဏ်း နက္ခတ် လုံးရေ နှင့် ဂိုဏ်းခွဲပုံတို့ကို ဆန်းကျမ်းအကျဉ်းဟု လင့်ထိုးထားပါသည်။ ထို လင့် တွင် လေ့လာနိုင်ပါရန်....
ဖစ်သောကြောင့် နောင် ဟူသော ၇ ဂဏန်းနှင့်ရောပါ။