Thursday, July 11, 2013

ယောက်ျားတို့ ရှောင်ကြဉ်အပ်သော ပဗ္ဗငါးပါး

ပဗ္ဗငါးပါး ရှောင်ကြဉ်အပ်သော အချင်းအရာတို့ကို ဒေသနာတော်အရ စေတနာနှင့် ပြောဆိုလိုပါသည်။

အနက်အားဖြင့်....။ ရာဇေန္ဒ၊ လူတို့ကို အစိုးရသော မင်းမြတ်။ စတုဒ္ဒသီ၊
လဆန်း၊လဆုတ် (၁၄) ရက်မြောက်သော စာတုဒ္ဒသီနေ့ရက်လည်းတစ်ပါး။
အဋ္ဌမီစေ၀၊ လဆန်း၊လဆုတ် (၈) ရက်မြောက်သော အဋ္ဌမီနေ့ရက်လည်းတစ်ပါး။
အထ၊ ထိုမှတပါး။ အမ္မ၀ါသီစ၊ လကွယ်နေ့ရက်လည်းတစ်ပါး။

ပုဏ္ဏမာစ၊ လပြည့်နေ့ရက်လည်းတစ်ပါး။
ရ၀ိသင်္ကန္တမေ၀စ၊ တနင်္ဂနွေဂြိုဟ်သည် တစ်ရာသီမှ တစ်ရာသီသို့ပြောင်းရွေ့သော ဒွါဒရာသီ-
သင်္ကြန်နေ့ရက်လည်းတစ်ပါး။ ဧတာနိ၊ ဤ ငါးပါး နေ့ရက်တို့သည်။ ပဗ္ဗာနိ၊ ပဗ္ဗငါးပါးမည်ကုန်၏။
ပဗ္ဗငါးပါး၌ ရှောင်ကြဉ်အပ်ရာသည်ကား။ ယောပုမာ၊ အကြင်ယောက်ျားသည်။ တေလထီမံသဘောဇိ၊
ဦးခေါင်း၌ဆီလိမ်းခြင်း၊ မိန်းမ၌သွားလာခြင်း၊ ငါးအမဲ ဟင်းမျိုးကို စားလေ့ရှိသော။ သောပုမာ၊ ထိုယောက်ျားသည်
မိဠှမုတ္တဘောဇိနာမ၊ ကျင်ကြီး၊ကျင်ငယ်ကို စားသည်မည်၏။ မတော၊ သေသည်ရှိသော်။ နိရယံ၊ ငရဲသို့။
ပယာတိ၊ ရောက်ရလေ၏။ ဟုဆိုထားသောကြောင့် ဗုဒ္ဓဘာသာ ဒေသနာတော်ကို သက်ဝင်ယုံကြည်ကိုးကွယ်ဆည်းကပ်သော
ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့သည် ဤနေ့ရက်တို့၌ ဤအမှုတို့ကို ရှောင်ကြဉ်အပ်ကြောင်း ကြားသိဖတ်နာရသည်အတိုင်း
စေတနာဖြင့် အသိပေးပါသည်။

အဓိပ္ပါယ်အားဖြင့်
(၁) လဆန်း/လဆုတ် (၁၄) ရက်နေ့တိုင်းသည်လည်း တစ်ပါး
(၂) လဆန်း/လဆုတ်(၈) ရက်နေ့တိုင်းသည်လည်း တစ်ပါး
(၃) လကွယ်နေ့သည်လည်း တစ်ပါး
(၄) လပြည့်နေ့သည်လည်း တစ်ပါး
(၅) သင်္ကြန်ရက်များသည်လည်း တစ်ပါး  စသည်ဖြင့် ပဗ္ဗငါးပါးဖြစ်ပါသည်။

ထိုပဗ္ဗငါးပါးသော နေ့ရက်တို့တွင် အကြင်ယောက်ျားတို့သည်
ဦးခေါင်း၌ ဆီလိမ်းခြင်း၊
မိန်းမ၌ သွားလာခြင်း၊
ငါးအမဲ ဟင်းမျိုးကို စားခြင်း တို့ကိုရှောင်ကြဉ်အပ်ပါသည်။ မရှောင်ကြဉ်ဘဲ ပြုကျင့်သော ယောက်ျားသည်
သေသော် ငရဲသို့ရောက်ရာ၏ ဟု ဒေသနာတော်နှင့်ကျမ်းဂန်များက ဆိုထားပါသည်။