Tuesday, July 23, 2013

ရာသီခွင်၊ ရာသီအိမ်ရှင်ဂြိုဟ်နှင့် ရာသီသင်္ချာ



မိဿရာသီမှ စ၍ မိန်ရာသီ ထိ ၁၂-ရာသီ အမည်များနှင့် ရာသီပိုင် ဂြိုဟ်များကို တွဲ ပြထားပါတယ်။ ဒီနည်းကို လေ့လာလိုက်စားလိုတဲ့ ၀ါသနာရှင်လူငယ်များ သိသာစေရန်တင်ပြထားခြင်းဖြစ်ပါတယ်။   အင်္ဂ၀ိဇ္ဇာ မဟာကာလ ချတဲ့နည်းပါ။ ရာသီပိုင်ဂြိုဟ်နဲ့ ရာသီတွေကိုတော့ သေသေချာချာလေး မှတ်ထားရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အရေးကြီးတဲ့အပိုင်းပါ။ 


မိဿရာသီတွင် -၃ ဂဏန်းကို မြင်သဖြင့် အင်္ဂါ(လက်ျာ)ဂြိုဟ်ပိုင် အိမ်ဟုမှတ်ပါ။
ပြိဿရာသီတွင် - ၆ ဂဏန်းကို မြင်သဖြင့် သောကြာ (လက်ျာ) ဂြိုဟ်ပိုင် အိမ်ရှင်ဟုမှတ်ပါ။
မေထုန်ရာသီတွင် - ၄ ဂဏန်းကိုမြင်သဖြင့်  ဗုဒ္ဓဟူး(လကျာ်) ဂြိုဟ်ပိုင် အိမ်ရှင်ဟုမှတ်ပါ။
ကရကဋ်ရာသီတွင် ၂ ဂဏန်းကိုမြင်သဖြင့် တနင်္လာ(လက်ျာ) ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
သိဟ်ရာသီတွင် - ဂဏန်းကိုမြင်သဖြင့် တနင်္ဂနွေ (လက်ျာ) ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
ကန်ရာသီတွင် - ၄ ဂဏန်းကိုမြင်သဖြင့် ဗုဒ္ဓဟူး(လက်ဝဲ) ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
တူရာသီတွင်- ၆ ဂဏန်းကိုမြင်သဖြင့် သောကြာ(လက်ဝဲ)ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
ဗြိစ္ဆာရာသီတွင် - ၃ ဂဏန်းကိုမြင်သဖြင့် အင်္ဂါ(လက်ဝဲ)ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
ဓနုရာသီတွင် - ၅ ဂဏန်းကိုမြင်သဖြင့် ကြာသပတေး (လက်ျာ)ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
မကာရရာသီတွင် - ၇ ဂဏန်းကိုမြင်သဖြင့် စနေ(လက်ျာ)ဂြိုဟ်ပိုင်အိမ်ရှင်ဟု မှတ်ပါ။
ကုမ်ရာသီတွင် - ၇ ဂဏန်းကိုမြင်သဖြင့် စနေ (လက်ဝဲ) ဂြိုဟ်ပိုင် အိမ်ရှင်ဟု မှတ်ပါ။
မိန်ရာသီတွင်- ၅ ဂဏန်းကိုမြင်သဖြင့် ကြာသပတေး(လက်ဝဲ) ဂြိုဟ်ပိုင် အိမ်ရှင်ဟု မှတ်ပါ။

အလွယ်နည်းမှတ်ရန်မှာ- မိဿရာသီမှစ၍ ( စ သာ ရွှေ ကူ အင်း ၀ သူ ဆန် ဖြူ တစ် တင်း ပေး) ဟုအလွတ်ကျက်မှတ်ပါလေ။
 
ရာသီခွင်သင်္ချာချထားတဲ့ ၁၂-ရာသီခွင် ပါ။ မိဿရာသီကို ၀ (သို့) ၁၂ လို့သတ်မှတ်ထားပြီး ပြိဿရာသီ ၁ ဟု စတင်ရေတွက်ပြီး မိန်ရာသီထိ အစဉ်အတိုင်း လက်ဝဲရစ်(နာရီလက်တံပြောင်းပြန်)ရေတွက်ပြီး ချသွားပါ။ ထိုဂဏန်းများသည် ရာသီခွင် ကဏန်းသင်္ချာများပင်ဖြစ်ပါသည်။ ဤသို့ဆိုသော 
မိဿရာသီသည်- ၀  ဂဏန်း

ပြိဿသည် - ၁ ဂဏန်း 
မေထုန်သည် - ၂ ဂဏန်း
ကရကဋ်သည် - ၃ ဂဏန်း
သိဟ် - ၄ ဂဏန်း
ကန် - ၅ ဂဏန်း
တူ - ၆ ဂဏန်း
ဗြိစ္ဆာ  - ၇ ဂဏန်း
ဓနု -  ၈ ဂဏန်း
မကာရ - ၉ ဂဏန်း
ကုမ် - ၁၀ ဂဏန်း
မိန် - ၁၁ ဂဏန်း  ဟု သတ်မှတ်ပါ။ 
ဒီလောက်ဆိုရင် ရာသီခွင် အမည်၊ အိမ်ရှင်ဂြိုဟ် နှင့် ရာသီ သင်္ချာတို့ကို မှတ်မိလောက်မည်ထင်ပါသည်။

အင်္ဂ၀ိဇ္ဇာ ဟောခန်း ထုတ်ဖို့ ရာ အခါ(၇) ခါယူပုံကို ဆက်လက်တင်ပြပါမည်။

လူငယ်ဗေဒင်