Showing posts with label ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်. Show all posts
Showing posts with label ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်. Show all posts

Monday, July 22, 2013

၁၂ ရာသီ၏ ပရိယာယ်

၁၂ ရာသီခွင်ဇာတာခွင်ကို စီစစ်ဟောပြောသောအခါ ၄င်းရာသီတို့၏ အလေ့အကျင့်၊ သဘောတရား၊ ပရိယာယ်ကိုနားလည်ပါမှ ဟောရေး ပြောရေးတို့တွင်ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ပြောချင်ပါတယ်။
ဟောရေး၊ ပြောရေး နှင့် ဗေဒင် ၀ါသနာပါသူတို့အတွက် ပိုမိုအဆင်ပြေအောင်လို့ပါ။

မိဿ
မိဿရာသီသည် ဆိတ်သဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ ပြောင်းလဲရွေ့လျှားနေတတ်သော သဘောရှိသောကြောင့် စရ ရာသီ ဟုမှတ်ပါ။ ကာလပုရိသလက္ခဏာ သဘောတွင် မိဿရာသီကား

Sunday, June 2, 2013

စနေဂြိုဟ်၏ ကာရက ပြုပုံ နှင့် ပရိယာယ်

(၇) စနေဂြိုဟ် သည် မွန်းလတ်မှ စားပါသည်။ ဇွဲလုံ့လ၊ ၀ီရိယ၊ ကြိုးပမ်းခြင်း၊ အဆင်းရဲခံခြင်း၊ အပင်ပန်းခံခြင်း၊ ခြိုးခြံချွေတာခြင်း၊ နှမြောတွန့်တိုခြင်း၊

အငတ်ခံခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ချွေးထွက်သံယိုလုပ်ကိုင်ခြင်း၊ ဓူတင်ထိန်းသိမ်းကျင့်ကြံခြင်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်း၊ လူထုလုပ်ငန်း၊

ပရဟိတလုပ်ငန်း၊ မျိုးချစ်စိတ်၊ အနစ်နာခံလိုစိတ်၊ တောထွက်ခြင်း၊ နိက္ခမပါရမီ အန္တိမဘာဝ စသည်တို့ကို ဖန်တီးခြင်း ပြုပြင်ခြင်းတို့၌ စွမ်းဆောင်ပါသည်။


စနေဂြိုဟ်သည်

မိဘသားချင်းတို့တွင် - အစေအပါး
တိုင်းပြည်ရေးတွင် - မင်းစေလုလင်
လူမျိုးတို့တွင် - ကုလား
ကိုယ်အင်္ဂါတွင် - အကြော
စိတ်နှလုံးတွင် - ပူပန်ခြင်း
အရောင်အဆင်းတွင် - အမည်း(အမဲ)
အရသာတို့တွင် - အဖန်
သတ္တုတွင် - သံ
အ၀တ်အထည်တွင် - စုတ်သောပုဆိုး
အစိုးရခြင်းတွင်  - အနောက်
ဂြိုဟ်အရပ်မျက်နှာ - အနောက်တောင်ထောင့်အရပ်
အက္ခရာတွင် - (တ ထ ဒ ဓ န- ဋ ဌ ဍ ဎ ဏ ) ၁၀-လုံး
သင်္ချာတွင် - (၇ တနည်း - ၀) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ သောရီ (စေတန်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၀)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မီးဓါတ်
တိရိစ္ဆာနတို့တွင် - နဂါး၊ (မြွေ)
အစိုးရသောနတ် - ဗြဟ္မာ
ဂြိုဟ်တို့၏အဓိပတိ - ဆင်းရဲသား(စနေ နှင့် ရာဟု တူသည်)
ဂုဏ်အင်္ဂါ - တမဂုဏ် ၊
ဂြိုဟ်အင်္ဂါ - ပါပ(မကောင်း)၊ ကျွန်ဂြိုဟ်၊ မိန်းမဂြိုဟ်၊နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်
ယူဇနာအကျယ် - ၁၃ ယူဇနာ

သောကြာဂြိုဟ်၏ ကာရကပြုပုံနှင့် ပရိယာယ်

(၆) သောကြာဂြိုဟ် သည် ကျီးမနိုးခင်စားပါသည်။ သောကြာဂြိုဟ်၏ စွမ်းဆောင်မှုသည် မာယာ၊ ကခုန်သီဆိုမှု၊ အလင်္ကာ၊ ကဗျာ သီကုံးဖွဲ့နွဲ့မှု၊ အဖိုးထိုက်အ၀တ်အစား၊ ရတနာ၊ ဇိမ်ခံပစ္စည်း၊ အသံ၊ စည်းစိမ်ဘဏ္ဍာ၊ စီးပွားကူးသန်းရောင်းဝယ်ဖောက်ကား၊ ၀င်ငွေ၊ အမြတ်ခွန်၊ သုက်သွေး၊ ကာမဆန္ဒ

အာရုံခံစားမှု၊ လောကီပညာ၊ သမိုင်း၊ အယ်ဒီတာ၊ မန်နေဂျာ၊ အုပ်ချုပ်မှု၊ ဘောဂဗေဒ၊ မွေးမြူရေးသိပွံ စသည်တို့ကို ဖန်တီးခြင်း ပြုပြင်ခြင်းတို့၌ စွမ်းဆောင်ပါသည်။

သောကြာဂြိုဟ်သည်

မိဘသားချင်းတို့တွင် - ဇနီး၊မယား
တိုင်းပြည်ရေးတွင် - ပုဏ္ဏား
လူမျိုးတို့တွင် - သက်
ကိုယ်အင်္ဂါတွင် - သုက်သွေး
စိတ်နှလုံးတွင် - ရမက်
အရောင်အဆင်းတွင် - အဖြူ
အရသာတို့တွင် - အချဉ်
သတ္တုတွင် - ပုလဲ
အ၀တ်အထည်တွင် - ခိုင်ခန့်သောပုဆိုး
အစိုးရခြင်းတွင်  - အရှေ့တောင်ထောင့်အရပ်
ဂြိုဟ်အရပ်မျက်နှာ - မြောက်အရပ်
အက္ခရာတွင် - (သ ဟ ) ၂ -လုံး
သင်္ချာတွင် - (၆) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဂုရု (ဗီးနပ်စ်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၂၁)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - ရေဓါတ်
တိရိစ္ဆာနတို့တွင် - ပူး
အစိုးရသောနတ် - သူဇာနတ်
ဂြိုဟ်တို့၏အဓိပတိ - ပုဏ္ဏား(ကြာသပတေး နှင့် သောကြာ တူသည်)
ဂုဏ်အင်္ဂါ - ရာဇဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၉ ယူဇနာ

ကြာသပတေးဂြိုဟ်၏ ကာရကပြုပုံ နှင့်ပရိယာယ်

(၅) ကြာသပတေးဂြိုဟ် သည် နေ၀န်းမြင့်မှစားသည်။ စည်းကမ်းဥပဒေ၊ လူကျင့်ဝတ်၊ ၀ိနည်းသိက္ခာ၊ ကိုယ်ကျင့်တရား၊ သမထ ၀ိပဿနာ၊ အကြားအမြင်၊ နတ်များစောင်မမှု၊ ရဟန်းသံဃာ၊ ဆရာလုပ်ငန်း၊ သမားလုပ်ငန်း၊ ပညာရေး၊ မှော် ဂါထာ၊ ပိဋိကတ်၊ သမ္မာကျမ်းစာ၊ တရားစီရင်ရေး၊

သမာဓိ၊ စီရင်ထုံး၊ ရုပ်လက္ခဏာ၊ ဦးနှောက်၊ နှလုံးသား စသည်တို့ကို ဖန်တီးပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

ကြာသပတေးဂြိုဟ်သည်

မိဘသားချင်းတို့တွင် - အဆွေခင်ပွန်း(မိတ်ဆွေ)
တိုင်းပြည်ရေးတွင် - အမတ်
လူမျိုးတို့တွင် - မြန်မာ
ကိုယ်အင်္ဂါတွင် - အဆီ
စိတ်နှလုံးတွင် - ပညာ
အရောင်အဆင်းတွင် - အ၀ါ
အရသာတို့တွင် - အချို
သတ္တုတွင် - ငွေ
အ၀တ်အထည်တွင် - အနံတိုသောပုဆိုး
အစိုးရခြင်းတွင်  - အရှေ့မြောက်ထောင့်
ဂြိုဟ်အရပ်မျက်နှာ - အနောက်
အက္ခရာတွင် - (ပ ဖ ဗ ဘ မ) ၅ -လုံး
သင်္ချာတွင် - (၅) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဂုရု (ဂျူပီတာဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၉)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မြေဓါတ်
တိရိစ္ဆာနတို့တွင် - ကြွက်
အစိုးရသောနတ် - သိကြားနတ်
ဂြိုဟ်တို့၏အဓိပတိ - ပုဏ္ဏား(ကြာသပတေး နှင့် သောကြာ တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၇ ယူဇနာ

ဗုဒ္ဓဟူးဂြိုဟ်၏ ကာရကပြုပုံ နှင့် ပရိယာယ်

(၄) ဗုဒ္ဓဟူးဂြိုဟ် သည် မွန်းလတ် ၉ နာရီ ၁၀ နာရီမှ စားပါသည်။ အပလီအခရာ၊ ပရိယာယ် စာပေ၊ အညု၊ သာယာမှု၊ အချောအလှ၊ စကား၊သင်္ချာစဉ်းစားဥာဏ်၊ တီထွင်ဥာဏ်၊ တင်္ဂနပတ္တိဥာဏ်၊ အချော့အမြူ၊ အကင်းပါးခြင်း၊ ဖျတ်လတ်ခြင်း၊ အသေးအဖွဲ့ကိစ္စမွန်းမံမှု၊ ရေးသားမှု၊အရောင်တင်အပြင်အဆင်၊ ဆင်ယင်ထုံးဖွဲ့မှု၊ ရှေးဟောင်းပညာ၊ ခေတ်ဆန်မှု၊ ယဉ်ကျေးမှု၊ ကြော်ငြာ၊ ရုပ်ရှင်၊ ပြဇာတ်၊ ဟန်ပန်အမူအရာ၊စသည်တို့ကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

ဗုဒ္ဓဟူးဂြိုဟ်သည်

မိဘသားချင်းတို့တွင် - သားသမီး
တိုင်းပြည်ရေးတွင် - အိမ်ရှေ့မင်းသား
လူမျိုးတို့တွင် - ကဒူး
ကိုယ်အင်္ဂါတွင် - အရေပြား
စိတ်နှလုံးတွင် - အသံ
အရောင်အဆင်းတွင် - အစိမ်း
အရသာတို့တွင် - ချဉ်ခါး
သတ္တုတွင် - စုံစီခြယ်ကျောက်
အ၀တ်အထည်တွင် - လျှော်ဖွတ်ပြီးသောပုဆိုး
အစိုးရခြင်းတွင်  - မြောက်
ဂြိုဟ်အရပ်မျက်နှာ - တောင်
အက္ခရာတွင် - (ယ လ ၀) ၃ -လုံး
သင်္ချာတွင် - (၄) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ ဗုဓ (မာကျူရီဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၇)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - ရေဓါတ်
တိရိစ္ဆာနတို့တွင် - ဆင်(စွယ်စုံ)
အစိုးရသောနတ် - ဗိဿနိုးနတ်
ဂြိုဟ်တို့၏အဓိပတိ - ကုန်သည်(ဗုဒ္ဓဟူးနှင့် တနင်္လာ တူသည်)
ဂုဏ်အင်္ဂါ - ရာဇဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်
ယူဇနာအကျယ် - ၁၂ ယူဇနာ

အင်္ဂါဂြိုဟ်၏ ကာရက ပြုပုံ နှင့် ပရိယာယ်

(၃) အင်္ဂါဂြိုဟ် သည် ကျီးမနိုးခင်စား၏။ အင်္ဂါဂြိုဟ်သည် စစ်သည်ရဲမက်ကဲ့သို့ရှိ၏။ သတ္တိ(လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲ)။ ဗျတ္တိ (ခံရဲ၊ ဖော်ထုတ်ရဲ၊ ရှက်ကြောက်ကင်းမဲ့မှု၊) ဥတုဇသွေး၊ ထိုးခုတ်မှု၊ ခွဲစိတ်မှု၊ဓာတုဗေဒ၊ သိပွံပညာရပ်၊ ဆေးပညာ၊  ပယောဂအောက်လမ်း၊ အတိုက်အခံ၊ စစ်ပွဲ၊

ကားစင်၊ သံခြေကျင်း၊  သွေးထွက်သံယို၊ လက်နက်ကရိယာ၊ ဖိခြင်း၊ အနိုင်အထက်ပြုလုပ်ခြင်း၊ စက်မှုလက်မှု၊ မီး၊ ပန်းဘဲ၊ မကောင်းမှုဒုစရိုက် စသည်တို့ကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

အင်္ဂါဂြိုဟ်သည်

မိဘသားချင်းတို့တွင် - ကျေးကျွန်
တိုင်းပြည်ရေးတွင် - စစ်သူကြီး
လူမျိုးတို့တွင် - တလိုင်း
ကိုယ်အင်္ဂါတွင် - ရိုးတွင်းခြင်ဆီ
စိတ်နှလုံးတွင် - ခွန်အား
အရောင်အဆင်းတွင် - အနီ
အရသာတို့တွင် - အခါး
သတ္တုတွင် - ရွှေ
အ၀တ်အထည်တွင် - မီးသင့်သောပုဆိုး
အစိုးရခြင်းတွင်  - တောင်အရပ်
ဂြိုဟ်အရပ်မျက်နှာ - အရှေ့တောင်
အက္ခရာတွင် - (စ ဆ ဇ ဈ ည) ၅ -လုံး
သင်္ချာတွင် - (၃) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ -  ဘောမ(မားစ်ဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၈)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - လေဓါတ်
တိရိစ္ဆာနတို့တွင် - ခြင်္သေ့
အစိုးရသောနတ် - ကတ္တိကေယျနတ်
ဂြိုဟ်တို့၏အဓိပတိ - မင်း(အင်္ဂါ နှင့် တနင်္ဂနွေ တူသည်)
ဂုဏ်အင်္ဂါ - တမဂုဏ် ၊
ဂြိုဟ်အင်္ဂါ - ပါပ(မကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်

ယူဇနာအကျယ် - ၁၅ ယူဇနာ

တနင်္လာဂြိုဟ်၏ ကာရက ပြုပုံ နှင့် ဂြိုဟ်ပရိယာယ်

(၂) တနင်္လာဂြိုဟ် သည် စန်းဂြိုဟ်ခေါ် လမင်းဖြစ်ပါသည်။ တနင်္လာဂြိုဟ်သည် ရောင်နီလာမှစား၏။

စိတ်ဓာတ်၊ ဆန္ဒ၊ ချစ်ခင်ခြင်း၊ စွဲလန်းခြင်း၊ သာယာခြင်း၊ ချိုသာခြင်း၊ အေးမြကြည်လင်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ စိတ်ဖေါက်ပြန်ခြင်း၊ ရူးသွပ်ခရေဇီဖြစ်ခြင်း၊ ဆွဲဆောင်မှု၊ အသားအရေစိုပြေမှု၊ အရောင်အဆင်း၊ ဥပဓိရုပ်၊ သွေးသား၊ အမွေးအမျှင်၊ လှပတင့်တယ်ခြင်း၊ ကြက်သရေဂုဏ်

သိက္ခာ၊ စီးပွားဥစ္စာ စသည်တို့ကို ပြုပြင်ဖန်တီးရာ၌ စွမ်းဆောင်ပါသည်။

တနင်္လာဂြိုဟ်၏ ပရိယာယ်

တနင်္လာဂြိုဟ်သည် မိဘသားချင်းတို့တွင် - အမိဂြိုဟ်
တိုင်းပြည်ရေးတွင် - မိဖုရား
လူမျိုးတို့တွင် - ရှမ်း
ကိုယ်အင်္ဂါတွင် - သွေး၊
စိတ်နှလုံးတွင် - လှုပ်ရှားရွေ့လျားခြင်း၊
အရောင်အဆင်းတွင် - အဖြူ
အရသာတို့တွင် - အငန်
သတ္တုတွင် - ပတ္တမြား
အ၀တ်အထည်တွင် - ပုဆိုးအသစ်
အစိုးရခြင်းတွင်  - အနောက်မြောက်ထောင့်အရပ်
ဂြိုဟ်အရပ်မျက်နှာ - အရှေ့အရပ်
အက္ခရာတွင် - (က ခ ဂ ဃ င) ၅ -လုံး
သင်္ချာတွင် - (၂) ဂဏန်း
ဂြိုဟ်အခေါ်နေ့စွဲ  - စန္ဒရော(စန်း ခေါ် လဂြိုဟ်)
ဂြိုဟ်သက်တွင် -  (၁၅)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မြေဓါတ်၊

တိရိစ္ဆာနတို့တွင် - ကျား
အစိုးရသောနတ် - ရေနတ်
ဂြိုဟ်တို့၏အဓိပတိ - ကုန်သည်(တနင်္လာ နှင့် ဗုဒ္ဓဟူး တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ - သောမ(ကောင်း)၊ အရှင်ဂြိုဟ်၊ မိန်းမဂြိုဟ်၊ ယာယီဂြိုဟ်(မမြဲသောဂြိုဟ်)၊ လက်ဝဲဂြိုဟ်

ယူဇနာအစောက် - ၄၉ ယူဇနာ

တနင်္ဂနွေဂြိုဟ်၏ ကာရကပြုပုံ နှင့်ပရိယာယ်

(၁) တနင်္ဂနွေဂြိုလ် သည် ဖန်းတီးသူ နေမင်းသူရိယ်ဂြိုလ်ဖြစ်ပါသည်။ ၁ နွေဂြိုဟ်သည် ကျီးမနိုးခင် စားသည်။ ခန္ဓာကိုယ် ကျန်းမာရေး၊ ခေတ်ကာလအခြေအနေ၊
မင်းစိုးရာဇာ၊ တိုင်းပြည်၊ မြို့ပြကျေးရွာ၊ ဓါတ်သတ္တုရတနာ၊ မြေပေါ်မြေအောက်ထွက်ပစ္စည်း၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ကြည်မှု၊ မဖေါက်ပြန်မှု၊
မှန်ကန်မှု၊ ရဲ့ရင့်ပြတ်သားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဆေး၊ တန်ခိုး၊ ပါဝါအာဏာသြဇာ၊ အသက်ရှည်မှု အရိုးမာကြောမှု၊ အလင်းရောင်၊
မျက်စိ၊ မီး၊ အပူဓာတ်၊ အစာကြေညက်မှုတို့ကို ဖန်တီးခြင်း ပြုပြင်ခြင်း တို့၌ စွမ်းဆောင်ပါသည်။

တနင်္ဂနွေသည်

သည် မိဘသားချင်းတို့တွင် - အဘဂြိုဟ်၊
တိုင်းပြည်ရေးတွင် -  ပြည့်ရှင်မင်း၊
လူမျိုးတို့တွင် - ဂျွမ်း(ယိုးဒယား)
ကိုယ်အင်္ဂါတွင် - အရိုး၊
စိတ်နှလုံးတွင် - စိတ် ၊
အရောင်အဆင်းတွင် - အနီရောင်၊ 
အရသာတို့တွင် - အစပ် ၊
သတ္တုတွင် -  ကြေးနီ၊
အ၀တ်အထည်တွင်  - အပေါ်ရုံပုဆိုး၊
အစိုးရခြင်းတွင် - အရှေ့အရပ်၊
ဂြိုဟ်အရပ်မျက်နှာ - အရှေ့မြောက်ထောင့်အရပ်
အက္ခရာတွင် - (အ အာ ဣ ဤ ဥ ဦ ဧ အဲ သြ သြော် အံ အား) ၁၂ -လုံး
သင်္ချာတွင် - (၁) ဂဏန်း
ဂြိုဟ်အခေါ်  - သူရဇ္ဇ( သူရိယ ခေါ် နေမင်း)
ဂြိုဟ်သက်တွင် - (၆)နှစ်၊
ဓါတ်(မဟာဘုတ်) တွင် - မီးဓါတ်၊
တိရိစ္ဆာနတို့တွင် - ဂဠုန်
အစိုးရသောနတ် - မီးနတ်
ဂြိုဟ်တို့၏အဓိပတိ - မင်း(တနင်္ဂနွေ နှင့် အင်္ဂါ တူသည်)
ဂုဏ်အင်္ဂါ - သတ္တိဂုဏ် ၊
ဂြိုဟ်အင်္ဂါ  - ပါပ(မကောင်း)၊ ကျွန်ဂြိုဟ်၊ ယောက်ျားဂြိုဟ်၊ နဂိုဂြိုဟ်(မြဲသောဂြိုဟ်)၊ လက်ျာဂြိုဟ်