ဤ သျှတ္တရဟုဆိုရာ၌ နှစ်မျိုးနှစ်စားသော ပုရိသ၊ ဣတ္ထိယ ဟုဆိုအပ်သော လူသားတို့၏ အသက်အရွယ်အပိုင်းအခြား၊ခွဲခြားထားပုံ၊ ပညတ်သတ်မှတ်ပုံ၊ သတ္တလောကတွင် အနန္တသတ္တ၀ါဟု ဆိုရာ၌ လူအမျိုးမျိုးသော စိတ်အထွေထွေဟုဆိုသော်ငြားလည်း မူလဇာတိစိတ်နှင့်စေတသိက် တို့သာအခြေခံထားသော ပုတုဇဉ်တို့၏ လောဘမူ၊ ဒေါသမူ၊ မောဟမူ တည်းဟူသော သဘာဝနှင့်အတွေးအကြံ၊ဇာတိအစဉ် နှင့်ပတ်သက်သော အရွယ်ရောက်ပုံ အရွယ်လွန်ပုံ၊ အယုတ် အလတ် အမြတ်တို့၏ လက္ခဏာအင်္ဂါ၊အမူအကျင့်၊ပါရမီနှင့်ကံတရားတို့ကို ထောက်ရှုခြင်း
ငှာဆောင်အပ်၊ ရှောင်အပ်သော စာရိတ္တ၊၀ါရိတ္တတရား၊ မဂ္ဂင်အလင်းကိုမမြင်နိုင်သေးသမျှကာလ ပတ်လုံးသောသတ္တ၀ါတို့၏ ဓလေ့ စရိုက်နှင့်ယှဉ်သော အဗြဟ္မစရိယာအကျင့်နှင့် စပ်သော၊ ဆေးကျမ်းအဖုံဖုံတို့ကိုမှီသော၊ နက္ခတ်ဗေဒင်ကျမ်းတို့နှင့် ဒေသနာတော်
ကျမ်းတို့ကိုမှီသော၊ ပုရိသသျှတ္တရ နှင့် ဣတ္ထိယသျှတ္တရ ကျမ်းငယ်အသွင်တစ်စောင်ကဲ့သို့ လက်လှမ်းမှီသမျှ ရေးသားပါသည်။ သျှတ္တရကျမ်းအမျိုးမျိုးတို့သည် စူဠ၊ မဟာ ဒီပနီဋီကာ ခေတ်အဆက်ဆက်ကိုဖြတ်လျှက် တောက်ပခြင်းလည်းဖြစ်သည်။ မှေးမှိန်ခြင်းလည်းဖြစ်သည်။
ယခု ကျွန်တော်ရေးမည့်အရေး တွေးကြည့်လျှက် ရေးချင်သည်၊ မရေးချင်သည်ဆိုသည်ထက် ရေးသင့်သည်၊ မရေးသင့်သည်ကိုသာ အဖန်ဖန် အခါခါစဉ်းစားတွေးတောပါသည်။ သို့အတွက် ဆေးအပ်ကျမည့်လူနာသည် လုံချည်စကို ဆွဲချရသကဲ့သို့လည်းကောင်း၊ ခွဲစိတ်ရမည့်လူနာသည် အဖုံးအဖွင့်ကို ခ၀ါချရသကဲ့သို့ လည်းကောင်းဆင်ခြင်နှလုံးသွင်းပါသည်။နက်နဲမှုကို လေးနက်စွာထွင်ကော်သောအခါ စေ့စပ်သေချာရ

မည်သာဖြစ်၍ လျှပ်ပေါ်လော်လီ၊ ၀စီဘေဒ၊ ဖရုဿဝါစာ ဟု တစ်ချို့တို့ကဲ့ရဲ့ကောင်းကဲ့ရဲ့ လိမ့်မည်၊ ပြစ်တင်ကောင်းပြစ်တင်လိမ့်မည်။ ဤသို့ဆိုလျှင် ကျွန်နော့်အဖို့ သင့်တော်ရာ ယုတ္တိယုတ္တန်ညှိနှိုင်းဖို့ရာ မြတ်ဗုဒ္ဓ၏ ဒေသသနာတော်မှတစ်ပါးမြဲမြံသော အကိုးအကားကိုမမြင်။
မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးစဉ်ကာလရှင်ဥဒါရီသည်ရဟန်းယောက်ျား ကျောင်း
၌နေ၍ ရဟန်းပြုပါ၏။ အရှင်ဥဒါရီ၏ မယားဟောင်းသည်လည်း ဘိက္ခူနီမတို့ကျောင်းနေ၍ ရဟန်းမပြု၏။ ရှင်ဥဒါရီသည် ဘိက္ခူနီမဖြစ်သော မယားဟောင်းထံ၌နေ့တိုင်းမပြတ်ဆွမ်းစား၏ ဘိက္ခူနီမသည်လည်း ရှင်ဥဒါရီထံသို့ နေ့စဉ်မပြတ်လာ၏။ ထိုရဟန်းနှစ်ဦးတို့သည် ငယ်ရွယ်စဉ်ကာလကပင်ကျင်လည်ရင်းဖြစ်၍ ရှက်မှုကင်းမဲ့လေရာ တစ်ယောက်သည် တစ်ယောက်အား လျှို့ ၀ှက်အပ်သော အင်္ဂါကြီးငယ်တို့ကိုပြလျှက် ရှင်ဥဒါရီကား သုက္ကံသည်လွှတ်လေ၏။ သုက္ကံသည်လွတ်လေသောကြောင့်သင်းပိုင်၌ပေလူးလေ သည်တို့ကို လျှော်ဖွတ်ပေးရန်အလို့ငှာ ဘိက္ခူနီမအား အပ်လေသည်။ ဘိက္ခူနီမသည်လည်း သင်းပိုင်နှင့်တကွ ပေလူးလေသော အချို့ အချို့ သောသုက္ကံတို့ကို ခံတွင်းဖြင့်စုပ်မြို၏။ အချို့အချို့သော သုက္ကံတို့ကို အင်္ဂါဇာတ်၌ ထည့်သွင်းလေ၏။ ဤသို့ ထည့်သွင်းစုပ်မြိုသောအမှုကိစ္စဖြင့် ကိုယ်ဝန်ယူလေသည်။ ထိုအကြောင်းကို မြတ်စွာဘုရားသခင် ကြားသိတော်မူသောအခါမြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးစဉ်ကာလရှင်ဥဒါရီသည်ရဟန်းယောက်ျား ကျောင်း
ရုန့်ရင့်ကြမ်းထန်းသည်ဟူ၍ နှလုံးမသွင်းဘဲ ဆိုသင့်သည်ကိုဆို၍ မိန့်သင့်သည်ကို မိန့်လျှက်
ယောပန ဘိက္ခု အညာတိကယ ဘိက္ခုနီယာ သူရာဏစိဝရံ
ဓေါဝါပေယျ ၀ါ ရဇပေယျ ၀ါ ၊ အကောဋာပေယျ ၀ါ နသဂ္ဂိယ ပါစိတ္တံယံ
ဟူ၍ သိက္ခာပုဒ်တော်ကို ပညတ်တော်မူပါသည်။
ဝိနည်း- အဋ္ဌကထာ
ဝိနည်း- အဋ္ဌကထာ
အဓိပ္ပါယ်အားဖြင့် ။ ။ အကြင်ရဟန်းသည် ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းဟောင်းကိုဖွတ်လျှော်စေမူလည်း ဖွတ်လျှော်စေအံ့။ဆိုးမူလည်း ဆိုးစေငြားအံ့။ နယ်မူလည်း နယ်စေငြားအံ့။ ရဟန်းတို့အား စွန့်ခြင်းဝိနည်းကံရှေးရှိသော ပါစိတ်အာပါတ်သင့်သည် ဖြစ်၏ ဟု ဂရုဏာသက်စွာမိန့်တော်မူပါသည်။ ဤအဖြစ်ကိုကြားရသော ဗုဒ္ဓဘာသာလူအပေါင်းတို့အား ရုန့်ရင့်ကြမ်းထန်းစေအံ့သောငှာ မကြားစကောင်း မနာသာဟု နှလုံးမသွင်းဘဲ ရဟန်းတို့ နယ်ပယ်တွင်သော်ငြားလည်း ဆိုခွင့်ကြုံက ဆိုရသည်သာ၊ ပြောခွင့်ကြုံက ပြောရသည်သာ ၊ ကာမေသုမိစ္ဆာ၊ အဗြဟ္မစရိယာ တို့ကို သိသာထင်ရှားအောင် ဖွင့်ဆိုသကဲ့သို့လည်းကောင်း၊ အဋ္ဌကထာ၊ ဋီကာဆရာတို့သည်လည်း မေထုနသေ၀နဒုဋ္ဌုလ္လ စသောစကားတို့ကို ထင်ရှားသိသာအောင် ဖွင့်ဆိုသကဲ့သို့လည်းကောင်း၊ ထိုထိုဆရာတို့ ထားအပ်သောစေတနာနှင့်ယှဉ်လျှက် နှလုံးသွင်း သဘောထားကာ နားလည်ပါစေအံ့ဟု ကျွန်တော်တောင်းခံပါသည်။ တတ်လွန်းသဖြင့် လည်းကောင်း၊ တော်သိနားလည်လွန်းသဖြင့်လည်းကောင်း၊ကျမ်းဂန်တို့ကို ကျေညက်လွန်းလျှက်သော်
ထို့ကြောင့် လူငယ်ဗေဒင် ဘလော့ဂ် သို့
“လာဖတ်လှည့်ဟုလည်းမဖိတ်ခေါ်သကဲ့သို့၊ မဖတ်နှင့်ဟုလည်း မတားမြစ်သည်ဖြစ်၍”
ဖောင်းဖွမှုကိုရှောင်လျှက် ကျစ်လျစ်နိုင်သလောက်သာ ကျွန်တော် ရေးသားပါမည် ဟု.. တည်း။
ပုရိသသျှတ္တရ နှင့် ဣတ္ထိသျှတ္တရ အခန်းဂဏ္ဍသို့....။
လူငယ်ဗေဒင်