တနည်းအားဖြင့် အကြင်သတို့သားလောင်းနှင့် သတို့သမီးလောင်း ချစ်ခင်သူနှစ်ဦးတို့၏ ထိမ်းမြားလက်ထပ်ခြင်းစပ်လျှက် ကောင်းကျိုး ဆိုးကျိုးတို့ကို တွက်စစ်ပုံတစ်နည်းဖြစ်ပါသည်။
အကြင်ချစ်ခင်သူ နှစ်ဦးတို့၏ နေ့နံနှစ်ပါးအား (၅)နှင့်မြောက်ပါ။ ၄င်းကို (၇) ခုစားလျှက် အကြွင်းတို့ကို ယူလျှက် ဟောစာတမ်းတွက်ချက်ပါသည်။
ဥပမာအားဖြင့် တွက်နည်းမှာ
Labels
- ၁၂ရာသီဖွားအဟော
- ၇ ရက်သားသမီး တစ်သက်တာဟောစာတမ်း
- ကလေးနာမည်ပေးကင်ပွန်းတပ်
- ဂဏန်းဗေဒင်
- ဆန်းကျမ်းအကျဉ်း
- တွက်နည်းတိုများ
- ထုတ်ပြန်ကြေငြာချက်
- နက္ခတ် အဟော
- ပုရိသဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်
- ဂြိုဟ်များအကြောင်း
- မဟာကာလချနည်းများ
- မူလမဟာဘုတ်
- လူငယ်နှင့်ဗေဒင်
- သျှတ္တရ
- အချစ်နှင့်အိမ်ထောင်ရေး
- အချစ်နှင့်အိမ်ထောင်ရေး
- ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဣတ္ထိယသျှတ္တရ
- ဟောစာတမ်းများ
Showing posts with label တွက်နည်းတိုများ. Show all posts
Showing posts with label တွက်နည်းတိုများ. Show all posts
Thursday, July 11, 2013
Friday, June 14, 2013
စန်းယှဉ်နက္ခတ် ကို နတ်၊ လူ ၊ ဘီလူး ခွဲနည်း - အိမ်ထောင်ရေးတွက်နည်းတို (၁)
ကိုယ့် နက္ခတ်ဟာ.. အဿဝနီ အစ ၊ ရေ၀တီ အဆုံး (၂၇) လုံးထဲမှာမှ ဘာနက္ခတ် အမျိုးအစားတွေဖြစ်နေသေးလဲ ဆိုတာ ထပ်ပြီး
စီစစ်ကြည့်ရအောင်နော်..။
စန်းယှဉ်နက္ခတ်ယူနည်း ဆိုပြီးတော့ တွက်နည်းလေးကို link ထုတ်ပေးထားပါတယ်..။
နက္ခတ်အဟောတွေမှာ
(၁) လဂ်စီးနက္ခတ်
(၂) စန်းစီးနက္ခတ်
(၃) တနင်္ဂနွေဂြိုဟ်စီးနက္ခတ်
(၄) အခြားသောဂြိုဟ်တို့ စီးသောနက္ခတ် ဟူ၍ နက္ခတ်စီး(၄) မျိုးရှိပါသည်။
ယခု ပြဆိုမည့်တွက်နည်းတိုလေးက နက္ခတ်အမျိုးအစားမှာ စန်းယှဉ်နက္ခတ်(စန်းစီးနက္ခတ်)ကို

Monday, June 10, 2013
မူလမဟာဘုတ် အတိုတွက်နည်း
မြန်မာသက္ကရာဇ် ၁၃၀၀ မှ ၁၃၉၉ ခုနှစ်အတွင်း သက္ကရာဇ်တွင် ထောင်ဂဏန်း၊ ရာဂဏန်းကိုပယ်။
(၅) ဂဏန်းနှင့် ပေါင်းပြီး (၇) စားပါ။ အကြွင်းကို ငယ်စဉ်ကြီးလိုက် ဌာနခွင်အတိုင်းလှည့်ရာတွင်
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်ဖြင့် ချယူသွားပါ။
ဥပမာ။ ကောဇာသက္ကရာဇ် ၁၃၄၅ ခု၊ ကြာသပတေးသား
ထောင်၊ ရာ ဂဏန်းတို့ကို ပယ်ကာ
၄၅ + ၅ = ၅၀ ၊ ၇ --ံ့ ၅၀ = ၁ ကြွင်းမည်ဖြစ်သည်။
ဤ သို့ဆိုလျှင်( ၁) အကြွင်းကို ပုတိမှစ၍လှည့်ပါမည်။ (အောင် လံ ထူ စစ် သူ ကြီး ဘွဲ့ ) ဘာ ညာတွေ ရွတ်မနေတော့ပါ။
ဘင်္ဂ၊ ပုတိ၊ သိုက်၊ မရဏ၊ အဓိပတိ၊ ရာဇ၊ အထွန်း စသည်အတိုင်းသာ အကြွင်းဂဏန်းကို ငယ်စဉ်ကြီးလိုက် ရေတွက်၍ချသွားပါမည်။
၁- ဘင်္ဂ၊ ၂ - ပုတိ၊ ၃ - သိုက်၊ ၄ - မရဏ၊ ၅ - အဓိပတိ၊ ၆- ရာဇ၊ ၇ (သို့) ၀ - အထွန်း။
၂ ခုကြွင်းခဲ့သော် .....
၂ ဘင်္ဂ၊ ၃- ပုတိ၊ ၄ သိုက်၊ ၅ မရဏ၊ ၆-အဓိပတိ၊ ၀- ရာဇ၊ ၁ အထွန်း။
၃ ခုကြွင်းသော် ........
၃ ဘင်္ဂ၊ ၄- ပုတိ၊ ၅ သိုက်၊ ၆- မရဏ၊ ၀- အဓိပတိ၊ ၁- ရာဇ၊ ၂ အထွန်း။
ဤမျှလောက်ဆို သဘောပေါက်ပြီးသားဖြစ်သည်ဟု မှတ်ယူပါမည်။
ထပ်ဆင့်ခေတ်ကာလ၏ သဘောအရ ခရာဇ်နှစ်ဖြင့် မဟာဘုတ်ချနည်းကိုပါ ဖော်ပြပေးပါမည်။
ခရာဇ်နှစ် ၁၉၀၀ မှ ၁၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာကို ပယ်လျှက် ဆယ်နှင့်ခု မှာ (၉) ထည့်ပေါင်း
(၇) နှင့်စားရပါမည်။ အကြွင်းကို အထက်က နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။
ခရာဇ်နှစ် ၂၀၀၀ မှ ၂၉၉၉ ခုနှစ်အတွင်းတွင် ထောင်၊ ရာ ကိုပယ်လျှက် ဆယ်နှင့်ခုမှာ (၁၁) ပေါင်းပြီး
(၇) ဖြင့်စားရပါမည်။ အကြွင်းကို အထက်မှ နည်းအတိုင်း မဟာဘုတ်အိမ်ပုံစံချယူပါ။
(မှတ်ချက်။ မိမိ မွေးလသည် ဇန်န၀ါရီ (၁) ရက်မှ ဧပြီ (၁၇) ရက်အတွင်းမွေးဖွားပါက (၁) ခုထပ်ပေါင်းထည့်ရပါမည်။)
ဥပမာ- ခရာဇ်နှစ် ၁၉၈၃ - ခု ကြာသပတေး
၈၃ + ၉ = ၉၂ ။ ၇ --ံ့ ၉၂ = ၁ ကြွင်းမည်ဖြစ်သည်။

Wednesday, June 5, 2013
စန်းယှဉ်နက္ခတ်ယူနည်း
မိမိ ဘာနက္ခတ်နဲ့ စန်းယှဉ်မွေးဖွားသလဲဆိုတာလေးကို သိနိုင်တဲ့ နည်းလေးပါ..။ စန်းယှဉ် နက္ခတ်ရှာနည်းက ဗေဒင်ပညာကို လေ့လာလိုက်စားသူကလွဲရင် လူတော်တော်များများနဲ့ စိမ်းနေတယ်ဗျ..။ ဒါကလည်း မသိလို့မဖြစ်ပြန်ဘူး..။ ဒါမှ ဇာတာစစ်တာလေးမှာ တော်တော်လေးအရေးပါတာကိုး.။
နက္ခတ်တွက်ယူနည်းက မြန်မာရက်၊လ တွေနဲ့ပဲအကျုံးဝင်တော့ မြန်မာ မွေးလ၊ မွေးရက်လေးကို
သေချာအောင်စိစစ်လိုက်ပေါ့နော်..။ ကဲ.. တွက်နည်းလေးက ဒီလိုပါဘဲ..။
ကဆုန်လကစ မွေးလကိုချန်ပြီး ပြီး၊ (၂)နဲ့မြောက်၊ရလဒ်ကို တီထိရက်နဲ့ပေါင်း၊ အဲ့ဒီရလာဒ်ကို နက္ခတ်က (၂၇)လုံးရှိတော့ (၂၇)နဲ့ ချေ(စား) အကြွင်း
( မိဿ၊ ပြိဿ၊ မေထုန် ) ရာသီတို့မှာ (၁) နုတ်.။
(တူ၊ ဗြိစ္ဆာ၊ ဓနု) ရာသီတို့မှာ (၁) ပေါင်းထည့်။
(မကာရ၊ ကုံ၊ မိန်) ရာသီတို့မှာ (၂) ပေါင်းထည့်ပါ။
(ကရကဋ်၊ သိဟ်၊ ကံ) ရာတို့မှာ နှောစရာ၊ နုတ်စရာမလိုပဲ ယင်းအတိုင်းပါဘဲ။ ဥပမာ (၁) ဆိုပါစို့..။ ၀ါဝါဆိုလပြည့်နေ့ဟာ ဘယ်နက္ခတ်နဲ့ စန်းယှဉ်သလဲ တွက်ကြည့်မယ်ဆိုရင်
ကဆုန်လကို ချန်ပြီးတော့ ရေသွားလိုက်ပေါ့နော်.။ ကဆုန်၊ နယုန်၊ ဆိုတော့ (၂လ) ၂ ဂဏန်း ရတယ်။ (၂)နဲ့မြောက်တော့ (၄) ရတာပေါ့။ အဲ့ဒီ (၄)ကို တီထိရက် လပြည့်ရက်(လဆန်း ၁၅-ရက်) ၁၅ နဲ့ပေါင်းတော့ (၁၉) ရတယ်မဟုတ်လား။ နက္ခတ်လုံးရေ (၂၇)နဲ့ ချေတော့ (စားခြင်း) ၁၉ ပဲရလေနော်။ အဲ့ဒီ (၁၉) ဂဏန်းဟာ နက္ခတ်လုံးရေပေါ.။ ၁၉ လုံးမြောက်နက္ခတ်ဟာ မူလ နက္ခတ်။ ဒါဆို ၀ါခေါင်လပြည့်နေ့မှာ မူလ နက္ခတ် စန်းယှဉ်တယ်လို့မှတ်ပေါ့..။
ဒါဆိုရင် (၁၉) လုံးမြောက် မူလ နက္ခတ်နဲ့ စန်းယှဉ်ပြီဆိုတော့ စန်းယှဉ်နက္ခတ် အဟောကို ၀င်ပြီး ဇာတာစစ်ကြည့်လိုက်ဦးပေါ့..။
၁- မှ ၂၇ အထိ အစဉ်အတိုင်း နက္ခတ်(၂၇) လုံး
(၁) အဿဝနီ
(၂) ဘရဏီ
(၃) ကြတ္တိကာ
(၄) ရောဟဏီ
(၅) မိဂသီ
(၆) အဒြရ
(၇) ပုဏ္ဏဖုသျှု
(၈) ဖုသျှ
(၉) အသလိဿ
(၁၀) မာဃ
(၁၁) ပြုပ္ပါဘရဂုဏ္ဏီ
(၁၂) ဥတ္တရာဘရဂုဏ္ဏီ
(၁၃) ဟသဒ
(၁၄) စိတြ
(၁၅) သွာဒိ
(၁၆) ၀ိသာခါ
(၁၇) အနုရာဓ
(၁၈) ဇေဋ္ဌ
(၁၉) မူလ
(၂၀) ပြုပ္ပါသဠ်
(၂၁) ဥတ္တရာသဠ်
(၂၂) သရ၀ဏ်
(၂၃) ဓနသိဒ္ဓ
(၂၄) သတ္တဘိသျှ
(၂၅) ပြုပ္ပဘရပိုက်
(၂၆) ဥတ္တဘရပိုက်
(၂၇) ရေ၀တီ
ဤနက္ခတ်တို့သည် အဿဝနီ အစ ရေ၀တီ အဆုံး (၂၇) လုံးရှိကြပါသည်။
နက္ခတ် (၂၇) လုံး၏ ပရိယာယ်နှင့် အတွေးအကြံများ၊ အဆိုးအကောင်းများ၊ ၁၂ ရာသီ တို့တွင် ကာရက ပြုပုံနှင့် အဟော များကို ထပ်ဆင့် ရေးသားပါအုံးမည်။
Wednesday, May 22, 2013
မွေးနေ့ဘယ်နေ့လဲ တွက်ကြည့်ရအောင်
ရက်၊ လ၊ နှစ်ကို သိထားရုံနဲ့
မွေးနေ့ကို ဒက် ခနဲ သိနိုင်တဲ့ နည်းကလေးပါ။
ဒီနည်းလေးဟာလည်း ဗေဒင် ပညာမှာ အကျုံးဝင်ပါတယ်ဗျာ..။
နည်းလေးကို သိထားတော့ နှစ်တစ်ရာပြက္ခဒိန်ကို လှန်မကြည့်ရတော့ဘူးပေါ့.။ ဟုတ်ဘူးလား။
ကဲ ကြည့်ရအောင်နော်..။
နေ့နံလေးကို သိနိုင်ဖို့တော့ အခြေခံအနေနဲ့ အချက်(၅)ချက်ကို သိထားဖို့တော့လိုပါတယ်။
သိလိုတဲ့သူရဲ့
၁။ မွေးရက်
၂။ မွေးလ ကို ကိုယ်စားပြုတဲ့ဂဏန်း
၃။ မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း(၂)လုံးကို (၄)နဲ့စား။ စားလဒ်ကိုယူ(အကြွင်းမလို)
၎။ တဖန် မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း (၂) လုံးကို (၇)နဲ့စား။ အကြွင်းကိုယူ (စားလဒ်မလို)
၅။ ရာစုနှစ် ကိုယ်စားပြုဂဏန်း
အဲ့ဒီ (၅) ချက်ရဲ့ ဂဏန်းအားလုံးကိုပေါင်း၊ (၇) နဲ့စား။ အကြွင်းဟာ သိလိုတဲ့နေ့ပေါ့ဗျာ။
ကဲ.. မွေး၊ လ၊ ရက်တွေ ကတော့ သိထားနှင့်ပြီး။
လ ကို ကိုယ်စားပြုဂဏန်း နှင့် ရာစုနှစ်ကို ကိုယ်စားပြုဂဏန်းတွေကို သတ်မှတ်ရအောင်နော်။
ဇန်န၀ါရီလ ၁ - ဂဏန်း(ရက်ထပ်နှစ် ကြုံရင် ၀- သုံည) အောင် ၁
ဖေဖော်ဝါရီလ ၄ - ဂဏန်း (ရက်ထပ်နှစ်ကြုံရင် ၃- ဂဏန်း) ၀င်း ၎
မတ်လ ၄ - ဂဏန်း လာ ၎
ဧပြီလ ၀ - သုံည တာ ဝ
မေလ ၂ - ဂဏန်း ငါ ၂
ဇွန်လ ၅ - ဂဏန်း မြင် ၅
ဇူလိုင်လ ၀ - သုံည တယ် ဝ
သြဂတ်လ ၃ - ဂဏန်း ဈေး ၃
စက်တင်ဘာလ ၆ - ဂဏန်း သည် ၆
အောက်တိုဘာလ ၁ - ဂဏန်း အား ၁
နိုဝင်ဘာလ ၄ - ဂဏန်း လုံး ၎
ဒီဇင်ဘာလ ၆ - ဂဏန်း သိ ၆
(အောင်၊ ၀င်း၊ လာ၊ တာ၊ ငါ၊ မြင်၊ တယ်၊ ဈေး၊ သည်၊ အား၊ လုံး၊ သိ ။) လို့ မှတ်လွယ်အောင် အလွတ်ကျက်ထားပေါ့။
ရာစု ကိုယ်စားပြုဂဏန်းလေးကို ထပ်ကြည့်ရအောင်နော်။
AD ၁ ရာစု၊ ၂ ရာစုက စလို့တော့ ဂဏန်းတွေက မဖော်ပြတော့ပါဘူး။
အသုံးတည့်မယ့် AD ၂၀ ရာစု နှင့် ၂၁ ရာစု ကိုယ်စားပြုဂဏန်းကိုပဲ ဖော်ပြပါတော့မယ်။
၂၀ ရာစုက ၀ - ဂဏန်း
၂၁ ရာစုက ၆ - ဂဏန်း ပါ။
ကဲ စမ်းကြည့်ရအောင်ဗျာနော်..။ မှန်/မမှန် သိရတာပေါ့။
၁.၉.၁၉၈၃ ခုနေ့မှာ မွေးတဲ့ ယောက်ျားက ဘာနေ့သားလဲ ဆိုတာ တွက်ကြည့်ကြမယ်ဗျာ။
တွက်ကြည့်တော့မယ်ဆိုတော့ တွက်နည်းလိုအပ်ချက်တွေထဲက
မွေးရက်က ၁ ဂဏန်း
မွေးလကိုယ်စားပြုက(စက်တင်ဘာ) ၆ ဂဏန်း
မွေးနှစ်ရဲ့နောက်ဂဏန်းနှစ်လုံး ၄ --ံ့ ၈၃= ၂၀ (စားလဒ်)
မွေးနှစ်ရဲ့ နောက်ဂဏန်းနှစ်လုံး ၇ --ံ့၈၃= ၆ (အကြွင်း)
ရာစု နှစ် ကိုယ်စားပြုဂဏန်း = ၀ သုံည
စုစုပေါင်းရလဒ်= ၃၃ ရပါတယ်။ ၇ နဲ့စားတော့ --- ၅ ကြွင်းတယ်။
အဲ့ဒီတော့... ( ၁.၉.၁၉၈၃) နေ့မှာမွေးတဲ့ သူဟာ ကြာသပတေးသားပေါ့ဗျာ..။
(၁-တနင်္ဂနွေ၊ ၂ တနင်္လာ၊ ၃ အင်္ဂါ၊ ၄ ဗုဒဟူး၊ ၅ ကြာသပတေး၊ ၆ သောကြာ၊ ၀ သုံည(အကြွင်းသုဉ်းရင်) စနေ) ပေါ့။
ကဲ အင်္ဂ၀ိဇ္ဖာဆန်ဆန် ဗေဒင်လေးကို မြည်းစမ်းကြည့်လိုက်ပါဦး..။
မယုံဘူးဆိုတဲ့သူတွေ ကျွန်တော်ဆီကို လာစရာတောင်မလိုတော့ဘူးနော်..မိတ်ဆွေနဲ့ တွေ့ကတည်းက ရှင်းသွားပီနော်။
နောက်တာပါ။ အားလုံး ပျော်ရွှင်ပါစေ..။
လူငယ်ဗေဒင်

Subscribe to:
Comments (Atom)