ကြတ္တိကာ နက္ခတ် ၏ အတွေးအကြံ နှင့် အဖွား/ စန်းယှဉ်အဟော
ကြတ္တိကာ နက္ခတ်သည် အရှေ့အရပ်ကို စားလေသည်။ မီးနတ်(ဖျောက်ဆိပ်ကြယ်၊ ကြတိုက်ကြယ်) ဟု ခေါ်ပါသည်။ဇာတ်အားဖြင့် စောရနက္ခမျိုးဖြစ်သည်။(သူခိုးကြီးငတက်ပြား အရေးတွင် မကောင်းသောနက္ခတ်ဆိုးများ ၃ လုံးယှဉ်က စောရနက္ခတ်ဖြစ်သည် ဟုဆိုသည်။) ကြယ်စုအားဖြင့် ကြတ္တိကာသည် ၆ လုံး၊ တစ်ချို့ကျမ်းတို့တွင် ၇ လုံးကိုပြသည်။
ကြတ္တိကာသည် တနင်္ဂနွေ ဂြိုဟ်မင်းသူရိယ ပိုင်စားသော နက္ခတ်ဖြစ်သည်။ အင်္ဂဂြိုဟ်ပိုင်သော မိဿရာသီတွင်
(၁)ပါဒ်နှင့်သောကြာဂြိုဟ်ပိုင်သော ပြိဿရာသီတွင် (၃)ပါဒ်ဖြင့် ၂ ရာသီခွလျှက် တည်သော နက္ခတ်ဖြစ်သည်။ ထို့ကြောင့်၎င်းတို့၏ စရိုက်သဘာဝများ ရောပွန်းလျှက် ပါဝင်ပါသည်။ ကြတ္တိကာနက္ခတ် အရောင်ညှိုးသော်ယွန်းပြည် မငြိမ်မသက်ဖြစ်သည်။ကြတ္တိကာ၏အရှင်သခင်မှာ အဂ္ဂနိဒေ၀ါတာခေါ် မီးနတ်ဖြစ်သည်။ လျှပ်စီးလက်ခြင်း၊ ရောင်ခြည်ထိုးကျခြင်းနှင့်ပတ်သက်လျှက် တေဇောဓါတ်၏ တန်ခိုးဟု မှတ်ယူသည်။ တည်ထွင်မှု၊ သရုပ်ဖော်ပြသည့်အမှု၊ ပြောဆိုသောအမှုတို့၌ ရေသောက်မြစ်မှာ တေဇောမီးဓါတ်သည် အခရာဖြစ်ပါသည်။ ဦးစီးဓါတ်၊ အိမ်ထောင်စု၏ အရှင်ဒေ၀တာ၊ဆွေမျိုး သားချင်းတို့၏ သွေးသောက်အရာပေးပါသည်။ ထို့ကြောင့် ကြတ္တိကာသည်
ကိုးကွယ်သူတို့ဖြစ်စေလိုသောအပြောင်းအလဲများကို ဖြစ်ပွားစေသော စွမ်းအားရှိသည်။ ဒုစရိုက်များကို သုစရိုက်အမှန်များနှင့် ပြုပြင်ခြင်း၊မစင်ကြယ်မှုကိုပယ်ရန် စင်ကြယ်သော စိတ္တ၀ိသုဒွိ့ကိုဖြစ်ပွားစေရန် အကျင့်သီလ၀ိသုဒွိ (လောကပါလတရားများ)ကို မွေးထုတ်ပေးသည်ဟု ကျမ်းဂန်တို့၌ ဖွင့်ဆိုပါသည်။ ဥဏှတေဇော၊ သီတတေဇောသည် အခရာဖြစ်သည်။ သို့ဖြစ်၍ အာရုံများ၏လှုပ်ရှားမှုမှန်သမျှ (သို့) အာရုံကိုသိသောစိတ်ကို ပိုင်စိုးသည်။ ကြတ္တိကာသည် မိဿရာသီတွင်တမဂုဏ်ဆောင်သဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္တုဆိုင်ရာ တည်ထွင်နိုင်သောစွမ်းအားကို ကိုယ်စားပြုသည်။
ကြတ္တိကာသည် ပြိဿရာသီ၌ ရာဇဂုဏ်ရသဖြင့် နာမ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုပ်ငန်း၊ တည်ထွင်နိုင်စွမ်းသတ္တိ၊ အတွင်း အဇ္ဈတ္တကိုကိုယ်စားပြုသည်။ ရဲရဲတောက်တက်ကြွနေသောစိတ်အာရုံ၊ အစာအိမ်ကျေညက်အောင် ချေဖျက်နိုင်သော ပါစက၀မ်းမီး၊အပူသတ္တိ၊ စိတ်ကိုပူလောင်စေသောမီးဓါတ် လည်းဖြစ်ပါသည်။ ဤအချင်းအရာကို စဉ်းစားရာ၌ မိဿရာသီအိမ်နှင့်သခင်၃င်္ဂါဂြိုဟ်၏ ထင်ရှားသောဂုဏ်အင်္ဂါကိုအရည်အချင်းများကို အခြေခံပါသည်။
အတွေးအကြံအားဖြင့် -
စစ်သေနာပတိ၊ ရင်ခွင်ပိုက်ကာကွယ်စောင့်ရှောက်သူ၊ စစ်ပွဲ၊ စစ်ထိုးခြင်း၊ စစ်တိုက်ခြင်း၊ ပြိုင်ဆိုင်ခုခံခြင်း၊ တွန်းလှန်ခြင်း၊သတ္တိဗျတ္တိယှဉ်ခြင်း၊ ကောလဟလသတင်း၊ ကျော်ဇောတိက္တိ၊ သားရေစက္ကူ၊ စာချုပ်စာတမ်း၊ တောက်ပခြင်း၊ ဓနဥစ္စာသိုမှီးစုဆောင်းခြင်း၊ တို့ကို ကိုယ်စားပြုပါသည်။
ကိုယ်အင်္ဂါအားဖြင့် တင်ပါး၊ တင်ဆုံ၊ ခါးဆစ် တို့ဖြစ်သည်။
ကြတ္တိကာ နက္ခတ်၌
စန်းယှဉ်မွေးဖွားလာသတို့ကို ခြုံငုံသုံးသပ်သော် ကျော်ဇောခြင်း၊ စိတ်ပြင်းပြခြင်း၊ အပူဇော်ခံခြင်းရခြင်း၊
မိစ္ဆာအမှုပြုတတ်ခြင်း၊ အာရုံကျက်စားခြင်း တို့ဖြစ်မည်။ ယှဉ်ပြိုင်လိုသောစိတ်ရှိ၏။ အကြီးအကဲဖြစ်၏။ တည်တွင်၏။ ကြံဆ၏။ လေးနက်၏။ အသွင်ပြောင်း၏။ သိုမှီးစုဆောင်းသူဖြစ်၏။ ပရိယာယ်များ၏။ ရဲရဲတောက်၏။ သည်းခံစိတ်နည်း၏။ ဆွေမျိုးသားချင်းများအား ကာကွယ်၏။ အငမ်းမရစားသောက် တတ်သည်။ သူတစ်ပါး မျက်နှာကြီးသူဖြစ်၏။ အတတ်ပညာသင်သော် တတ်လွယ်၏။
မွန်းတည့်နက္ခတ် ဖွားသဘော၌
၃။ ကြတ္တိကာ နက္ခတ်၌ ဖွားသောသူသည်ကား
လှပတင့်တယ်သော ကိုယ်အင်္ဂါရှိသူဖြစ်အံ့။ အတတ်
ပညာဟူသမျှ တတ်မြောက်လွယ်၏။ ဆရာသမားကို
ပြစ်မှားတတ်သော သဘောရှိ၏။ ကာမေသုမိစာ စာရကံ
ထိုက်တတ်၏။
ကြတ္တိကာနက္ခတ်၌ ပြုလုပ်အပ်သောကိစ္စရပ်များမှာ-
မီးပူဇော်ခြင်း ၊ လေးမြှားလက်နက်တပ်ဆင်ခြင်း၊ ကြောက်မက်ဖွယ်ကောင်းသည့်အလုပ်မျိုး၊
စစ်ပြေငြိမ်းအောင်စေ့စပ်ခြင်း၊ ပြင်းထန်သောတိုက်ခိုက်ခြင်း၊ စစ်ပွဲ၊ ဆေး၊ တီးမှုတ်ခြင်းတို့နှင့်
ပတ်သက်သည့် အလုပ်များကို ပြုလုပ်အပ်၏။