Saturday, July 6, 2013

(၉) အသလိဿ နက္ခတ်

အသလိဿ နက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

(၉) အသလိဿနကတ်( a 1 &2 Caveri)

အသလိဿနက္ခတ်သည် (၃)လုံးဇာတ်၌  ရဟန်းနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
စဏ္ဍာလ နက္ခတ်ဖြစ်ပါသည်။ အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စား၍  တနင်္လာ
စန်းဂြိုဟ်ပိုင်နက္ခတ်ဖြစ်သည်။အသလိဿ၏ အနက်အရင်းကား မရောမယှက် သက်သက်သီးခြားဖြစ်သည်။
အကြင်နက္ခတ်၌ မွေးဖွားသောကလေးငယ်နှင့် မကပ်မငြိ၊ မထိမရောရဘဲ ၁၂-ရက်မြောက်နေ့၌
အသလိဿသျှန္တီပြုပြီးသည့်တိုင်အောင် (၆)လသားအထိ ဖခင်နှင့်ဝေးကွာရ၏။ ထိုသို့
မနီးမနား၊ မထိစပ်သောကြောင့် အသလိဿနက္ခတ်မည်ကြောင်း ဂါစပ္ပ၀ရအဘိဓါန်၌ဆိုပါသည်။

အတွေးအကြံများအားဖြင့်

ဖက်စပ်ခြင်း၊ စပ်ဟပ်ခြင်း၊ လမ်းဆုံလမ်းခွ၊ တွေ့ဆုံခြင်း၊ စည်းလုံးညီညွတ်ခြင်း၊
ဖိုမစပ်ယှက်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ ကိုယ်လက်ထိတွေ့ဆက်ဆံခြင်း၊ ပွေ့ပိုက်ဖက်ရမ်းခြင်း၊
လက်ချင်းချိတ်တွယ်ခြင်း၊ ပတ်ရစ်ခြင်း၊ ကိုယ်အင်္ဂါများအနီးကပ်ပေါင်းခြုံခြင်း စသည်တို့ကို တွေးကြံသည်။
မခွဲမခွာတည်မြဲနေရန်၊ ခင်မင်တွယ်တာရန်၊ တွယ်ကပ်ထားရန်၊ ခိုးကြောင်ခိုးဝှက်ပြုနေရန်၊ ကွေ့ကွေ့ကောက်ကောက်သွားရန် ၊ ဆွေ့ဆွေ့ ခုန်၊  တွန့်တွန့်လူးနာကျင်ခြင်း၊ ခြစ်ခြစ်တောက်လောက်ကျွမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း တို့ကိုကိုယ်စားပြုပါသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာ
လက်သည်းခြေသည်းများ၊ ခြေဆစ်လက်ဆစ်များ၊ အဆစ်အမြစ်များဖြစ်သည်။

မွန်းတည့်နက္ခတ် ဖွားသူတို့သဘော၌

၉။ အသလိသ နက္ခတ်၌ဖွားသောသူသည် တွေ့မရှောင်
အကုန်စားတတ်၏။ လူသတ်သမားဖြစ်၏။ ကျေးဇူးကန်းတတ်
၏။ ကောက်ကျစ်စဉ်းလဲတတ်၏။ ကောင်းကောင်းဆိုးဆိုး
အမျိုးမျိုးကို တုတ်ထိုးအိုးပေါက် မကြောက်မရွံ့ ၀ံ့ဝံ့စားစား
လုပ်ပစ်တတ်၏။ အသလိဿ၌မွေးဖွားလာသူသည် အကျိုးမပြီး၊ ရောက်ရာပေါက်ရာသွားလာတတ်၏။
အလွန်ဆိုးသွမ်းသောစိတ်ထားရှိသူဖြစ်၏။ လူအများအား ဒုက္ခပေးတတ်၏။ စိတ်ကြီးဝင်၏။
မသမာသောနည်းဖြင့် စီးပွားဖြစ်တတ်၏။  ရိုးသားမှုနည်းပါးသည်။ အကုန်စား ရွေ့မကောင်းသည်မှန်သမျှ အကုန်လုပ်တတ်သည်။ သစ္စာဖောက်ဖျက်တတ်သည်။



အသလိဿနက္ခတ်၌ ပြုလုပ်သောကိစ္စရပ်များမှာ-
လိမ်လည်လှည့်ဖျားခြင်း၊ ဒုစရိုက်မှုပြုခြင်း၊ လောင်းကစားခြင်း၊ အမျက်ဒေါသ၊ မီး၊ အဆိပ်၊
အပူ၊ ငြင်းခုန်ခြင်း ၊ စကားစစ်ထိုးခြင်း၊ အရသာကုန်သွယ်ခြင်းတို့နှင့်ပတ်သက်သည့် အမှုကိစ္စတို့
ပြုလုပ်လျှင် အောင်မြင်၏။