Labels
- ၁၂ရာသီဖွားအဟော
- ၇ ရက်သားသမီး တစ်သက်တာဟောစာတမ်း
- ကလေးနာမည်ပေးကင်ပွန်းတပ်
- ဂဏန်းဗေဒင်
- ဆန်းကျမ်းအကျဉ်း
- တွက်နည်းတိုများ
- ထုတ်ပြန်ကြေငြာချက်
- နက္ခတ် အဟော
- ပုရိသဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်
- ဂြိုဟ်များအကြောင်း
- မဟာကာလချနည်းများ
- မူလမဟာဘုတ်
- လူငယ်နှင့်ဗေဒင်
- သျှတ္တရ
- အချစ်နှင့်အိမ်ထောင်ရေး
- အချစ်နှင့်အိမ်ထောင်ရေး
- ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဣတ္ထိယသျှတ္တရ
- ဟောစာတမ်းများ
Thursday, July 11, 2013
ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ကြဉ်အပ်သော အကြောင်းတရား (၁၄)ပါး
အကြင်မိခင်လောင်းတို့သည် မိမိ၌ ပဋိသဒ္ဓေကိုယ်ဝန်ရှိပြီဟု မှတ်ထင်သိအပ်သောကာလ
ရှောင်ကြဉ်သင့်သောအရာများကို ဘာဝပ္ပကာသ ဆေးကျမ်းအလိုအရ ဖော်ပြအပ်ပါသည်။
(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကိုလည်းကောင်း၊
(၂) လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းကိုလည်းကောင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းလျှက် နှိပ်နယ်ခြင်းကိုလည်းကောင်း၊
(၄) အလွန်မွှေးကြိုင်သော နံသာအမွှေးအကြိုင်များကို လိမ်းကျံခြင်းကိုလည်းကောင်း၊
(၅) မျက်စိများကို ဆေးကွင်းခြင်းကိုလည်းကောင်း၊
(၆) ပူလွန်း၊ အေးလွန်းသော ရေကိုချိုးခြင်းကိုလည်းကောင်း၊
(၇) နေ့၌ အလွန်အိပ်ခြင်းကိုလည်းကောင်း၊
(၈) ပြေးလွှား၍ သွားလာခြင်းကိုလည်းကောင်း၊
(၉) အလွန်ကျယ်သောအသံအား နားထောင်ခြင်းကိုလည်းကောင်း၊
(၁၀) လွန်စွာ ရယ်မောခြင်းကိုလည်းကောင်း၊
(၁၁) အလွန်များစွာ စကားပြောဆိုခြင်းကိုလည်းကောင်း၊
(၁၂) အပင်ပန်းခံခြင်းကိုလည်းကောင်း၊
(၁၃) မြေကိုတူးခြင်းကိုလည်းကောင်း၊
(၁၄) လေတိုက်ခံခြင်းကိုလည်းကောင်း
ရှောင်ကြဉ်ကွင်းကွာအပ်ကြောင်း ဆိုပါသည်။
အဥာဏ၀ါ ပမာဒါဝါ၊ လောဘာဝါ ဒေ၀တေန၀ါ၊
သာစေကရေ နိသိဒ္ဓါနိ၊ ဂဗ္ဘော ဒေါသဉ္စ ပါပုဏေ။
အဓိပ္ပါယ်ကား။
ထိုကဲ့သို့ မရှောင်ကြဉ်ဘဲ ပြုလုပ်မိက သည်လိုအဖြစ်ရောက်တတ်၏ဟုမသိမမြင်သော ကြောင့်လည်းကောင်း၊သိပါလျှက်နှင့် မေ့လျော့ပေါ့တန်ခြင်းကြောင့်လည်းကောင်း၊ အလိုရမ္မက်ကြီးသောကြောင့်လည်းကောင်း၊နတ်တို့ကြောင့်လည်းကောင်း၊ ရှေးအကုသိုလ်ကံကြောင့်လည်းကောင်း၊ ပညာရှိသူ အများလူက သိမူစေငြားလျှက်
တားမြစ်အပ်သောအချက်တို့ကို ထိုကိုယ်ဝန်ရှိသော မိန်းမသည် အကယ်၍ မရှောင်ကြဉ်ဘဲ ပြုမိခဲ့အံ့။ ကိုယ်ဝန်တည်ငြားသော ၀မ်းတွင်းသားငယ်သည် မတင့်မတယ် မဖွယ်မရာ မရှုသာအောင် မွေးဖွားတတ်သောအပြစ်ဒေါသရှိခြင်းသို့လည်း ရောက်တတ်လေရာ၏ ဟု
အကြင်အမိဖြစ်သူမိန်းမသည်
(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည်
ဖောက်ပြန်တတ်သော မျက်စိရှိတတ်သည်။
(၂) လက်သည်း၊ခြေသည်းတို့ကို လှီးဖြတ်ခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည်
မကောင်းသော ခြေသည်း၊ လက်သည်းရှိတတ်သည်။
(၃) ကိုယ်ကိုဆီဖြင့်သုတ်လိမ်းလျှက်နှိပ်နယ်ခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည်
နူနာပါတတ်သည်။
(၄၊၅) အလွနမွှေးကြိုင်သောနံသာအမွှေးတို့ကို လိမ်းကျံခြင်းကြောင့် လည်းကောင်း၊ ပူလွန်းအေးလွန်းသောရေကိုချိုးခြင်းကြောင့်လည်းကောင်း၊
ဝမ်း၌တည်သော သားသူငယ်သည် သည်းခံနိုင်ခဲသော၊ ဆင်းရဲသော အလေ့ပါတတ်သည်။
(၆) မျက်စိတို့ကို ဆေးနှင့်ကွင်းခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည်
မျက်စိကန်းလာတတ်သည်။
(၇) အမိနေ့၌ အအိပ်ကြူးခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် အအိပ်ကြူးတတ်သည်။
(၈) ပြေးလွှားသွားလာခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် ဆော့လွန်းသောအလေ့ရှိတတ်သည်။
(၉) ကျယ်လွန်းသောအသံကိုနားထောင်းခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည်
နားထိုင်းတတ်သည်။
(၁၀) ပြင်းပြကျယ်လောင်စွာရယ်မောခြင်းကြောင့် အာခေါင်၊ သွား၊ နှုတ်ခမ်း၊လျှာ တို့၌ အမည်းအနက်ပါတတ်သည်။
(၁၁) အမိစကားများခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် စကားဗလစ်ဗလစ် မတည်မကြည်သောရှိတတ်သည်။
(၁၂) အပင်ပန်းခံခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် ရူးသွပ်နာပါတတ်သည်။
(၁၃) အမိမြေကိုတူးခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် စကားပြောထစ်ငေါ့တတ်သည်။
(၁၄) လေတိုက်ခံခြင်းကြောင့် ၀မ်း၌တည်သော သားသူငယ်သည် လေကဲ့သို့ စိတ်ပျံ့ လွင့်ရူး ဖြစ်တတ်သည်။
ဤအကြောင်းချင်းအရာတို့သည် အကျိုးအပြစ်နှင့်တကွပြဆိုသော ဘာဝပ္ပကာသ ဆေးကျမ်းစကားဖြစ်ပါသည်။