ဖုသျှနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော
(၈) ဖုသျှနက္ခတ်(Gameri)
ဖုသျှနက္ခတ်သည် (၃)လုံးဇာတ်တွင် ဗြဟ္မဏ ပုဏ္ဏားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
ခတ္တိယဇာတ်ဖြစ်ပါသည်။ အရပ်အားဖြင့်အရှေ့အရပ်ကိုပိုင်စားလျှက် တနင်္လာဂြိုဟ်ပိုင်စားပါသည်။
ဖုသျှနက္ခတ်သည် ကြံ့ခိုင်သန်မာခြင်း၊ အသိပညာ ဖွံ့ဖြိုးတိုးပွားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။
ဥပဇ္ဈာယ်ဆရာ၊ သြ၀ါဒပေးရာနာယက၊ လေးစားအပ်သောဆရာသမား ပုရောဟိတ်တို့ကို ကိုယ်စား
ပြုပါသည်။း
အတွေးအကြံအားဖြင့်
ပန်းတို့ဖူးပွင့်ဝေဆာခြင်း၊ အကောင်းတကာ့အကောင်းဆုံး သို့မဟုတ် အမြင့်မြတ်ဆုံး
ဖြစ်သည်။ ခေါက်ထားသည်ကို ဖွင့်ဟစ်ပြခြင်း၊ ခင်းကျင်းပြသရန်၊ အမြတ်ထုတ်ယူရန်
အပိုင်ထိန်းသိမ်းထားရန် ၊ စည်းစိမ်ခံပိုင်စားရန် တို့ဖြစ်သည်။
ဝဖြိုးခြင်း၊ ပူဖောင်းခြင်း၊ ကောင်းစားချမ်းသာခြင်း၊ ဗုံးဗောလအောရှိခြင်း၊ တိုးပွားထွန်းကားခြင်း၊
ပြည့်လျှံခြင်း၊ ပညာတိုးခြင်း ၊ အတိတ်နိမိတ်ကောင်းသော ဆုတောင်းပတ္တနာ၊
ဘုရားဝတ်ပြုဆည်းကပ်ကိုးကွယ်ခြင်း၊ စကားအရာ၊ နုတ်စ လျှာ၊ အာဝဇ္ဇန်း၊ အသိပညာ၊
အတတ်ပညာ စသည်တို့နှင့်ဆက်ဆိုင်သည်။
ကိုယ်ခန္ဓာအစိတ်အပိုင်းတွင် ပါးစပ်၊ ခံတွင်း၊ နှုတ်ခမ်း၊ မျက်နှာထား စသည်တို့ဖြစ်သည်။
မွန်းတည့်နက္ခတ် ဖွားသူတို့သဘော၌
ဖုသျှနက္ခတ၌် ဖွားသောသူသည် ရတနာသုံးပါး နှင့်
မိဘဆရာသမားတို့အား ထပ်ကြပ်မကွာ အောင့်မေ၏။
သားသမီးတို့အား ကြည်ညိုလေးစားစေ၏။
အရာရာ မြော်မြင် ဆင်ခြင်တတ်၏။ စိတ်အေး၊ လက်အေး
နေထိုင်တတ်၏။ မိမိ၏ အာသာဆန္ဒကို ထိန်းသိမ်းလျှက်
အေးဆေးတည်ငြိမ်စွာဖြင့် ပျော်ရွှင်စွာနေထိုင်လိမ့်မည်။ လှပသော
ကိုယ်ခန္ဓာရှိသည်။ သျှတ္တရကျမ်းများကို လေ့လာရေးသားလိမ့်မည်။
ချမ်းသာကြွယ်ဝသည်။ ဘာသာတရားလေးစားသည်။ ဘာသာရေး
အခမ်းအနားများနှင့် ဂါထာ၊ ပရိတ်၊ မန္တာန်များကို လေ့လာမည်။