Thursday, July 11, 2013

အိမ်ထောင်ရေးတွက်နည်းတို (၂)

တနည်းအားဖြင့် အကြင်သတို့သားလောင်းနှင့် သတို့သမီးလောင်း ချစ်ခင်သူနှစ်ဦးတို့၏ ထိမ်းမြားလက်ထပ်ခြင်းစပ်လျှက် ကောင်းကျိုး ဆိုးကျိုးတို့ကို တွက်စစ်ပုံတစ်နည်းဖြစ်ပါသည်။

အကြင်ချစ်ခင်သူ နှစ်ဦးတို့၏ နေ့နံနှစ်ပါးအား (၅)နှင့်မြောက်ပါ။ ၄င်းကို (၇) ခုစားလျှက် အကြွင်းတို့ကို ယူလျှက် ဟောစာတမ်းတွက်ချက်ပါသည်။
ဥပမာအားဖြင့် တွက်နည်းမှာ

အကြင်သတို့သားလောင်း တနင်္လာသားဟုဆိုလျှင် နေ့နံအားဖြင့် (၂) ဂဏန်းဖြစ်သည်။
အကြင်သတို့သမီးလောင်း ဗုဒ္ဓဟူးသမီးဟုဆိုလျှင် နေ့နံအားဖြင့် (၄) ဂဏန်းဖြစ်သည်။ နေ့နံနှစ်ခုပေါင်းသည် (၆) ဖြစ်ဂဏန်းရသည်။ ၄င်းကို (၅) နှင့်မြောက်သော် (၃၀) ဖြစ်သည်။ ၄င်းမြောက်လဒ် (၃၀) ကို (၇)ခုနှင့် ခွင်းသော် အကြွင်းသည် (၂) ဂဏန်းကြွင်းသည်။
၎င်းအကြွင်းအား ဟောစာတမ်းထုတ်ခြင်းဖြစ်ပါသည်။

ဟောစာတမ်းအကျဉ်းအား အချစ်နှင့်အိမ်ထောင်ရေးဟောစာတမ်းတွင်ကြည့်ပါလေ..။