urus)
ကဆုန်လ (Api-20-~ May -20))
ပထမသောကြာ လကျာ် ဂြိုဟ်အိမ်
-------------------------------------------
ကြတ္တိကာ နက္ခတ် (၃)ပါဒ်
ရောဟဏီ နက္ခတ် ၁-လုံး (၄)ပါဒ်
မိဃသီ နက္ခတ် (၂)ပါဒ်
နက္ခတ်လုံးရေ(၄)လုံး ၂-ပါဒ်) ပေါင်း ၉- ပါဒ်
----------------------------------------------
အမှုကိစ္စ အကြံအစည်တို့ကို မိမိအယူအဆအပေါ်တွင်စွဲလန်းယုံကြည် စိတ်ချလျှက် ပြောင်းလဲခြင်းမရှိတတ်ပေ။ ခေါင်းမာတတ်သည်။ချစ်ခင်နှစ်သက်သူတို့အတွက် ဘာမဆို လုပ်ကိုင်ပေးတတ်သည်။ ၄င်း တို့အကြောကို နားလည်သော မိန်းမ/ယောက်ျား တို့နှင့်တွေ့လျှင်
ခိုင်းသမျှလုပ်လျှက် ထိုစစ်ကွင်းမျိုးမှ လွတ်နိုင်ခဲသည်။ မိတ်ဆွေအပေါင်းအသင်းတို့အပေါ် ဧည့်ဝတ်ကျေပွန်စွာ ဆောင်ရွက်ပေးတတ်သည်။ ပေးကမ်းစွန့်ကြဲသော စိတ်ရှိ၏။ မိတ်ဆွေများနှင့် ပျော်ပါးစားသောက်ခြင်းကို ၀ါသနာပါ၏။ အ၀တ်အစားကို သေသပ် အချိုးကျန
စွာ ၀တ်ဆင်တတ်၏။ စိတ်မြန်လျှက် ဒေါသစိတ်ထွက်လျှင် နှုတ်ကို ထိန်းသိမ်းချုပ်တည်းနိုင်မှုမရှိ။ အရမ်းမဲ့ပြောတတ်သည်။ သို့သော် စိတ်ပြေလွယ်လျှက် နောင်တရလွယ်၏။
အစောပိုင်းကာလတို့တွင် အိမ်ထောင်ကျသော် အမှားအယွင်းများပေမည်။ လက်ချောင်းတို့တွင် လက်သည်းခွံတို့သည် ၀ိုင်းလျှက်တိုနေတတ်၏။ လက်ချောင်း၊ နှာခေါင်း တို့တွင် ဝေဒနာ အထူး၊ လည်ပင်း စလုတ် တို့တွင် အဖုအပိန့် ကပ်တတ်လေသည်။ နား နှင့်အူတို့သည်အထင် မှတ်ပဲ တွေ့ရသော ရောဂါများဖြစ်သည်။
ပြိဿရာသီတွင် အုပ်စိုးသောဂြိုဟ်အားဖြင့် ကာရကပြုပုံအရ အဟော
ပြိဿရာသီသည် သောကြာဂြိုဟ်(ပထမ လက်ျာဂြိုဟ်အိမ်) ပိုင်ရာသီဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဂြိုဟ်၏ စိတ်နေသဘောထားနှင့်အပြုအမူအကျင့်စရိုက်တို့သည် ပြိဿရာသီဖွားတို့တွင် ပါဝင်လာပါသည်။ အပြုအမူ၊ အကျင့်စရိုက် ဆိုရာတို့၌ ဂြိုဟ်အားကောင်းလျှင် ကောင်းသလိုအကျိုးပြုများ၍ ဂြိုဟ်အားနည်းလျှင် နည်းသလို အကျိုးပြုမှု အားနည်းစေပါသည်။ ဆိုလိုရင်းမှာ ပြိဿရာသီခွင်ကို ၀င်ရောက်သော အစ(၇)ရက် (April- 20 ရက်နေ့မှ 26 ရက်နေ့ထိ) သည်လည်းကောင်း၊ ပြိဿရာသီခွင်မှထွက်ခွာသော
အဆုံး (၇)ရက် (May-14 ရက်မှ20 ရက်ထိ) သည်လည်းကောင်း သောကြာဂြိုဟ် အားပျော့ပါသည်။ ထို့ကြောင့် အကျိုးပြုမှု အားလျော့သည်ဟု ဆိုလိုပါသည်။ ထိုမှကြွင်းသော အလယ်ရက်တို့တွင် (May 4 ရက်) နေ့ထိ တဖြည်းဖြည်းအားကောင်းလာကာ ထို (May 4 ရက်)မှလွန်လျှင် တဖြည်းဖြည်း အားလျော့လာသော သဘောဖြစ်ပါသည်။ ( /\ ) ပုံသဏ္ဍာန်လျောဇောက်သကဲ့သို့ဖြစ်ပါသည်။ ရှေ့ (၇) ရက်သော သောကြာဂြိုဟ်အားပျော့ကာလသည် မိဿရာသီ ပထမအင်္ဂါလကျာ် ဂြိုဟ် အိမ်မှ ကူးပြောင်း ၀င်ရောက်လာသည်ဖြစ်၍ ၄င်းဂြိုဟ်၏အကျင့်စရိုက်အနည်းငယ် ကူးစက်ဝင်ရောက်ထားသဖြင့် ထိုကာလတို့သည် သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ် တို့၏ အကျင့်စရိုက်များရောပွန်းနေပါသည်။ ၄င်းအချိန်တွင် မွေးဖွားသော ဇာတာရှင်၏ စရိုက်လက္ခဏာတို့သည် ထိုဂြိုဟ်နှစ်လုံးတို့၏ စရိုက်လက္ခာကို မလွဲမသွေရရှိလေတော့သည်။ အဆုံး(၇) ရက်ကိုလည်း ဤကဲ့သို့ မှတ်မယူလေ။
(ဤကားစကားချပ်တည်း)
ပြိဿရာသီတွင် အုပ်စိုးသော သောကြာဂြိုဟ် ကာရက ပြုပုံအရ အဟော
ပြိဿရာသီဖွားတို့သည် တွင်းစိတ်မာနကြီးသည်။ နှစ်လိုဖွယ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အပြောအဆို လိမ္မာကျွမ်းကျင်သည်။ ချိုသာသည်။ ဆံပင်နက်နက်ရှိသည်။ ကြောက်တတ်၊လန့်တတ်သည်။ ပုံကြီးချဲ့ ပြောတတ်ဆိုတတ်သည်။ မာယာ၊ ပရိယာယ်ကောင်းသည်။ ကခုန်သီဆိုမှု၊ အလင်္ကာ၊ ကဗျာ သီကုံးဖွဲ့နွဲ့မှု တို့ကို လိုက်စားသည်။ အဖိုးထိုက်အ၀တ်အစား၊ ရတနာ၊ ဇိမ်ခံပစ္စည်း ခုံမင် မက်မောသည်။ စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားမှု ကျွမ်းကျင်သည်။ စိတ်ကူးယဉ်မှု၊
အာရုံခံစားမှုလွန်ကဲတတ်သည်။ လောကီပညာ၊ သမိုင်း ပညာ၊ကျမ်းဂန်တို့ကို လေ့လာလိုက်စားတတ်သည်။ အလိုရမ္မက်ကြီးသည်။
အာရုံခံစားမှုလွန်ကဲတတ်သည်။ လောကီပညာ၊ သမိုင်း ပညာ၊ကျမ်းဂန်တို့ကို လေ့လာလိုက်စားတတ်သည်။ အလိုရမ္မက်ကြီးသည်။
ပြိဿရာသီတွင် အုပ်စိုးသော နက္ခတ်တို့ ကာရကပြုပုံအရ အဟော
ပြိဿရာသီတွင် နက္ခတ်အားဖြင့် (၃) လုံး (၉)ပါဒ် ဖြင့် ရပ်တည်ကြပါသည်။ နက္ခတ်တစ်လုံးသည် (၄)ပါဒ်ရှိပါသည်။
တစ်ရာသီတွင် ပျမ်းမျှ ရက်ပေါင်း (၃၀)ရှိရာ (၉)ပါဒ်နှင့် စားလျှင်
နက္ခတ်တစ်ပါဒ်သည် (၃.၃) ရက်ရှိပါသည်။ ထို့ကြောင့် နက္ခတ်တစ်လုံးသည်
ပျမ်းမျှ(၁၃.၃) ရက်ခန့်ရှိပါသည်။
ပြိဿရာသီတွင် မိဿရာသီမှာ ရာသီခွ နက္ခတ် ကြတ္တိကာနက္ခတ်သည်
(၃-ပါဒ်) ဖြင့် (၉.၉) ရက်ခန့်ဆက်လက်ရပ်တည်နေပါသည်။၎င်းမှလွန်သော် ဘရဏီနက္ခတ်တစ်ဖန် (၄-ပါဒ်) ပါဒ်ပြည့်ဖြင့် (၁၃.၃)ခန့်ဖြင့်ဆက်လက်ရပ်တည်ပြန်ပါသည်။
၎င်းမှလွန်သော် မိဂသီနက္ခတ်သည်(၂)ပါဒ်(၆.၆)ရက်ခန့်ဖြင့် ရပ်တည်ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။