Monday, June 10, 2013

၆ - ခုကြွင်း မဟာဘုတ်

၆ - ခုကြွင်း မဟာဘုတ် အားလုံးတို့သည် မရဏ အိမ်ခွင်တွင် ၂ ဂဏန်း ငွေကြေး၊ အမော်အကြွား၊ ဟန်အမူအရာ တို့နှင့်သက်ဆိုင်သောတနင်္လာဂြိုဟ် တည်ရှိနေမှုကြောင့်
ငယ်ရွယ်စဉ်ကလေးဘ၀မှစ၍ ဟန်အမူအရာကောင်းခြင်း၊ သွက်လက်ချက်ချာခြင်း၊ စကားကောင်းသူများဖြစ်ခြင်း။
ဘ၀အစပိုင်း ခက်ခဲကြမ်းတမ်း၍ ဘ၀ကိုအခက်အခဲများစွာဖြင့် ရင်ဆိုင်လာရသူများ၊ မိဘသားချင်းများနှင့် စောစွာခွဲခွာရသူများ၊အချို့ဆိုလျှင် အမိ၊ အဖ ကိုပင် မမှတ်မိလိုက်ရသည်အထိ ဘ၀ကို ရင်နင့်စွာ ဖြတ်သန်းလာသူများဖြစ်တတ်ခြင်း။

ဘ၀အစပိုင်းတွင် အလွန်အခက်အခဲကြုံစေတတ်ပြီးအိုဇာတာ တွင် အောင်မြင်ကျော်ကြားကြသူများ၊ ငွေကြေးစီးပွား
ပြည့်စုံကြွယ်ဝသူများ ဖြစ်လွယ်ခြင်း။
ငွေရလွယ်ပြီး ငွေကုန်ဆုံးမှု မြန်ဆန်ခြင်း။
အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုမိုဝင်ငွေစီးပွားဥစ္စာဖြစ်ထွန်းလွယ်ခြင်း။
မိမိ၏ အဇ္ဈတ္တသဏ္ဍာန်တွင် ဖုံးကွယ်မှု၊ လျှို့ ၀ှက်မှု တစ်ခုခု ပြုလုပ်ပြောဆိုနေရမှ စိတ်ကျေနပ်မှုရှိသည့် ဗီဇဥာဉ်စရိုက်မျာပါရှိနေတတ်ခြင်း။
ဟန်အမူအရာကောင်း၍ နှုတ်ချိုပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သော အပြုအမူများ ပါရှိနေသဖြစ်ပါက ကတိပေးလွယ်၊ ကတိဖျက်လွယ်ခြင်း။
ကတိစကားမတည်ကြည်သူဖြစ်ခြင်း။
အိမ်ထောင်ရေးရှုပ်ထွေးမှုများ တိုက်ဆိုင်ကြုံတွေ့ လွယ်တတ်ခြင်း။
စကားနည်းပြီး ဟန်အမူအရာမပါ၊ ကပိုကရိုဝတ်ဆင်နေထိုင်သူဖြစ်ပါက ကံကောင်း၍ နက်နဲသော အတွေးအခေါ်ရှိသူဖြစ်ခြင်း။
အတတ်ပညာ၊ ဥာဏ်ပညာတို့နှင့် ယှဉ်လျှက် လုပ်ကိုင်နေတတ်ခြင်း။
ဘ၀တွင် ငွေအရင်းအနှီးမပါဘဲ အတတ်ပညာတို့ဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်မှုများဖြစ်လွယ်ခြင်း။
မိန်းကလေးများ အလွန်အလှမက်လျှက် နူးနူးကြွကြွ လှလှပပ ၀တ်စားနေထိုင်တတ်သူဖြစ်ပါက မလွတ်လပ်သူများနှင့်အိမ်ထောင်ကျလွယ်စေတတ်ခြင်း။
ဘ၀တွင် ပုလဲနှင့် အဖြူရောင်များကို ၀တ်ဆင်အသုံးပြုပါက ကံဇာတာ ညှိုးမှိန်စေတတ်ခြင်း။
ဘ၀တွင် ဥဿဖရားနှင့် ဖြူမှိုင်းသောအရောင်များကို အသုံးပြုပါက ကံဇာတာပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတွင် ရင်ကြပ်ရောဂါ၊ အကြောရောဂါ၊ အဆစ်အမြစ်ကိုက်ခဲသောရောဂါ၊ သွားရောဂါ နှင့် ထိခိုက်ဒဏ်ရာရမှုများကြောင့်ဖြစ်သောရောဂါများ အများဆုံး ကြုံတွေ့စေတတ်ခြင်း။
အောင်မြင်မှုများကြုံကြိုက်နေချိန်တွင် အရှက်ကွဲမှု၊ ကံဇာတာပြန်လည်နိမ့်ကျမှုများ အံ့သြစွာ တိုက်ဆိုင်ကြုံတွေ့ စေရခြင်း။

၆  - ခုကြွင်းအားလုံးတို့သည် ကတိတည်ပြီး အားနာလွန်းမှုမထားဘဲ ၊ ဖုံးကွယ်လျှို့ဝှက်မှုမရှိဘဲ ပြတ်ပြတ်သားသားပြုမူ ပြောဆိုတတ်ပါက
အရှက်ကွဲမှု၊ ပျက်စီးဆုံးရှုံးမှုတို့ လျော့ပါးလာပြီး အောင်မြင်မှုများ တည်တံ့ခိုင်မာလာမည်မှာ မုချ ဖြစ်ပါသည်။