Showing posts with label အချစ်နှင့်အိမ်ထောင်ရေး. Show all posts
Showing posts with label အချစ်နှင့်အိမ်ထောင်ရေး. Show all posts

Friday, July 19, 2013

နက္ခတ် အုပ်စုအရ ချစ်ခြင်း နှင့် မိတ်သင်္ဂဟ

 

ချစ်ခြင်း နှင့်  မိတ်သင်္ဂဟ

အိမ်ထောင်ရေး၊ မိတ်ဆွေ ၊ အပေါင်းအသင်း နှင့် လူ့အဖွဲ့အစည်း တို့အတွက် တစ်ဦးအပေါ် တစ်ဦး ပိုမို၍ချစ်ခင်သည်၊ လေးစားသည်၊ သံယောဇဉ်ဖြစ်သည်၊ အောင့်မေ့တမ်းတ သည်၊အချင်းချင်း နားလည်ပေးနိုင်ကြသည် ဆိုတဲ့ အချက်တွေထဲမှာ ဇာတာရှင်တို့၏ စင်နက္ခတ်တို့ တစ်အုပ်စုထဲတွင် ရှိနေခြင်းသည် ဤသို့ ခင်မင်ချစ်ခင်ရန် မဖြစ်မနေပါဝင်သော(အချစ်စစ်၊ မိတ်ဆွေစစ်)အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ နက္ခတ်တို့ကို အုပ်စုအားဖြင့် (၃) စု ခွဲခြားထားပါသည်။ (အစအုပ်စု)၊(အလယ်အုပ်စု)၊ (အဆုံးအုပ်စု) ဟုဖြစ်ပါတယ်။ 
ဥပမာအားဖြင့်---- ဇာတာရှင်တို၏ စန်းယှဉ်နက္ခတ်(စင်နက္ခတ်) တို့သည်  ၁ လုံးမြောက်ဖြစ် သော အဿဝနီနက္ခတ်နှင့် ၃လုံးမြောက် ကြတ္တိကာ နက္ခတ် ဆိုပါစို့ ။
လူ ၊ လူ နက္ခတ် တို့ကြောင်းလည်းကောင်း၊ နက္ခတ်အုပ်စု တူညီခြင်းတို့ကြောင့်လည်းကောင်း၊ (အခြားသောအကြောင်းရင်းများရှိပါသေးသည်) ထို ဇာတာရှင်နှစ်ဦးတို့သည် 
ချစ်သူများဖြစ်က
အချစ်စစ်သဘောဖြစ်သည် တစ်ဦးအပေါ်တစ်ဦးနားလည်နိုင်စွမ်းလွန်စွာရှိခြင်း၊ မေတ္တာမပျက်ခြင်း၊ သစ္စာတည်မြဲခြင်း၊ တစ်ဦးအပေါ်တစ်ဦးဖြည့်ဆည်းခြင်း၊ သံသယကင်းခြင်း၊ သ၀န်တိုမှု၊ သ၀န်ကြောင်မှု နည်းပါးခြင်း၊ ခွင့်လွတ်နိုင်ကြခြင်း၊ စိတ်နေသဘောထားခြင်း တိုက်ဆိုင်မှုပိုမိုရရှိခြင်း ဟူသော ကောင်းကျိုးများကိုပိုမို ဖြစ်ပေါ်စေပါသည်။ ဤသည်အခါ ၄င်းတို့၏ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေး တို့သည် အေးချမ်းတည်ငြိမ်ဖို့ အကြောင်းရှိနေပြီးဖြစ်ပါသည်။
မိတ်ဆွေများဖြစ်ပါက
တစ်ဦးအပေါ်တစ်ဦး ကောင်းသောအကျိုးဆောင်ခြင်၊ သံသယကင်းခြင်း၊ လူယုံထားရှိနိုင်ခြင်း၊ နားလည်နိုင်စွမ်းရှိခြင်း၊ တစ်ဦးအရေး တစ်ဦးက ဖေးမကူညီခြင်း၊ နှစ်ဦးကြား သွေးထိုးစကားများ မတိုးပေါက်ခြင်း၊ အစဉ်မိတ်မပျက်ခြင်း၊ ရိုးသားနိုင်ခြင်း၊ အမြဲမိတ်ဆွေကောင်းဖြစ်ခြင်း ဟူသော ကောင်းကျိုးများကို ပိုမိုဖြစ်ပေါ်စေပါသည်။
ဤသို့သော ကောင်းကျိုးအများကို ထပ်တိုးလျှက် ဆင်ခြင်ဝေဖန်ပါလေ။


                                                                                                                         လူငယ်ဗေဒင်