Monday, June 10, 2013

မူလမဟာဘုတ် (၇) ဌာန

အဘိဓမ္မာတွင် မဟာဘူတရုပ်(၄)ပါးကို မဟာဘုတ်ဟုခေါ်ပါသည်။ ဗေဒင်ပညာအလိုအားဖြင့် မဟာဘုတ်သည် သိသာမြင်သာဘူတာကျသော၊ ဓမ္မဒိဋ္ဌာန်ကျသော၊ ရုပ်ဝတ္ထုဆန်သော သဘောဖြစ်သည်။
မဟာဘုတ်ဗေဒင်ပညာသည် လွန်စွာကျယ်ပြန့်ပါသည်။ သာမာန်အားဖြင့်မဟာဘုတ်ဗေဒင်ချ နည်း လောက်ကို လူတိုင်း တီးမိ ခေါက်မိရှိသောအခါ အပေါ့စားဗေဒင်ဟုလည်း တစ်ချို့က ထင်မြင်ကြသည်။  မဟာဘုတ်ဗေဒင်မျှလောက်နှင့် လူတစ်ဦးတစ်ယောက်၏ ဘ၀တစ်ခြမ်းကို ထက်ပိုင်းချိုး
ဟောပစ်နိုင်သည်ဟု ဆိုသော် လူတော်တော်များများလက်ခံနိုင်လောက်မည်မဟုတ်ပါ။ ဤမျှလောက်ရှိနေသော အတိုင်းအတာသည် လွယ်ကူမည်လော။
မဟာဘုတ်ဗေဒင်မျှလောက်ကို လက်တည့်စမ်းဖူးကြမည်ဖြစ်ပါသည်။
ထို့ကြောင့် မဟာဘုတ် (၇) ဌာ x ဂြိုဟ် (၇) လုံး = (၄၉ )ကွက် သောအကျယ်ကို ဟောစတမ်းမထုတ်တော့ပါ။
အဓိက အချက်အချာကျသည့် (၇) မျိုး အကျဉ်းမျှလောက်သာရှင်းလင်းချက်နှင့် ဟောစာတမ်းဖွင့် ပါတော့မည်။

ဗေဒင်ပညာတွင်
 ဘင်္ဂအိမ်သည် လူသားတစ်ဦး၏ ကနဦးစတင်ရာဌာနဖြစ်ပါသည်။ ထို့အတူ ထိုလူ၏ ဘ၀ဖြစ်စဉ်တို့ကိုစတင်ဖန်တီးပေးမည့် ကံအကြောင်းကိုပြုပြင်ဖန်တီးသည့် အဓိကနေရာလည်းဖြစ်သည်။ ဒုက္ခတရားတို့၏ စတင်ရာနေရာဌာနလည်းဖြစ်သည်။ နာခြင်းတရား၊ မသိနားမလည်ခြင်း၊ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး ကံအ၀၀ တို့ကို စတင်ရာဌာနဟု သတ်မှတ်ရပေသည်။ထို့ကြောင့် ဘင်္ဂအိမ် သည်  ဖြစ်ခြင်း၊ ပျက်ခြင်းတရား၏အစ ၊ ပြောင်းလဲမြန်ဆန်မှုကို ဖော်ပြသောအကြောင်းတရား၊ မတည်မြဲခြင်း၊ မငြိမ်မသက် စက်ရဟတ်ကဲ့သို လည်ပတ်ရာဌာနဟု ဖော်ညွှန်းရပေသည်။

ဗေဒင်ပညာတွင် 
ပုတိအိမ် ကား အကြီးမြတ်ဆုံးသောသူသည် အမြင့်မြတ်ဆုံးသော နေရာဌာ သို့ ကူးပြောင်းရန် ဥာဏ်(၃)ပါးထဲမှ အာသွက္ခယဥာဏ်ဖြစ်သော ကိလေသာ၊ရာဂနှင့်အာသဝေါတရားများ ကုန်ခမ်းပြီးစီးမှသာ အဓိပတိ တည်းဟူသောတစ်လောကလုံး၏အကြီးအကဲနေရာဌာနကို ဖြတ်ကျော် တက်လှမ်းရမည့်အိမ် သို့မဟုတ် ကိလေသာ၊ တဏှာ၊ ရာဂ အာသဝေါတရားများစွန့်ပစ်ရာအိမ်သည် ပုတိအိမ်ဖြစ်ပါသည်။ ဤသည်အားဖြင့် ပုတိအိမ်သည် လျှို့ ၀ှက်ဖုံးကွယ်မှု၊ ညစ်ညမ်းမှု၊ ငြိုငြင်ခံရမှု
စသည့်အကြောင်းတရားများနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် 
သိုက်အိမ်ဌာနသည် ဘာသာရေး၊ ကောင်းမြတ်ခြင်း၊ ရှေးဟောင်း၊ ဘ၀ဟောင်း တို့၏ စုဝေးရာ၊ပိုင်ဆိုင်ရာတို့နှင့် သက်ဆိုင်သော ဌာနဖြစ်ပါသည်။ လူသားတစ်ဦးတစ်ယောက်အတွက် သီးသန့်တည်ရှိနေရသော၊သီးခြားဖြစ်သော ဌာနလည်းဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းအကြပ်ကြုံခြင်း၊ အနာဂတ်၏အမှောင်ဖုံးနေမည့်ဘ၀၊မောဟများပိတ်ဖုံးခံနေရမည့်ဘ၀၊ ကြိုတင်ပူပန်နေရသောဘ၀၊ လွတ်မြောက်ရန်လမ်းစရှာဖွေနေရသောဘ၀ ဌာဖြစ်သည်။ထို့ကြောင့် လူသားတစ်ဦး၏ မောဟ နယ်ပယ်ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အထွန်းအိမ်သည် လူသားတစ်ဦးတစ်ယောက်၏ ရုပ်ပုံလွှာကို ဖော်ဆောင်ရာ၌ အဓိကသော့ချက်ကျသော
ခေါင်းဆောင်အိမ်ဖြစ်ပါသည်။ ထည်ဝါခန့်ညားနေခြင်း၊ ထင်ပေါ်နေခြင်း၊ အစစ အရရာသိမြင်နားလည် လွယ်နိုင်သောအကြောင်းတရားများနှင့် သက်ဆိုင်နေပါသည်။ အင်အားနှင့် ခန့်ညားထည်ဝါခြင်း ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
ရာဇအိမ်သည် အသုံးအဖြုန်းကြီးခြင်း၊ ရှုပ်ထွေးပွေလီခြင်း၊ ပရိယာယ်၊ မာယာ အမျိုးမျိုးတို့နှင့် ရောပွန်းတီး
ကြွယ်နေခြင်းတို့နှင့် ဆက်ဆံနေထိုင်ရသော ဘ၀ကို ဖော်ညွှန်းပါသည်။ အာဏာ၊ သြဇာ၊ တစ်ဇွတ်ထိုး အကျင့်၊စရိုက်၊ အမိန့်၊ လူ့ဘ၀ဇာတ်ခုံ အဖုံဖုံသော လှုပ်ရှားမှုတို့နှင့် နေထိုင်ရသော ဌာနဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အဓိပတိအိမ်သည် အကြီးအကဲဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ အကြီးအကဲဖြစ်ခြင်း၊ ဆရာဖြစ်ခြင်း၊
ဘ၀င်မာနထားရှိခြင်း၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထင်ရှားကျော်ဇောခြင်းနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် ငယ်စဉ်ကတည်းကပင် မဟာဘုတ်ဗေဒင်ပညာ သင်ယူခဲ့သမျှတို့၌ မရဏအိမ်ခွင်ဌာနသည် ကျွန်တော် စိတ်အ၀င်စားဆုံးဌာနဖြစ်ပါသည်။
မရဏအိမ်ခွင်ဌာနသည် လူမျိုးမရွေး၊ အယုတ် အလတ် အမြတ်မရွေး၊ ဧကန်ကြုံတွေ့ရမည့်တရားဖြစ်သည်။ လူသားတစ်ယောက်၏ မဟာဘုတ်အိမ်တွင် မရဏအိမ်၌ရှိနေသာ ဂြိုဟ်တစ်လုံး၏ စွမ်းအား သည် ဗေဒင်ပညာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အလွဲမသွေ ကြုံတွေ့ရမည့်အကြောင်း တရား ဖြစ်သည်။ ယင်းဌာန မရဏဌာနသည် ပျက်စီးခြင်း၊ ၏အကြောင်း၊ သေခြင်းတရားတို့၏ အကျိုးတို့ကိုနှင့် လုံးဝသက်ဆိုင်နေပါသည်။








မဟာဘုတ် (၇) ဌာန၏ အကြွင်း (၇) ခု လိုရင်းအချက်အလက်များကိုသာ ဟောစာတမ်းဖွင့်သွားပါမည်။




                                                                                                         ဆက်လက်ကြိုးစားပါဦးမည်။
                                                                                                                   lu sent