(အနက်တို့ကို မပြဆိုတော့ပါ၊ အဓိပ္ပါယ်အားဖြင့်သာဖော်ပြပါမည်)
သားယောက်ျားကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း အလုံးကလေးလိုလိုတွေ့ခြင်း၊
လက်ျာဘက်မျက်စိကြီးခြင်း၊
လက်ျာသားမြတ်ဖျား၌ နို့ရည်ထွက်ခြင်း၊
လက်ျာပေါင် ကြီးထွားလာခြင်း၊
မျက်နှာအဆင်းကြည်လင်ခြင်း၊
မပင်ပန်း၊ မလေးလံသကဲ့သို့ရှိခြင်း၊
အိပ်မက်၌ အထီး၊ အထီးနှင့်စပ်သောဒြပ်ဥစ္စာအရာတို့ကို စိတ်ကအလိုရှိခြင်း၊
အိပ်မက်၌ ကြာဖူး၊ ကြာငုံတို့ရောက်လာသည်ကို မြင်မက်ရခြင်း စသည်တို့သည် သားယောက်ျားမွေးဖွားရန်
နိမိတ်ဖြစ်သည်ဟု ဆိုပါသည်။
သမီးမိန်းမ ကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း သွေးခဲ၊ သားတစ်ကဲ့သို့ဖြစ်ခြင်း
နှင့် ပြောင်းပြန်နိမိတ် ယူရမည်ဖြစ်သောကြောင့် အထက်က ဖော်ပြထားသည်တို့ကို ပြောင်းပြန်
အမှတ်ယူပါရန်။