(ဥပမာ- ခြင်္သေ့မင်း၏ ကေသရာဇာဟူသော မြတ်သောဂုဏ်ထူးဘွဲ့နာမည်ကို ပေးခံထားရသော
ခွေးတစ်ကောင်သည် မည်သို့မျှ ခွေးတစ်ကောင်၏ တော်ခြင်းအင်္ဂါများနှင့် မပြည့်စုံနိုင်တော့ပါ၊ သက်ဆိုးမရှည်ဖို့ပင် ပူပင်ရတော့မည်ဖြစ်သည်။)
(မြင့်မြတ်သော အရိယာ ရဟန္တာပုဂ္ဂိုဟ်တစ်ယောက်၏ ဂုဏ်ထူးဝိသေသ အမည်နာမဘွဲ့ထူးတစ်ခုကို
သာမာန်လူညံ့တစ်ယောက်အား မှည့်တွင်ခြင်းဖြင့် ထိုလူသည် တိုးတက်ကောင်းမွန်ဖို့ရာ အခွင့်မရှိ
တော့သည့်အပြင် ရူး၊ ပေါ၊ လေလွင့် ဖြစ်မည်ကိုပင် စိုးရိမ်ရတော့မည်ဖြစ်သည်။ )
တနည်းအားဖြင့် အသားအရည် မည်း(မဲ)လွန်းနေသော မောင်မဲအား မောင်ဖြူ ဟူ၍နာမည်ပေးထားလျှင် (၀ါ) လူအများခေါ်ခေါ်နေရလျှင် အဆင်မချောဖြစ်မည်မှာ သေချာပါသည်။ ထိုမလိုက်ဖက်သော လူနှင့်နာမည် တွဲခေါ်ရသော အဆင်မပြေမှုသည် နာမည်နှင့်လူ လိုက်ဖက်သောသူထက် ပညတ်အခေါ်မှာ အကျိုးသက်ရောက်ပုံချင်း ကွာခြားလာပါသည်။
လူ၊ သတ္တ၀ါ တစ်ဦးတစ်ယောက်တိုင်းသည် ၄င်းတို့၏ အမည်နာမကိုအသိုင်းအ၀ိုင်း တို့မှ ခေါ်နေသမျှကာလပတ်လုံးသိဒ္ဓိတင်ခြင်း၊ ဒဏ်ပေးခြင်း ဟူသော ဆိုးကျိုး၊ ကောင်းကျိုး နှစ်ခုမှ တစ်ခုခုကို အခါအားလျှော်စွာ သမုတ်ခံနေရခြင်းဖြစ်သည်ဟု သိပါလေ မိတ်ဆွေ။
“ ဇမ္ဗူဒီပါ လက်ျာ တောင်ကျွန်း၌ သြဘာ နိမိတ်ထွန်းသည် ” ဟူသော ဒေသနာအလာကို ဝေဖန်ပါလေ။
(နာမည်ကောင်းနှင့် အောင်မြင်ခြင်းသရဖူများ ဆောင်းနိုင်ပါစေ) ဟု
လူငယ်ဗေဒင်