၃-၁-၉ ဂဏန်းတို့သည် နံ ဂဏန်းများဖြစ်ကြသည်။
၆-၇-၅ ဂဏန်းတို့သည် စိတ် ဂဏန်းများဖြစ်ကြပါသည်။
၂-၈-၄ ဂဏန်းတို့သည် ရုပ် ဂဏန်းများဖြစ်ကြပါသည်။ ထိုဂဏန်းများသည် ဇာတာခွင်စစ်ယူမည့်သူ၏ ကံတရား၊ အတွေးအကြံနှင့် ဥာဏ်ပညာ၊ အတိတ်၊ အနာဂတ် ရေးရာတို့ကို ဖော်ပြပေးပါသည်။ ဇာတာကို စီစစ်ရန်တွက် ဇယားပုံပါ ဂဏန်းများ၏ အထားအသိုများကို မှတ်သားထားပါရန်.။
ဇာတာကို တွက်စစ်တိုင်းတာမည့်သူသည် မိမိ မွေးဖွားသည့် ခရာဇ် သက္ကရာဇ် တို့ဖြင့် တိုင်းတာတွက်စစ်ရမည်။
ထို ခရာဇ်မွေးသက္ကရာဇ်တွင် ရက်ဂဏန်း၊ လ ဂဏန်း၊ နှစ်ဂဏန်းတွင် ထောင်နှင့်ရာ ကိုပယ်၊ ဆယ်နှင့်ခု
ဂဏန်းကိုယူရပါသည်။ ၀- သုံည ဂဏန်းကိုကား အားလုံးတယ် ပယ်ရပါမည်။
မွေးသက္ကရာဇ် ဂဏန်းများမှကင်းသော မှော်ဂဏန်းတိုင် ဇယားမှ ပယ်ဖျက်လိုက်ပါ။
(ဥပမာ-၁ ) ၁- ၉- ၁၉၈၃ ခုဖွား ကျွန်ုပ်၏ မွေးဂဏန်းအရ ၁၊ ၉၊ နှင့် ၈၃ ဟူသော ဂဏန်း (၄)မျိုးကိုယူပြီး (ကျန်ဂဏန်းအားလုံးကို ဇယားကွက်မှ ဖျက်ပစ်ရမည်ဟု ဆိုလိုပါသည်။)
(ဥပမာ-၂) ၂၃- ၃- ၁၉၈၅ ခုနှစ် မွေးဖွားသူတစ်ယောက်ဟု ဆိုပါစို့..။
၂ ၊ ၃' (နှစ်ထပ်ကွန်း-ယူ ရသဖြင့် ( ' ) သင်္ကေတ ပြုထားပါ) ၊ ၈၊ ၅ ဟူသောဂဏန်း (၄)လုံး တို့ကိုယူ၍
ကျန်ဂဏန်းများကို ဖျက်ပစ်ရမည်ဟု ဆိုလိုပါသည်။
မှတ်ချက်အားဖြင့်။ ။ ၃ ဂဏန်းသည် နှစ်ကြိမ်ထပ်သဖြင့် အားနှစ်အားရှိသည်ဖြစ်သည်။
ကျန်သည့် မည်သည့်ဂဏန်းမဆို နှစ်ထပ်ကွန်းဖြစ်က အား ၂ အား၊ ၃ ထပ်ကွန်းဆိုလျှင်
အား ၃ အား၊ ၄ ထပ်ကွန်းဆိုလျှင် အား ၄ အားဖြစ်သည်ဟု မှတ်ယူပါရန်။
( ဂဏန်းဆိုး၊ ဂဏန်းကောင်းတို့ကိုတည်လျှက် အားတို့ကို ထပ်လောင်းစေခြင်းဖြစ်ပါသည်)။
ထိုဇယားတွင် ရှည်သောဂြိုဟ်၊ ဖီလာဂြိုဟ်ဟူ၍ဖြစ်ပါသည်။ ရှည်သောဂြိုဟ်တို့သည် အကျိုးပြု၍
ဖီလာဂြိုဟ်တို့သည် အဖျက် ပြုပါသည်။
ဥပမာ ကြာသပတေး (၃) နှင့် တနင်္ဂနွေ (၁) ရှည်၏။
တနင်္ဂနွေ (၁)နှင့် အင်္ဂါ (၉) ရှည်၏။
တစ်ကွက်ခြား - ဥပမာ အင်္ဂါ (၉)နှင့် ယူရေးနာစ့်(၄) တို့သည် ကြားတွင်
ဗုဒ္ဓဟူး(၅)မရှိသောကြောင့် ဖီလာဖြစ်၏။ ထိုအခါ ၄င်းဂဏန်းနှစ်လုံးသည် ဖီလာဖြစ်၏။
ထိုအခါ အင်္ဂါ(၉)ဂဏန်း၏ အကြံကြီးခြင်း၊ ရဲရင့်ခြင်း၊ နယ်မြေသစ်ထူထောင်ခြင်း ၊အောင်မြင်ခြင်းဟူဟော
ကောင်းကျိုးရှိက ၄ ဂဏန်းကြောင့် နှောင့်နှေးခြင်း၊ အခက်အခဲကြုံခြင်း တစ်စုံတစ်ခုသောအကြောင်းရင်းကို ဖီလာဖြစ်ပါသည်။
သင့်မြတ်သောဂဏန်းများ
တစ်လုံးနှင့်တစ်လုံး သင့်မြတ်သောဂဏန်းဖြစ်ပါက သာလွန်လျှက် အကျိုး (ကောင်းကျိုး၊ ဆိုးကျိုး) ပေးပါသည်။
သင့်မြတ်သောဂဏန်းများကိုဖော်ပြရလျှင် --
အင်္ဂါနှင့်တနင်္ဂနွေ (၁ နှင့် ၉ )၊ တနင်္လာနှင့်သောကြာ (၂ နှင့် ၆) ၊ တနင်္လာနှင့်ကြာသပတေး ( ၂ နှင့် ၃)
သောကြာနှင့်ကြာသပတေး (၆ နှင့် ၃ )၊ ဗုဒ္ဓဟူးနှင့်စနေ ( ၅ နှင့် ၈) ဂဏန်းတို့ဖြစ်ကြပါသည်။
ထိုဂဏန်းများဇာတာကို ဟောရန်အတွက် အောက်ပါဂြိုဟ်သဘောများကို မှတ်ယူရပါမည်။
၁ ဂဏန်း
ရဲရင့်ခြင်း၊ အုပ်စိုးခြင်း၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျော်ဇော်ခြင်း၊ အောင်မြင်ခြင်းနှင့် ဂုဏ်ကျက်သရေ တို့ကို ဖော်ဆောင်ပါသည်။
၂ ဂဏန်း
ပြောင်းလဲခြင်း၊ မတည်ငြိမ်ခြင်း၊ ဖရိုဖရဲရှိခြင်း၊ မကောင်းသောခရီး၊ ဆုတ်ယုတ်ဆုံးပါးခြင်း၊ သတ္တိနည်းခြင်း၊ ပျက်ပြယ်ခြင်း၊ ဆုံးရှုံးခြင်း၊တိုးတက်ပြန့်ပြောခြင်း၊ သဘောကြီးခြင်း၊ ရက်ရောခြင်း၊ ဖြုန်းတီးခြင်း၊ ခန့်ညားခြင်း၊ မြင့်မြတ်ခြင်း၊ ပကာသန ဆူဖြိုးကြွယ်ဝခြင်း၊ အောင်မြင်ခြင်း။
၎ ဂဏန်း
တစ်စိတ်တစ်ဒေသ အောင်မြင်ခြင်း၊ ကြီးမြင့်ချင်လျှက်မကြီးမြင့်ခြင်း၊ ဂုဏ်ကျက်သရေကို ထိခိုက်လျှက် ကြီးမြင့်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်သဘောလွတ်ကျွတ်ခြင်း၊ ပလွှားခြင်း၊ နိမ့်ရာ၌ကြီးစိုးခြင်း၊ တစ်ဖက်ဒေသတို့၌ ကြီးပွားချမ်းသာနိုင်ခြင်း။
၅ ဂဏန်း
ပညာဥာဏ်ကျင်လည်ခြင်း၊ မှတ်ဥာဏ်ဗဟုသုတများခြင်း၊ အရာရာ၌ပါဝင်တတ်ခြင်း၊ အနုစိတ်တတ်ခြင်း၊ ကူးသန်းရောင်းဝယ်တတ်သော ဥာဏ်ရှိခြင်း၊ ခရီးသည် ဘာသာစကား အမျိုးမျိုးတတ်ခြင်း၊ စာပေကျွမ်းကျင်ခြင်း၊ လူပါးလူနပ်၊ စေတမာန် စာပေးစာယူအတတ်၌ကျင်လည်ခြင်း။
၆ ဂဏန်း
ပန်းပု၊ပန်းချီ၊ ဂီတ၊ အက၊ ကဗျာ အပေါင်းအသင်းများခြင်း၊ အနုပညာအပေါင်းအသင်းတို့ဖြင့် ကြီးပွားခြင်း၊
၇ ဂဏန်း
ခရီးသည်၊ သတင်းစာဆရာ၊ သြဇာရှိသူ၊ ပစ္စည်းထိန်း၊ ဘဏ္ဍာများ၌စီမံခန့်ခွဲဝေဖန်သူ၊ ကြီးပွားခြင်း၊ ချစ်သူများခြင်း။
၈ ဂဏန်း
ခက်ခဲခြင်း၊ ဘေးရန်ဆုံးပါးခြင်း၊ ချို့ ငဲ့ခြင်း၊ နက်နဲခြင်း၊ အများနှင့်မဆက်ဆံခြင်း။
၉ ဂဏန်း
စွန့်စားသွားလာခြင်း၊ အကြံကြီးခြင်း၊ တိုက်ခိုက်ခြင်း၊ စိတ်လွတ်ကျွတ်ခြင်း၊ ရဲရင့်ခြင်း၊ တိုင်းနယ်အသစ်ထူထောင်ခြင်း၊ ပညာသတိလစ်အောင် အားထက်သန်ခြင်း၊ ဥပဒေကို မလေးစားခြင်း၊ငါတကောမာန်ရှိခြင်း၊ လမ်းသစ်ထွင်သူဖြစ်ခြင်း။
( ဗေဒင်တို့မည်သည် ဂြိုဟ်ပရိယာယ်ကို ဆက်စပ် ကြည့်ပြီး အဖြေထုတ်ဟောပြောရသဖြင့်၊ တချို့အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့် မွေးသက္ကရာဇ်များကို ရယူလျှက် ကျွန်တော်ကိုယ်တိုင် ဇာတာစစ်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားပါမည် ဟု..။)
(လူငယ်ဗေဒင်)