Showing posts with label မူလမဟာဘုတ်. Show all posts
Showing posts with label မူလမဟာဘုတ်. Show all posts

Tuesday, June 11, 2013

ဝ - ကြွင်း မဟာဘုတ်

ဝ - ကြွင်းသမား အားလုံးတို့သည် မရဏအိမ်ဌာနတွင်  ၃ ဂဏန်း  စိတ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက် နှင့်ဆိုင်သော အင်္ဂါဂြိုဟ် တည်ရှိနေမှုကြောင့်
စိတ်အပြောင်းအလဲ မြန်ဆန်ခြင်း။
သနားလွယ်သလောက် ရက်စက်မှု ပြုလွယ်ခြင်း။
စိတ်ဆောင်ရာသို့ လျှင်မြန်စွာ ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း။

Monday, June 10, 2013

၆ - ခုကြွင်း မဟာဘုတ်

၆ - ခုကြွင်း မဟာဘုတ် အားလုံးတို့သည် မရဏ အိမ်ခွင်တွင် ၂ ဂဏန်း ငွေကြေး၊ အမော်အကြွား၊ ဟန်အမူအရာ တို့နှင့်သက်ဆိုင်သောတနင်္လာဂြိုဟ် တည်ရှိနေမှုကြောင့်
ငယ်ရွယ်စဉ်ကလေးဘ၀မှစ၍ ဟန်အမူအရာကောင်းခြင်း၊ သွက်လက်ချက်ချာခြင်း၊ စကားကောင်းသူများဖြစ်ခြင်း။
ဘ၀အစပိုင်း ခက်ခဲကြမ်းတမ်း၍ ဘ၀ကိုအခက်အခဲများစွာဖြင့် ရင်ဆိုင်လာရသူများ၊ မိဘသားချင်းများနှင့် စောစွာခွဲခွာရသူများ၊အချို့ဆိုလျှင် အမိ၊ အဖ ကိုပင် မမှတ်မိလိုက်ရသည်အထိ ဘ၀ကို ရင်နင့်စွာ ဖြတ်သန်းလာသူများဖြစ်တတ်ခြင်း။

၅ - ခု ကြွင်း မဟာဘုတ်

၅ - ခုကြွင်းမဟာဘုတ်အိမ်တွင် သေခြင်းတရားတည်းဟူသော မရဏ ခွင်တွင် ၁- ဂဏန်း - အိုးအိမ်၊ အုပ်စု အိမ်းတွင်းကိစ္စ၊ အိမ်ထောင် နှင့်ဆိုင်သော
တနင်္ဂနွေဂြိုဟ် တည်ရှိနေမှုကြောင့် ၅ - ခုကြွင်း အားလုံးတို့သည်
သွားလေရာ၌ အိမ်ထောင်ရေး ပြဿနာတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ ရလွယ်ခြင်း။
အိမ်ထောင်ဘက်အုပ်စု အသိုင်းအ၀ိုင်းတို့နှင့် မကြာခဏ ဆန့်ကျင်မှုများ ကြုံတွေ့နေရခြင်း။
မိသားစုနှင့်ခွဲခွာ၍ ရပ်ဝေးထွက်ပြီး စီးပွားရှာဖွေလုပ်ကိုင်နေရတတ်ခြင်း။
မင်း၊ အစိုးရ၊ အရာရှိများဖြစ်လွယ်၊ မင်းဒဏ် စိုးဒဏ်များ ကျလွယ်တတ်ခြင်း။
အစိုးရအမှုထမ်းဘ၀တွင် ရေရှည်တည်မြဲမှု မရှိခြင်း။
ရပ်ဝေးမြေခြားအလုပ်၊ ပွဲစားအလုပ်၊ အတတ်ပညာတစ်ခုခုဖြင့် စီးပွားရှာရသောအလုပ်များနှင့်
တိုက်ဆိုင်ကြုံတွေ့ လုပ်ကိုင်နေရတတ်ခြင်း။
အမှုထမ်း၊ အရာထမ်းများ ဘ၀တွင် တည်မြဲနေသူများ ရာထူး၊ဂုဏ်ထူးများရရှိနိုင်သော်လည်း အမြဲတမ်း ရန်ပြုသူ၊ အတိုက်အခံပြုသူများနှင့်
အမြဲရင်ဆိုင်ကြုံတွေ့ နေရခြင်း။
ဘ၀တွင် အိမ်ထောင်ရေး၊ သားသမီးအရေးတို့တွင် ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်လွဲမှားမှုများကြုံတွေ့ ရခြင်း။
အိမ်ထောင်ရေးပြဿနာတို့သည် ဘ၀တွင်အဓိကကျသော၊ သော့ချက်ကျသောနေရာတို့တွင် ပါဝင်ကြုံတွေ့ရတတ်ခြင်း။
သားသမီးရရှိရန် ခက်ခဲခြင်း၊ ရလျှင်လည်း နည်းပါးခြင်း၊ ခဲရာခဲဆစ်သာဖြစ်ခြင်း၊ သားသမီးအရေးတို့ကြောင့် စိတ်သောကရောက်ရခြင်း။
၅- ခုကြွင်းအားလုံးတို့၏ အိမ်ထောင်ဘက်သည် စီးပွားဥစ္စာ ၊ ဂုဏ်အဆင့်အတန်းရှိသူများ၊ လူမျိုးခြား၊ ဘာသာခြား(သို့) ကပြားရုပ်သဏ္ဍာန်ရှိသူများနှင့်သာ
အိမ်ထောင်ဖက်ရခြင်း၊ ကျန်းမာရေးညံ့ဖျင်းသူများဖြစ်နေတတ်ခြင်း။
၅- ခုကြွင်းများသည် များသောအားဖြင့် ဥပဓိရုပ်ကောင်းသူများ၊ ပုံပန်းသဏ္ဍာန်ခန့်ညားထည်ဝါသူများဖြစ်နေတတ်ခြင်း။
ပညာရေးတွင် ခက်ခဲမှုကြုံတွေ့နိုင်သော်လည်း ပညာတတ်များဖြစ်လွယ်ခြင်း။
အတွေးအခေါ်မျိုးစုံကို နက်နက်နဲနဲတတ်ကျွမ်းနိုင်သူများဖြစ်ပြီး ဖြတ်ထိုးဥာဏ်၊ ဇ၀န ဥာဏ်ကောင်းသူများဖြစ်ခြင်း။
ငွေကြေးစီးပွားဥစ္စာကို မရ ရအောင် ရှာဖွေနိုင်သူများဖြစ်ခြင်း။
အိမ်တွင်း၊ အိမ်ထောင် မိသားစုများအပေါ် မကျေနပ်နိုင်သောခံစားချက်များကို ဖြေဖျောက်နိုင်ပါက ကောင်းကျိုးများကြုံတွေ့နိုင်ခြင်း။
မိသားစုအပေါ် စိတ်တိုင်းမကျသော ခံစားချက်များကြောင့် အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေးနေသူများဖြစ်တတ်ခြင်း။
ကြာသပတေး၊ သောကြာ၊ စနေ သားများသည် အိမ်ထောင်ရေးကိစ္စ၌ ဖြစ်စေ၊ အပျော်အပါးကိစ္စတို့၌ဖြစ်စေ
ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်သေးစရာများ တိုက်ဆိုင်ကြုံတွေ့ စေတတ်ခြင်း။
ဘ၀တွင် ပတ္တမြားနှင့် အနီရောင်များကို အသုံးပြုခြင်းဖြင့် ကံတရားညှိုးမှိန်စေတတ်ခြင်း။
ဘ၀တွင် ရွှေနှင့် အ၀ါရောင်များကို အသုံးပြုခြင်းဖြင့် ကံဇာတာများပွင့်လင်းတိုးတက်လာခြင်း။
အမျိုးသားများ ဆီးရောဂါ၊ မျက်စိရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ဦးနှောက်ပိုင်းတွင်ဖြစ်ပွားတတ်သောရောဂါများဖြစ်ပေါ်စေတတ်ခြင်း။
အမျိုးသမီးများ သားအိမ်ရောဂါ၊ မီးယပ် နှင့် သွေးသားကြောင့်ဖြစ်ပေါ်သော နာတာရှည်ရောဂါများ ကြုံတွေ့ ဖြစ်ပေါ်စေတတ်ခြင်း။

၅ - ခုကြွင်းအားလုံးတို့သည် မိသားစု၊ အိမ်ထောင်ဘက် နှင့် အသိုင်းအ၀ိုင်းတို့အပေါ် အလိုမကျသော၊ စိတ်တိုင်းမကျနိုင်သော ခံစားချက်တို့ကို
ဖြေဖျောက်နိုင်ပါက ဘ၀တွင် အောင်မြင်တိုးတက်မှုများ ခံစားရမည်မှာ မုချပင်ဖြစ်သည်။

၎-ခုကြွင်း မဟာဘုတ်

၎- ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ)တည်းဟူသော ဌာနတွင် ၀- ဂဏန်း ထင်ပေါ်မှု၊ လောဘတရား၊ အထုပ်အထည်၊ အတိုက်အခံနှင့်ဆိုင်သော စနေဂြိုဟ် တည်ရှိနေမှုကြောင့်
၎- ခုကြွင်းအားလုံးတို့သည်လောဘတရား၊ မာနများဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့ရခြင်း။
လုပ်ငန်းအမျိုးမျိုးပြောင်းလဲလုပ်ကိုင်ပါက အောင်မြင်မှုမရနိုင်သည့်အပြင် ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့စေခြင်း။
မည်သည့်အလုပ်ကိုမဆို အားလုံးတတ်သိနားလည်နိုင်သည့် သဘောဘာဝများ များစွာပါရှိနေသူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမှ အားရကျေနပ်မှုမရှိဘဲ စိတ်အပြောင်းအလဲမြန်စွာဖြင့် အမျိုးမျိုးပြောင်းလဲလုပ်ကိုင်နေတတ်ခြင်း။ဘ၀တစ်လျှောက်၌ အသက်အန္တရယ်နီးသော ဘေးရန်ဥပါဒ်များကြုံတွေ့စေတတ်ခြင်း။
အနေအထိုင်ပိရိသေသပ်၍ ယဉ်ကျေးသိမ်မွေ့စွာဝတ်ဆင်နေထိုင်တတ်သူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမဆို အပြိုင်အဆိုင်၊ အတားအဆီး၊ အခက်အခဲတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ပြီးမှသာ အောင်မြင်စေတတ်ခြင်း။
ဖြတ်လမ်းစီးပွားရှာခြင်းမျိုးမပြုလုပ်ဘဲ ပိုမိုကျွမ်းကျင်ရာ ၊ ၀ါသနာပါရာလုပ်ငန်းတစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ပါကပိုမိုအောင်မြင်တိုးတက်စေတတ်ခြင်း။
သွားလာလှုပ်ရှားမှုတို့၌ အဖော်အပေါင်းတစ်ဦးတစ်ယောက်ပါမှသော်လည်းကောင်း၊ အားကိုးလောက်စရာ ပစ္စည်းတစ်ခုခုပါမှသော်လည်းကောင်းသွားလာလှုပ်ရှားနေထိုင်တတ်သူဖြစ်ခြင်း။
လက်ဝါးပြင်၌ အသက်လမ်းကြောင်း(အာယုလမ်း)များတိုခြင်း၊ ပြတ်ခြင်းများရှိနေတတ်ခြင်း။
(ကားတိုက်၊ ရေနစ်၊) သကဲ့သို့သော လတ်တလောအသက်ကိုဆုံးရှုံးစေတတ်သော အဖြစ်အပျက်များ ကြုံတွေ့ရတတ်ခြင်း။
ဘ၀တွင် နီလာနှင့် အနက်ရောင်ပစ္စည်းများကို အသုံးပြုပါက ကံတရား ညှိုးမှိုင်စေတတ်ခြင်း။
ဘ၀တွင် သန္တာကျောက်နှင့် အစိမ်းရောင်များကို အသုံးပြုပါကကံဇာတာများပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတါင် အမျိုးသားများ စိတ်ရောဂါ၊ နှလုံးရောဂါ၊ အကြောရောဂါ၊ လေနာရောဂါ၊ နားနှင့်ခြေထောက်၌ဖြစ်ပွားသောရောဂါ၊ဆံပင်ကျွတ်လွယ်သောရောဂါများဖြစ်ပွားစေတတ်ခြင်း။
အမျိုးသမီးများ စိတ်ရောဂါ၊ သိုက်စွဲ၊နတ်စွဲ စသည့် ပယောဂဝေဒနာများ၊ သွေးလေအလုံးများ၊ နားရောဂါနှင့် လေနာရောဂါများဖြစ်ပွားစေတတ်ခြင်း။
အစစအရာရာ မသိသည်၊ မတတ်သည်မရှိဘဲ စပ်စပ်စုစု နားလည်တတ်သိနိုင်သည့် သဘောသဘာဝများရှိနေတတ်သူဖြစ်ကကံဆိုးသောအသက်ပိုင်းများတွင် အိမ်ထောင်ရေးပြိုကွဲခြင်း၊ ဘ၀အထိနာခြင်း စသည့်ဆိုးကျိုးများဖြင့်ကြုံတွေ့ရခြင်း။

၎- ခုကြွင်းအားလုံးတို့သည် လောဘ၊ မာန၊ မခံချင်စိတ်နှင့် ယှဉ်ပြိုင်စိတ်ဓါတ်များမထားဘဲ သည်းခံမှုတရား လက်ကိုင်ထားပြီး မိမိဝါသနာပါရာ
လုပ်ငန်းတစ်ခုတည်းကိုသာ တည်တည်တံ့တံ့လုပ်ကိုင်ပါမှ စိတ်အေးချမ်းသာယာပြီး အောင်မြင်ကျော်ကြားမှုများ ရရှိမည်မှာ မုချဖြစ်ပါသည်။

၃ - ခုကြွင်း မဟာဘုတ်

၃-ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ)တည်းဟူသောအိမ်ဌာန၌  ၆ ဂဏန်း စကား၊ ခရီးသွား နှင့် လှုပ်ရှားပြောင်းလဲခြင်းတို့နှင့်သက်ဆိုင်သော သောကြာဂြိုဟ်တည်ရှိနေမှုကြောင့် ၃ ခုကြွင်းအားလုံးတို့သည်
ငယ်ရွယ်စဉ်မှစ၍ အပြောင်းအရွေ့အပြောင်းအလဲများစွာကြုံတွေ့ရခြင်း။အပြိုင်အဆိုင်၊ အပြေးအလွှားဖြင့် ရုန်းကန်လှုပ်ရှားနေထိုင်ရခြင်း။စကားများစွာပြောဆို၍ အတိုက်အခံပေါ်ပေါက်ပြီး ငြင်းခုံရတတ်ခြင်း၊ စကားပြောဆိုး၍၊ ခွတိခွကျ စကားပြောရိုင်းသည်ဟုအထင်ခံရခြင်း။မွေးသည့်နေရာတစ်နေရာ၊ ကြီးပြင်းရပ်တည်ရသည်မှာတစ်နေရာ၊ ကျော်ကြားအောင်မြင်သည်မှာ တစ်နေရာ ဖြစ်တတ်ခြင်း။
မြို့ရွာအနှံ့ သွားရောက်နေထိုင်ရတတ်ခြင်း၊ နိုင်ငံရပ်ခြား ခရီးဝေးများရောက်လွယ်ခြင်း။
မွေးမိဘ၊ ကျွေးမိဘများ တိုက်ဆိုင်ကြုံတွေ့စေတတ်ခြင်း။ရုတ်တရက်အိမ်ထောင်ကျပြီး ရုတ်တရက်ကွဲလွယ်စေတတ်ခြင်း။ငွေကြေးရုတ်တရက်ရလွယ်ပြီး ကြီးပွားချမ်းသာစေတတ်ခြင်း။
ဘ၀တစ်လျှောက် ပြေးလွှားလှုပ်ရှား နေရသောအလုပ်များနှင့်သာ တိုက်ဆိုင်ကြုံတွေ့ လုပ်ကိုင်ရခြင်း။
အမျိုးသားများ ရုပ်ရည်လှပ အရည်အချင်းရှိသော စီးပွားဥစ္စာဂုဏ်တစ်ခုပါတတ်သော အမျိုးသမီးများနှင့် အိမ်ထောင်ကျတတ်ခြင်း။အမျိုးသမီးများ နိုင်ငံရပ်ခြားသွား၍ အလုပ်လုပ်ကိုင်သူ (သို့) ဘ၀တစ်လျှောက် အငြိမ်မနေရဘဲ ပြေးလွှားလှုပ်ရှားလုပ်ကိုင်နေရသူများနှင့် အိမ်ထောင်ကျတတ်ခြင်း။
အင်္ဂါ၊ သောကြာ၊ စနေသားများ စိတ်ထင်ရာ တဇွတ်ထိုးလုပ်ကိုင်ဆောင်ရွက်ပြီး စီးပွားဖြစ်နေသည်ဟု အထင်ခံရစေခြင်း။အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သမီးများ စိတ်ထင်ရာလုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် မိဘမောင်ဘွား ဆွေမျိုးသားချင်းများ၏ ပြစ်တင်ရှုတ်ချမှုကို ခံရစေတတ်ခြင်း။ ဒုတိယအရွယ်လွန်မှသာ ပိုမိုအေးဆေးတည်ငြိမ်ပြီး အောင်မြင်တိုးတက်မှုကို ရရှိစေတတ်ခြင်း။ဘ၀တွင် စိန်နှင့်ရောယှက်နေသောရောင်စုံများကို ၀တ်စားဆင်ယင်အသုံးပြုခြင်းကြောင့် ကံတရားမှေးမှိန်စေတတ်ခြင်း။ဘ၀တွင် ပုလဲနှင့် အဖြူရောင်များကို ၀တ်ဆင်ခြင်းဖြင့် ကံဇာတာများတိုးတက်ပွင့်လင်းခြင်း။ကျန်းမာရေးတွင် ဆီးရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါနှင့် အာခံတွင်း၌ဖြစ်တတ်သောရောဂါများ ကြုံတွေ့ဖြစ်ပွားလွယ်ခြင်း။

၃ ခုကြွင်းအားလုံးတို့သည် ဘ၀တစ်လျှောက်တွင် တည်ငြိမ်အေးဆေးစွာလုပ်ကိုင်ဆောင်ရွက်ခြင်း၊ နှုတ်ချိုသာစွာ ပြောဆိုဆက်ဆံခြင်းများ
ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်တိုးတက်မှုများ ပိုမိုကြုံတွေ့ ခံစားလာမည်မှာ မုချ ဖြစ်ပါသည်။

၂-ခုကြွင်းမဟာဘုတ်

၂ ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ) တည်းဟူသောအိမ်ဌာန၌  (၅) ဂဏန်းဖြစ်သည့်
ပညာ၊ အတွေးအခေါ်၊ အပျော်အပါးနှင့်ဆိုင်သော ကြာသပတေးဂြိုဟ်တည်ရှိနေမှုကြောင့်
လူမှုဆက်ဆံရေးနယ်ပယ်တွင် ခေါင်းမာသူ၊ တစ်ယူသန်တစ်ဇွတ်ထိုး ပြုလုပ်တတ်သူ ဟုအထင်ခံရခြင်း။
မိဘမောင်ဘွား အုပ်ထိန်းသူတို့၏ လမ်းညွှန် ဆိုဆုံးမမှုကို မနာယူဘဲ မိမိစိတ်ဆန္ဒအလျှောက် လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်ခြင်း။
ပတ်ဝန်းကျင်ကို ဂရုမထားဘဲ ကောင်းကောင်း၊ဆိုးဆိုး လွန်ကဲစွာ တစ်ယူသန်၊တစ်ဖက်သတ် ပြုမူပြောဆိုနေထိုင်တတ်ခြင်း။
လုပ်ရပ်တစ်ခုကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လွန်လွန်ကဲကဲဆောင်ရွက်တတ်ပြီး မိသားစုအိမ်တွင်းရေးကိစ္စများကို ပြန်လှည့်မကြည့်ခြင်း။
မှားယွင်းစွာပြုလုပ်မိသောအလုပ်တစ်ခုခုကို မှားမှန်းသိလျှက်နှင့် လုံးဝပြန်မပြင်နိုင်ခြင်း။
ပညာသင်ကြားချိန်တွင် အရေးကြီးသော အချိန်တိုင်း၌ ကျန်းမာရေးအညံ့ကြုံခြင်း၊ ပူပင်သောက တစ်ခုခု လာရောက်တိုက်ဆိုင်နေတတ်ခြင်း။
ပညာတတ်များ ပိုမိုခေါင်းမာနေတတ်ခြင်း၊ တစ်ယူသန်ခြင်း။
အတွေးအခေါ်၊ အယူအဆ ပြတ်သားရဲရင့်စွာတွေးခေါ်တတ်မှုကြောင့် အများသူငါနှင့် အမြဲလိုလို ဆန့်ကျင်ဘက်ဖြစ်နေတတ်ခြင်း။
ကြာသပတေး၊ သောကြာ သားသမီးများ စိတ်ညစ်စရာတွေ့ ကြုံလာပါက အဆိပ်သောက်လွယ်တတ်ခြင်း။
ဘ၀တွင် ဖြူမှိုင်းသောအရောင်နှင့် အပြာရောင်များကို ၀တ်ဆင်၊ အသုံးပြုပါက ကံတရားညှိုးမှိုင်စေတတ်ခြင်း။
ဘ၀တွင် ပတ္တမြား၊ ပန်းရောင်နှင့်ကြက်သွေးရောင်၊ အနီရောင်များကို ၀တ်ဆင်၊ အသုံးပြုပါက ကံဇာတာ ပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတွင် ဦးနှောက်၊ အာရုံကြောနှင့် နှလုံးရောဂါ၊ အစာအိမ်ရောဂါများ ဖြစ်ပွားစေတတ်ခြင်း။
ဘ၀တစ်သက်တာ၌ မိမိစိတ်ဆန္ဒဆုံးဖြတ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက အမှားများစွာကြုံတွေ့ နိုင်ခြင်း။

၂-ခုကြွင်းအားလုံးတို့သည် ဘ၀တွင် တိုးတက်အောင်မြင်ရေးအတွက် တစ်ယူသန်၊ တစ်ဖက်သတ်ပြုမူပြောဆို လုပ်ကိုင်တတ်သော
ဥာဉ် စရိုက်များကို ပယ်ဖျောက်၍ မိဘဆရာ အုပ်ထိန်းသူတို့၏လမ်းညွှန်မှုကို ခံယူပြီး လုပ်ကိုင်ဆောင်ရွက်ပါက
မုချ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။

၁ - ခုကြွင်းမဟာဘုတ်

လူအားလုံး ရှောင်လွဲ၍မရသော မရဏ တည်းဟူသော သေခြင်းတရားအိမ်၌ ၄ ဂဏန်း
လူထု၊ လူစုလူဝေး ၊ လူမှုဆက်ဆံပေါင်းသင်းရေး နှင့်သက်ဆိုင်သော ဗုဒ္ဓဟူးဂြိုဟ်တည်ရှိမှုကြောင့်
လူအများနှင့် စုပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများတွင် အကျိုးခံစားခွင့် မရှိခြင်း၊
နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့အစည်းများနှင့်သက်ဆိုင်ပါက အကျိုးပြုခြင်းမရှိခြင်း၊
မိဘမောင်ဘွား၊ သားသမီး အိမ်ထောင်ဘက်တို့၏ ချစ်ခင်မှု၊ ယုယမှု၊ ကျေးဇူးပြုမှုကို မရရှိခြင်း။
လူများစုအတွက် မိမိက နေရတကာအနစ်နာခံ၊ ကိုယ်ကျိုးစွန့်၍လုပ်ကိုင်ပေးရတတ်ခြင်း၊
လူယုံမွေး၍မရခြင်း၊ ဆရာတပည့်ထား၍ မသင့်ခြင်း၊
မိတ်ဆွေအပေါင်းအသင်းများသူတို့ မိတ်ဆွေကြောင့်ဂုဏ်ပျက်ခြင်း၊ သိက္ခာကျခြင်း။
မိဘမောင်ဖွား၊ ညီအစ်ကို မောင်နှမများနှင့် စောစီးစွာခွဲ၍နေထိုင်ရတတ်ခြင်း။
ခံ့ညားထည်ဝါစွာနေထိုင်သူများ၊ မိတ်ဆွေအပေါင်းအသင်းများစွာဖြင့်လှုပ်ရှားလုပ်ကိုင်နေသူများ
ပို၍သိက္ခာကျပြီး မရိုးသားသောလုပ်ငန်းများဖြင့် စီးပွားရှာဖွေ လုပ်ကိုင်နေရတတ်ခြင်း။
ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်ပြီး လက်မှုအတတ်ပညာတစ်ခုခု ထူးချွန်တတ်မြောက်လွယ်ခြင်း၊ ၀ါသနာရှိခြင်း။
ဘ၀တွင် ငွေရပေါက်၊ ပွပေါက်တိုးသော သူများနှင့်တိုက်ဆိုင်ကြုံတွေ့ပြီး စီးပွားဖြစ်ထွန်းစေတတ်ခြင်း။
မည်မျှ စိတ်ရင်းစေတနာထား၍  လုပ်ကိုင်ပေးစေကာမူ လူအများအတွက် မနာလိုခံရခြင်း၊
ပြစ်တင်ရှုံ့ချမှု၊ သိက္ခာချခံရမှုများ တိုက်ဆိုင်ကြုံတွေ့စေတတ်ခြင်း။
ဘ၀တွင် ရွှေ နှင့် အ၀ါရောင်ပစ္စည်းပစ္စယ များကြောင့် ကံတရားညှိုးမှိုင်တတ်ခြင်း။
ဘ၀တွင် နီလာ၊ကျောက်နှင့် အနက်ရောင်များကြောင့် ကံဇာတာ ပွင့်လင်းတိုးတက်စေတတ်ခြင်း
ကျန်းမာရေးတွင် လိပ်ခေါင်းရောဂါ၊ လေရောဂါ၊ အစာအိမ်ရောဂါ၊ ရင်ခေါင်းနှင့်
ဝမ်းဗိုက်တို့တွင်ဖြစ်ပွားသောရောဂါရခြင်းများ ကြုံတွေ့ စေတတ်ခြင်း။
ဘ၀တစ်လျှောက်လုံးတွင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်လုပ်ကိုင်မှ ဘ၀ရပ်တည်နိုင်ခြင်း။

၁ ခုကြွင်းအားလုံးတို့သည် ဘ၀တွင် တိုးတက်အောင်မြင်ရေးအတွက်
လူမှုပေါင်းသင်းဆက်ဆံရေးတို့တွင် မျှတစွာပေါင်းသင်းဆက်ဆံခြင်း၊
မိဘ၊ဆရာ၊ သက်ကြီးရွယ်အို နှင့် ကျေးဇူးမကင်းသူများကို တတ်အားသရွေ့  ပူဇော်ကန်တော့ခြင်းများပြုလုပ်ပါက
မုချ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။

မူလမဟာဘုတ် (၇) ဌာန

အဘိဓမ္မာတွင် မဟာဘူတရုပ်(၄)ပါးကို မဟာဘုတ်ဟုခေါ်ပါသည်။ ဗေဒင်ပညာအလိုအားဖြင့် မဟာဘုတ်သည် သိသာမြင်သာဘူတာကျသော၊ ဓမ္မဒိဋ္ဌာန်ကျသော၊ ရုပ်ဝတ္ထုဆန်သော သဘောဖြစ်သည်။
မဟာဘုတ်ဗေဒင်ပညာသည် လွန်စွာကျယ်ပြန့်ပါသည်။ သာမာန်အားဖြင့်မဟာဘုတ်ဗေဒင်ချ နည်း လောက်ကို လူတိုင်း တီးမိ ခေါက်မိရှိသောအခါ အပေါ့စားဗေဒင်ဟုလည်း တစ်ချို့က ထင်မြင်ကြသည်။  မဟာဘုတ်ဗေဒင်မျှလောက်နှင့် လူတစ်ဦးတစ်ယောက်၏ ဘ၀တစ်ခြမ်းကို ထက်ပိုင်းချိုး
ဟောပစ်နိုင်သည်ဟု ဆိုသော် လူတော်တော်များများလက်ခံနိုင်လောက်မည်မဟုတ်ပါ။ ဤမျှလောက်ရှိနေသော အတိုင်းအတာသည် လွယ်ကူမည်လော။
မဟာဘုတ်ဗေဒင်မျှလောက်ကို လက်တည့်စမ်းဖူးကြမည်ဖြစ်ပါသည်။
ထို့ကြောင့် မဟာဘုတ် (၇) ဌာ x ဂြိုဟ် (၇) လုံး = (၄၉ )ကွက် သောအကျယ်ကို ဟောစတမ်းမထုတ်တော့ပါ။
အဓိက အချက်အချာကျသည့် (၇) မျိုး အကျဉ်းမျှလောက်သာရှင်းလင်းချက်နှင့် ဟောစာတမ်းဖွင့် ပါတော့မည်။

ဗေဒင်ပညာတွင်
 ဘင်္ဂအိမ်သည် လူသားတစ်ဦး၏ ကနဦးစတင်ရာဌာနဖြစ်ပါသည်။ ထို့အတူ ထိုလူ၏ ဘ၀ဖြစ်စဉ်တို့ကိုစတင်ဖန်တီးပေးမည့် ကံအကြောင်းကိုပြုပြင်ဖန်တီးသည့် အဓိကနေရာလည်းဖြစ်သည်။ ဒုက္ခတရားတို့၏ စတင်ရာနေရာဌာနလည်းဖြစ်သည်။ နာခြင်းတရား၊ မသိနားမလည်ခြင်း၊ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး ကံအ၀၀ တို့ကို စတင်ရာဌာနဟု သတ်မှတ်ရပေသည်။ထို့ကြောင့် ဘင်္ဂအိမ် သည်  ဖြစ်ခြင်း၊ ပျက်ခြင်းတရား၏အစ ၊ ပြောင်းလဲမြန်ဆန်မှုကို ဖော်ပြသောအကြောင်းတရား၊ မတည်မြဲခြင်း၊ မငြိမ်မသက် စက်ရဟတ်ကဲ့သို လည်ပတ်ရာဌာနဟု ဖော်ညွှန်းရပေသည်။

ဗေဒင်ပညာတွင် 
ပုတိအိမ် ကား အကြီးမြတ်ဆုံးသောသူသည် အမြင့်မြတ်ဆုံးသော နေရာဌာ သို့ ကူးပြောင်းရန် ဥာဏ်(၃)ပါးထဲမှ အာသွက္ခယဥာဏ်ဖြစ်သော ကိလေသာ၊ရာဂနှင့်အာသဝေါတရားများ ကုန်ခမ်းပြီးစီးမှသာ အဓိပတိ တည်းဟူသောတစ်လောကလုံး၏အကြီးအကဲနေရာဌာနကို ဖြတ်ကျော် တက်လှမ်းရမည့်အိမ် သို့မဟုတ် ကိလေသာ၊ တဏှာ၊ ရာဂ အာသဝေါတရားများစွန့်ပစ်ရာအိမ်သည် ပုတိအိမ်ဖြစ်ပါသည်။ ဤသည်အားဖြင့် ပုတိအိမ်သည် လျှို့ ၀ှက်ဖုံးကွယ်မှု၊ ညစ်ညမ်းမှု၊ ငြိုငြင်ခံရမှု
စသည့်အကြောင်းတရားများနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် 
သိုက်အိမ်ဌာနသည် ဘာသာရေး၊ ကောင်းမြတ်ခြင်း၊ ရှေးဟောင်း၊ ဘ၀ဟောင်း တို့၏ စုဝေးရာ၊ပိုင်ဆိုင်ရာတို့နှင့် သက်ဆိုင်သော ဌာနဖြစ်ပါသည်။ လူသားတစ်ဦးတစ်ယောက်အတွက် သီးသန့်တည်ရှိနေရသော၊သီးခြားဖြစ်သော ဌာနလည်းဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းအကြပ်ကြုံခြင်း၊ အနာဂတ်၏အမှောင်ဖုံးနေမည့်ဘ၀၊မောဟများပိတ်ဖုံးခံနေရမည့်ဘ၀၊ ကြိုတင်ပူပန်နေရသောဘ၀၊ လွတ်မြောက်ရန်လမ်းစရှာဖွေနေရသောဘ၀ ဌာဖြစ်သည်။ထို့ကြောင့် လူသားတစ်ဦး၏ မောဟ နယ်ပယ်ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အထွန်းအိမ်သည် လူသားတစ်ဦးတစ်ယောက်၏ ရုပ်ပုံလွှာကို ဖော်ဆောင်ရာ၌ အဓိကသော့ချက်ကျသော
ခေါင်းဆောင်အိမ်ဖြစ်ပါသည်။ ထည်ဝါခန့်ညားနေခြင်း၊ ထင်ပေါ်နေခြင်း၊ အစစ အရရာသိမြင်နားလည် လွယ်နိုင်သောအကြောင်းတရားများနှင့် သက်ဆိုင်နေပါသည်။ အင်အားနှင့် ခန့်ညားထည်ဝါခြင်း ဌာနလည်းဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
ရာဇအိမ်သည် အသုံးအဖြုန်းကြီးခြင်း၊ ရှုပ်ထွေးပွေလီခြင်း၊ ပရိယာယ်၊ မာယာ အမျိုးမျိုးတို့နှင့် ရောပွန်းတီး
ကြွယ်နေခြင်းတို့နှင့် ဆက်ဆံနေထိုင်ရသော ဘ၀ကို ဖော်ညွှန်းပါသည်။ အာဏာ၊ သြဇာ၊ တစ်ဇွတ်ထိုး အကျင့်၊စရိုက်၊ အမိန့်၊ လူ့ဘ၀ဇာတ်ခုံ အဖုံဖုံသော လှုပ်ရှားမှုတို့နှင့် နေထိုင်ရသော ဌာနဖြစ်ပါသည်။

ဗေဒင်ပညာတွင် 
အဓိပတိအိမ်သည် အကြီးအကဲဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ အကြီးအကဲဖြစ်ခြင်း၊ ဆရာဖြစ်ခြင်း၊
ဘ၀င်မာနထားရှိခြင်း၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထင်ရှားကျော်ဇောခြင်းနှင့် သက်ဆိုင်ပါသည်။

ဗေဒင်ပညာတွင် ငယ်စဉ်ကတည်းကပင် မဟာဘုတ်ဗေဒင်ပညာ သင်ယူခဲ့သမျှတို့၌ မရဏအိမ်ခွင်ဌာနသည် ကျွန်တော် စိတ်အ၀င်စားဆုံးဌာနဖြစ်ပါသည်။
မရဏအိမ်ခွင်ဌာနသည် လူမျိုးမရွေး၊ အယုတ် အလတ် အမြတ်မရွေး၊ ဧကန်ကြုံတွေ့ရမည့်တရားဖြစ်သည်။ လူသားတစ်ယောက်၏ မဟာဘုတ်အိမ်တွင် မရဏအိမ်၌ရှိနေသာ ဂြိုဟ်တစ်လုံး၏ စွမ်းအား သည် ဗေဒင်ပညာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အလွဲမသွေ ကြုံတွေ့ရမည့်အကြောင်း တရား ဖြစ်သည်။ ယင်းဌာန မရဏဌာနသည် ပျက်စီးခြင်း၊ ၏အကြောင်း၊ သေခြင်းတရားတို့၏ အကျိုးတို့ကိုနှင့် လုံးဝသက်ဆိုင်နေပါသည်။








မဟာဘုတ် (၇) ဌာန၏ အကြွင်း (၇) ခု လိုရင်းအချက်အလက်များကိုသာ ဟောစာတမ်းဖွင့်သွားပါမည်။




                                                                                                         ဆက်လက်ကြိုးစားပါဦးမည်။
                                                                                                                   lu sent