(၆) အဒြနက္ခတ်( a Orionis)
အဒြနက္ခတ် စန်းယှဉ်အဟောနှင့် အတွေးအကြံ
အဒြနက္ခတ်သည် အရှေ့အရပ်ကို ကိုယ်စားပြုပါသည်။ (၄) လုံးဇာတ်တွင် လူစွမ်းကောင်းနက္ခတ်ဖြစ်၍
(၃)လုံးဇာတ်တွင် ဘီလူးနက္ခတ်ဖြစ်ပါသည်။ အဒြနက္ခတ်သည် ရာဟု ဂြိုဟ်ပိုင် နက္ခတ်ဖြစ်ပါသည်။
အဒြရသည် စွတ်စိုခြင်းဟုအဓိပ္ပါယ်ရသည်။ နတ်ဒေ၀တာမှာ ရုဒြနတ်မင်းဖြစ်သည်။ ကြယ်တစ်လုံးမျှသာဖြစ်၍ ပတ္တမြားနှင့်တူပါသည်။ ၄င်းနက္ခတ်သည်
ရာဟုဂြိုဟ်ပိုင်နက္ခတ်ဖြစ်ခြင်းကြောင့်လည်း နိုင်ထက်စီးနင်း၊ နှိပ်စက်ကလူ
ပြုတတ်သည့်နက္ခတ်ဖြစ်ပါသည်။ တွန့်တွန်းလူးခံရသည့် ဒုက္ခဝေဒနာများကို ရည်ညွှန်းထားသည်ကို တွေ့ရပါသည်။
ငိုကြွေးမြည်တမ်းခြင်း၊ အဆိုးမြင်ဝါဒ ဘက်သို့အလေးပေးပြီးမြင်တတ်ခြင်း၊ ဒဏ္ဍာရီအဆိုအရ အမဲလိုက်မုဆိုးတစ်ယောက်နှင့်ရေတစ်စက်တို့ဖြင့် အကြောင်းဖက် ပေါင်းဖက်မိကြသည်ဟု ဆိုသည်။
အတွေးအကြံများတွင်
စိုရွဲခြင်း၊ ပျော့အိခြင်း၊ နူးညံ့ခြင်း၊ ခံစားမှုအပြည့်အ၀ရှိခြင်း၊ ယုယပိုက်ထွေးမှု၌ အားပါးတရရှိခြင်း၊ ချုပ်နှောင်မှုမှ
ကင်းရှင်းလွတ်မြောက်ခြင်း၊ အရည်အငွေ့၊ စီးဆင်းနေခြင်း၊ တစ်စက်တစ်စက်ကျခြင်း၊ အရည်ပျော်ခြင်း၊
ငိုကြွေးသောမျက်ရည်၊ ၀မ်းနည်းပက်လက်၊ နာကျင်ခြင်း၊ ဖိနှိပ်ခြင်း၊ ရောထွေးယှက်တင်ဖြစ်ခြင်း၊ ကျော်လွှားရန်၊
နိုင်ထက်စီးနင်းညှင်းဆဲရန်၊ ဖြိုခွင်းဖျက်ဆီးရန်၊ စသည်တို့ကို ကိုယ်စားပြုပါသည်။
ကိုယ်ခန္ဓာအစိတ်အပိုင်းတို့တွင် ဆံပင် ၊ အမွေးအမျှင်များ၊ ဦးခေါင်းခွံ စသည်တို့ဖြစ်ပါသည်။
အဒြနက္ခတ် နှင့်စန်းယှဉ်မွေးဖွားလာသူသည် ကြွားဝါတတ်သည်။ လိမ်လှည်လှည့်ဖျား
တတ်သည်။ သစာမရှိတတ်။ အနရယ်ရှိ ရွေ့ ယုတ်မာညစ်ညမ်းသူလည်း
ဖြစ်သည်။
မွန်းတည့်နကတ် ဖွားသူတို့အဟော
၆။ အဒြနက္ခတ်၌ ဖွားသောသူသည် ကျေးဇူးကန်းတတ်၏။
ဒေါသကြီး၏။ မကောင်းမ၌ မွေ့လျှော်၏။ ဥစ္စာစီးပွား၊ စပါး
ဆန်ရေ ကင်း၏။ ဆင်းရဲသားဖြစ်တတ်၏။
အဒြနက္ခတ်၌ ပြုလုပ်အပ်သောကိစ္စရပ်များမှာ-
မင်္ဂလာဆိုင်ရာ အလံတံခွန်၊ တုရိဏ်တိုင်၊ စစ်ပွဲ၊ လေးမြားလက်နက်၊ စစ်ပြေငြိမ်းအောင်စေ့စပ်ခြင်း၊
မင်္ဂလာမဏ္ဍပ်၊ အရည်ထုတ်ခြင်း အစရှိသောအမှုတို့ကို ပြုလုပ်အပ်ပါသည်။