အောက်ပါ ဂြိုဟ်နေများသည် တနင်္ဂနွေနေ့ တွင် အခါ ၇- ခါ ပြထားခြင်းဖြစ်ပါသည်။ ကျန်တဲ့ တနင်္လာနေ့ မှ စနေနေ့ထိ တစ်နေ့လျှင် ၇-ခါ ချရပါမည်။ ဒီလိုဆိုရင် တနင်္ဂနွေနေ့ မှ စနေ့နေ့ထိ (၇)နေ့အတွက် အခါ (၇) ကြိမ်ဆိုလျှင် ဂြိုဟ်နေတိုင် (၄၉) တိုင် ရမည် ဖြစ်ပါသည်။
ယခုကျွန်တော်တနင်္ဂနွေနေ့အတွက်ပြထားပြီဖြစ်တဲ့အတွက်သေချာစွာလေ့လာ
Labels
- ၁၂ရာသီဖွားအဟော
- ၇ ရက်သားသမီး တစ်သက်တာဟောစာတမ်း
- ကလေးနာမည်ပေးကင်ပွန်းတပ်
- ဂဏန်းဗေဒင်
- ဆန်းကျမ်းအကျဉ်း
- တွက်နည်းတိုများ
- ထုတ်ပြန်ကြေငြာချက်
- နက္ခတ် အဟော
- ပုရိသဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဂြိုဟ်၊နက္ခတ်၊ရာသီပရိယာယ်
- ဂြိုဟ်များအကြောင်း
- မဟာကာလချနည်းများ
- မူလမဟာဘုတ်
- လူငယ်နှင့်ဗေဒင်
- သျှတ္တရ
- အချစ်နှင့်အိမ်ထောင်ရေး
- အချစ်နှင့်အိမ်ထောင်ရေး
- ဣတ္ထိယဘာဝ ဆောင်ရန်/ရှောင်ရန်များ
- ဣတ္ထိယသျှတ္တရ
- ဟောစာတမ်းများ
Wednesday, July 24, 2013
Tuesday, July 23, 2013
ရာသီခွင်၊ ရာသီအိမ်ရှင်ဂြိုဟ်နှင့် ရာသီသင်္ချာ
မိဿရာသီမှ စ၍ မိန်ရာသီ ထိ ၁၂-ရာသီ အမည်များနှင့် ရာသီပိုင် ဂြိုဟ်များကို တွဲ ပြထားပါတယ်။ ဒီနည်းကို လေ့လာလိုက်စားလိုတဲ့ ၀ါသနာရှင်လူငယ်များ သိသာစေရန်တင်ပြထားခြင်းဖြစ်ပါတယ်။ အင်္ဂ၀ိဇ္ဇာ မဟာကာလ ချတဲ့နည်းပါ။ ရာသီပိုင်ဂြိုဟ်နဲ့ ရာသီတွေကိုတော့ သေသေချာချာလေး မှတ်ထားရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အရေးကြီးတဲ့အပိုင်းပါ။
မိဿရာသီတွင် -၃ ဂဏန်းကို မြင်သဖြင့် အင်္ဂါ(လက်ျာ)ဂြိုဟ်ပိုင် အိမ်ဟုမှတ်ပါ။
Monday, July 22, 2013
၁၂ ရာသီ၏ ပရိယာယ်
၁၂ ရာသီခွင်ဇာတာခွင်ကို စီစစ်ဟောပြောသောအခါ ၄င်းရာသီတို့၏ အလေ့အကျင့်၊ သဘောတရား၊ ပရိယာယ်ကိုနားလည်ပါမှ ဟောရေး ပြောရေးတို့တွင်ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ပြောချင်ပါတယ်။
ဟောရေး၊ ပြောရေး နှင့် ဗေဒင် ၀ါသနာပါသူတို့အတွက် ပိုမိုအဆင်ပြေအောင်လို့ပါ။
မိဿ
မိဿရာသီသည် ဆိတ်သဏ္ဍာန်ရှိသောကြောင့် မတည်မြဲခြင်း၊ ပြောင်းလဲရွေ့လျှားနေတတ်သော သဘောရှိသောကြောင့် စရ ရာသီ ဟုမှတ်ပါ။ ကာလပုရိသလက္ခဏာ သဘောတွင် မိဿရာသီကား

Friday, July 19, 2013
နက္ခတ် အုပ်စုအရ ချစ်ခြင်း နှင့် မိတ်သင်္ဂဟ
ချစ်ခြင်း နှင့် မိတ်သင်္ဂဟ
အိမ်ထောင်ရေး၊
မိတ်ဆွေ ၊ အပေါင်းအသင်း နှင့် လူ့အဖွဲ့အစည်း တို့အတွက် တစ်ဦးအပေါ် တစ်ဦး
ပိုမို၍ချစ်ခင်သည်၊ လေးစားသည်၊ သံယောဇဉ်ဖြစ်သည်၊ အောင့်မေ့တမ်းတ
သည်၊အချင်းချင်း နားလည်ပေးနိုင်ကြသည် ဆိုတဲ့ အချက်တွေထဲမှာ ဇာတာရှင်တို့၏
စင်နက္ခတ်တို့ တစ်အုပ်စုထဲတွင် ရှိနေခြင်းသည် ဤသို့ ခင်မင်ချစ်ခင်ရန်
မဖြစ်မနေပါဝင်သော(အချစ်စစ်၊ မိတ်ဆွေစစ်)အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။
နက္ခတ်တို့ကို အုပ်စုအားဖြင့် (၃) စု ခွဲခြားထားပါသည်။
(အစအုပ်စု)၊(အလယ်အုပ်စု)၊ (အဆုံးအုပ်စု) ဟုဖြစ်ပါတယ်။
ဥပမာအားဖြင့်----
ဇာတာရှင်တို၏ စန်းယှဉ်နက္ခတ်(စင်နက္ခတ်) တို့သည် ၁ လုံးမြောက်ဖြစ် သော
အဿဝနီနက္ခတ်နှင့် ၃လုံးမြောက် ကြတ္တိကာ နက္ခတ် ဆိုပါစို့ ။
လူ
၊ လူ နက္ခတ် တို့ကြောင်းလည်းကောင်း၊ နက္ခတ်အုပ်စု
တူညီခြင်းတို့ကြောင့်လည်းကောင်း၊ (အခြားသောအကြောင်းရင်းများရှိပါသေးသည်)
ထို ဇာတာရှင်နှစ်ဦးတို့သည်
ချစ်သူများဖြစ်က
အချစ်စစ်သဘောဖြစ်သည်
တစ်ဦးအပေါ်တစ်ဦးနားလည်နိုင်စွမ်းလွန်စွာရှိခြင်း၊ မေတ္တာမပျက်ခြင်း၊
သစ္စာတည်မြဲခြင်း၊ တစ်ဦးအပေါ်တစ်ဦးဖြည့်ဆည်းခြင်း၊ သံသယကင်းခြင်း၊
သ၀န်တိုမှု၊ သ၀န်ကြောင်မှု နည်းပါးခြင်း၊ ခွင့်လွတ်နိုင်ကြခြင်း၊
စိတ်နေသဘောထားခြင်း တိုက်ဆိုင်မှုပိုမိုရရှိခြင်း ဟူသော
ကောင်းကျိုးများကိုပိုမို ဖြစ်ပေါ်စေပါသည်။ ဤသည်အခါ ၄င်းတို့၏ အချစ်ရေး၊
အိမ်ထောင်ရေး၊ မိသားစုအရေး တို့သည် အေးချမ်းတည်ငြိမ်ဖို့
အကြောင်းရှိနေပြီးဖြစ်ပါသည်။
မိတ်ဆွေများဖြစ်ပါက
တစ်ဦးအပေါ်တစ်ဦး ကောင်းသောအကျိုးဆောင်ခြင်၊
သံသယကင်းခြင်း၊ လူယုံထားရှိနိုင်ခြင်း၊ နားလည်နိုင်စွမ်းရှိခြင်း၊
တစ်ဦးအရေး တစ်ဦးက ဖေးမကူညီခြင်း၊ နှစ်ဦးကြား သွေးထိုးစကားများ မတိုးပေါက်ခြင်း၊ အစဉ်မိတ်မပျက်ခြင်း၊ ရိုးသားနိုင်ခြင်း၊ အမြဲမိတ်ဆွေကောင်းဖြစ်ခြင်း ဟူသော ကောင်းကျိုးများကို ပိုမိုဖြစ်ပေါ်စေပါသည်။
ဤသို့သော ကောင်းကျိုးအများကို ထပ်တိုးလျှက် ဆင်ခြင်ဝေဖန်ပါလေ။
လူငယ်ဗေဒင်
ဝုတ္တောဒယဆန်း အကျဉ်း
နာမည်မှည့်နည်းနှင့် နာမည်ပေးကင်ပွန်းတပ် ဟူသောအကြောင်းအရာပေါ် ထောက်လျှက် ၀ုတ္တောဒယ ဆန်းအရ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
--------------------------------------------------------------------------------------------------------------
ဆန်းကျမ်းတို့သည် အလွန်နက်နဲပါသည်။ ယခုပြသောဆန်းအကျဉ်းမှာ ၀ုတ္တောဒယ ဆန်းကျမ်း အပိုင်းဖြစ်သောကြောင့် (ဆန်း၊ သဒ္ဒါ) လောကုတ္တရာဟူသောပရိယတ္တိ နယ်ပယ်အပိုင်း ကို ရောက်ရှိသွားပြီဖြစ်ရာ လူငယ်ဗေဒင် အနေဖြင့် ဤဆန်းကျမ်းအပိုင်းကိုလိုက်၍ မီသောဥာဏ်စဉ်၊

Wednesday, July 17, 2013
နာမည်သည် အစဉ်သဖြင့် သမုတ်ခံနေရသော ပညတ် ဖြစ်ပါကြောင်း
လူတစ်ဦး တစ်ယောက်သည် အခြားတစ်ဦးတစ်ယောက် သို့မဟုတ် လူ့အသိုက်အ၀န်းတို့နှင့် ကူးလူးဆက်ဆံရန် နာမည်သည် အရေးကြီးသည် မဟုတ်လား။ အရေးကြီးသည်နှင့်အမျှ ပညတ်သွားရာ ဓါတ်သက်ပါလာသည်။ အမည်နာမသည် ပညတ်ဖြစ်သည်။ ပညတ်သည် သမုတ်ခြင်းဖြစ်သောကြောင့်တည်း။
(ဥပမာ- ခြင်္သေ့မင်း၏ ကေသရာဇာဟူသော မြတ်သောဂုဏ်ထူးဘွဲ့နာမည်ကို ပေးခံထားရသော
(ဥပမာ- ခြင်္သေ့မင်း၏ ကေသရာဇာဟူသော မြတ်သောဂုဏ်ထူးဘွဲ့နာမည်ကို ပေးခံထားရသော
ဆန်းကျမ်းအရ အမည်မှည့်နည်း
ပေးလိုသော အမည်နာမကို (၇) ရက်သားသမီးတို့၏ နေ့နံအလိုက် ဆန်းဂိုဏ်း (၈) ဂိုဏ်း၏နက္ခတ် (စဉ်းယှဉ်နက္ခတ် မဟုတ်ပါ) နှင့်ရောလျှက် အမည်မှည့်သောနည်းဖြစ်ပါသည်။
နေ့နံနှင့်ရောစပ်ရမည့် နက္ခတ်လုံးရေ ကိုအထက်ဇယားကွက်ဖြင့် ဖော်ပြထားပါသည်။
ဇယားအဓိပ္ပါယ်ကား နက္ခတ် ၂ လုံးမှစ၍ ၂၀ အထိ တနင်္ဂနွေသား၊သမီးအတွက်
မဟာဘုတ်အရ နာမည်ပေးနည်း
(ဇယားတွင် အနီရောင် ဂဏန်းများသည် အညံဂြိုဟ်များဖြစ်၍ အစိမ်းရောင်ဂဏန်းတို့သည် နေ့အလိုက် ကောင်းသောဂြိုဟ်ဟုမှတ်ရန်)
ကလေးငယ် သို့မဟုတ် မိမိ၏ ကောဇာသက္ကရာဇ်ကိုတည်ပါ။ ၇ ခုစား အကြွင်းကို ဘင်္ဂအိမ်မှ ၇
Thursday, July 11, 2013
အိမ်ထောင်ရေးတွက်နည်းတို (၂)
တနည်းအားဖြင့် အကြင်သတို့သားလောင်းနှင့် သတို့သမီးလောင်း ချစ်ခင်သူနှစ်ဦးတို့၏ ထိမ်းမြားလက်ထပ်ခြင်းစပ်လျှက် ကောင်းကျိုး ဆိုးကျိုးတို့ကို တွက်စစ်ပုံတစ်နည်းဖြစ်ပါသည်။
အကြင်ချစ်ခင်သူ နှစ်ဦးတို့၏ နေ့နံနှစ်ပါးအား (၅)နှင့်မြောက်ပါ။ ၄င်းကို (၇) ခုစားလျှက် အကြွင်းတို့ကို ယူလျှက် ဟောစာတမ်းတွက်ချက်ပါသည်။
ဥပမာအားဖြင့် တွက်နည်းမှာ
အကြင်ချစ်ခင်သူ နှစ်ဦးတို့၏ နေ့နံနှစ်ပါးအား (၅)နှင့်မြောက်ပါ။ ၄င်းကို (၇) ခုစားလျှက် အကြွင်းတို့ကို ယူလျှက် ဟောစာတမ်းတွက်ချက်ပါသည်။
ဥပမာအားဖြင့် တွက်နည်းမှာ
လူ၊ နတ်၊ ဘီလူး နက္ခတ်တို့၏ အချစ်နှင့်အိမ်ထောင်ရေးဟောစာတမ်း
ဇာတာရှင်၏ စန်းယှဉ်(စင်)နက္ခတ်ကို ၃ခုနှင့် ဖြိုခွင်းသဖြင့် ကြွင်းသော ဂဏန်းသည်
(၁) ဂဏန်းကြွင်းက နတ်နက္ခတ် ဟုလည်းကောင်း
(၂) ဂဏန်းကြွင်းက လူက္ခတ် ဟုလည်းကောင်း၊
(၀) သုဉ်းကြွင်းက ဘီလူးနက္ခတ် ဟုလည်းကောင်း သိအပ်ပါသည်။
အကြင်သတို့သား နှင့် သတို့သမီးတို့ ၏ စင်နက္ခတ်သည် လူနက္ခတ် အချင်းချင်း ပေါင်းသင်းပါက
တစ်ဦးအပေါ် တစ်ဦး ကြင်ကြင်နာနာချစ်ခင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သော

ယောက်ျားတို့ ရှောင်ကြဉ်အပ်သော ပဗ္ဗငါးပါး
ပဗ္ဗငါးပါး ရှောင်ကြဉ်အပ်သော အချင်းအရာတို့ကို ဒေသနာတော်အရ စေတနာနှင့် ပြောဆိုလိုပါသည်။
အနက်အားဖြင့်....။ ရာဇေန္ဒ၊ လူတို့ကို အစိုးရသော မင်းမြတ်။ စတုဒ္ဒသီ၊
လဆန်း၊လဆုတ် (၁၄) ရက်မြောက်သော စာတုဒ္ဒသီနေ့ရက်လည်းတစ်ပါး။
အဋ္ဌမီစေ၀၊ လဆန်း၊လဆုတ် (၈) ရက်မြောက်သော အဋ္ဌမီနေ့ရက်လည်းတစ်ပါး။
အထ၊ ထိုမှတပါး။ အမ္မ၀ါသီစ၊ လကွယ်နေ့ရက်လည်းတစ်ပါး။

သားယောက်ျား၊ သမီးမိန်းမ ရရန် အမှတ်နိမိတ်
(အနက်တို့ကို မပြဆိုတော့ပါ၊ အဓိပ္ပါယ်အားဖြင့်သာဖော်ပြပါမည်)
သားယောက်ျားကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း အလုံးကလေးလိုလိုတွေ့ခြင်း၊
လက်ျာဘက်မျက်စိကြီးခြင်း၊
လက်ျာသားမြတ်ဖျား၌ နို့ရည်ထွက်ခြင်း၊
လက်ျာပေါင် ကြီးထွားလာခြင်း၊
သားယောက်ျားကိုယ်ဝန်ရှိသော မိန်းမ၏သားအိမ်ထဲ၌ (၂)လအတွင်း အလုံးကလေးလိုလိုတွေ့ခြင်း၊
လက်ျာဘက်မျက်စိကြီးခြင်း၊
လက်ျာသားမြတ်ဖျား၌ နို့ရည်ထွက်ခြင်း၊
လက်ျာပေါင် ကြီးထွားလာခြင်း၊
ကိုယ်ဝန်တည်သော မိခင်လောင်းတို့ မပြုကျင့်အပ်သည်များကို ပြခြင်း
(၁) ၀မ်းတွင်း၌ သားရှိသော အမိသည် အပင်ပန်းခံခြင်းအားလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊
ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ကြဉ်အပ်သော အကြောင်းတရား (၁၄)ပါး
အကြင်မိခင်လောင်းတို့သည် မိမိ၌ ပဋိသဒ္ဓေကိုယ်ဝန်ရှိပြီဟု မှတ်ထင်သိအပ်သောကာလ
ရှောင်ကြဉ်သင့်သောအရာများကို ဘာဝပ္ပကာသ ဆေးကျမ်းအလိုအရ ဖော်ပြအပ်ပါသည်။
(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကိုလည်းကောင်း၊
(၂) လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းကိုလည်းကောင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းလျှက် နှိပ်နယ်ခြင်းကိုလည်းကောင်း၊
Saturday, July 6, 2013
(၉) အသလိဿ နက္ခတ်
အသလိဿ နက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော
(၉) အသလိဿနကတ်( a 1 &2 Caveri)
အသလိဿနက္ခတ်သည် (၃)လုံးဇာတ်၌ ရဟန်းနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
စဏ္ဍာလ နက္ခတ်ဖြစ်ပါသည်။ အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စား၍ တနင်္လာ
(၉) အသလိဿနကတ်( a 1 &2 Caveri)
အသလိဿနက္ခတ်သည် (၃)လုံးဇာတ်၌ ရဟန်းနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
စဏ္ဍာလ နက္ခတ်ဖြစ်ပါသည်။ အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စား၍ တနင်္လာ
(၈) ဖုသျှနက္ခတ်
ဖုသျှနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော
(၈) ဖုသျှနက္ခတ်(Gameri)
ဖုသျှနက္ခတ်သည် (၃)လုံးဇာတ်တွင် ဗြဟ္မဏ ပုဏ္ဏားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
ခတ္တိယဇာတ်ဖြစ်ပါသည်။ အရပ်အားဖြင့်အရှေ့အရပ်ကိုပိုင်စားလျှက် တနင်္လာဂြိုဟ်ပိုင်စားပါသည်။
ဖုသျှနက္ခတ်သည် ကြံ့ခိုင်သန်မာခြင်း၊ အသိပညာ ဖွံ့ဖြိုးတိုးပွားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။
ဥပဇ္ဈာယ်ဆရာ၊ သြ၀ါဒပေးရာနာယက၊ လေးစားအပ်သောဆရာသမား ပုရောဟိတ်တို့ကို ကိုယ်စား

(၇) ပုဏ္ဏဖုသျှုနက္ခတ်
(၇) ပုဏ္ဏဖုသျှုနက္ခတ် (B Geminaserum)
ပုဏ္ဏဖုသျှုနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော
ပုဏ္ဏဖုသျှုနက္ခတ်သည် (၃)လုံးဇာတ်တွင် အမတ်နက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည်နက္ခတ်ဖြစ်သည်။
အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စားလျှက် ရာဟုဂြိုဟ်ပိုင်အုပ်စိုးသည်။ ပုဏ္ဏဖုသျှု၏အဓိပ္ပါယ်မှာ
အထပ်ထပ်အခါပြုလုပ်ခြင်း၊ အဖန်တလဲလဲ ပြုလုပ်ရခြင်းဖြစ်သည်။ ၄င်းနက္ခတ်သည် နေရာထိုင်ခင်း၊
ဘုံဗိမာန်၊ နေအိမ်၊ ခေတ္တနေထိုင်တည်းခိုခြင်း၊ ထပ်ကာထပ်ကာ အဖန်တလဲလဲပြန်ပေါ်ခြင်း၊

Subscribe to:
Posts (Atom)