Thursday, July 11, 2013

ကိုယ်ဝန်တည်သော မိခင်လောင်းတို့ မပြုကျင့်အပ်သည်များကို ပြခြင်း

(၁) ၀မ်းတွင်း၌ သားရှိသော အမိသည် အပင်ပန်းခံခြင်းအားလည်းကောင်း၊
(၂) အစာမစားဘဲ ကျင့်ခြင်းအားလည်းကောင်း၊
(၃) မေထုန်မီဝဲခြင်းကိုလည်းကောင်း၊
(၄) အလွန်အပူအလောင်ခံခြင်းကိုလည်းကောင်း၊
(၅) ညဥ့်၌ မအိပ်ဘဲ နိုးကြားခြင်း၊ နေ့၌ အအိပ်ကြူးခြင်းကိုလည်းကောင်း၊

ကိုယ်ဝန်ဆောင် မိခင်တို့ ရှောင်ကြဉ်အပ်သော အကြောင်းတရား (၁၄)ပါး


အကြင်မိခင်လောင်းတို့သည် မိမိ၌ ပဋိသဒ္ဓေကိုယ်ဝန်ရှိပြီဟု မှတ်ထင်သိအပ်သောကာလ
ရှောင်ကြဉ်သင့်သောအရာများကို ဘာဝပ္ပကာသ ဆေးကျမ်းအလိုအရ ဖော်ပြအပ်ပါသည်။

(၁) မျက်ရည်ယိုစီး အလွန်ငိုကြွေးခြင်းကိုလည်းကောင်း၊
(၂) လက်သည်း၊ ခြေသည်း လှီးဖြတ်ခြင်းကိုလည်းကောင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းလျှက် နှိပ်နယ်ခြင်းကိုလည်းကောင်း၊

Saturday, July 6, 2013

(၉) အသလိဿ နက္ခတ်

အသလိဿ နက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

(၉) အသလိဿနကတ်( a 1 &2 Caveri)

အသလိဿနက္ခတ်သည် (၃)လုံးဇာတ်၌  ရဟန်းနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
စဏ္ဍာလ နက္ခတ်ဖြစ်ပါသည်။ အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စား၍  တနင်္လာ

(၈) ဖုသျှနက္ခတ်

ဖုသျှနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

(၈) ဖုသျှနက္ခတ်(Gameri)

ဖုသျှနက္ခတ်သည် (၃)လုံးဇာတ်တွင် ဗြဟ္မဏ ပုဏ္ဏားနက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်
ခတ္တိယဇာတ်ဖြစ်ပါသည်။ အရပ်အားဖြင့်အရှေ့အရပ်ကိုပိုင်စားလျှက် တနင်္လာဂြိုဟ်ပိုင်စားပါသည်။
ဖုသျှနက္ခတ်သည် ကြံ့ခိုင်သန်မာခြင်း၊ အသိပညာ ဖွံ့ဖြိုးတိုးပွားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။
ဥပဇ္ဈာယ်ဆရာ၊ သြ၀ါဒပေးရာနာယက၊ လေးစားအပ်သောဆရာသမား ပုရောဟိတ်တို့ကို ကိုယ်စား

(၇) ပုဏ္ဏဖုသျှုနက္ခတ်

(၇) ပုဏ္ဏဖုသျှုနက္ခတ် (B Geminaserum)
ပုဏ္ဏဖုသျှုနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော

ပုဏ္ဏဖုသျှုနက္ခတ်သည် (၃)လုံးဇာတ်တွင် အမတ်နက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည်နက္ခတ်ဖြစ်သည်။
အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စားလျှက် ရာဟုဂြိုဟ်ပိုင်အုပ်စိုးသည်။  ပုဏ္ဏဖုသျှု၏အဓိပ္ပါယ်မှာ
အထပ်ထပ်အခါပြုလုပ်ခြင်း၊ အဖန်တလဲလဲ ပြုလုပ်ရခြင်းဖြစ်သည်။ ၄င်းနက္ခတ်သည် နေရာထိုင်ခင်း၊
ဘုံဗိမာန်၊ နေအိမ်၊ ခေတ္တနေထိုင်တည်းခိုခြင်း၊ ထပ်ကာထပ်ကာ အဖန်တလဲလဲပြန်ပေါ်ခြင်း၊