၁ ခုကြွင်း တနင်္လာ သားသမီး
ဤဇာတာရှင်တို့သည် နှမြောတွန့်တိုတတ်သည့် စိတ်ရှိသည်ဟု ထင်မြင်ခံရသူမျိုးဖြစ်သည်။ တစ်ခါတစ်ရံ အသေးအမွှားများကို ကုပ်စေးနေတတ်ပြီး
တန်ဘိုးကြီးမားသော ကိစ္စများကို ဆုံးရှုံးခံရဲသူမျိုးဖြစ်ကြသည်။ အနေအထိုင်အဝတ်အစားများကို ပိရိသေသပ်စွာဝတ်စားတတ်ပြီး အငြိမ်အနေ
သွားလာလှုပ်ရှားသူမျိုးဖြစ်လိမ့်မည်။ လိုချင်တပ်မက်မှုစိတ်များလိမ့်မည်။ ကိလေသာစိတ် ထူပြောသူဖြစ်သည်။ အများစုဖြင့်လုပ်ကိုင်သော ရှယ်ယာလုပ်ငန်း၊
အစုစပ်လုပ်ငန်းမျိုးဖြင့် အကျိုးမပေးသူဖြစ်လိမ့်မည်။ ငယ်စဉ်က အိုးအိမ်မတည်မြဲခြင်း၊ မိသားစုနှင့်ဝေးကွာစွာနေထိုင်ရခြင်း၊ အပြောင်းအရွေ့များမှုများနှင့် ကြုံနေလိမ့်မည်။ ငွေကြေးမပြည့်စုံသောကာလ မိဘများမှမွေးဖွားလူသူဖြစ်သည့်အလျှောက် ပညာရေး၊ စီးပွားရေးလုပ်ငန်းများကို ခက်ခဲစွာ ရှာကြံလာရလိမ့်မည်။ ထူးချွန်သော ပညာတစ်မျိုးကို
တတ်မြောက်ထားလိမ့်မည်။ စိတ်ထားရေးရာတို့သည် တစ်ယူသန်စိတ်ထားများဖြစ်နေသည့်အလျှောက် ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး လူမှုရေးကိစ္စရပ်များတွင်
မိတ်ရင်းဆွေရင်းတို့ ရှားပါးသည်။ တစ်ဦးတစ်ယောက် ကို စွဲမြဲစွာ ခင်မင်နှစ်သက်တတ်သူမျိုးဖြစ်သည်။ စကားပြောကောင်းလျှက်၊ တစ်ခါတစ်ရံတွင် ဝါးလုံးထိုးပြောတတ်သူများ
ဖြစ်သည်။ အခြွေအရံနည်းပါးသော ဇာတာရှင်မျိုးဖြစ်သည်။ တပည့်သား မမြဲခြင်း၊ သစ္စာရှိသော ငယ်သားများရှားပါးခြင်း ၊ တာဝန်ယူနိုင်သော စိတ်ထား နည်းပါးတို့ရှိနေလိမ့်မည်။ ခံညားထည်ဝါစွာ နေထိုင်တတ်သူများ၊ မိတ်ဆွေအပေါင်းအသင်းဖြင့် သွားလာလှုပ်ရှားမှုမျိုးရှိနေပါက သိက္ခာကျဆင်းတတ်ပြီး မရိုးမသား
သော လုပ်ငန်းများသို့ ယိမ်းပါးသွားကြသည်။ မွေးချင်းညီအစ်ကိုမောင်နှမများ များသော်လည်း ၄င်းတို့၏ ကူညီထောက်ပံ့မှုတို့ကားရနိုင်လိမ့်မည်မဟုတ်။
ဇာတာရှင်အမျိုးသားတို့သည် အိမ်ထောင်ဘက်တွင် ရုပ်ရည်သန့်ပြန့်သော၊ မာနကြီးသော အမျိုးသမီးများနှင့် အကြောင်းပါသည်။ ဇာတာရှင်အမျိုးသမီးတို့သည်ကား
စဉ်းစားတွေးခေါ်တတ်သော အသားညိုလူမျိုးနှင့် အကြောင်းပါလိမ့်မည်။ ဤဇာတာရှင်တို့သည် သားသမီးများ၏ အကျိုးခံစားခွင့်နည်းပါးသူတို့ဖြစ်သည်။
အခြေ ၄ ချောင်းမသင့်ခြင်း၊ ရွှေနှင့် ရွှေထည်ရတနာများမသင့်ခြင်း၊ ၄င်းတို့ကြောင့်ကံဇာတာညိုးမှိုင်ခြင်း၊ သောကရောက်ရခြင်း၊ မပိုင်ဆိုင်ခြင်း စသည်တို့ကို
ဖြစ်ပေါ်လိမ့်မည်။ မိသားစုအရေးနှင့် တွေးခေါ်မှုတို့တွင် ဇာတာရှင်သည် သီးခြားထွက်နေတတ်ပြီး မတူညီသည့်အချက်များကြောင့် ညိုငြင်ခံရမှုများရှိလိမ့်မည်။ မိသားစုတစ်စုလုံးတွင် မိခင်သည်ကား မိမိသဘောသို့ အလိုက်နိုင်ဆုံး၊ နားအလည်ပေးနိုင်ဆုံးသူဖြစ်သည်၊ သို့သော် တစ်ယူသန်တတ်သော မိခင်မျိုးဖြစ်နေတတ်သည်။
စီးပွားရေးလုပ်ငန်းမျိုးတွင် အတတ်ပညာနှင့်အကျိုးမှပေးနိုင်။ ကုန်ရောင်းကုန်ဝယ်ဖြင့် စီးပွားရေးထွန်းကားလိမ့်မည်။ စိတ်ကြီးတတ်သော်လည်း တစ်ခါတစ်ရံသည်းခံနိုင်
စွမ်းအားမြင့်မားခြင်းကြောင့် အောင်မြင်မှုလမ်းစကို ရှာတွေ့သူမျိုးဖြစ်သည်။ တစ်သက်တာတွင် ကုန်ရောင်းကုန်ဝယ်သည်သာ အကျိုးပေးဆုံး လုပ်ငန်းဖြစ်သည်။
ဤဇာတာရှင်တို့သည် အပျိုကြီး၊ လူပျိုကြီးများဖြစ်ကြသောသူများဖြစ်ကြသည်။ ချစ်သူပေါသော်လည်း ယူသူရှားသော အဖြစ်မျိုးသကဲ့သို့တည်း။ အချစ်အတွက် ရူးမိုက်သူများမဟုတ်ကြသည့်အလျှောက် ဦးနှောက်နှင့် နှလုံးသားကို ထပ်တူထပ်မျှ စဉ်းစားတတ်ကြသည်။ အိမ်ထောင်ကျ နောက်ကျလိမ့်မည်။ အပျော်အပါးကိုခုံမင်တတ်သည်။ တုပတတ်သည်။ စီးပွားရေးလုပ်ငန်းများတွင် ဘဝတစ်သက်တာ နယုန်လနှင့် သီတင်းကျွတ်လတို့တွင် စီးပွားရေးလုပ်ကိုင်ပါက အောင်မြင်လိမ့်မည်။ အောင်မြင်မှုကို ရေရှည် လျှောက်လမ်းရသူများဖြစ်လိမ့်မည်။ မိမိမွေးလနှင့် ဝါဆိုလတို့တွင် စီးပွားရေးလုပ်ကိုင်ပါက ကျရှုံးမှုများလိမ့်မည်။ ကျန်းမာရေးတွင် လေရောဂါ၊ ဝမ်းရင်နှင့်ပတ်သက်လျှက် ရောဂါရခြင်း၊ လိပ်ခေါင်းရောဂါ၊ ဦးနှောက်အားနည်းရောဂါများ ။
ဖြစ်ပွားကြသည်။
အသက်အပိုင်းအခြားတို့အလိုက် ထူးခြားဟောပြောချက်များအကျဉ်း
မွေးသောကာလသည် မိသားစုများ လှုပ်ရှားရုန်းကန်နေရခိုက်ကာလများဖြစ်သဖြင့် မိဘများ ဂရုစိုက်မှု နည်းပါးသည်။ ၇ နှစ်အရွယ်ထိ ကာလတို့တွင် မိသားစုဝင်များ
ခရီးများခြင်း၊ အပြင်လုပ်ငန်းနှင့် ကိစ္စရပ်များအတွက် အချိန်ပေးနေရခြင်း၊ အိုးအိမ်တည်ငြိမ်မှု မသေချာမှုများကြောင့် ဤကာလတို့သည် ဇာတာရှင်အတွက်
ကျန်းမာရေးနှင့် အရာရာချို့တဲ့စေသော ကာလများဖြစ်သည်။ ၇ နှစ်မှ ၁၄ နှစ်အရွယ်တို့တွင် အိုးအိမ်မတည်ငြိမ်မှုများပြားခြင်း၊ အိမ်နှင့်မြေယာတို့အတွက်
ပြဿနာတွေ့ကြုံရခြင်း၊ အခြားနေရာများသို့ ပြောင်းရွေ့နေထိုင်ရခြင်းများ ကြုံလိမ့်မည်။ ပညာရေးတွင်လည်း အနေမကျဖြစ်နေတတ်သောကာလမျိုးဖြစ်ပါသည်။ ၁၆ နှစ်အရွယ်တွင် မွေးချင်း သို့မဟုတ် ဆွေမျိုးရင်းချာတစ်ဦးတစ်ယောက် ပြဿနာ ပြင်းပြင်းထန်ထန်ကြုံလိမ့်မည်။ စက်ပစ္စည်းတစ်ချို့အကျိုးပေးမည်။ ငွေကုန်ကြေးကျ များသည်။
အိမ်တွင်းရေး အခက်အခဲကြုံမည်။ ချစ်သူရှိသူများ ပြဿနာတစ်ချို့ကြောင့် ကွေးကွင်းပျက်ပြယ်လိမ့်မည်။ အချစ်အတွက် ရူးမိုက်မိသော ကာလမျိုးဖြစ်သည်။ အသက် ၂၀ အရွယ်တွင် ကျန်းမာရေးအပိုင်း၌ ဝမ်းရင်နှင့်ဥပါဒ်ကြီးခြင်း၊ လိမ်ခေါင်း၊ လေနာထခြင်းများ ကြုံမည်။ အခြေ ၄ ချောင်းသားများအား လုံးဝရှောင်ကြဉ်ရမည်ဖြစ်သည်။ ၂၂ အရွယ်တွင် ဖခင် သို့မဟုတ် အုပ်ထိန်းသူ တို့ ရောဂါကြီးမည်။ နာတာရှည် ရောဂါဝင်လိမ့်မည်။ လူလိမ်ခံရမှုများ၊ ကြွေးမြေကိစ္စရှုပ်ထွေးမှုများ ကြုံလိမ့်မည်။ ၂၃ နှစ်အရွယ်တွင် စီးပွားရေးလုပ်ငန်းပိုင်းများ စတင်အောင်မြင် မည်။ ငွေရလွယ်နေတတ်သည်။ ငွေကုန်လည်း များမည်။ ၂၃ နှစ်အရွယ်တွင် မိတ်ဆွေရင်းချာများပျက်စီးခြင်း သို့မဟုတ် မွေးချင်းများ အချစ်ရေးကြောင့် အလုပ်ပြုတ်ခြင်း၊ အလုပ်ဖြုတ်ခံရခြင်း၊ အသေရေညိုးနွမ်းခြင်းများ ကြုံမည်။ ဇာတာရှင်သည်လည်း
အလုပ်သစ် အကိုင်သစ်များ ပြောင်းရွေ့လုပ်ကိုင်မှုများအတွက် အဆင်မပြေဖြစ်မည်။ အထူးသဖြင့် ပညာရေးနှင့်ယှဉ်သော လုပ်ငန်းမျိုးဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်တွင် ဇာတာရှင်အမျိုးသားများ မိန်းမများနှင့်ပတ်သက်လျှက် အရှက်တကွဲအကျိုးနည်းခြင်း၊ မိန်းမအရေးကြောင့် ဂုဏ်ကျက်သရေပျက်ခြင်း၊ ငွေကြေးကုန်ကျခြင်းနှင့်
အိမ်ထောင်ရေးပြိုကွဲယိုင်လဲခြင်းများ ကြုံလိမ့်မည်။ အသက် ၂၉ နှစ်အရွယ်တွင် မိကြီးဖကြီးများ နာရေးကြုံခြင်း၊ ခိုးဘေးသင့်ခြင်း၊ ငွေကြေးကိစ္စရပ်များနှင့်ပတ်သက်လျှက် မှုဟောင်းကြွေးဟောင်းများပေါ်ပေါက်ခြင်း စသည်တို့ ပေါ်ပေါက်လိမ့်မည်။ အသက် ၃၀၊ ၃၁ နှစ်အရွယ်သည်စီးပွားရေးအပြောင်းအလဲတစ်ရပ်ကြုံကြိုက်သောနှစ်ဖြစ်သည်။ ကား၊ စက်ပစ္စည်းများ၊ ကုန်စည်များ ဝင်ရောက်ခြင်း၊ ငွေကြေးများ အမြတ်ပေါ်ခြင်း၊ မိသားစုအတွက်
စိတ်ချမ်းသာမှုများကြုံရခြင်းကြောင့် ထူးရှားသော နှစ်မျိုးဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်းတို့နှင့်ပတ်သက်လျှက်ကား ဆိုးရွားနေလိမ့်မည် အကျိုးမပေးရှိမည်။
၃၅ နှစ်တွင် ထီပေါက်ခြင်း၊ ငွေအစုလိုက်ဝင်ခြင်းများရှိသည်။ ဝန်ထမ်းများ ရာထူးတက်ခြင်းများကြုံမည်။ စီးပွားရေးသမားများ ထိုးထွင်းပေါက်ရောက်မည်။
ပေါင်းစပ်လုပ်ငန်းများအောင်မြင်မည်။ ဇာတာရှင် ဤကာလမျိုး၌ သည်းခံခြင်း၊ တည်ငြိမ်ခြင်းတို့ ရှိနေရမည်။ အပြောင်းအလဲကာလတစ်ခုကြုံနေသောကြောင့်ဖြစ်သည်။
၃၇ နှစ်တွင် ဆွေမျိုးရင်းချာများ ပဋိပက္ခများမည်။ ငွေကြေးအရှုပ်အရှင်းများပေါ်မည်။ အမှုဟောင်းတို့ကြုံမည်။ ရုံးကနားရောက်လိမ့်မည်။
၃၉ ၊ ၄၀ တွင် လက်အောက်ငယ်သားများ ပုန်ကန်ခြင်း၊ ဂုဏ်သိက္ခာညိုးနွမ်းခြင်း၊ သားသမီးများ ကျန်းမာရေးဘေးသင့်ခြင်း၊ စိတ်လေလွင့်ခြင်း၊ အပျော်အပါးများဖန်တီးခြင်း
တို့ကြောင့် မှားယွင်းခြင်းများ အကြုံကြိုက်ဆုံးကာလဖြစ်သည်။ ၄၀ မှ ၅၀ အတွင်းကာလများသည် အများအကျိုးသယ်ပိုးရခြင်း၊ ဖြည့်ဆည်းပေးရခြင်း၊ အလှူအတန်းပေးရခြင်း၊
သည်းခံစိတ်အားကောင်းခြင်း၊ သာသနာရေးကိစ္စများ ပြုလုပ်နိုင်ခြင်း စသော ကောင်းကျိုးများ ဆောင်ရွက်နိုင်သော ကာလများဖြစ်သည်။
၎င်းမှ နောက်ပိုင်းကာလများသည် လောကုတ္တရာစိတ်နှင့် နှလုံးသွင်းနိုင်သောကာလများဖြစ်သည်။ ဆရာကောင်းသမားကောင်းတို့ကြောင့် ကိုယ်စိတ်နှလုံး သာယာလိမ့်မည်။
သားသမီးအကြောင်းအရာတို့သည်သာ သောကအေးနိုင်လိမ့်မည်မဟုတ်။ ထိုအရာသည်ပင် လောကုတ္တရာစိတ်မွေးမြူနိုင်သော အကြောင်းရင်းဖြစ်လိမ့်မည်။
ဗေဒင်ဟောပြောမည့် ပညာသင်လူငယ်များ အား အကြံပြုချက်အနေဖြင့် ဗေဒင်ပညာတွင် လူတစ်ဦးဇာတာကို ၈၀%နှင့်အထက် (သေမည်/ရှင်မည် အထိအလွန်နီးကပ်စွာမှန်ကန်နိုင်သည်ထိ) သေချာပေါက်မှန်ကန်နိုင်ရန်
(မူလ-ပဝတ္တိမဟာဘုတ် နှင့် ဂြိုဟ်စား၊ သက်ရောက်အချိုး၊ ဂြိုဟ်ရှစ်လုံးနှင့် ရှားမီးကိန်းခမ်းများ၊ ၁၂ ရာသီခွင်နှင့် နက္ခတ်၊ အင်္ဂါရုပ်နှင့် ဓါတ်နေဂြိုဟ်နေ၊ သီလသမာဓိတို့ကို
ပေါင်းစပ်နိုင်ပါက ဇာတာရှင်အား ပြေးမလွတ်နိုင်သည်ထိ ဟောပြောနိုင်ကြောင်း ရဲဝံ့စွာ အကြံပြုလိုက်ပါသည်။ )