ရက်၊ လ၊ နှစ်ကို သိထားရုံနဲ့
မွေးနေ့ကို ဒက် ခနဲ သိနိုင်တဲ့ နည်းကလေးပါ။
ဒီနည်းလေးဟာလည်း ဗေဒင် ပညာမှာ အကျုံးဝင်ပါတယ်ဗျာ..။
နည်းလေးကို သိထားတော့ နှစ်တစ်ရာပြက္ခဒိန်ကို လှန်မကြည့်ရတော့ဘူးပေါ့.။ ဟုတ်ဘူးလား။
ကဲ ကြည့်ရအောင်နော်..။
နေ့နံလေးကို သိနိုင်ဖို့တော့ အခြေခံအနေနဲ့ အချက်(၅)ချက်ကို သိထားဖို့တော့လိုပါတယ်။
သိလိုတဲ့သူရဲ့
၁။ မွေးရက်
၂။ မွေးလ ကို ကိုယ်စားပြုတဲ့ဂဏန်း
၃။ မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း(၂)လုံးကို (၄)နဲ့စား။ စားလဒ်ကိုယူ(အကြွင်းမလို)
၎။ တဖန် မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း (၂) လုံးကို (၇)နဲ့စား။ အကြွင်းကိုယူ (စားလဒ်မလို)
၅။ ရာစုနှစ် ကိုယ်စားပြုဂဏန်း
အဲ့ဒီ (၅) ချက်ရဲ့ ဂဏန်းအားလုံးကိုပေါင်း၊ (၇) နဲ့စား။ အကြွင်းဟာ သိလိုတဲ့နေ့ပေါ့ဗျာ။
ကဲ.. မွေး၊ လ၊ ရက်တွေ ကတော့ သိထားနှင့်ပြီး။
လ ကို ကိုယ်စားပြုဂဏန်း နှင့် ရာစုနှစ်ကို ကိုယ်စားပြုဂဏန်းတွေကို သတ်မှတ်ရအောင်နော်။
ဇန်န၀ါရီလ ၁ - ဂဏန်း(ရက်ထပ်နှစ် ကြုံရင် ၀- သုံည) အောင် ၁
ဖေဖော်ဝါရီလ ၄ - ဂဏန်း (ရက်ထပ်နှစ်ကြုံရင် ၃- ဂဏန်း) ၀င်း ၎
မတ်လ ၄ - ဂဏန်း လာ ၎
ဧပြီလ ၀ - သုံည တာ ဝ
မေလ ၂ - ဂဏန်း ငါ ၂
ဇွန်လ ၅ - ဂဏန်း မြင် ၅
ဇူလိုင်လ ၀ - သုံည တယ် ဝ
သြဂတ်လ ၃ - ဂဏန်း ဈေး ၃
စက်တင်ဘာလ ၆ - ဂဏန်း သည် ၆
အောက်တိုဘာလ ၁ - ဂဏန်း အား ၁
နိုဝင်ဘာလ ၄ - ဂဏန်း လုံး ၎
ဒီဇင်ဘာလ ၆ - ဂဏန်း သိ ၆
(အောင်၊ ၀င်း၊ လာ၊ တာ၊ ငါ၊ မြင်၊ တယ်၊ ဈေး၊ သည်၊ အား၊ လုံး၊ သိ ။) လို့ မှတ်လွယ်အောင် အလွတ်ကျက်ထားပေါ့။
ရာစု ကိုယ်စားပြုဂဏန်းလေးကို ထပ်ကြည့်ရအောင်နော်။
AD ၁ ရာစု၊ ၂ ရာစုက စလို့တော့ ဂဏန်းတွေက မဖော်ပြတော့ပါဘူး။
အသုံးတည့်မယ့် AD ၂၀ ရာစု နှင့် ၂၁ ရာစု ကိုယ်စားပြုဂဏန်းကိုပဲ ဖော်ပြပါတော့မယ်။
၂၀ ရာစုက ၀ - ဂဏန်း
၂၁ ရာစုက ၆ - ဂဏန်း ပါ။
ကဲ စမ်းကြည့်ရအောင်ဗျာနော်..။ မှန်/မမှန် သိရတာပေါ့။
၁.၉.၁၉၈၃ ခုနေ့မှာ မွေးတဲ့ ယောက်ျားက ဘာနေ့သားလဲ ဆိုတာ တွက်ကြည့်ကြမယ်ဗျာ။
တွက်ကြည့်တော့မယ်ဆိုတော့ တွက်နည်းလိုအပ်ချက်တွေထဲက
မွေးရက်က ၁ ဂဏန်း
မွေးလကိုယ်စားပြုက(စက်တင်ဘာ) ၆ ဂဏန်း
မွေးနှစ်ရဲ့နောက်ဂဏန်းနှစ်လုံး ၄ --ံ့ ၈၃= ၂၀ (စားလဒ်)
မွေးနှစ်ရဲ့ နောက်ဂဏန်းနှစ်လုံး ၇ --ံ့၈၃= ၆ (အကြွင်း)
ရာစု နှစ် ကိုယ်စားပြုဂဏန်း = ၀ သုံည
စုစုပေါင်းရလဒ်= ၃၃ ရပါတယ်။ ၇ နဲ့စားတော့ --- ၅ ကြွင်းတယ်။
အဲ့ဒီတော့... ( ၁.၉.၁၉၈၃) နေ့မှာမွေးတဲ့ သူဟာ ကြာသပတေးသားပေါ့ဗျာ..။
(၁-တနင်္ဂနွေ၊ ၂ တနင်္လာ၊ ၃ အင်္ဂါ၊ ၄ ဗုဒဟူး၊ ၅ ကြာသပတေး၊ ၆ သောကြာ၊ ၀ သုံည(အကြွင်းသုဉ်းရင်) စနေ) ပေါ့။
ကဲ အင်္ဂ၀ိဇ္ဖာဆန်ဆန် ဗေဒင်လေးကို မြည်းစမ်းကြည့်လိုက်ပါဦး..။
မယုံဘူးဆိုတဲ့သူတွေ ကျွန်တော်ဆီကို လာစရာတောင်မလိုတော့ဘူးနော်..မိတ်ဆွေနဲ့ တွေ့ကတည်းက ရှင်းသွားပီနော်။
နောက်တာပါ။ အားလုံး ပျော်ရွှင်ပါစေ..။
လူငယ်ဗေဒင်