Thursday, May 23, 2013

ဂြိုဟ်တို့သည် အသက်အရွယ်အရ အုပ်စိုးအကျိုးပြုပုံ

ဂြိုဟ်တို့ကို သာမာန်အားဖြင့် သတ္တ၀ါတို့၏ တစ်ဘ၀တာအတွက် အသက်အပိုင်းအခြားအလိုက်
အုပ်စိုးကြပါသည်။
(၁) အသက်အရွယ်အရ အုပ်စိုးခြင်း
(၂) အသက်အရွယ်အရ အကျိုးပြုခြင်း
(၃) အချိန်ကာလအရ  အကျိုးပြုခြင်း တို့ကို ပေးစွမ်းကြပါသည်။

အနီးဆုံးတနင်္လာဂြိုဟ်မှ အဝေးကွာဆုံး စနေဂြိုဟ်ထိ ကာလအပိုင်းအခြားအလိုက်
လူသတ္တ၀ါတို့ကို ပေးစွမ်းကြပါသည်။

(၁) တနင်္လာဂြိုဟ်သည် မွေးစမှစ၍ အသက် ၁၂- နှစ်ထိလည်းကောင်း၊
(၂) ဗုဒွ့ဟူးဂြိုဟ်သည်  အသက် ၁၃- နှစ်မှ ၂၄ နှစ်ထိလည်းကောင်း၊
(၃) သောကြာဂြိုဟ်သည် အသက် ၂၅-နှစ်မှ ၃၀ နှစ်ထိလည်းကောင်း၊
(၄) တနင်္ဂနွေဂြိုဟ်သည် အသက် ၃၇-နှစ်မှ ၄၈ နှစ်ထိလည်းကောင်း၊
(၅) အင်္ဂါဂြိုဟ်သည် အသက် ၄၈- နှစ်မှ ၆၀ နှစ်ထိလည်းကောင်း၊
(၆) ကြာသပတေးဂြိုဟ်သည် ၆၁-နှစ်မှ ၇၂ နှစ်ထိလည်းကောင်း၊
(၇) စနေဂြိုဟ်သည် ၇၂-နှစ်မှ ၈၄ နှစ်ထိလည်းကောင်း
သာမန်လူတို့အား အသီးသီးအုပ်စိုးကြသည်။ ထိုသို့ အသီးသီးအုပ်စိုးကြရာတွင် လူတို့၏ ကိစ္စနှင့်တာဝန်ကို ထမ်းဆောင်ကြရာတွင် 

(၁) အနီးကပ်ဆုံးသောဂြိုဟ်တို့သည် အရေးကြီးဆုံးသော တန်ခိုးကိုလည်းကောင်း

(၂) အနီးကပ်ဆုံးသော ဂြိုဟ်တို့သည် သတ္တ၀ါတို့၏ ဦးစွာဖြစ်ပေါ်လာသော အချင်းအရာ၊ အမူအကနှင့်     စရိုက်တို့ကိုလည်းကောင်း

(၃) သတ္တ၀ါတို့၏ ဘ၀အစဉ်အရ တစ်ဘ၀တာအတွက် အသက်အစဉ်အတိုင်းသော်လည်းကောင်း၊ ဘ၀များစွာအတွက် ပါရမီအစဉ်သော်လည်းကောင်းအုပ်စိုးကြကုန်သည်။

ဥပမာအားဖြင့် သတ္တ၀ါတို့အပေါ် “စန်း” ခေါ်အင်္ဂါဂြိုဟ်သည် အနီးကပ်ဆုံးအားဖြင့် ဦးစွာပထမ မွေးသည်မှစ၍ ၁၂ နှစ်ကာလထိ အုပ်
စိုးပါသည်။ ထိုသို့တနင်္လာဂြိုဟ်အုပ်စိုးစဉ်ကာအတွင်း၌လည်း ကျန်ဂြိုဟ်တို့သည် ဘုတ္တိအားဖြင့် ပိုင်နက်အသက်အပိုင်းအခြားအား
ဖြင့်ဝေစုခံ အုပ်စိုးရပါသေးသည်။
(၁) မွေးသည်မှစ၍ ၁-နှစ် ၈ လထိ တနင်္လာတည်းဟူသော လမင်းကအုပ်စိုးရပါသည်။

(၂) အသက် ၁-နှစ် ၉ လမှ ၃ နှစ် ၅ လအတွင်း တနင်္လာအပြင်ဘက်ကျသော ဗုဒ္ဒဟူးဂြိုဟ်မှ အုပ်စိုးရပါသည်။
ဤအချင်းအရာကြောင့် ဗုဒ္ဒဟူးဂြိုဟ်သည် စကားပရိယာယ်ပြောဆိုမှု၊ သီကုံးဖွဲ့နွဲ့မှု၊ စိတ်ကူးယဉ်မှု အပလိန်းဟူသော အပလီခရာကြွယ်ဝမှု၊ ဝေါဟာရဖွံ့ဖြိုးမှု၊ အပြောအဆိုအရေအတွက် အရွတ်အဖတ်နှင့် အလှအပတို့ကို ကာရကပြုကြကုန်သည်။

(၃) အသက် ၃-နှစ် ၆ လမှ ၅-နှစ် ၂ လအတွင်း ဗုဒ္ဒဟူးဂြိဟ်အပြင်ဘက်ကျသော သောကြာဂြိုဟ်အုပ်စိုးသော ကာလဖြစ်ပါသည်။
သောကြာဂြိုဟ် အုပ်စိုးစဉ်ကာလအတွင်း လူသတ္တ၀ါတို့သည် ပြုံးခြင်း၊ မဲ့ခြင်း၊ စိတ်ကောက်ခြင်း၊ မယာလုပ်ခြင်း၊ ကခြင်းခုန်ခြင်း၊အကြိုက်အလိုက် ရွေးခြယ်လာခြင်း၊ အပေါင်းအသင်းနှင့်ပျော်မြူးတတ်ခြင်း၊ လောဘသက္ကာရ၀င်ရောက်ခြင်း၊ ပိုင်ဆိုင်လိုစိတ်ပြင်း
ထန်လာခြင်း၊ အတုခိုးဥာဏ်ဝင်ရောက်ခြင်း စသည်တို့ ဖြစ်ပေါ်ရယူကြပါသည်။

(၄) အသက် ၅-နှစ် ၂ လမှ ၆-နှစ် ၁၀ လအတွင်း သောကြာဂြိုဟ်အပြင်ဘက်ကျသော တနင်္ဂနွေဂြိုဟ် အုပ်စိုးရပါသည်။ဤကာလအတွင်း၌ တနင်္ဂနွေဂြိုဟ်၏ သဘောတူ၊ လူရာဝင်လိုခြင်း၊ အဖကိုပိုမိုချစ်ခင်လေ့ရှိခြင်း၊ အာဏာပေးလိုခြင်း၊ သွားရဲလာရဲ၊ပြောရဲဆိုရဲရှိလာခြင်း တို့ဖြစ်ပေါ်ကုန်သည်။

(၅) အသက် ၆-နှစ် ၁၁ လမှ ၈-နှစ် ၇ လအတွင်း တနင်္ဂနွေအပြင်ဘက်ကျသော အင်္ဂါဂြိုဟ်အုပ်စိုးသော ကာလဖြစ်ပါသည်။
ထိုကာလတွင် ရန်လိုခြင်း၊ အစွမ်းပြတိုက်ခိုက်လိုခြင်း၊ နိုင်ထက်စီးနင်းပြုလိုခြင်း၊ မိမိသတ္တိကိုဂုဏ်ယူခြင်း၊ လက်နက်စွဲကိုင်တိုက်တတ်ခြင်း တို့ကိုဖြစ်စေပါသည်။

(၆) အသက် ၈-နှစ် ၈ လမှ ၁၀- နှစ် ၃ လအတွင်း အင်္ဂါဂြိုဟ်အပြင်ဘက်ကျသော ကြာသပတေးဂြိုဟ်အုပ်စိုးရသော ကာလဖြစ်ပါသည်။ထိုကာလအတွင်း အမြော်အမြင်ကြီးမားလာခြင်း၊ ရိုသေထိုက်သူကိုရိုသေတတ်ခြင်း၊ ဘာသာရေးထုံးတမ်းစဉ်လာကို လိုက်လျောတတ်ခြင်း
အတွေးအခေါ်တို့ကိုနှစ်သက်ခြင်း၊ ထူးဆန်းသော ရာဇ၀င်ပုံပြင်တို့ကိုနားထောင်လိုခြင်း၊ မှတ်သားလိုခြင်း၊ စာအုပ်စာပေတို့ကို ကြည့်ရှုဖတ်ရှုလိုခြင်း တို့ကိုဖြစ်ပေါ်စေပါသည်။

(၇) အသက် ၁၀- နှစ် ၃ လမှ ၁၂ နှစ်အတွင်း ကြာသပတေးအပြင်ဘက်ကျသော စနေဂြိုဟ်မှ အုပ်စိုးရပါသည်။ ဤကာလအတွင်း ငယ်သူတို့အပေါ် သည်းခံတတ်ခြင်း၊ ကြီးသူတို့၏ သြဇာကိုနာခံတတ်ခြင်း၊ အိမ်အလုပ် ကျောင်းအလုပ်တို့ကို ကူညီလုပ်လိုခြင်း၊ အပင်ပန်းခံခြင်း
တို့အပေါ် ဂုဏ်ယူတတ်ခြင်း၊ နေမိနေရာနေတတ်ခြင်း၊ အနစ်နာခံခြင်း၊ စိတ်ဝင်စားမှုတို့ကို ပြုလုပ်လေ့ရှိတတ်ခြင်း၊ စသည်တို့ဖြစ်ပေါ်ကုန်သည်။ ဤအကြောင်းအရာတို့သည် အဓိကဂြိုလ် ၇ လုံးတို့၏ အသက်အပိုင်းအခြားအလိုက်ခွဲဝေတာဝန်ယူထားကြခြင်း ဖြစ်ပါသည်။
အထက်ပါ တနင်္ဂနွေဂြိုဟ်အစ စနေမှာအဆုံး ၇ လုံးသောဂြိုလ်တို့သည် သတ္တလောက လူသတ္တ၀ါတို့၏ အချင်းအရာပြုခြင်းတို့ကို အစိတ်ပိုင်းအားဖြင့်ဖော်ပြပြီး သင်္ခါရလောကအတွက် ၂၇ လုံးသောဂြိုလ်တို့ အကျိုးပြုခြင်းကို အကျဉ်းဖော်ပြပါမည်သည်။