နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပဏာမ
နန္တော ၊ အနန္တငါးပါးနှင့်တကွ ငယ်ရွယ်စဉ် အချိန်ကာလကပင် ထပ်ကြပ်မကွာ ဗေဒင်အရာကို ဆရာစားမချန် တတ်သိသမျှ ကုန်စင်အောင် ဖွင့်အံသင်ကြားခဲ့သော အနန္တကျေးဇူးရှင် ဖခင်ဆရာ သမားကြီးအားလည်းကောင်း ၊တွေ့ကြုံသမျှ ကာလ သုံးပါး၌သင်ယူခွင့်ရခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်းကောင်း ဤ နေရာမှ ရှိခိုးညွတ်တွား ဂါရ၀ထားလျှက် ပဏာမ ဦးချ ကန်တော့အပ်ပါ၏။
ရည်ရွယ်ချက်
မြန်မာ့ရိုးရာ တကယ့်တကယ်ရှိနေသော ဗေဒင်ပညာကို တစ်စိတ်တစ်ဒေသအားဖြင့် ချစ်သော ညီအစ်ကို၊
မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများကို မေတာနှင့်ယှဉ်သောစိတ်ရှေ့ထားခြင်းသက်သက်နဲ့ မျှဝေခြင်း သဘောလောက်သာဖြစ်ပါတယ်။
တောင်းပန်လွှာ
ကျွန်တော့်အနေနဲ့ အလုပ်တစ်ဖက် မအားလပ်နိုင်တဲ့ အခြေအနေမှ ရေးသား တင်ပြရခြင်းဖြစ်တဲ့အတွက် တစ်ချိန်တည်း ပြီးပြည့်စုံအောင် မရေးနိုင်ပေးနိုင်ခြင်းကို မိတ်ဆွေများအနေဖြင့်လည်း နားလည်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သို့ပေမယ့် ကျွန်တော့်ရဲ့အားလပ်ချိန်များကို အတတ်နိုင်ဆုံးဖဲ့သုံးကာ ဟောစာတမ်းနှင့် ဗေဒေင် ပညာ နည်းနာများကို တတ်သိသလောက် ဖော်ပြပေးသွားမှာကို ဖတ်သူများစိတ်ကျေနပ်မယ်လို့ထင်ပါတယ်.။
ဒီ လူငယ်ဗေဒင် Blog အတွက် ဘာသာရေးရှုထောင့်အမြင်မျိုး၊ ဗေဒင်ပညာ ရှုထောင့်အမြင်မျိုးမှ မည်သည့်
ကြီးငယ်မရွေး မိတ်ဆွေများ၏ ဆွေးနွေးချက်မျိုးကို မဆို ကျွန်တော့်အနေနဲ့ ကြိုးကုတ်လျှက် အားလပ်နိုင်သမျှ ဆွေးနွေး တင်ပြသွားပါ့မယ်လို့ ၀မ်းပန်းတသာ ကြိုဆိုလျှက် ပြောချင်ပါတယ်...။

လူဆင့် (လူငယ်ဗေဒင်)