Thursday, May 23, 2013

ဂြိုဟ်တို့သည် အသက်အရွယ်အရ အုပ်စိုးအကျိုးပြုပုံ

ဂြိုဟ်တို့ကို သာမာန်အားဖြင့် သတ္တ၀ါတို့၏ တစ်ဘ၀တာအတွက် အသက်အပိုင်းအခြားအလိုက်
အုပ်စိုးကြပါသည်။
(၁) အသက်အရွယ်အရ အုပ်စိုးခြင်း
(၂) အသက်အရွယ်အရ အကျိုးပြုခြင်း
(၃) အချိန်ကာလအရ  အကျိုးပြုခြင်း တို့ကို ပေးစွမ်းကြပါသည်။

အနီးဆုံးတနင်္လာဂြိုဟ်မှ အဝေးကွာဆုံး စနေဂြိုဟ်ထိ ကာလအပိုင်းအခြားအလိုက်
လူသတ္တ၀ါတို့ကို ပေးစွမ်းကြပါသည်။

(၁) တနင်္လာဂြိုဟ်သည် မွေးစမှစ၍ အသက် ၁၂- နှစ်ထိလည်းကောင်း၊
(၂) ဗုဒွ့ဟူးဂြိုဟ်သည်  အသက် ၁၃- နှစ်မှ ၂၄ နှစ်ထိလည်းကောင်း၊
(၃) သောကြာဂြိုဟ်သည် အသက် ၂၅-နှစ်မှ ၃၀ နှစ်ထိလည်းကောင်း၊
(၄) တနင်္ဂနွေဂြိုဟ်သည် အသက် ၃၇-နှစ်မှ ၄၈ နှစ်ထိလည်းကောင်း၊
(၅) အင်္ဂါဂြိုဟ်သည် အသက် ၄၈- နှစ်မှ ၆၀ နှစ်ထိလည်းကောင်း၊
(၆) ကြာသပတေးဂြိုဟ်သည် ၆၁-နှစ်မှ ၇၂ နှစ်ထိလည်းကောင်း၊
(၇) စနေဂြိုဟ်သည် ၇၂-နှစ်မှ ၈၄ နှစ်ထိလည်းကောင်း
သာမန်လူတို့အား အသီးသီးအုပ်စိုးကြသည်။ ထိုသို့ အသီးသီးအုပ်စိုးကြရာတွင် လူတို့၏ ကိစ္စနှင့်တာဝန်ကို ထမ်းဆောင်ကြရာတွင် 

(၁) အနီးကပ်ဆုံးသောဂြိုဟ်တို့သည် အရေးကြီးဆုံးသော တန်ခိုးကိုလည်းကောင်း

(၂) အနီးကပ်ဆုံးသော ဂြိုဟ်တို့သည် သတ္တ၀ါတို့၏ ဦးစွာဖြစ်ပေါ်လာသော အချင်းအရာ၊ အမူအကနှင့်     စရိုက်တို့ကိုလည်းကောင်း

(၃) သတ္တ၀ါတို့၏ ဘ၀အစဉ်အရ တစ်ဘ၀တာအတွက် အသက်အစဉ်အတိုင်းသော်လည်းကောင်း၊ ဘ၀များစွာအတွက် ပါရမီအစဉ်သော်လည်းကောင်းအုပ်စိုးကြကုန်သည်။

ဥပမာအားဖြင့် သတ္တ၀ါတို့အပေါ် “စန်း” ခေါ်အင်္ဂါဂြိုဟ်သည် အနီးကပ်ဆုံးအားဖြင့် ဦးစွာပထမ မွေးသည်မှစ၍ ၁၂ နှစ်ကာလထိ အုပ်
စိုးပါသည်။ ထိုသို့တနင်္လာဂြိုဟ်အုပ်စိုးစဉ်ကာအတွင်း၌လည်း ကျန်ဂြိုဟ်တို့သည် ဘုတ္တိအားဖြင့် ပိုင်နက်အသက်အပိုင်းအခြားအား
ဖြင့်ဝေစုခံ အုပ်စိုးရပါသေးသည်။
(၁) မွေးသည်မှစ၍ ၁-နှစ် ၈ လထိ တနင်္လာတည်းဟူသော လမင်းကအုပ်စိုးရပါသည်။

(၂) အသက် ၁-နှစ် ၉ လမှ ၃ နှစ် ၅ လအတွင်း တနင်္လာအပြင်ဘက်ကျသော ဗုဒ္ဒဟူးဂြိုဟ်မှ အုပ်စိုးရပါသည်။
ဤအချင်းအရာကြောင့် ဗုဒ္ဒဟူးဂြိုဟ်သည် စကားပရိယာယ်ပြောဆိုမှု၊ သီကုံးဖွဲ့နွဲ့မှု၊ စိတ်ကူးယဉ်မှု အပလိန်းဟူသော အပလီခရာကြွယ်ဝမှု၊ ဝေါဟာရဖွံ့ဖြိုးမှု၊ အပြောအဆိုအရေအတွက် အရွတ်အဖတ်နှင့် အလှအပတို့ကို ကာရကပြုကြကုန်သည်။

(၃) အသက် ၃-နှစ် ၆ လမှ ၅-နှစ် ၂ လအတွင်း ဗုဒ္ဒဟူးဂြိဟ်အပြင်ဘက်ကျသော သောကြာဂြိုဟ်အုပ်စိုးသော ကာလဖြစ်ပါသည်။
သောကြာဂြိုဟ် အုပ်စိုးစဉ်ကာလအတွင်း လူသတ္တ၀ါတို့သည် ပြုံးခြင်း၊ မဲ့ခြင်း၊ စိတ်ကောက်ခြင်း၊ မယာလုပ်ခြင်း၊ ကခြင်းခုန်ခြင်း၊အကြိုက်အလိုက် ရွေးခြယ်လာခြင်း၊ အပေါင်းအသင်းနှင့်ပျော်မြူးတတ်ခြင်း၊ လောဘသက္ကာရ၀င်ရောက်ခြင်း၊ ပိုင်ဆိုင်လိုစိတ်ပြင်း
ထန်လာခြင်း၊ အတုခိုးဥာဏ်ဝင်ရောက်ခြင်း စသည်တို့ ဖြစ်ပေါ်ရယူကြပါသည်။

(၄) အသက် ၅-နှစ် ၂ လမှ ၆-နှစ် ၁၀ လအတွင်း သောကြာဂြိုဟ်အပြင်ဘက်ကျသော တနင်္ဂနွေဂြိုဟ် အုပ်စိုးရပါသည်။ဤကာလအတွင်း၌ တနင်္ဂနွေဂြိုဟ်၏ သဘောတူ၊ လူရာဝင်လိုခြင်း၊ အဖကိုပိုမိုချစ်ခင်လေ့ရှိခြင်း၊ အာဏာပေးလိုခြင်း၊ သွားရဲလာရဲ၊ပြောရဲဆိုရဲရှိလာခြင်း တို့ဖြစ်ပေါ်ကုန်သည်။

(၅) အသက် ၆-နှစ် ၁၁ လမှ ၈-နှစ် ၇ လအတွင်း တနင်္ဂနွေအပြင်ဘက်ကျသော အင်္ဂါဂြိုဟ်အုပ်စိုးသော ကာလဖြစ်ပါသည်။
ထိုကာလတွင် ရန်လိုခြင်း၊ အစွမ်းပြတိုက်ခိုက်လိုခြင်း၊ နိုင်ထက်စီးနင်းပြုလိုခြင်း၊ မိမိသတ္တိကိုဂုဏ်ယူခြင်း၊ လက်နက်စွဲကိုင်တိုက်တတ်ခြင်း တို့ကိုဖြစ်စေပါသည်။

(၆) အသက် ၈-နှစ် ၈ လမှ ၁၀- နှစ် ၃ လအတွင်း အင်္ဂါဂြိုဟ်အပြင်ဘက်ကျသော ကြာသပတေးဂြိုဟ်အုပ်စိုးရသော ကာလဖြစ်ပါသည်။ထိုကာလအတွင်း အမြော်အမြင်ကြီးမားလာခြင်း၊ ရိုသေထိုက်သူကိုရိုသေတတ်ခြင်း၊ ဘာသာရေးထုံးတမ်းစဉ်လာကို လိုက်လျောတတ်ခြင်း
အတွေးအခေါ်တို့ကိုနှစ်သက်ခြင်း၊ ထူးဆန်းသော ရာဇ၀င်ပုံပြင်တို့ကိုနားထောင်လိုခြင်း၊ မှတ်သားလိုခြင်း၊ စာအုပ်စာပေတို့ကို ကြည့်ရှုဖတ်ရှုလိုခြင်း တို့ကိုဖြစ်ပေါ်စေပါသည်။

(၇) အသက် ၁၀- နှစ် ၃ လမှ ၁၂ နှစ်အတွင်း ကြာသပတေးအပြင်ဘက်ကျသော စနေဂြိုဟ်မှ အုပ်စိုးရပါသည်။ ဤကာလအတွင်း ငယ်သူတို့အပေါ် သည်းခံတတ်ခြင်း၊ ကြီးသူတို့၏ သြဇာကိုနာခံတတ်ခြင်း၊ အိမ်အလုပ် ကျောင်းအလုပ်တို့ကို ကူညီလုပ်လိုခြင်း၊ အပင်ပန်းခံခြင်း
တို့အပေါ် ဂုဏ်ယူတတ်ခြင်း၊ နေမိနေရာနေတတ်ခြင်း၊ အနစ်နာခံခြင်း၊ စိတ်ဝင်စားမှုတို့ကို ပြုလုပ်လေ့ရှိတတ်ခြင်း၊ စသည်တို့ဖြစ်ပေါ်ကုန်သည်။ ဤအကြောင်းအရာတို့သည် အဓိကဂြိုလ် ၇ လုံးတို့၏ အသက်အပိုင်းအခြားအလိုက်ခွဲဝေတာဝန်ယူထားကြခြင်း ဖြစ်ပါသည်။
အထက်ပါ တနင်္ဂနွေဂြိုဟ်အစ စနေမှာအဆုံး ၇ လုံးသောဂြိုလ်တို့သည် သတ္တလောက လူသတ္တ၀ါတို့၏ အချင်းအရာပြုခြင်းတို့ကို အစိတ်ပိုင်းအားဖြင့်ဖော်ပြပြီး သင်္ခါရလောကအတွက် ၂၇ လုံးသောဂြိုလ်တို့ အကျိုးပြုခြင်းကို အကျဉ်းဖော်ပြပါမည်သည်။

Wednesday, May 22, 2013

မွေးနေ့ဘယ်နေ့လဲ တွက်ကြည့်ရအောင်

ရက်၊ လ၊ နှစ်ကို သိထားရုံနဲ့
မွေးနေ့ကို ဒက် ခနဲ သိနိုင်တဲ့ နည်းကလေးပါ။
ဒီနည်းလေးဟာလည်း ဗေဒင် ပညာမှာ အကျုံးဝင်ပါတယ်ဗျာ..။
နည်းလေးကို သိထားတော့ နှစ်တစ်ရာပြက္ခဒိန်ကို လှန်မကြည့်ရတော့ဘူးပေါ့.။ ဟုတ်ဘူးလား။
ကဲ ကြည့်ရအောင်နော်..။
နေ့နံလေးကို သိနိုင်ဖို့တော့ အခြေခံအနေနဲ့ အချက်(၅)ချက်ကို သိထားဖို့တော့လိုပါတယ်။

သိလိုတဲ့သူရဲ့
၁။ မွေးရက်
၂။ မွေးလ ကို ကိုယ်စားပြုတဲ့ဂဏန်း
၃။ မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း(၂)လုံးကို (၄)နဲ့စား။ စားလဒ်ကိုယူ(အကြွင်းမလို)
၎။ တဖန် မွေးနှစ်ရဲ့ နောက်ဆုံးဂဏန်း (၂) လုံးကို (၇)နဲ့စား။ အကြွင်းကိုယူ (စားလဒ်မလို)
၅။ ရာစုနှစ် ကိုယ်စားပြုဂဏန်း

အဲ့ဒီ (၅) ချက်ရဲ့ ဂဏန်းအားလုံးကိုပေါင်း၊ (၇) နဲ့စား။ အကြွင်းဟာ သိလိုတဲ့နေ့ပေါ့ဗျာ။

ကဲ.. မွေး၊ လ၊ ရက်တွေ ကတော့ သိထားနှင့်ပြီး။
လ ကို ကိုယ်စားပြုဂဏန်း နှင့် ရာစုနှစ်ကို ကိုယ်စားပြုဂဏန်းတွေကို သတ်မှတ်ရအောင်နော်။

ဇန်န၀ါရီလ    ၁ - ဂဏန်း(ရက်ထပ်နှစ် ကြုံရင် ၀- သုံည)            အောင်    ၁
ဖေဖော်ဝါရီလ    ၄ - ဂဏန်း (ရက်ထပ်နှစ်ကြုံရင် ၃- ဂဏန်း)           ၀င်း    ၎
မတ်လ        ၄ - ဂဏန်း                                                       လာ    ၎
ဧပြီလ        ၀ - သုံည                                                          တာ    ဝ
မေလ        ၂ - ဂဏန်း                                                           ငါ    ၂
ဇွန်လ        ၅ - ဂဏန်း                                                         မြင်    ၅
ဇူလိုင်လ        ၀ - သုံည                                                     တယ်    ဝ
သြဂတ်လ        ၃ - ဂဏန်း                                                   ဈေး    ၃
စက်တင်ဘာလ    ၆ - ဂဏန်း                                               သည်    ၆
အောက်တိုဘာလ    ၁ - ဂဏန်း                                             အား    ၁
နိုဝင်ဘာလ    ၄ - ဂဏန်း                                                      လုံး    ၎
ဒီဇင်ဘာလ    ၆ - ဂဏန်း                                                       သိ    ၆

(အောင်၊ ၀င်း၊ လာ၊ တာ၊ ငါ၊ မြင်၊ တယ်၊ ဈေး၊ သည်၊ အား၊ လုံး၊ သိ ။) လို့ မှတ်လွယ်အောင် အလွတ်ကျက်ထားပေါ့။   

ရာစု ကိုယ်စားပြုဂဏန်းလေးကို ထပ်ကြည့်ရအောင်နော်။
AD ၁ ရာစု၊ ၂ ရာစုက စလို့တော့ ဂဏန်းတွေက မဖော်ပြတော့ပါဘူး။
အသုံးတည့်မယ့် AD ၂၀ ရာစု နှင့် ၂၁ ရာစု ကိုယ်စားပြုဂဏန်းကိုပဲ ဖော်ပြပါတော့မယ်။

၂၀ ရာစုက      ၀ - ဂဏန်း
၂၁ ရာစုက    ၆ - ဂဏန်း ပါ။

ကဲ စမ်းကြည့်ရအောင်ဗျာနော်..။ မှန်/မမှန် သိရတာပေါ့။
၁.၉.၁၉၈၃ ခုနေ့မှာ မွေးတဲ့ ယောက်ျားက ဘာနေ့သားလဲ ဆိုတာ တွက်ကြည့်ကြမယ်ဗျာ။

တွက်ကြည့်တော့မယ်ဆိုတော့ တွက်နည်းလိုအပ်ချက်တွေထဲက

မွေးရက်က                                           ၁  ဂဏန်း
မွေးလကိုယ်စားပြုက(စက်တင်ဘာ)             ၆ ဂဏန်း       
မွေးနှစ်ရဲ့နောက်ဂဏန်းနှစ်လုံး ၄ --ံ့ ၈၃=    ၂၀ (စားလဒ်)
မွေးနှစ်ရဲ့ နောက်ဂဏန်းနှစ်လုံး ၇ --ံ့၈၃=      ၆ (အကြွင်း)
ရာစု နှစ် ကိုယ်စားပြုဂဏန်း              =      ၀ သုံည
        စုစုပေါင်းရလဒ်=    ၃၃  ရပါတယ်။  နဲ့စားတော့ --- ကြွင်းတယ်။

အဲ့ဒီတော့... ( ၁.၉.၁၉၈၃)  နေ့မှာမွေးတဲ့ သူဟာ ကြာသပတေးသားပေါ့ဗျာ..။
(၁-တနင်္ဂနွေ၊ ၂ တနင်္လာ၊ ၃ အင်္ဂါ၊ ၄ ဗုဒဟူး၊ ၅ ကြာသပတေး၊ ၆ သောကြာ၊ ၀ သုံည(အကြွင်းသုဉ်းရင်) စနေ) ပေါ့။

ကဲ အင်္ဂ၀ိဇ္ဖာဆန်ဆန် ဗေဒင်လေးကို မြည်းစမ်းကြည့်လိုက်ပါဦး..။
မယုံဘူးဆိုတဲ့သူတွေ ကျွန်တော်ဆီကို လာစရာတောင်မလိုတော့ဘူးနော်..မိတ်ဆွေနဲ့ တွေ့ကတည်းက ရှင်းသွားပီနော်။
နောက်တာပါ။ အားလုံး ပျော်ရွှင်ပါစေ..။

                                                                                  လူငယ်ဗေဒင်

Tuesday, May 21, 2013

ဗေဒင်ဟူသည်

ဗေဒင် ဟူသည်မှာ“ ဝေဒင်္ဂ” ဟူသော ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ဝေဒ - သိခြင်းပညာ  နှင့်
အင်္ဂ - အစိတ်အပိုင်း ပင်ဖြစ်ပါသည်။


ပေါင်းစပ်လိုက်သော် အစိတ်အပိုင်း (၀ါ) ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် သိအပ်ခြင်းပညာ လို့ ဖွင့်ဆိုပါတယ်။
သို့အတွက် သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့  ကာလသုံးပါးနဲ့ ဇာတာကို အလုံးစုံအကြွင်းမဲ့ သိအပ်၊  မြင်အပ်၊ ဟောအပ်ခြင်းငှာ  သဗွညုတ ရွှေဥာဏ်တော်ကိုရစွမ်းသော မြတ်ဗုဒွ့အရှင်မြတ် မှတပါး တခြားမစွမ်းသာပါ။  ဗေဒင်ပညာ ဆိုတာက အဓိကအားဖြင့် ကံတရားကို မှီတွယ်ပြီး ဂြိုဟ်ဂြဟများ
မှီတည်နေခြင်းအပေါ် ဥာဏ်ပညာနှင့် ဆင်ခြင်လျှက်သုံးသပ်ပြီး ဟောပြောရတဲ့ ပညာတစ်ရပ်ဖြစ်ပါတယ်။
သို့အတွက်ကြောင့် ဗုဒွ့ နှင့် ဘာသာရေးကို ဆန့်ကျင်သွားတဲ့ပညာတစ်ရပ်မဟုတ်ကြောင်း ပြောချင်ပါတယ်။
ဒါကြောင့်မို့  အကြွင်းမဲ့ယုံကြည်ခြင်း၊ အကြွင်းမဲ့ ငြင်းပယ်ခြင်း ဟူသော ကိစ္စ နှစ်ရပ်ကိုရှောင်ခြားလျှက်
ဆင်ခြင်အပ်သည်ကို ဆင်ခြင်လျှက်၊ မှီတွယ်သင့်သည်ကို မှီတွယ်ရုံ မျှသာ စေတနာရှေ့ထားလျှက် မှာကြားချင်ပါတယ်။
ဆိုရသော်...
ဗေဒင် အားဖြင့် ဝေဒင်္ဂ (၄) ကျမ်းရှိပါတယ်။
(၁) သာမ ဗေဒင်-            - နေ၊လ၊နကတ် တို့ကို (၁၂)ရာသီခွင်ပြုလျှက် ၄င်းတို့သွားလာပုံပြသောကျမ်း
(၂) ယဇုဗေဒင် -             - ယတြာပြုခြင်းကိုပြသော၊ ယစ်ပူဇော်ခြင်း၊ ကောင်းမှုပြုခြင်းကို ပြသောကျမ်း
(၃) က္ကရုဗေဒင်(က္ကုသျှု)-    - နတ်တို့အားပူဇော်ခြင်းနှင့် ဘေးဥပါဒ်ဖြတ်တတ်ပုံ ပြသောကျမ်း
(၄) အာထ္ထဗွဏဗေဒင်(အတ္တပွန)    - သတ္တ၀ါတို့ကို မကောင်းကျိုးရောက်ရန် စီရင်နည်းပြကျမ်း ...                                           တို့ဖြစ်ပါသည်။

ကျွန်တော်သိမှတ်ရသလောက် ပြောပြရလျှင် သာမဗေဒင် ထက် ယဇု ဗေဒင်က ပိုမိုနက်ရှိုင်းလာပါတယ်။
ယဇုဗေဒင်ထက် က္ကသျှု ဗေဒင်က ပိုနက်ရှိုင်းလာပါတယ်။ က္ကသျှု ဗေဒင်ထက် အတ္တပွန ဗေဒင်က ပိုမိုနက် ရှိုင်းလာ မယ်လို့လည်းဆင်ခြင်မိပါတယ်..။ (မှတ်ချက်. နက်ရှိုင်းလာသည်ဟု ဆိုခြင်းမှာပညာပိုင်းကိုသာဆို လိုခြင်းဖြစ်ပါသည်။ ကောင်းကျိုးဆိုးကျိုး၊ပိုမိုများပြားလာသည်ဟုဆိုလိုခြင်းမဟုတ်ပါ။အဘယ်  ဗေဒင်ကျမ်း

ကမှ အထောက်အကူ ပိုပြုသည် ဟုလည်း မကြံစည်အပ်၊ တတ်ကျွမ်းခြင်း အပေါ်တွင်သာ အခြေပြုမည်ဖြစ် ပါသည်။) အဘယ်ပညာရပ်တစ်ခုမဆိုဆုံးခန်းတိုင်ဖို့က ပုတုဇဉ်လူသား များအနေဖြင့် မဖြစ်နိုင်ပါ။ သမုဒ္ဒရာကို ဆင်းသည်သက်သည်နှင့်သာ တူ၏။ ဆင်းလေနက်လေပင် ဖြစ်သည်။  ဗေဒင်ပညာ သည်
 နေ၊လ၊ နက္ခတ် ၊တာယာ၊ကြယ်စု၊ တို့ကို တိုင်းတာတွက်ချက်သော သိပံပညာရပ်နှင့် မလွတ်ကင်းပဲ တွဲယှက်သော ပညာရပ်တစ်မျိုးကားမုချ ဖြစ်ပါသည်။ သို့အတွက် ကျွန်တော့်အနေဖြင့် တတ်စွမ်းနိုင်သမျှ၊ အားလပ်ချိန်ရနိုင်သမျှ ဗေဒင်ဇာတာ တွက်ချက်ပုံနှင့်ဟောစာတမ်းများကို အတတ်နိုင်ဆုံး တစ်နေ့ချင်း တစ်ရက်ချင်း တင်ပြသွားပါ့မယ်လို့ ..ချစ်သော ညီအစ်ကို မောင်နှမ သူငယ်ချင်းများလည်း စိတ်ကျေနပ် မှုများ ရယူနိုင်ပါစေလို့ ဒီနေရာကပဲ စိတ်နှလုံးရွှင်ပျ ၀မ်းသာစွာ ဆိုအပ်ပါတယ် ခင်ဗျာ..။











လူငယ်ဗေဒင် စာမျက်နှာပေါ်ရောက်လာသမျှ မိတ်ဆွေအပေါင်း
ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း...
                                        ~~~~~~~~~~~~
                                                                                                 လူဆင့်(လူငယ်ဗေဒင်)

Monday, May 20, 2013

လူငယ်ဗေဒင် စာမျက်နှာမိတ်ဆက်

နမောတဿ ဘ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ
ပဏာမ
နန္တော ၊ အနန္တငါးပါးနှင့်တကွ ငယ်ရွယ်စဉ် အချိန်ကာလကပင် ထပ်ကြပ်မကွာ ဗေဒင်အရာကို ဆရာစားမချန် တတ်သိသမျှ ကုန်စင်အောင် ဖွင့်အံသင်ကြားခဲ့သော အနန္တကျေးဇူးရှင် ဖခင်ဆရာ သမားကြီးအားလည်းကောင်း ၊တွေ့ကြုံသမျှ ကာလ သုံးပါး၌သင်ယူခွင့်ရခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်းကောင်း ဤ နေရာမှ ရှိခိုးညွတ်တွား ဂါရ၀ထားလျှက် ပဏာမ ဦးချ ကန်တော့အပ်ပါ၏။
ရည်ရွယ်ချက်
မြန်မာ့ရိုးရာ တကယ့်တကယ်ရှိနေသော ဗေဒင်ပညာကို တစ်စိတ်တစ်ဒေသအားဖြင့် ချစ်သော ညီအစ်ကို၊
မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများကို မေတာနှင့်ယှဉ်သောစိတ်ရှေ့ထားခြင်းသက်သက်နဲ့ မျှဝေခြင်း သဘောလောက်သာဖြစ်ပါတယ်။


တောင်းပန်လွှာ
ကျွန်တော့်အနေနဲ့ အလုပ်တစ်ဖက် မအားလပ်နိုင်တဲ့ အခြေအနေမှ ရေးသား တင်ပြရခြင်းဖြစ်တဲ့အတွက် တစ်ချိန်တည်း ပြီးပြည့်စုံအောင် မရေးနိုင်ပေးနိုင်ခြင်းကို မိတ်ဆွေများအနေဖြင့်လည်း နားလည်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သို့ပေမယ့် ကျွန်တော့်ရဲ့အားလပ်ချိန်များကို အတတ်နိုင်ဆုံးဖဲ့သုံးကာ ဟောစာတမ်းနှင့် ဗေဒေင် ပညာ နည်းနာများကို တတ်သိသလောက် ဖော်ပြပေးသွားမှာကို  ဖတ်သူများစိတ်ကျေနပ်မယ်လို့ထင်ပါတယ်.။
ဒီ လူငယ်ဗေဒင် Blog အတွက် ဘာသာရေးရှုထောင့်အမြင်မျိုး၊ ဗေဒင်ပညာ ရှုထောင့်အမြင်မျိုးမှ မည်သည့်
ကြီးငယ်မရွေး မိတ်ဆွေများ၏ ဆွေးနွေးချက်မျိုးကို မဆို ကျွန်တော့်အနေနဲ့ ကြိုးကုတ်လျှက် အားလပ်နိုင်သမျှ ဆွေးနွေး တင်ပြသွားပါ့မယ်လို့ ၀မ်းပန်းတသာ ကြိုဆိုလျှက် ပြောချင်ပါတယ်...။

                                                                                 လူဆင့် (လူငယ်ဗေဒင်)